နယ်​မ​ရှောင်​ ကို​အောင်​ 3

in #myanmar5 years ago

မပြီးပြတ်​​သေးတဲ့ ကို​အောင်​ကြီး ဇတ်​လမ်း​လေးဆက်​ပါဦးမယ်​။

ဒါက
ယခင်​​ရေးခဲ့တဲ့ကို​အောင်​ကြီး 1 ပါ
ဒါက
ယခင်​​ရေးခဲ့တဲ့ကို​အောင်​ကြီး 2 ပါ

ကောက်​ရိုး​နေ​သော​နေရာမှ ကိုကို​အောင်​ ရှိ​သော နန်း​ရှေ့သို့သွားရာ ဆယ့်​ငါးမိနစ်​ခန့်​​မောင်းရ​သည်​။ လမ်းတ​လျောက်​ ကြည့်​ရင်း​မောင်းရင်း နန်း​ရှေ့ ​ဘောလုံးကွင်းနားအ​ရောက်​တွင်​​တွေပါပြီ ကိုကို​အောင်​။

နာမည်​နဲ့လိုက်​စွာ ​နေရာမ​ရှောင်​ကိုကို​အောင်​သည်​ ဆိုင်​ကယ်​မှီကာ ကျိုး​နေ​လေရဲ့။

အ​တော်​နိုးယူ​တော့ ထ​တော့လာနိုင်​​သေးသည်​။

ကောက်​ရိုး​ရေ ကိုကြီး​တော့ ဆိုင်​ကယ်​ ​သော့ဘယ်​ပြုတ်​ကြခဲ့လည်းမသိဘူးကွာ။ ​သေး​ပေါက်​ပီး ရပ်​လိုက်​ပီး ပြန်​မနိုးနိုင်​​တော့လို့လုပ်​ပါဦး။

ဆိုင်​ကယ်​​သော့သည်​ ကီးသွားစိပ်​​ချောင်​ပီး ပြုတ်​ကျခဲ့သည်​​နေမည်​။

ကောက်​ရိုး ​တွေးကြည့်​သည်​ ထို​နေရာမှပုသိမ်​ကြီးသို့ ဆယ့်​ငါးမိနစ်​ခန့်​ ​မောင်းရဦးမည်​။ လူပြတ်​သည်​။ ဆိုင်​ကယ်​ကို ရ​အောင်​ ​သော့ ပလပ်​​တွေရှာဖြုတ်​ပီး ကစ်​ကြည့်​သည်​။ မရ။ ​တော်​​တော်​ကြာ​အောင်​ ​ကောက်​ရိုးစမ်းကြည့်​​သော်​လည်း ကိုကို​အောင့်​ဆိုင်​ကယ်​သည်​ တင်းခံ​နေ​လေသည်​။ ​ကောက်​ရိုး​တော်​ရုံ​လောက်​​တော့ လုပ်​တတ်​​သော်​လည်း ထိုဆိုင်​ကယ်​မှာ ဝါယာပိုင်းဖြစ်​ပုံရသည်​။ မီးလုံးဝကိုမထွက်​​သော သ​ဘောဖြစ်​ရာ အ​တော်​သင့်​စမ်းကြည့်​ပီး ​ကောက်​ရိုးလက်​​လျှော့လိုက်​သည်​။

နောက်​ဆုံး​တော့
ကိုကို​အောင်​ဆိုင်​ကယ်​ကို တ​နေရာအပ်​ထား ပြီးလူကို ​မိမိ​ကျောဘက်​တွင်​ကပ်​ထိုင်​​စေလျှက်​ အ​နွေးထည်​ချွတ်​ကာ ကိုကို​အောင့်​​ကျောမှ မိမိရင်​ဘတ်​အထိဆွဲချည်​ကာ အိမ်​လိုက်​ပို့မည်​ဟု ကြံလိုက်​​တော့သည်​။ ထို့​ကြောင့်​ ဆိုင်​ကယ်​ အပ်​ရန်​​နေရာရှာရ​လေပီ။ စိတ်​ချရ​သော​နေရာဖြစ်​ရမည်​။

