မေတ္တာနှင့်ပေးသော ပန်း...........

in #myanmar6 years ago

အပိုင်း(၁)ဖတ်ရန်
အပိုင်း(၂)ဖတ်ရန်

အလုပ်မှ အတွေးစိတ်ကူးဖြင့် ပြန်လာသော သွယ်လေးတစ်ယောက်အိမ်ရောက်သောအခါ အမေ့ကိုအော်ခေါ်လိုက်ပါတယ်။
“အမေ ..အမေ..”
“သမီး အမေနောက်ဖေးမှာ”
“အမေက ဒီရောက်နေတာကိုး ဒီနေ့ သမီးလစာထုတ်လာတယ်အမေ ရော့ ဒီမှာလစာ”
“သမီးလဲ ယူထားလေ သမီးလိုတာသုံးပေါ့”
“ရပါတယ် သမီး အမေ့ဆီကတောင်းသုံးနေကျဘဲ ဒါပေမယ့်အမေ သမီး ဒီနေ့ပထမဆုံးလစာရလာပြီဆိုတော့ သမီး ရည်မှန်းထားတဲ့တစ်ခုတော့ လုပ်ခွင့်ပြုပေးပါအမေ”
“သမီးကဘာလုပ်ချင်လို့တုန်း အမေဖြည့်ဆည်းပေးမှာပေါ့ကွယ်”
“အဲဒီရည်မှန်းချက်ကလဲ အမေ ဖြည့်ဆည်းပေးမှရမှာပါ ဒါကြောင့် အမေ့ကိုခွင့်တောင်းတာပါအမေ”
“ကဲ ပြော ငါ့သမီးကဘာဖြစ်ချင်လို့လဲ” အမေကပြောလိုက်သောအခါ သွယ်လေးတစ်ချက်စဉ်းစားလိုက်ပြီး
“အမေ သမီးရဲ့ ပထမဆုံးရတဲ့လစာနဲ့ အမေနဲ့အဖေကို ဦးဦးဖျားဖျားကန်တော့ချင်လို့ပါအမေ အဲဒါ အဖေဆီကိုသွားချင်လို့ ပြောပြပါလားအမေ အမေနဲ့အဖေဘာတွေဖြစ်ခဲ့တယ်ဆိုတာမသိပေမယ့် အဖေကတော့ သမီးအဖေပါဘဲ အမေ”
ဒေါ်သူဇာတစ်ယောက် သမီးလေးကိုကြည့်ပြီး ရင်ထဲမှာစိတ်မကောင်းဖြစ်သွားပါတယ်။မိမိတို့ မိဘ၂ယောက်ရဲ့ပြဿနာတွေကြောင့် သမီးလေးမှာ ဒီနေ့ဒီအချိန်ထိ အဖေဆိုတာဘာဆိုဘာမှန်းမသိခဲ့ရှာပါ။ ဦးသက်မောင်ဘက်မှ အတန်တန်တောင်းပန်ရှင်းပြသော်လည်း မိမိမာနကြောင့် သမီးလေးမှာ ဖခင်၏မေတ္တာကို မရခဲ့ရှာပါ။သမီးလေးကလည်း မိမိစိတ်ထိခိုက်မည်ဆိုးသောကြောင့် ဒီနေ့အထိ လိမ္မာသိတတ်စွာ နေပေးခဲ့တဲ့သမီးလေးပါ။ဒီနေ့ သမီးလေးရဲ့ ပထမဆုံးလစာနဲ့ အဖေကိုကန်တော့ချင်တယ်ဆိုတော့ မိမိဘ၀တစ်လျှောက်လုံး မပြောဖြစ်ခဲ့တဲ့အကြောင်းအရာများကို သမီးလေးစိတ်ချမ်းသာအောင် ပြောပြရပေတော့မည်။သမီးလေးသိချိန်လဲ တန်ပါပြီလေ။
