မေတ္တာနှင့်ပေးသော ပန်း.......(၂)

in #myanmar6 years ago (edited)

မေတ္တာနှင့်ပေးသော ပန်း…….(၂)

ယခင်အပိုင်းဖတ်ရန်

“ ဒေါ်မြင့်မိုရ်”
နာမည်ကိုတွေ့လိုက်တော့ သွယ်လေးတစ်ယောက် ကြောက်စိတ်လိုလို ဘာလိုလိုဖြစ်လာပါတယ်။တစ်ခါမှမကြုံဘူးလေတော့ ရင်ထဲမှာ စိတ်လှုပ်မိတာအမှန်ပင်။ဒါပေမယ့်လဲ အလုပ်တစ်ခုက အင်တာဗျူးပြီးမှရမှာဆိုတော့လဲ မိမိစိတ်ကို အားပြန်တင်းလိုက်ပါတယ်။

she-s-going-to-ace-her-interview-509916903-581512f65f9b581c0bee8535.jpg
Image Credit-Orginal Source

“အော် ထိုင်” ဟု ဒေါ်မြင့်မိုရ်မှ သွယ်လေးအားထိုင်ခုံတွင် ၀င်ထိုင်ခိုင်းလိုက်ပါသည်။သွယ်လေးလဲ ထိုင်ခုံတွင်ထိုင်ပြီး ဘာတွေများမေးမလဲဆိုတာကို စိတ်ထဲမှာတွေးရင်း ရင်တွေတုန်နေပါပြီ။
“ CV Form ထဲမှာ နာမည်က သွယ်လေးနော်”
“ ဟုတ်ကဲ့”
“အဖေ နာမည်က ဦးသက်မောင်နော် ”
“ဟုတ်ကဲ့”
“အဖေနာ့မည်နဲ့တောင် တူနေပါလား”ဟု မြင့်မိုရ်စိတ်ထဲမှတွေးလိုက်မိပါသည်။
“ဘွဲ့ရထားပြီးသားနော် လုပ်ငန်းအတွေ့အကြုံရောရှိလား”
“ဟုတ်ကဲ့ လုပ်ငန်းအတွေ့အကြုံတော့ မရှိသေးပါဘူး အခုမှစလုပ်မှာပါ”
“ကုမ္ပဏီနဲ့ပတ်သက်ပြီး ဘာတွေလေ့လာထားလဲ”
“ဟုတ်ကဲ့ ကုမ္ပဏီက အလှကုန်ဖြန့်ချီတဲ့ကုမ္ပဏီဖြစ်တာရယ် နောက်ပြီး အချိန်နှစ်အနည်းငယ်ဘဲရှိပေမယ့် အနေအထားတစ်ခုမှာခိုင်မာစွာရပ်တည်နေနိုင်တာကိုတော့သိထားပါတယ်။”
“မဆိုးပါဘူး ကိုယ်လုပ်မယ့်အလုပ်ကိုတော့ လေ့လာထားတာဘဲ”
“ကျွန်မတို့အလုပ်ကတော့ အလှကုန်ဖြန့်တဲ့ကုမ္ပဏီဆိုတော့ SuperMarket တွေမှာ Promotion Area လေးတွေလုပ်ပြီးရောင်းရမှာ လုပ်နိုင်ပါ့မလား နောက်ပိုင်းကတော့ ကိုယ်ကြိုးစားရင် ကြိုးစားသလိုအဆင့်ဆင့်သွားမှာပေါ့”
“ဟုတ်ကဲ့ ကြိုးစားလုပ်ပါ့မယ်”
“လစာကတော့ အခြေခံလစာရယ် ခရီးစရိတ်ရယ် ပစ္စည်းကိုကိုယ်ရောင်းနိုင်တဲ့အပေါ်မှာလဲ ရာခိုင်နှုန်းနဲ့ခံစားခွင့်ရှိမယ်”
“အလုပ်ဆင်းမယ်ဆိုရင်တော့ အခုဒီပုံစံနဲ့တော့ မဖြစ်ဘူး ကျွန်မတို့ကအလှကုန်ရောင်းမှာဆိုတော့ ကိုယ်ရောင်းတဲ့ပစ္စည်းအပေါ်မှာ လူတွေကစိတ်ဝင်စားအောင် နည်းနည်းပါးပါး လှအောင်ပြင်ထားဖို့လိုမယ်၊ ခေတ်ဆန်ဖို့လဲမလိုသလို ခေတ်နောက်ကျတဲ့ပုံစံမဖြစ်ရင်ရပါတယ်။”
“ဟုတ်ကဲ့ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်”
“ဒါဆိုရင် မရှင်းတာဘာသိချင်သေးလဲ အဆင်ပြေရင် မနက်ဖြန်စဆင်းလို့ရပြီ”
“ဟုတ်ကဲ့ ကျေးဇူးပါဘဲ မနက်ဖြန်စဆင်းပါ့မယ်” အလုပ်ရပြီဆိုတော့ သွယ်လေးတစ်ယောက် စိတ်ထဲမှာ ၀မ်းသာပျော်ရွှင်မိနေပါတယ်။ပထမဆုံးလုပ်ရမယ့်အလုပ်ဖြစ်တာကြောင့် ပိုပြီးလဲစိတ်လှုပ်ရှားနေပါတယ်။
“အမေရေ အမေ”
“ဟဲ့ သမီး ဘာဖြစ်လာတာတုန်း”
“ဘာမှမဖြစ်ပါဘူး အမေရဲ့ အမေ့ကို ၀မ်းသာစကားပြောမလို့ပါ သမီးအလုပ်ရပြီ အဲဒါမနက်ဖြန်စဆင်းရမှာ အလုပ်ရပြီဆိုတော့ သမီး အမေ့ကိုလုပ်ကျွေးလို့ရပြီပေါ့နော်”
“အေးပါ သမီးရယ် အမေ၀မ်းသာပါတယ်”
“ဒါပေါ့ အမေရဲ့ အခုဆို သမီးရဲ့ရည်မှန်းချက်တွေပြည့်တော့မယ်”
ဒေါ်သူဇာတစ်ယောက် သမီးဖြစ်သူ၏ ပျော်နေသောအဖြစ်ကို ကြည့်ရင်း စိတ်ထဲမှာ ၀မ်းသာဝမ်းနည်းဖြစ်လို့နေပါတယ်။ သမီးကအလုပ်လုပ်ပြီး ပြန်ရှာကျွေးမယ်ဆိုတော့ ၀မ်းသာရသလို သမီးလေးအခုလိုအလုပ်လုပ်နေရတာဟာ မိဘတွေကပြည့်စုံ အောင်မထားနိုင်တဲ့အပြင် မိတကွဲ ဖတကွဲဖြစ်ခဲ့ရတဲ့အတွက် သမီးလေးအပေါ်မှာ စိတ်မကောင်းဖြစ်မိပါတယ်။ “အချိန်တစ်ခု ရောက်လာရင်တော့ သမီးလေးသိသင့်တာကို အမေပေးသိပါ့မယ် သမီးရယ်” ဟုသာ စိတ်ထဲမှတွေးထားလိုက်ပါသည်။