ငယ်​စဉ်​က ​နေထိုင်​လာ​သော အရပ်​မို့ သူငယ်​ချင်းများကို ဖုန်းဆက်​ကြည့်​သည်​။ မကိုင်​ကြ​ပေ။ ဘယ်​ကိုင်​မည်​နည်း။ ဆယ့်​နှစ်​နာရီထိုးပီ။ မိမိ​တောင်​ ထိုအချိန်​ မည်​သည့်​ဖုန်းမှမကိုင်​ချင်​။ အပုတ်​ချိန်​​ရောက်​ပီကိုး။

ကောက်​ရိုးစဉ်းစားပီး ကိုကို​အောင်​ဆိုင်​ကယ်​ကို လူဆိုးသူခိုးတို့နှင့်​ အနီးဆုံး​နေရာတွင်​သွားထားလိုက်​​လေ​တော့သည်​။

ပထမ ကြံစည်​ထားသည့်​အတိုင်း ကိုကို​အောင်​ကို အိမ်​​ရောက်​​အောင်​ပို့​လေပီ။ ဆရာသမားသည်​ကား ခလူခလူးနဲ့​တောင်​​နေ​ချေ​လေပီ။

ထိန်းထိန်းသိမ်းသိမ်း​မောင်းရင်း ကိုကို​အောင့်​အိမ်​​ရောက်​မှ ပြဿနာ​ စ​လေ​တော့သည်​။

``ကို​ကောက်​ရိုးကို​တော့ အားနာပါတယ်​။ ဒါ​ပေမယ့်​ ဒီလူကို​တော့ လက်​မခံနိုင်​ပါဘူး။ ည​နေက ဖုန်းဆက်​​တော့ သီချင်းသံ​တွေနဲ့ ဟို -ာသည်​မ​တွေရှိတဲ့ KTV မှာ သွားကဲလာတာကျယ်​မ​သေချာသိတယ်​။ ကျယ်​မရွံတယ်​ ရှင့်​သူငယ်​ချင်း ရှင်​ပြန်​​ခေါ်သွားပါ မ​ပေါင်းနိုင်​ဘူး´´

မောင်​​ကောက်​ရိုး ``ဗု​ဒ္ဓေါ ´´ တ ရ​လေပီ။ အ​ဝေးမှတကူးတက လာပီး ​အိမ်​သို့မ​ရောက်​​ရောက်​​အောင်​ပို့ကာမှ ကိုကို​အောင့်​မ​ဟေသီက လက်​မခံဘူးလုပ်​​နေ​သည်​။

``အယ်​မရယ်​ သူသွားမသွား​တော့မသိပါဘူး။ နန်း​ရှေ့ အိမ်​အပြန်​လမ်းမှာတင်​ဆိုင်​ကယ်​ပျက်​​နေလို့ဖုန်းဆက်​​ခေါ်လို့ ကျ​နော်​ လာပီး ပို့​ပေးတာပါ။ အယ်​ ဒါ​ပေမယ့်
ကျ​နော်​သိသ​လောက်​​တော့ သူ အဲ့မိန်းမကိစ္စ ဝါသနာပါသည်​လို့
တခါသားမှမကြားဖူး မမြင်​ဖူး မ​တွေ့ဖူးပါဘူးအယ်​မရယ်​ ယုံပါဂျာ။´´

ဘော်​ဒါအ​ပေါင်းအသင်းအတွက်​ တပါးထပ်​ကျိုးခံကာ ဖြီးရ​လေ​တော့သည်​။

ဆရာသမားက​တော့ ဘာမှမသိ ခလူးခ​လော​နေ​လေပီ။ ဒါကြီးထမ်းပီး ​ကောက်​ရိုး ဘယ်​ပို့​ပေးရမည်​လဲ။ ဆိုင်​သည်​မဆိုင်​သည်​မသိ သံဗု​ဒ္ဓေဂါထာ​တွေ အထပ်ထပ်​​ရွတ်​မိ​တော့သည်​။

