ကျွန်တော်နှင့်မြို့ပြ

in #myanmar6 years ago

ကျွန်တော်နှင့်မြို့ပြ

အားလုံးဘဲ မင်္ဂလာပါဗျ။ဒီနေ့ ကျွန်တော်တို့ရုံးမှာ မြင်းခြံဘက်က ၀န်ထမ်းအသစ် တစ်ယောက်ရောက်လာတယ်ဗျ။အသစ်ဖြစ်တဲ့အပြင် ရန်ကုန်ကို အခုမှ စရောက်တဲ့အတွက် ရန်ကုန်ရဲ့ဓလေ့လေးတွေမသိတော့ ၀င်ဝင်ချင်းနေ့မှာဘဲ ရုံးကစာရေးမကြီးနဲ့စကားများကြတယ်ပေါ့ဗျာ။ ဘာဖြစ်လို့ဆို အသစ်ကောင်လေးက နယ်မှာလို အဲဒီအန်တီကြီးကို ကြီးဒေါ်ဆိုပြီးခေါ်ခေါ်နေကြတာကနေ ဖြစ်ကြတာပေါ့ဗျာ။ကောင်လေးကလဲ နယ်မှာလိုရိုးရိုးဘဲခေါ်လိုက်တာ ဒါပေမယ့် အန်တီကြီးက ကြီးဒေါ်လို့မခေါ်နဲ့ ရိုင်းတယ်ပေါ့။ ဒါနဲ့ကောင်းလေးကလဲ ရိုင်းတယ်လို့ပြောရအောင် သူပြောတဲ့အထဲမှာ ဘာစကားလုံးမှမပါဘူးပေါ့။အဲဒီမှာတင် တစ်ယောက်တစ်ခွန်းစကားထများကြလေရောဗျာ။အဲဒါနဲ့ကျွန်တော်လဲ ကြားကနေ ဒေသကွာလို့ဖြစ်တတ်တဲ့အကြောင်းကို ရှင်းပြပြီး ပြေလည်အောင်လုပ်ပေးလိုက်ရပါတယ်။ နောက်တော့ ကျွန်တော်လဲ အသစ်ကောင်လေးကို ရောမရောက်ရင် ရောမလိုကျင့်ဖို့ ပြောပြရင်း တစ်ချိန်ကကျွန်တော်လဲအလားတူကြုံခဲ့ရတဲ့အကြောင်းလေးကို သတိရမိသွားပါတယ်။
arguing-1296392__340.png
Image Credit-Orginal Source
လွန်ခဲ့တဲ့ ၁၂နှစ်လောက်က ကျွန်တော်ဟာ ဘွဲ့ရပြီးချိန် နယ်မှာကလဲ အိမ်ကမိဘတွေက တောင်သူနဲ့ပတ်သက်ပြီး ဘာမှမခိုင်းတော့ ဘာမှမလုပ်တတ်ဘူးပေါ့ဗျာ။ဘာမှမလုပ်တတ်တာနဲ့ ရန်ကုန်ကိုသွားပြီးအလုပ်လုပ်မယ်လို့အိမ်ကိုပြောပြတော့ အိမ်ကမလွှတ်ချင်ပေမယ့် လုပ်ကြည့်ဆိုတဲ့သဘောနဲ့ခွင့်ပြုလိုက်ပါတယ်။ဒါနဲ့ ရန်ကုန်မှာရှိတဲ့ သူငယ်ချင်းကိုဖုန်းဆက်ပြီး ရန်ကုန်လာပြီးအလုပ်လုပ်ချင်ကြောင်း ဒီတစ်ခါပြန်လာရင် လိုက်ခဲ့ချင်တဲ့အကြောင်း သူငယ်ချင်းကလဲ ခေါ်မယ်ဆိုပြီးပြောခဲ့ကြပါတယ်။ဒီလိုနဲ့ ၁လလောက်ကြာတော့ သူငယ်ချင်းပြန်လာတာနဲ့ ရန်ကုန်ကိုလိုက်ခဲ့လိုက်ပါတယ်။သူငယ်ချင်းက လှိုင်သာယာကစက်ရုံတစ်ခုမှာနေတာဆိုတော့ သူနဲ့ဘဲ စက်ရုံမှာနေလိုက်ပါတယ်။အဲဒီစက်ရုံကလဲ ပစ္စည်းထားတာလောက်သာလုပ်တာကြောင့် လူနည်းတယ်လို့ပြောလို့ရပါတယ်။ရှိတဲ့လူတွေမှာလဲ ၇ွာက ၁၀ယောက်လောက်ရှိတော့ နေရတာ ပိုအဆင်ပြေသွားပါတယ်။

