စိတ္တဇ ဒဏ်ရာ...( ၁၅ )

in #myanmar5 years ago

တိတ်ဆိတ်လွန်းသော ထိုညကို ကျမ မြန်မြန်ကုန်ဆုံးစေချင်လှပြီ။ ခြောက်ခြားစရာကောင်းသော ထို အိမ်မက်ကို ကျမ မမက်ချင်သောကြောင့် ညဘက်တွေ အိပ်မပျော်အောင် ကြိုးစားခဲ့သည်။ ကြိုးစားရင်းပင် မေ့ကနဲအိပ်ပျော်သွားသည့် ခဏ၌ သည် အိမ်မက်က မက်လိုက်သေးသည်။ ထုံးစံအတိုင်းပင် ကြည်လင်နေသော ရေပြင်အောက်မှ မျက်နှာတစ်ခု ဘွားကနဲပေါ်လာမည်။ ထို့နောက် အေးစက်စက်လက်တစ်ဖက်ထွက်လာကာ ကျမကို ရေအောက်သို့ ဆွဲခေါ်သွားမည်။ ထို့နောက် ရုပ်ပျက်ဆင်းပျက်ဖြစ်ကာ ဖောနေသော ထို အမျိုးသမီး၏ မျက်နှာကြီးနှင့် ပုတ်အဲ့အဲ့အနံ့တွေ ရမည်။ ထို ညများကို ကျမ ကုန်ဆုံးချင်ပါပြီ။

image
source

သည်ညလည်း ကျမသည် ဖြစ်စဉ်အားလုံးကို ပြန်တွေးကာ ရှေ့ဆက်ရမည့် အစီအစဉ်များကို တွေးနေမိလေသည်။ ထိုစဉ် အိပ်ယာဘေး ပြတင်းပေါက်တံခါးသည် လေတိုက်သည်ထင် ဖျက်ကနဲပွင့်သွားလေသည်။ ထိုနောက် အေးမြသော အငွေ့အသက်တစ်ခုသည် ကျမ တစ်ကိုယ်လုံးကို လွှမ်းခြုံ သွားသလို ခံစားလိုက်ရလေသည်။ ကျောရိုးတစ်လျှောက်သည် စိမ့်ကနဲအေးတက်သွားကာ ကြက်သီးမွှေးများထောင်လာသကဲ့သို့ ခံစားရလေသည်။ ထို အချိန်တွင် ကျမ အခန်းတံခါးကို တစ်စုံတစ်ယောက်က လာ၍ ခေါက်လေသည်။

'' ဒေါက် ဒေါက် ဒေါက်''

ကျမသည် အသံကို စူးစိုက်စွာနားထောင်ရင်း

'' ဘယ်သူလည်း အန်တီလေးလား''

သို့သော် အသံသည် တိတ်ဆိတ်သွားကာ ပြန်ထူးသံမကြားရပေ။ ကျမသည် ကုတင်ပေါ်မှဆင်းကာ အခန်းတံခါးဆီသို့ တရွှေ့ရွှေ့တိုးလာမိလေသည်။ တံခါးလက်ကိုင်ဘုကို လှည့်ဖွင့်လိုက်ပြီး တံခါးကို ဖွင့်လိုက်လေသည်။ သို့သော် အပြင်တွင် တစ်စုံတစ်ယောက်ကိုမျှ မတွေ့ရပေ။ သို့သော် ထူးဆန်းသည်က ကျမ အခန်းတံခါးဝတွင် ရေများ ရွှဲစိုနေသည်ကိုတွေ့ရလေသည်။ ထို့အတူ အေးစက်သော အထိ အတွေ့သည် ကျမ ခန္ဓာကိုယ်မှ ဖြတ်သန်းသွားသလို ခံစားရလေသည်။ ကျမသည် ကြောက်လန့်တကြားတံခါးကို ဆောင့်ပိတ်ကာ အိပ်ယာထက်သို့ ပြေးလာပြီး စောင်ခြုံထားလိုက်လေသည်။ မျက်စိကို အလစ်မပေးရဲဘဲ တစ်ခန်းလုံးကို လှည့်ကာ ကြည့်နေမိလေသည်။ ထို အချိန်တွင် တံခါးပေါက်မှန်မှတဆင့် မျက်နှာတစ်ခုကို ကျမ တွေ့လိုက်ရလေသည်။ ကျမသည် ထိန်းချုပ်နိုင်စွမ်းအား မရှိတော့ဘဲ အော်လိုက်မ်လေသည်။

'' အားးးးးးး သွား မလာနဲ့ ငါ့ဆီ မလာနဲ့ ကြောက်တယ် အမလေး ကြောက်တယ်''

image
source

ဆက်ရန်...

@suhlaing
msc 175

Sort:  

အမရေ ညဘက်ကြီးဖတ်မိတာ
အိမ်အပြင်တောင် မထွက်ရဲတော့ဘူး

အမပြောတဲ့ မျက်နှာကြီးကို စိတ်ထဲမြင်မိတာ အဟင့်

ကြောက်တက်လိုက်တာအေ

Posted using Partiko Android

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

အိမ်း 😊ကြောက်တာ စုရယ် နောက်ပိုင်းဖတ်အူးမေ မြန်မြန် ရေးပေး

Posted using Partiko Android

အသည်းငယ်တယ်ပေါ့ မယ်ကြည်ရေ

ဒီအပိုင်းဖတ်​ဖို့ကျန်​​သေးတယ်​...ဇာတ်​သိမ်းအရင်​ဖတ်​လိုက်​တယ်​...ပြီးရင်​ဖြည့်​စွက်​ပြန်​ဖတ်​ပါ့မယ်​...ဇာတ်​လမ်းလည်း​တွေး​တောစရာများနှင့်​​ကောင်းပါတယ်​....

Posted using Partiko Android

ဖြည့်စွတ်ဖတ်ရင်း တွေးနိုင်အောင် ရေးထားပါတယ် ညီမရေ အားပေးတဲ့အတွက် ကျေးဇူးပါ

Posted using Partiko Android

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 64799.61
ETH 3102.94
USDT 1.00
SBD 3.83