woman-shopping-for-organic-beauty-products_le73ys.jpg
Image Credit-Orginal Source

ဒီနေ့မနက်တော့ သွယ်လေးတစ်ယောက် ဘ၀ရဲ့ပထမဆုံးအလုပ်ဆီကို တက်ကြွတဲ့ခြေလှမ်းများနဲ့ ထွက်လာခဲ့ပါတယ်။ရုံးရောက်တော့ အလုပ်လုပ်နေကြသည်မှာ သွယ်လေးအတွက်တော့ အသစ်အဆန်းများဖြစ်နေပါသည်။ဒီလိုနဲ့ ရုံးခန်းထဲဝင်ပြီး မန်နေဂျာကို ရောက်ပြီဆိုတဲ့အကြောင်း သတင်းဝင်ပို့လိုက်ပါတယ်။မန်နေဂျာမှ ယူနီဖောင်းဝတ်ရန် ပေးပြီး မိမိသွားရောက်ရမည့် အရောင်းကောင်တာဆီကို ရုံးမှ လိုက်ပို့ပေးလိုက်ပါတယ်။နောက်နေ့တွေမှာလဲ သွယ်လေးသည် မိမိတာဝန်ကို ကျေပွန်စေရမည်ဆိုသည့်စိတ်ဖြင့် ကြိုးစားလုပ်ကိုင်ခဲ့ပါတယ်။တစ်ရက်မှာတော့ သူဌေးမှ သွယ်လေးအားတွေ့ချင်သည်ဟု သိသောအခါ
“ကျွန်မရောက်ပါပြီရှင့်”
“အော် ထိုင် ရှင့်ကိုကျွန်မ ပြောချင်တာက ရှင်ပြင်ဖို့ဆင်ဖို့အတွက်စာရင်းကိုင်ကိုပြောထားတယ် ငွေထုတ်သွားလိုက်ပါ”
“ရှင် ကျွန်မမယူပါရစေနဲ့”
“ရှင်ရဲ့ ရိုးသားမှုကို ကျွန်မသိပါတယ် ဒါပေမယ့် ကျွန်မတို့ရဲ့ ပစ္စည်းတွေပေါ်မှာ ၀ယ်သူတွေရဲ့ ယုံကြည်မှုရအောင်လို့ပါ နောက်ပြီး ဒီငွေတွေကလဲ ကုမ္ပဏီကပေးတာပါ ၀န်းထမ်းပေါ်မှာ ရင်းနှီးမြုပ်နှံထားတဲ့သဘောပါဘဲ”
“ကျွန်မ အလကားတော့မယူပါရစေနဲ့ ကျွန်မရဲ့လစာထဲကနေ နည်းနည်းစီတော့ဖြတ်သွားပေးပါ”
“အဲဒီလိုလဲ မတွေးပါနဲ့ ဒါက ကုမ္ပဏီကနေ၀န်ထမ်းတိုင်းကိုပေးနေကျပါဘဲ အဲဒီအတွက်စိတ်ထဲမှာလဲ ဘာမှမဖြစ်နဲ့”
“ဟုတ်ကဲ့ သွယ်လေး အရမ်းကျေးဇူးတင်ပါတယ်”
“ကျေးဇူးတင်တယ်ဆိုရင် အလုပ်ကိုဒီထက်ကြိုးစားပေးပေါ့”
သွယ်လေးရဲ့စိတ်ထဲကနေ သူဌေးကို အထင်ကြီးလေးစားစိတ်များပိုလို့သွားပါတယ်။အသက်ငယ်သလောက် ၀န်ထမ်းတွေပေါ်မှာ ဂရုစိုက်မှုတွေက မလေးစားဘဲ မနေနိုင်အောင်ပါဘဲ။သွယ်လေး အလုပ်ကိုဒီထက် ပိုကြိုးစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