သွယ်လေးတစ်ယောက် ဒီနေ့အလုပ်မှခွင့်ယူပြီး သွယ်လေးတစ်သက် အတွေ့ချင်ဆုံးသောအဖေကိုတွေ့ရပေတော့မည်။ သွယ်လေးမေးသောကြောင့် အမေဆီမှ အဖေ့အကြောင်းသိရပြီး ယနေ့အချိန်ထိ အမေမှ အဖေ့နှင့်သဘောထားမတိုက်ဆိုင်မှုကြောင့် ကွဲနေကြသည်သာ ပြောပြီး အဖေ့မကောင်းကြောင်းမပြောသည့်အပြင် သွယ်လေးအားလည်း အဖေကိုအထင်လွဲပြီး မပြစ်မှားစေရန် အမြဲဆုံးမခဲ့တဲ့ အမေပါ။အခုတော့ အဖေ့ဆီမသွားခင် သွယ်လေး လိပ်စာတောင်းရန် ဖုန်းဆက်လိုက်ပါသည်။
“ကလင် ကလင် ကလင်…..” ဦးသက်မောင်ဖုန်းကို ကောက်ကိုင်လိုက်ပါသည်။
“ဟယ်…ဟယ်လို …..”ဆိုပြီးသွယ်လေး မရဲတရဲနှင့်ပြောလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် ဖုန်းပြန်ချလိုက်ပါသည်။
“ဟယ်လို ဘယ်သူပါလဲ” တစ်ဖက်မှဘာမှမပြောသောကြောင့် ဦးသက်မောင်လဲ ဖုန်းချလိုက်ပါသည်။ဒါပေမယ့် ဦးသက်မောင်စိတ်ထဲ တစ်စုံတစ်ခုကို စိတ်ထဲမှခံစားမိနေပါသည်။သူထင်သလိုများဖြစ်နေမလားဟု တွေးနေပါသည်။
“ကလင် ကလင် ကလင်” ဦးသက်မောင်ဖုန်းကို ထပ်ကိုင်လိုက်ပါသည်။
“ဟယ်လို….ဦးသက်မောင်ပါလား” ဟု သွယ်လေး အားတင်းပြီးမေးလိုက်ပါသည်။
“ဟုတ်ပါတယ် ဘယ်သူပါလဲ”
“အဖေ သမီး သွယ်လေးပါ….” ဦးသက်မောင် တစ်ကိုယ်လုံး ကျောက်ရုပ်လိုဖြစ်သွားပြီး အနှစ်၂၀လောက် ကြားချင်ခဲ့သော မျှော်နေသော သမီးကြီး သွယ်လေးအသံကို ဦးသက်မောင်တစ်ယောက်ကြားလိုက်ရပါသည်။စိတ်ထဲမှာလည်း မျက်ဝန်းမှမျက်ရည်များပင်ဝဲလို့နေပါသည်။
“အေး သမီး အဖေပါ ….” ဦးသက်မောင်နှင့်သွယ်လေးခဏအကြာစကားပြောပြီးနောက် ဖုန်းချလိုက်ပါတယ်။
ဦးသက်မောင်တစ်ယောက် ရုံးခန်းထဲတွင် ထိုင်ရမလို ထရမလို ဖြစ်နေပါတယ်။နှစ်၂၀ လောက်မှပြန်တွေ့ရမယ့် သမီးလေးလာမယ်ဆိုတော့ ဦးသက်မောင်စိတ်လှုပ်ရှားမိတာအမှန်ပင်။သမီးလေး ဘယ်လိုပုံစံဖြစ်နေပြီဆိုတာလဲ သိပ်သိချင်မိပါသည်။