ဒီလိုနဲ့ ၁ရက်လောက်နားပြီး အလုပ်ရှာဖွေမှုကိုစတင်ခဲ့ပါတယ်။အရင်ဆုံး သူငယ်ချင်းက စက်ရုံတွေကို လိုက်ရှာပေမယ့် အဆင်မပြေတာကများပါတယ်။အဲဒီနောက်တော့ ရွာကဆေးသုတ်တဲ့လူနဲ့ယာယီဆေးသုတ်လိုက်လိုက်ပါတယ်။အဲဒီဆေးသုတ်တဲ့အစ်ကိုကနေပြီးတော့ သူ့ကိုအလုပ်အပ်ဖူးတဲ့ ကုမ္ပဏီတစ်ခုကိုသွားပြောပေးတာနဲ့ အဲဒီမှာဘဲ အလုပ်ရလိုက်ပါတယ်။ဒါပေမယ့် လစာကတော့ အဲဒီအချိန်က ၂၅၀၀၀ဘဲရပါတယ်။ကားခမှ ၂၀၊ ၄၀ ခေတ်ဆိုတော့။ဒါပေမယ့် ကျွန်တော်တို့လိုနယ်ကလူတွေအတွက်တော့ပြေလည်လှရယ်လို့တော့မဟုတ်လှပါဘူး။မှတ်မိသေးတယ် အဲဒီတုန်းက ထမင်းစားတာ လှိုင်သာယာမှာ အသားဟင်းနဲ့တစ်ပွဲ ၂၅၀ တန်ကိုဗိုက်ပြည့်ပြီးရောစားခဲ့ရပါတယ်။

ဒီလိုနဲ့ အလုပ်မှာ အစမ်းခန့် ၃လပြည့်တော့ လစာတိုးပြီး ကော်မရှင်ပါရလာခဲ့တော့ နည်းနည်းအဆင်ပြေလာတယ်ပေါ့ဗျာ။အဲဒီမှာ ယခုဖြစ်ပျက်တဲ့ မြင်းခြံကအသစ်ကောင်လေးလိုအဖြစ်မျိုးဖြစ်ပါတော့တယ်။ရုံးမှာရှိတဲ့ စာရေးမကြီးနဲ့(ကျွန်တော်တို့ကတော့ရုံးအုပ်ကြီးလို့ပေးထားပါတယ်) ကျွန်တော်စကားပြောရင်း ကျွန်တော်တို့ပြောနေကျအတိုင်း “ကျွန်တော် ၊ခင်ဗျား”တို့နဲ့ပြောတာပေါ့ဗျာ။အဲဒီမှာ သူက ကျွန်တော့်ကိုခင်ဗျားလို့မပြောနဲ့ ရိုင်းတယ်ပေါ့။ကျွန်တော်ကလဲ ခင်ဗျားလို့ပြောတာရိုင်းသလားပေါ့။ ကျွန်တော်တို့ဆီမှာ ကျွန်တော်တို့၊ခင်ဗျားတို့ သုံးတဲ့လူတွေက ယဉ်ကျေးတာလို့ပြန်ပြောတာပေါ့။အဲဒီမှာဘဲ ပြဿနာစဖြစ်ကြတယ်။နောက်ဆုံး ရုံးကလူတွေဝိုင်းဝန်းပြောကြတော့မှရပ်သွားတာ။ စိတ်ထဲမှာတော့ ပြီးတော့မပြီးဘူးပေါ့ဗျာ။ကိုယ့်အမြင်နဲ့ဆိုတော့ ကိုယ်မှန်တာပေါ့။
800px_COLOURBOX11603600.jpg
Image Credit-Orginal Source
နောက်တစ်ခုကကျတော့ လုပ်ငန်းကိစ္စနဲ့ သူဌေးတစ်ယောက်နဲ့စကားပြောနေတုန်း ကျွန်တော်တို့နယ်မှာဆိုရင် တစ်ခုနဲ့တစ်ခုနီးကပ်ရင် အတင်းနီးတယ်လို့သုံးကြတော့ ကျွန်တော်လဲ အတင်းနီးတယ် နီးတယ်နဲ့ပြောတာပေါ့။ဟိုဘက်ကသူဌေးလဲ ကြောင်သွားတာပေါ့ ၊အဲဒီကျမှ ဘေးကပါတဲ့အစ်ကိုတစ်ယောက်က အတင်းနီးတယ်လို့မပြောရဘူး တစ်အားနီးတယ်လို့ပြောမှ သဘောပေါက်သွားတာ။အဲဒီအချိန်ကစပြီး ကျွန်တော်လဲ စကားပြောရင် ကိုယ့်နယ်ကအကျင့်တွေကို သတိထားသုံးရင်း ရောမလိုကျင့်ခဲ့ရတာပေါဗျာ။တစ်ခြားဟာတွေရှိသေးတယ်။ နယ်မှာ ချိုချဉ်ဆိုရင် ရန်ကုန်မှာ သကြားလုံး၊ နယ်မှာ ပိုက်ဆံအသေးတွေကို အနုတ်လို့ပြောပေမယ့် ရန်ကုန်မှာတော့ အကြွေဆိုပြီး သုံးကြတာပေါ့။အဲလိုနဲ့ကျွန်တော်လဲ နယ်ကလာပေမယ့် မြို့ပြရောက်တော့လဲ မြို့ပြရဲ့ဓလေ့တွေနဲ့ အခုတော့ နေတတ်လာခဲ့ပါပြီ။ကျွန်တော်တို့လိုနယ်ကလာတဲ့လူတွေ ဖြစ်တတ်တဲ့အကြောင်းအရာလေးတွေကို သတိရရင်း နောက်လဲကြုံရတဲ့အရာလေးကို ထပ်ပြီးရေးသားသွားပါဦးမယ်။
စာဖတ်သူများအားလုံးကို ကျေးဇူးတင်ပါတယ်……….။
logo.jpg