videoblocks-happy-rich-woman-counting-money-standing-by-window-at-home-super-slow-motion-120fps_srmtfpvwjl_thumbnail-full01.png
Image Credit-Orginal Source

ဒီလိုနဲ့ သွယ်လေးအလုပ်လုပ်ခဲ့ရာမှာ ၁လပြည့်မြောက်လို့ လစာပင်ထုတ်ခဲ့ရပါပြီ။သွယ်လေး ရည်မှန်းထားသည့်အတိုင်း ပထမဆုံးလစာကို အဖေနှင့်အမေကို ဦးစွားကန်တော့ဖို့အတွက် အမေ့ကို အဖေ့ရဲ့အကြောင်းသိအောင်မေးမှဖြစ်ပါတော့မယ်။ ဒါကြောင့်သွယ်လေးလဲ အမေ့ကို အဖေ့အကြောင်းမေးရန် အိမ်ကိုအတွေးစိတ်ကူးလေးနဲ့ ပြန်ခဲ့လိုက်ပါတော့တယ်။
ဆက်ပါဦးမည်။……
logo.jpg

Writer- Thant Zin Soe(@tharpauk)
MSC 134

Sort:  

သွယ်​​လေး မိသားစုအ​ကြောင်း ဘာ​တွေဖြစ်​ခဲ့လဲ ​စောင့်​​မျှော်​​နေပါဦးမယ်

ဟုတ်ကဲ့ ကျေးဇူးပါဗျာ

သွယ်လေးတစ်ယောက် အလုပ်လည်းရ ဖခင်ကိုလည်း ပြန်တွေ့
ရတော့လေမလား

တွေ့ပေးရတော့မလား hee hee

သွယ်လေးတစ်ယောက်ရဲ့ မေးခွန်းတွေ အောင်မြင်မလားနောက်အပါတ်
စောင့်မျှော်အားပေးနေမယ်

ကျေးဇူးပါ

အဖေ့အကြောင်းမေးလိုက်လို့အမေများအတိတ်ကိုသနိရပြီးဝမ်းနည်းလေမလား

သတိက တော့ရမှာပေါ့😁😁

သွယ်လေးအလုပ်ရ သွားလို့ ဝမ်းသာပါတယ် သူ့အဖေနဲ့ ဘယ်တော့တွေ့ရမလဲလို့ စိတ်လှုပ်ရှားသွားရတယ်ခွယ်

ကျေးဇူးပါ


သွယ်လေးတောင် အလုပ်ရလို့ လစာပါထုတ်လို့ ရနေပြီပဲဗျ😁
သူဋ္ဌေးလေးက ခပ်ငယ်ငယ်ဆိုတော့....

သူဌေးလေးမဟုတ်ဘူး သူဌေးမလေးဗျ hee hee

အိမ်း မှားတဲ့အခါလည်း မှားပေမပေါ့😁😁

သွယ်လေးအဖေက နောက်မိန်းမယူသွားတာများလား။

ဟုတ်ဘူး နောက်အိမ်ထောင်ပြုသွားတာ

ဆက်​မျော်​​နေပါ့မယ်​ဗျာ

ကျေးဇူးပါ

အင်း.. ဆက်ကြည့်ဦးမယ်ဗျာ 😁

ကျေးဇူးပါဗျာ

သွယ်လေးဆိုတဲ့အတိုင်း အရမ်းလှမှာပဲဗျ...😁😁
ဖခင်မေတ္တာငက်နေရှာမှာပဲ

ချောတယ်ထင်ရင် ချောလိုက်ပါဗျာ hee hee

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.033
BTC 64733.60
ETH 3170.85
USDT 1.00
SBD 4.16