``အို ရှင်​လူဘက်​က ဘက်​လိုက်​မ​နေပါနဲ့။ သူ့အ​ကြောင်း ကျယ်​မ အခုမှသိတာမဟုတ်​ပါဘူး။ ​ပေါင်းလာတာ ဆယ်​နှစ်​ရှိပီ သိပသိပ ​ကြောင်​သူ​တော်​ ကြွက်​သူခိုး။
ကို​ကောက်​ရိုးမို့သာ​ပေါ့ ကျယ်​မသာဆို အဲ့လူကို အဲ့နားမှာတင်​ ​ဟော့ဒလို ​ဟော့ဒီလို ဖ​နောင့်​နဲ့ သုံးချက်​​ပေါက်​ ​မြောင်းထဲကန်​စချခဲ့တယ်​။ အလုပ်​က​နေ အိမ်​တန်းပြန်​လာရမှာကို ဘယ်​ ​ကောင်​မ​တွေဆီသွား​နေလဲ ဒါပဲ ရှင့်​လူရှင်​သာပြန်​​ခေါ်သွား​တော့ မနက်​ ကွာရှင်းစာချုပ်​လက်​မှတ်​ထိုးမယ်​​ပြောလိုက်​။ ´´

ဖ​နောင့်​နှင့်​ ​ပေါက်​သည့်​ပုံစံကို ကျကျနန လက်​​တွေ့ သရုပ်​ပြကာ
ပြော​ပြောဆိုဆို ဝုန်းဆိုပီး တခါးပိတ်​သွား​လေသည်​။

ကောက်​ရိုး ကိုကို​အောင့်​ကိုကြည့်​ပီး
``ကိုကြီး စိတ်​မပှုနဲ့ ညီ​လေး​ရောက်​​အောင်​လာမယ်​´´ လို့ ​ပြောမိ​သော မိမိပါးစပ်​ကို မိမိဖာသာ စီးထား​သောဖိနပ်​ချွတ်​ရိုက်​ရမလား။

ဒါကြီး ဘယ်​နားသွားထားရမည်​မသိ။ သူနှင့်​ သက်​ဆိုင်​​သော ပိုင်​ရှင်​သည်​က သူ့ပစ္စည်​မဟုတ်​ဟု ငြင်း​နေသည်​။ မိမိပစ္စည်းလည်း မဟုတ်​။
မိမိ​တောင်​အိမ်​ပြန်​လျှင်​ အိမ်​​ရှေကုတင်​တွင်​ အိပ်​ရဖို့ရာခိုင်​နှုန်း များ​နေတာ။ ဒီလူကြီးသာ အိမ်​​ခေါ်သွားရမည်​ဆိုလျှင်​ နာပီ။ ​ကြံရာမရ။

နတ်​မင်းကြီး​လေးပါး ကယ်​​တော်​မှုပါ။ အရှင်​ ရှီဝ ကယ်​​တော်​မှုပါ။ အလ္လာကယ်​​တော်​မှုပါ။ ထာဝရ ဘုရားသခင်​ကယ်​​တော်​မှုပါ။ ကျ​နော်​အိမ်​ပြန်​ချင်​လှပီ။

နောက်​ဆုံးကြံရာမရသဖြင့်​ ကိုကို​အောင့်​အ​မေ အ​မေသိန်းအိမ်​သို့ ​ပြေး​လေသည်​။ အ​မေသိန်းသည်​ ငယ်​ငယ်​ကတည်းက အရက်​​သောက်​လျှင်​ ကိုကို​အောင်​သာမက မိမိတို့ပါ နီးစပ်​ရာ တုတ်​ဆွဲပီး ​ဆော်​​လေရာ ငယ်​​ကြောက်​ဖြစ်​​သော​ကြောင့် ​သောက်​ထားလျှင်​ အ​မေသိန်းအိမ်​မသွားရဲ။
ငယ်​​ကြောက်​ဖြစ်​​သော​ကြောင့်​ အခုအရွယ်​ထိ သူငယ်​ချင်းအားလုံးလည်း ​သောက်​ပီဆိုတာနဲ့အ​မေသိန်းအိမ်​မသွားရဲကြ။ အ​မေသိန်းကလည်း
``နင်​တို့ အဆင်​မ​ပြေ ငါ့အိမ်​လာ​နေကြ ငါ​ကျွေးထားနိုင်​တယ်​။ ဒုက္ခ​ရောက်​လာတယ်​ ​မေသိန်းကို​ပြော ​မေသိန်းသားတို့​ရှေ့က​နေ ​ဖြေရှင်းမယ်​။
အေး နင်​တို့​သောက်​လို့ဖြစ်​လာလို့က​တော့ ဘာပဲဖြစ်​ခဲ့ဖြစ်​ခဲ့​မလာခဲ့ကြနဲ့ ငါကိုယ်​တိုင်​ရိုက်​လွတ်​မှာ´´
ဟု​ပြောထားပီးသား။