Writer - Thant Zin Soe(@tharpauk)
MSC 134

Sort:  

သူ့ဒေသနဲ့ သူ့ဓလေ့လို့ ဆိုရမယ်ဗျာ မတူတာတွေ အများကြီးပါ

ဟုတ်တယ်ဗျ

ဒါပ နယ်မတူရင် လေသံကွဲ စကားလုံးကွဲတော့ နားလည်မှုပါ လွဲတတ်တာပ😁😁😁

ဖြစ်တတ်တာလေးတွေပေါ့

နယ်အခေါ်အဝေါ်နဲ့ မြို့အခေါ်အဝေါ်မတူတာပေါ့ဗျာ။ နယ်အခြေအနေနဲ့ မြို့အခြေအနေနဲ့လည်း ကွဲပြားတာတွေရှိတာပေါ့။

မတူတာလေးတွေပေါ့

ကြီး​ဒေါ်လို့​ခေါ်တာ နည်းနည်း​တော်​​သေးတယ်​၊ အခု​ခေတ်​က ဘွား​တော်​ကြီးလို့ ​ခေါ်တဲ့​ခေတ်​ဆို​တော့ ဘွား​တော်​ကြီးလို့သာ ​ခေါ်လိုက်​ရရင်​.... 😜

ဟုတ်ပဗျာ ခုခေတ်ကပိုဆိုးတယ်ဗျာ

ဟုတ်တယ်ကိုသန့်ရ ရောမရောက်ရင် ရောမလိုကျင့်ရမယ်
ရောမရောက်ရင် ရောမလိုဘယ်လိုကျင့်ရမလည်းတော့သိဘူး😁😁😂😂

တကယ်ရောမဆိုရင်တော့ မသိဘူး hee hee

နေရာဒေသအလိုက် အသုံးနှုန်းလေးတွေကွာသွားတာပေါ့နော့်

အဲလိုဘဲပြောရမှာပေါ့

အခုတော့ တနေရာနဲ့ တနေရာ ကွဲပြားမှုတွေ များလာ
တယ် ကိုကြီးသားပေါက်ရေ

မှန်ပါတယ်ညီလေးရေ

အညာ​ဒေသကဆို ပိုဆိုးး ကျွန်​​တော်​​တောင်​မနည်းနား​ထောင်​ရတယ်

မတူတာလေးတွေပေါ့

သူ့​ဒေသနဲ့သူကွဲလွဲတာ​လေး​တွေ​ပေါ့ရှင်​။

ဟုတ် ပါတယ်မအိ

တစ်ရွာတစ်ပုဒ်ဆန်းပေါ့လေနော်

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66077.75
ETH 3167.77
USDT 1.00
SBD 4.01