ကျွန်တော်နှင့်မြို့ပြ(၂)

in #myanmar6 years ago (edited)

ကျွန်တော်နှင့် မြို့ပြ (၂)

အပိုင်း (၁)ဖတ်ရန်

အားလုံးဘဲ မင်္ဂလာပါဗျ။ကျွန်တော် အရင်အပတ်က “ကျွန်တော်နှင့်မြို့ပြ” ဆိုပြီး ရေးခဲ့တဲ့ဆောင်းပါးမှာ နေရာဒေသမတူတဲ့အတွက် စကားပြောရာမှာနားလည်မှုလွဲခဲ့တဲ့အကြောင်းအရာလေးတွေကို ရေးသားခဲ့ပါတယ်။ ဒီတစ်ပတ်တော့ ကျွန်တော် ရန်ကုန်ရောက်လာပြီး အလုပ်လုပ်စမှာ တွေ့ကြုံခဲ့ရတာလေးတွေကိုရေးပြသွားမှာဖြစ်ပါတယ်။

ကျွန်တော်ဟာ ရန်ကုန်ကိုရောက်တော့ နယ်ကလာတာဖြစ်တာကြောင့် ပထမဆုံးအခက်အခဲကတော့ လိုင်းကားစီးရတဲ့ ဒုက္ခပါဘဲ။အရင်တုန်းကလိုင်းကားတွေက အခု YBS Aircon ကားတွေလိုမဟုတ်ကြပါဘူး။ Bus car အကြီးတွေရှိသလို ဒိုင်နာကား၊ဟိုင်းလပ်ကားတွေရော ရှိကြပါတယ်။ရုံးဆင်းရုံးတက်ဆိုရင် ငါးပိသိပ်ထားသလိုပါဘဲ ချွေးတစ်လုံးလုံးနဲ့ တိုးကျိတ်ပြီးစီးကြရတာပါ။ကျွန်တော်ဟာ နယ်ကလာတာကြောင့် လိုင်းကားကို တိုးကျိတ်ပြီး မစီးတတ်တဲ့အပြင် တစ်ခါတစ်လေ လူတွေကကျပ် ဇောချွေးပြန်ပြီး မူးတောင်မူးပါတယ်။ရန်ကုန်ရောက်တဲ့ ပထမဆုံးသင်ခန်းစာလို့ပြောရမှာပါဘဲ။နောက်တော့လဲ ကျင့်သားရသွားတာပါဘဲ။
zone.jpg
Image Source
ကျွန်တော်ဟာ ပထမဆုံးအလုပ်ကတော့ အိမ်ဆောက်ပစ္စည်းများဖြန့်တဲ့ကုမ္ပဏီမှာ စလုပ်ဖြစ်ပါတယ်။အိမ်ဆောက်ပစ္စည်းဖြန့်တဲ့ကုမ္ပဏီဆိုတော့ ဆောက်လုပ်ရေးဆိုဒ်ရှိတဲ့ဆီကို marketing သွားရတယ်ပေါ့ဗျာ။ပထမဆုံး marketing သွားရတဲ့နေ့ကဆိုရင် ခြေထောက်တောင်ပေါက်လို့ လမ်းတောင်မနည်းလျှောက်လိုက်ရပါတယ်။ဘယ်လိုလျှောက်ရလဲဆို ၃နာရီ မရပ်မနားပတ်ပြီး marketing ဆင်းရတာပေါ့။ပထမစဆင်းဆိုတုန်းကဆိုရင် စက်မှုဇုံတွေမှာရှိတဲ့ ဂိုဒေါင်ဆောက်တဲ့နေရာတွေကို လိုက်ပြီးရှာရတာပေါ့ဗျာ။ဂိုဒေါင်တွေရောက်ပြန်ရင်လဲ တာဝန်ခံနဲ့မတွေ့တာနဲ့ ရောက်တာတောင်ပြန်လာခဲ့ရတဲ့အခေါက်ပေါင်းလဲမနည်းခဲ့ပါဘူး။နောက်ရက်တွေ လဲမတွေ့မချင်းသွားရတာပေါ့ဗျာ။နားချင်တဲ့အခါလဲ ကိုယ့်သဘောနဲ့ကလဲနားမရ၊Supervisor မျက်နှာကလဲကြည့်ရသေးဆိုတော့။တစ်နေ့အနည်းဆုံး ဆိုဒ်၂ခုလောက်ရအောင် ဆင်းရတာပေါ့။စက်မှုဇုံတွေဆိုတာကလဲ တစ်ခုတစ်ခု ဧကနဲ့ချီကျယ်တာဆိုတော့ သွားရတဲ့အခါ အဝေးကြီးတွေလျှောက်ရတာပေါ့ဗျာ။

