fighting !

in #myanmar6 years ago

ဒီနေ့မှ တနေ့လုံးပူထားသမျှ ညရောက်မှ အငြိုးနဲ့ရွာလေသောမိုးက သည်းလိုက်တာ ။ ကိုရွှေမိုးက ရွာမယ့်ရွာတော့လည်း အဖော်အပေါင်းနဲ့ပါလား ။ မိုးမရွာခင် လေကိုအရင်ကြမ်းကြမ်းလေးတိုက်ပြီး သူရွာမယ်ဆိုတာ သတိပေးခိုင်းသေးတာ ။

3271745_S.jpg

crd org source

ကိုရွှေမီးကလည်း မိုးနဲ့လေ မကျခင်ကထဲကပျက်လိုက်လာလိုက်တနေကုန် ။ ညရောက်တော့လည်း မိုးနဲ့လေကို အကြောင်းပြပြီး ပျက်ပြန်ရော ။ ကိုယ့်အီးကိုယ် ခပ်ကျယ်ကျယ်မပေါက်ရဲဘူးဗျ ။ လေကြမ်းတော့မယ်ထင်ပြီး မီးက ပျက်နေမှာစိုးလို့ ပါ ။

မိုးကြမ်းလေကြမ်းပြီး ခနအကြာမှာ လေငြိမ်သွားပြီး မိုးကတအိအိရွာနေလိုက်တာ ။ အိမ်အပြင်ကိုလည်းမထွက်ချင် ။ အိမ်ထဲနေတော့လည်း မှောင်နဲ့မဲမဲ ။ အတော်ကိုပျင်းစရာကောင်းတဲ့ ညပါဗျာ ။

2409838_S.jpg

crd org source

ပျင်းလွန်းမက ပျင်းလာတော့ ဖုန်းလေးထုတ်ပြီး လိုင်းလေးသုံးအုံးမှစိတ်ကူးမိတယ် ။ ဖွင့်လဲဖွင့်လိုက်ရော ပျင်းတဲ့အပြင် စိတ်ဓာတ်ပါကျချင်လာတယ် ။ steem နဲ့ sbd ဈေးကိုမြင်ပြီး စိတ်မကောင်းလို့  အိပ်တာဘဲကောင်းပါတယ်ဗျာ ။

MSC မိသားစုများ မင်္ဂလာညချမ်းပါ ။ ဈေးကျနေပေမယ့် စိတ်ဓာတ်မကျကြပါနဲ့ ။ ကိုယ့်စာကိုယ်ပုံမှန်ရေးပြီး ရသမျှစုဘို့ က ကျနော်တို့ တာဝန်ပါ ။ စတီးမစ်စလုပ်တုန်းက ဒီဈေးမဟုတ်တာဘဲ ။ တဖြည်းဖြည်းနဲ့အရှိန်ယူ တက်လာမှာမယ်လို့ ထင်ပါတယ် ။ အောင်မြင်ကြပါစေ ။

2450090_S.jpg

crd org source

@thatkozaw

MSC 005

Sort:  

ဈေးကျတာ​တော့ မိုက်​ချက်​😂😂

You got a 1.65% upvote from @postpromoter courtesy of @thatkozaw!

Want to promote your posts too? Check out the Steem Bot Tracker website for more info. If you would like to support the development of @postpromoter and the bot tracker please vote for @yabapmatt for witness!

မိုးချိမ်းသံ၊ ဂျိုးဂျိမ်းညံလို့
အသူရာသိကြားမင်းတို့
စစ်ခင်းကာပြိုင်ကြသည်။
ဒီလဒီရာသီ ..... ဆိုတဲ့ သီချင်းတောင်ရှိသေးတာပဲ ဒီလောက်တော့ရှိမှာပေါ့။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64507.66
ETH 3080.07
USDT 1.00
SBD 3.85