dreamstime_m_125645.jpg
Image Credit-Orginal Source

“ဒေါက် …ဒေါက် ဧည့်သည်တစ်ယောက်က ဆရာနဲ့တွေ့ချင်လို့ပါတဲ့ဆရာ”
“အော် အေး အထဲလွှတ်လိုက်ပါ” ဦးသက်မောင် တစ်ယောက်စိတ်လှုပ်ရှားနေပါတော့သည်။
“ကျွီ ……” တံခါးရဲ့ လက်ကိုင်ဘုကို ကိုင်ထားတဲ့လက်ကလေးကို ဦးသက်မောင် ဦးစွာမြင်လိုက်ရပါသည်။ မြင်လိုက်ရသော လက်ကလေးကိုကြည့်ရင်း ဦးသက်မောင်တွေးလိုက်ပါသည်။အော် သမီးလေး လက်မှာ လက်စွပ် ၊လက်ကောက်တို့တောင်ဘာမှဝတ်မထားပါလား၊သမီးလေးတို့ အဆင်မှပြေရဲ့လား၊သမီးလေး ဘ၀ကိုမြင်လိုက်ရတော့ ဖေဖေစိတ်မကောင်းလိုက်တာသမီးရယ် ၊သမီးလေး ပြည့်ပြည့်စုံစုံမနေနိုင်တာဟာ အဖေ့ရဲ့အပြစ်တွေပါသမီးရယ် ၊ဒီလိုနဲ့ အခန်းထဲကို ၀င်လာတဲ့သမီးလေးကို မြင်လိုက်ရတော့ ဦးသက်မောင်တစ်ယောက် ဘာမှမပြောနိုင်ဘဲ ခဏမျှကျောက်ရုပ်လိုဖြစ်သွားပါတယ်။ငြိမ်သက်သွားသောအခြေအနေကို ဖြိုခွင်းလိုက်သူကတော့ သွယ်လေးပါ။
“ဖေဖေ …” လို့ ပထမဆုံး ဖေ့ဖေ့ကို သွယ်လေးခေါ်လိုက်ခြင်းပါ။
“သမီး သွယ်လေး ငယ်ရုပ်လေးအတိုင်းဘဲ သိပ်မပြောင်းလဲပါလား ဖေဖေသမီးနဲ့ပြန်တွေ့ရတာ သိပ်ဝမ်းသာတာဘဲ သမီးရယ် ၊အဖေ အနှစ်နှစ်အလလက မျှော်နေခဲ့ရတဲ့ရက်လေးဖြစ်လာပြီပေါ့၊သမီးလေးတို့ရော အဆင်ပြေရဲ့လား၊သမီးလေး ကျောင်းရောပြီးပြီမလား ၊အလုပ်လုပ်နေပြီလား၊သမီးအမေရောနေကောင်းလား ၊အဖေ သမီးတို့ သားအမိကို အမြဲတမ်းသတိရနေတာပါကွယ်..” ဦးသက်မောင်တစ်ယောက် စကားကို တရစပ်မနားတမ်းပြောလိုက်မိပါသည်။
“ Sorry သမီးရယ် သမီးကိုတွေ့တော့ အဖေ၀မ်းသာလွန်းလို့ သိချင်တာတွေကိုဘဲပြောနေတယ်၊ ထိုင်လေ သမီး”
“ဟုတ်ကဲ့..” ပြောပြီး သွယ်လေးအဖေကို ကြည့်ရင်းမျက်ဝန်းမှ မျက်ရည်များစီးကျလို့နေပါတယ်။အဲဒီအချိန်မှာဘဲ ဦးသက်မောင်တစ်ယောက် သမီးရဲ့မျက်ရည်တွေကိုကြည့်ရင်း မျက်ဝန်းမျက်ရည်များကျလာပြီး သမီးလေးကို ထွေးပွေ့ရင်း ဘာမှ မပြောကြပေမယ့်လဲ သားအဖ၂ယောက်ရဲ့အလွမ်းများကို မျက်ရည်များဖြင့်ရော၍စီးကျကုန်ပါတယ်။

image_1449238862_jd_godvine_father_daughter_travlers_ad_FB.jpg
Image Credit-Orginal Source