စက်မှုဇုံတွေ စုံပြီ၊ဆင်းပြီးပြီဆိုမှ မြို့ထဲက ဆောက်လုပ်ရေးဆိုဒ်တွေထဲ တစ်ခါပြန်ဆင်းရတာပေါ့။စက်မှုဇုံဆင်းရတာနဲ့ မြို့ထဲဆင်းရတာတော့ကွာတာပေါ့ဗျာ။မြို့ထဲဆင်းရတာကျတော့ နားဖို့လဲလွယ်သလို လမ်းလျှောက်ရတဲ့အခါလဲ ဟိုကြည့်ဒီကြည့်နဲ့ဆိုတော့ မပျင်းဘူးပေါ့ဗျာ။စက်မှုဇုံကျတော့ ဘာမှမရှိ လွင်ထီးခေါင်ပြင်ထဲသွားနေရသလိုပါဘဲ။ဒါပေမယ့် ကောင်းတာတစ်ခုတော့ရှိတယ်ဗျ။အဲဒါဘာလဲဆိုရင် အစားအသောက်တွေကတော့ ဈေးသက်သာတာပေါ့ဗျာ။မှတ်မိပါသေးတယ်။တစ်ခါက ရွှေပြည်သာ စက်မှုဇုံဘက်ကိုသွားကြတယ်ပေါ့ဗျာ။ေ၇ွှပြည်သာတံတားအဆင်းမှာ ရောင်းတဲ့ ကော်ပြန့် ၊၀က်သားဒုတ်ထိုးဆိုင်ရှိတယ်။အဲဒါနဲ့ ကျွန်တော်တို့လဲ ဗိုက်ဆာတာနဲ့ ဆိုင်ကသန့်တာတစ်ကြောင်း ၀က်သားဒုတ်ထိုးဝင်စားကြတာ။သွားတာက ၃ယောက် ၊အဲဒီတုန်းက ဒုတ်ထိုးက ၁ချောင်း ၁၀ ဆိုတာနဲ့ စားလိုက်ကြတာ ၇၀၀၀ ဖိုးတောင်ရှင်းလိုက်ရတယ်။၁ချောင်း ၁၀မို့သာတော်တော့တယ်။ လူတွေလည်းစားပြီးတာနဲ့ ခေါင်းတွေပါမူးပြီး ရုံးကကားပေါ်မှာ တစ်ရေးအိပ်လိုက်ရသေးတယ်။
165787145.jpg
Image Source
နောက်တစ်ခုဟာသလေးရှိသေးတယ် ။အဲဒါကတော့ ဗဟန်းက တက္ကသိုလ်ရိပ်သာလမ်းထဲက ဆိုဒ်တစ်ခုမှာ marketing ဆင်းရင်းကြုံရတာလေးပေါ့။အဲဒီလမ်းထဲကဆိုဒ်ကို ဆင်းပြီးပြန်ထွက်လာတဲ့အချိန်မှာ သွားတာက ယောင်္ကျားလေး ၃ယောက် ၊ကျွန်တော်နဲ့၁ယောက်က ဘောင်းဘီဝတ်ထားတာ၊ကျန်တစ်ယောက်က အဲဒီနေ့မှ ပုဆိုးဝတ်လာတယ်။အဲဒီအချိန်မှာဘဲ အသွားကတည်းက အမြင်ကတ်နေတာလာမသိပါဘူးဗျာ။ အရပ်က လူတစ်ယောက်ပေါင်လောက်မြင့်တဲ့ အိမ်တစ်အိမ်ကခွေးတစ်ကောင်က ၀ုန်း ၀ုန်းဆိုပြီး ပြေးလာကိုက်တာ၊ပိုင်ရှင်တွေကလဲ ဟန့်လဲမရပါဘူးဗျာ။အဲဒီအချိန်မှာကျွန်တော်လဲ နောက်ကျတဲ့ခြေထောက် သစ္စာဖောက် ဆိုတဲ့အတိုင်း တစ်ချိုးတည်း တွေ့တဲ့အိမ်ထဲ ၀င်ပြေးတာပေါ့။အဲဒီအချိန်မှာ ပုဆိုးဝတ်လာတဲ့တစ်ယောက်က ပြေးတဲ့အချိန် ဖိနပ်ကကျ ကောက်တဲ့အချိန်မှာ ခွေးကရောက်လာတာကြောင့် နီးရာသစ်ပင်ကို လှမ်းပြီးခိုလိုက်တာ လူကတော့ခိုမိပါရဲ့ ပုဆိုးကတော့ တန်းလန်းဖြစ်နေတာကြောင့် ခွေးကပုဆိုးကိုလှမ်းဆွဲလိုက်တာ အဲဒီတစ်ယောက်မှာ ဖင်တွေပါပေါ်ကုန်ပြီး ခိုလျှက်တန်းလန်းကြီးဖြစ်နေတာပေါ့ဗျာ။ကျွန်တော်တို့မှာကလဲ သူ့အဖြစ်ကို ကြည့်ပြီး ရီချင်တာတောင် မရီနိုင်တဲ့ဘ၀ဖြစ်နေရတာပေါ့ဗျာ။သူ့ခဗျာလဲ ပုဆိုးကိုပြန်ဆွဲပြန်ရင်လဲ ခွေးကကိုက်မယ်၊ ဒီအတိုင်းခိုနေမယ်ဆိုရင်လဲ ဖင်ပြောင်ကြီးနဲ့ပေါ့၊တော်သေးတယ် နောက်ဆုံးခွေးပိုင်ရှင်ထွက်လာလို့ သာပေါ့ဗျာ။ခွေးပိုင်ရှင်ကလဲ ပထမ မိန်ကလေးထွက်လာတာဗျ၊နောက်မှ သူ့အဖြစ်ကိုကြည့်ပြီး အစ်ကိုကြီးတစ်ယောက်ထွက်လာပြီး သူ့ခွေးကိုပြန်ခေါ် တောင်းပန်စကားပြောသွားတာပေါ့ဗျာ။

