စိတ္တဇ ဒဏ်ရာ.( ၁ )

in #myanmar5 years ago (edited)

ဇာတ်လမ်းလေးတစ်ခု မဟုတ်တဲ့ အဖြစ်ပျက်လေးတစ်ခု ကျမ ဘဝမှာ ရှိခဲ့ဖူးပါတယ်။ ရင်နာစရာကောင်းလှတယ်တော့ မဟုတ်ပေမဲ့ ဘဝအတွက် အစွန်းအထင်တစ်ခု ဖြစ်စေခဲ့တာတော့အမှန်ပါ။ ဒီ အဖြစ်အပျက်လေးကို သူငယ်ချင်းတစ်ချို့တောင် မသိခဲ့ပေမဲ့ ဒါဟာ ကျမ စိတ်မှာေ့ ဒဏ်ရာ စွဲထင်စေသလို ရှက်စိတ်လည်း ဖြစ်မိပါတယ်။ အခုထက်တိုင် ပြန်ပြောင်းသတိရမိတဲ့ အချိန်တိုင်း ဒီအဖြစ်အပျက်လေးကြောင့် အိပ်မပျော်တဲ့ညတွေ ရှိနေဆဲပါဘဲ။ လူတွေ သိပ်မသိခဲ့ပေမဲ့ ကျမတို့သူငယ်ချင်းတစ်စုကတော့ အဖြစ်မှန်ကို သိရှိခဲ့ကျတဲ့ သူတွေဖြစ်ပြီး အခုထိ သူငယ်ချင်းတွေ ဆုံကျတိုင်း ဒီ အကြောင်းတွေကို အတက်နိုင်ဆုံးရှောင်ကွင်းသွားကျပါတယ်။ စကားလမ်းစရောက်လာတာနဲ့ ပြောလက်စ စကားသံတွေ တိတ်ဆိတ်ငြိမ်သက်သွားပြီး နှုတ်ဆက်ဖို့ပင် မေ့လျော့ပြီး ထ ထွက်ခဲ့ကျပါတယ်။

image
source

ဒီ အဖြစ်အပျက်တွေ မဖြစ်ခင်က ကျမတို့ သူငယ်ချင်းတစ်စုဟာ အင်မတန်မှ ပျော်စရာကောင်းပြီး ဆယ်ကျော်သက်တွေပီပီ အရာရာကို အလေးနက်မရှိဘဲ လွတ်လပ်ပေါ့ပါးစွာနဲ့ နေခဲ့ကျတာပါ။ မိဘတွေကလည်း လူကုံတန်အသိုင်းအဝိုင်းတွေ ဖြစ်တာကြောင့် ပိုက်ဆံရှိ လူတန်းစားတွေရဲ့ စရိုက်အတိုင်း နေထိုင်ခဲ့ကျပါတယ်။ ညဘက်တွေ လူရှင်းတဲ့ ကားလမ်းပေါ်မှာ ပြိုင်ကားတွေမောင်းတယ်။ ကလပ်တက်တယ်။ ဘီယာ သောက်တယ်။ တစ်ခါတစ်လေ ဆေးပြားသုံးကျတယ်။ ပိုက်ဆံဆိုတာကတော့ မာမီတွေ အိပ်ထဲက တလှည့်ဆီပေါ့လေ။ ရေကူးကန်သွားလိုက် ပြိုင်ကားလျှောက်မောင်းလိုက်နဲ့ ဘဝတွေက အတော်ကို သာသာယာယာရှိလှပါတယ်။