“သမီးတို့ အဆင်ပြေပါတယ်အဖေ အမေက သမီးကိုဒီအရွယ်ထိ မပူမပင်မကြောင့်မကျနေနိုင်အောင်ထားခဲ့ပါတယ်၊ သမီးလဲ ဘွဲ့ရလို့အလုပ်လုပ်နေပါပြီ အခုလဲ သမီးရဲ့ ပထမဆုံးရတဲ့လစာနဲ့အဖေ့ကို ကန်တော့ချင်လို့ အမေ့ကိုမေးပြီးလာခဲ့တာပါအဖေ၊ သမီးတတ်နိုင်တာလေးနဲ့ ပုဆိုး အင်္ကျီလေးဝယ်ပြီး ကန်တော့ချင်လို့ပါ အဖေလက်ခံပေးပါနော်”
“လက်ခံပါတယ်သမီးရယ် အဖေ့အတွက်တော့ သမီးလေးရဲ့သိတတ်မှုနဲ့တင် ကျေနပ်မဆုံးပါဘူးသမီးရယ်”
သွယ်လေးလဲ ဦးသက်မောင်ကို လက်အုပ်ချီပြီး ကန်တော့လိုက်ပါတယ်၊ဒီအချိန်မှာဘဲ မြင့်မိုရ်တစ်ယောက် မမျှော်လင့်ဘဲရောက်လာပါတော့တယ်။
“ဟင် ဖေဖေ မသွယ်လေးက ဘာလို့ကန်တော့နေတာလဲ ဖေဖေ့နဲ့သိနေတာလား”
“ဖေဖေနဲ့သိတာတင်မဟုတ်ဘူး သမီး သွယ်လေးက သမီးရဲ့ ဖအေတူ မအေကွဲညီမတွေလေသမီးရဲ့”
“ရှင်!......” သွယ်လေးရော ၊မြင့်မိုရ်ပါ တပြိုင်တည်းအံ့သြကုန်ကြပါတယ်။
“သမီးတို့က ညီမတွေလား၊အဲဒါကြောင့် မသွယ်လေးလာလျှောက်တုန်းက အဖေနာမည်မှာ တူပါတယ်လို့ထင်နေတာ၊မသွယ်လေးကို သမီးအစ်မတော်တာဆိုတော့ ကောင်းတာပေါ့ဖေဖေရယ် သမီးမှာမောင်နှမမရှိဘူးဆိုပြီး အားငယ်နေတာ အခုတော့ အစ်မတစ်ယောက်ရပြီဆိုတော့ ၀မ်းသာလိုက်တာ”
“အဲဒါဆို သမီးသွယ်လေးက သမီးမြင့်မိုရ် ကုမ္ပဏီမှာလုပ်နေတာလလား”
“ဟုတ်ပါတယ်ဖေဖေ”
“သူဌေးက အဲလိုသဘောထားတယ်ဆိုတော့ သွယ်လေးလဲ ၀မ်းသာပါတယ်”
“ဟာ အဲလိုမခေါ်ပါနဲ့ အခုဆို မြင့်မို၇်တို့က ညီမတွေဆိုတော့ ညီမတွေလိုဘဲ ရင်းရင်းနှီးနှီးခေါ်ပါ”
“အေးသမီးတို့ အခုလို တစ်ယောက်တစ်ယောက် နားလည်မှုတွေနဲ့ ချစ်ချစ်ခင်ခင်နေရတော့ အဖေသိပ်ဝမ်းသာတာဘဲသမီးတို့ရယ်”
“အဖေ သမီးအရေးကြီးသွားစရာရှိလို့ သွားလိုက်ဦးမယ် မမသွယ် မနက်ဖြန်မှ ရုံးမှာ ညီမလေးတို့ အေးအေးဆေးဆေးစကားတွေပြောဦးမယ်နော် တာတာ့” ဟုပြောပြီး မြင့်မိုရ်ပြန်ထွက်သွားပါသည်။
သွယ်လေးလဲ မြင့်မိုရ်ကို အရင်ကထက်ပိုလေးစားသွားပါသည်။ဘာဖြစ်လို့ဆို ဒီလိုအခြေအနေမျိုးမှာဆို ဖေဖေ့ရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲပေးလိုက်ရမှာစိုးတာကြောင့် ညီအစ်မဆိုတဲ့စိတ်မျိုးမထားနိုင်ကြတာတွေများကြပါတယ်။နိုင်ငံခြားမှာ ပညာတွေသင်လာတာကြောင့်လား ဖေဖေ့ရဲ့အုပ်ထိန်းမှုကြောင့်လားမပြောတတ်ပါ။
“သမီး ပြန်လိုက်ပါဦးမယ်ဖေဖေ ကြာနေရင် အမေစိတ်ပူမှာစိုးလို့ပါ”
“နောက်လဲ ဖေဖေ့ဆီကို လာခဲ့ပါဦးသမီးရယ် ဖေဖေကလာချင်ပေမယ့် သမီးမေမေက ကြိုက်မှမဟုတ်ပါဘူးကွယ်။ရော့ သမီး” ဆိုပြီး ဦးသက်မောင်မှ ၅၀၀၀တတန် အုပ်လိုက် ပေးလိုက်ပါတယ်။
“သမီး မယူပါရစေနဲ့ဖေဖေ သမီးဒါတွေလိုချင်လို့လာခဲ့တာမဟုတ်ပါဘူး သမီးကန်တော့်ချင်လို့သာလာခဲ့တာပါ။သမီးကို အမေကလဲ အကောင်းဆုံးမဟုတ်တောင် မျက်နှာမငယ်အောင်ထားခဲ့တာပါ၊ ဒါကြောင့် ဖေဖေပေးတာကိုလဲ ယူရင်အမေလဲကြိုက်မှာမဟုတ်ပါဘူး ၊အခုလို အဖေ့ကိုတွေ့ခွင့်ရတာနဲ့တင် သမီးကျေနပ်ပါတယ် ဖေဖေ..သမိးကိုခွင့်ပြုပါဦး” ဦးသက်မောင် သမီးကိုငေးကြည့်ရင်း တွေဝေစွာကျန်ခဲ့ပါတယ်။