postman-seeks-shelter-fromt-dog-3d-14508377.jpg
Image Source
ခွေးမရှိတော့မှသာ ပြေးပြီး ပုဆိုးသွားကောက်ပေးလိုက်ရပါတယ်။(မေ့သွားလို့ အဲဒီနေ့မှ အောက်ခံဘောင်းဘီကိုမေ့ပြီးမ၀တ်လာဘူးဗျ)။ကျွန်တော်တို့ အဲဒီနေ့ကပြန်လာတော့ ဖြစ်ခဲ့တဲ့အကြောင်းတွေပြောပြီး ရီလိုက်ရတာ၊ နောက်ဆုံး ဒါဘဲပြောနေလို့ဆိုပြီး စိတ်တောင်ဆိုးသွားသေးတယ်။ရုံးရောက်တော့လဲ ပြန်မပြောဖို့ ကျွန်တော့်တို့ကို ပြောတာပေါ့ဗျာ။ အဲဒီနေ့ကတော့ ဘယ်ပြောမလဲ နောက်နေ့မှ လျှောက်ပြောတာပေါ့ဗျာ။အဲဒီတစ်ယောက်လဲ ရှက်လို့ဆိုပြီး ရုံးကနေခွင့်တောင်တစ်ရက်ယူလိုက်ရတယ်။အဲဒါလေးတွေကတော့ ကျွန်တော်တို့ marketing ဆင်းရင်ကြုံခဲ့ရတဲ့ အမှတ်တရလေးတွေပေါ့ဗျာ။ နောက်အပတ်များမှာလဲ ဆက်ပြီးရေးပါဦးမယ်……….။
စာဖတ်သူများအာလုံးကို ကျေးဇူးတင်ပါသည်…….။
logo.jpg

Thant Zin Soe(@tharpauk)
MSC 134

Sort:  

တော်သေးတာပေါ့ ပုဆိုးပဲလိုက်ဆွဲလို့ 😂😂😂

မလုပ်ပါနဲ့ဗျာ ပုဆိုးဆွဲတာနဲ့တင်ကို မျက်နှာက ဇီးရွက်လောက်ရှိတော့တာ hee hee

ဖြစ်​တတ်​တဲ့သဘာဝ​တွေ​နော်​။ကျွန်​မလည်း​ကျောင်းတက်​တုန်းကွှေပြည်​သာအစားအ​သောက်​​တွေ​ဈေးသက်​သာလို့စားခဲ့ဖူးတယ်​။

ဟုတ်ပါတယ်မအိ

အားပေးခဲ့ပါတယ်

ကျေးဇူးပါဗျာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by tharpauk from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ဟ ဟား ​တော်​​တော်​ဆိုတဲ့​ခွေး 😀😀😀

ခွေးအပြင် ပုဆိုးဝတ်လာတဲ့တစ်ယောက်လဲ ကံမကောင်းတာပါဗျာ hee hee

ခွေးပိုင်ရှင်ကလည်း မိန်းကလေးဖြစ်တတ်တယ်နော်ဟီး

အဲလို ကြုံတတ်တာ

ဆင်ပြောင်ကြီးမဟုတ်ပဲ
ဖင်ပြောင်ကြီးပေါ့ဘဒို :P

ဟုတ်ပဗျာ

တော်တော်ဆိုးတဲ့ခွေးပဲ အကိုက်ခံရတာမှ သက်သာဦးမယ်

ကိုစောပြောသလိုဘဲ အကိုက်ခံရတာမှ ကောင်းဦးမယ် hee hee

ရန်ကုန် လိုင်းကား.စီးရတာ အခက်တွေ့ပုံများကတော့
ဆင်းမယ့်မှတ်တိုင် မရောက်ခင် ဆင်းလိုဆင်း၊ ကျော်မှ ဆင်းလိုဆင်း
နဲ့ လမ်းလျှောက်လိုက်ရတာ အမောပါပဲ

ခုတော့ မှတ်တိုင်မသိရင် တိုင်ပတ်မယ် ပြောမယ့်စပယ်ယာမရှိတော့ဘူး

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64111.27
ETH 3065.56
USDT 1.00
SBD 4.00