image
source

ကျမတို့ အဖွဲ့မှာ ယောက်ျားလေး နှစ်ယောက်နဲ့ မိန်းကလေး သုံးယောက် စုစုပေါင်း ၅ ယောက်ရှိပါတယ်။ ငယ်ပေါင်းတွေ မဟုတ်ကျပေမဲ့ အရမ်းအတွဲညီတဲ့ သူငယ်ချင်းတွေ ဖြစ်ပါတယ်။ ကျောင်းတက်တယ် စားတယ် သွားတယ် အိပ်ချိန်လောက်သာ အိမ်ပြန်ပြီး အတူတူအမြဲရှိကျတဲ့ သူငယ်ချင်းတွေပေါ့။ စစ်မင်းနေလနဲ့ ယွန်းနဒီကတော့ ချစ်သူတွေ ဖြစ်ပြီး ကျန်တဲ့ သူတွေကတော့ သူငယ်ချင်းအဆင့်သာဖြစ်ပါတယ်။ ကျမ နာမည်က သီရိမမ။ သီရိလို့ဘဲ အဖျားဆွတ်ခေါ်ကျတယ်။ ကျန်တဲ့ သူငယ်ချင်းတွေက ကောင်းဇေဇ်ာထက် နဲ့ ဝင့်ဝါလှိုင်တို့ ဖြစ်ပါတယ်။ ဒီ အဖြစ်အပျက်ကို စတင်ခဲ့သူက ကျမလို့ ပြောရမလိုပါဘဲ။ ကျမ အကြောင်းလေးကို အရင်စ ပြောမှ နားလည်လွယ်မယ် ထင်ပါတယ်။ ကျမ ဘဝ ကျမ ဇာတ်လမ်းလေးက ဒီလိုပါ။

ဆက်ရန်...

@suhlaing
msc 175

Sort:  

ကျမရဲ့အကြောင်းနားထောင်ရတာပေါ့ ပြောပါလေ

ဆက်ပြောပါမယါလေ ဘထွေး

အော် ကျွှန်မဘွဇာတ်လမ်းက ဆက်ရန်တဲ့လား ။

ဟုတ်ကဲ့ ဆက်ရန်ပါဘဲ

‌စောင့်‌‌မျှော်‌‌နေပါ့မယ်‌ ဗျာ။

အပိုင်းဆက်လေး လာမယ်ရှင်

ဟာမိုက်ပြန်ပီဟ😁

Posted using Partiko Android

မယ်ကြည်ရေ တို့ ၂ယောက် မိုက်နေကျတာနော့ ခုတလော

ဘ၀တွေ ဘ၀တွေ ဆုံခဲ့ကြုံခဲ့ရတာ အတော်များခဲ့ရှာပေါ့ လွမ်းစရာ နာစရာ ထိတ်လန့်စရာတွေ အများကြီးပဲရှိနေတာပဲ ချချရေးသာရေး ☺

ကိုယ်တိုင်ကြုံမှ မဟုတ်ပါဘူး ကိုစိုးရေ ယူတက်ရင် သူများဇာတ်လမ်းကလည်း ကိုယ့်ဇာတ်လမ်းပါဘဲ

ဇာတ်လမ်းလေးက စိတ်ဝင်စားစရာ ကောင်းပါတယ်။

Posted using Partiko Android

ဆက်ရန်လေး အားပေးပါအုံးနော်

Congratulations! This post has been upvoted from the communal account, @minnowsupport, by suhlaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဒါက​နောက်​တစ်​ပိုဒ်​​ပေါ့...အစပျိုးထားတာကိုကစိတ်​၀င်​စား​နေပါပြီ....​မျှော်​​နေပါ့မယ်​...ဆက်​ရန်​ဖတ်​ဖို့...

Posted using Partiko Android

ဟုတ်ပါတယ် ညီမရေ ဆက်လက်အားပေးပါအုံး

မသီရိ Character ကို စိတ်ဝင်စားတယ်ဗျ
အားပေးနေတယ် အမရေ

ကာရိုက်တာစရိုက်လေး နည်းနည်းဆန်းထားပါတယ် အားပေးတဲ့အတွက်ကျေးဇူးပါ

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64006.33
ETH 3077.08
USDT 1.00
SBD 3.87