father.jpg

အော် မသူဇာ သမီးလေးကလဲ မင်းလိုပါဘဲ ၊မင်းတို့သားအမိကို ပြည့်စုံစွားမထားနိုင်ခဲ့တဲ့အပြစ်တွေကြောင့် အမြဲတမ်း အရှုံးပေး ပန်းပေးပြီးသားပါ။အခုချိန်မှာ ကြိုက်တဲ့အပြစ်ပေးလဲ ခံယူဖို့အသင့်ပါဘဲ။ဒါကြောင့် ငါ့ဘက်ကနေ မင်းတို့သားအမိအပေါ်မှာ အနိုင်မယူဘဲ မေတ္တာနဲ့……… အရှုံးပေး ပန်းပေးပြီးသားဆိုတာ မင်းတို့သားအမိသိရင် ငါသေပျော်ပါပြီကွာ……………….။
ဖတ်ရှုသူများအားလုံးကို ကျေးဇူးတင်လျှက်…….။
logo.jpg

Writer - Thant Zin Soe(@tharpauk)
MSC 134

Sort:  

မောင်နှမတွေတော့တွေ့ကုန်ပြီ
အချစ်ဇာတ်လမ်း သုံးပွင့်ဆိုင် လေးထပ်ထည့်ပါဘဒို :)

အဲလိုရှုပ်ရင်ကောင်းမလားစဉ်းစားနေတာ hee hee

သွယ်လေးထက် မြင့်မိုရ်ကို ပိုပြီးစိတ်ဝင်စားသွားဘီ။😁😁😁😂

ဘာကိုဝင်စားတာလဲ hee hee

မြင့်မိုရ်ရဲ့ စိတ်ထားလေးက လှပါတယ် နောက်တော့ စာရေးဆရာက ဘာအရောင်တေ ချယ်အုံးမလဲလို့ အားပေးနေပါအုန်းမည်

ကျေးဇူးပါ

ဦးသက်မောင်အနေနဲ့ သွယ်လေးတို့သားအမိပေါ်ထားတဲ့မေတ္တာ
သိခွင့်ရဦးမယ်မလားစာရေးဆရာ

ရေးချင်ပါတယ်ဗျာ

အရှုံး​ပေး ပန်း​ပေးပြီးသား မိုက်​တယ်​ဗျာ စာသား​လေးက 😀

ကျေးဇူးပါဗျာ

ထင်ထားတဲ့အတိုင်း တစ်ဖအေတည်းပဲကိုး

ဟုတ်တယ်လေ

အယ်
အဆုံးသတ်လိုက်ပြီလား
ညီမနှစ်ယောက်ကို ယောက်ျားပေးစားအုံးလေ😁😁😁

ကိုမိုးဇော်နဲ့ဘဲ ပေးစားလိုက်မယ် hee hee

ခရီးသွားနေရင်း ကားနားတုန်း ဝင်မန့်ခဲ့ပါတယ်ဗျ

ပျော်ရွှင်တဲ့ခရီးဖြစ်ပါစေဗျာ

ကား​ပေါ်မှာ ​ခေါင်းမူး​နေလို့copy pastယူသွားသည်

ကျေးဇူးပါဗျာ

ရင်ထဲကို ထိစေတယ်ဗျာ နောက်လာမှာ စောင့်မျှော်နေပါတယ်

ကျေးဇူးပါဗျာ

Coin Marketplace

STEEM 0.34
TRX 0.11
JST 0.034
BTC 66344.62
ETH 3214.81
USDT 1.00
SBD 4.37