မတတ်​နိုင်​ ​ကောက်​ရိုး ပညာကုန်​ထုတ်​သုံးရ​တော့မည်​။ ​မေသိန်းအိမ်​​ရှေ့​ရောက်​တာနှင့်​ ကိုကို​အောင်​ကိုချ အိမ်​တခါး​ရှေ့ လှဲထားပီး ဝင်းတံခါးကို ​ကျောက်​ခဲနှင့်​ ထု​လေသည်​။ ခဏကြာ​သော်​ အသံတဝုန်းဝုန်းနှင့်​ဆို​သော်​ ​မေသိန်းအိမ်​မီးလင်းလာသည်​။ ​ဘေးအိမ်​များမှလည်း မီးလင်းလာသည်​။ ​ကောက်​ရိုးလဲ မ​ပြောမဆိုနဲ့ ​ခဲသုံး​လေးလုံး​လောက်​ အိမ်​​ခေါင်​မိုး​ပေါ် ​ထုလိုက်​သည်​။
ချောက်​ခနဲ တခါးဖွင့်​သံနဲ့အတူ
ဘယ်​​ကောင်​​တွေငါ့အိမ်​ ခဲနဲ့ထုတာလဲကွ ဆို​သော အသံသည်​ တဆက်​ထဲ ထွက်​လာသည်​။

ထိုအသံကြားတာနှင့်​ ​ကောက်​ရိုးလည်း
အသင့်​နှိုးထား​သော ဆိုင်​ကယ်​​ပေါ် တတ်​ပီး

#``မိုက်​ရင်​ထွက်​ခဲ့´´ဟု

အကျယ်​ကြီး​အော်​ကာ ​မောင်း​ပြေး​လေ​တော့သည်​။ ကျုံး​ဘေး​ရောက်​​သော်​ ရင်​ထဲ​ပေါ့သွားသည်​။
ဟုတ်​သည်​ရှိမဟုတ်​သည်​ရှိ ညအချိန်​လူမရှိ​တော့
#``လွတ်​ပီ ကျွတ်​ပီကွ´´
ဆိုပီး အကျယ်​ကြီး ​အော်​ပလိုက်​သည်​။

``​ငွေ​ရောင်​နှင်းစက်​​လေး​တွေဖြန်းတဲ့ပန်းလို အို့.... အို့.... အို.....´´
Ringtone သံမြည်​လို့ ကိုင်​ကြည့်​​တော့ ကိုကို​အောင်​ ပါကလား။

``Hello...
ကောက်​ရိုး​ရေ ညက ​ဘာ​တွေလုပ်​ခဲ့မိလဲကွာ ​ခေါင်း​တွေလည်း အရိုက်​ခံရ​သေးလားထိလိုက်​တိုင်းနာ​နေတယ်​။ သံပရာသီး​တွေလိမ့်​​ကျွေးထားလို့သွား​တွေလည်း ကျိမ်း​နေပီ။ ဒါနဲ့ ငါ့ဆိုင်​ကယ်​​လေး​ကော ဘယ်​မှာထားထားလဲ။ သွားယူမလို့။´´

သေစမ်း ဘိုး​တော်​ အာ့​မေသိန်း လက်​ချ​က်​ကွဟု စိတ်​ထဲမှာကြိတ်​​ပြောလိုက်​သည်​။

``ကို​အောင်​​ရေ ​ဘောလုံးကွင်းနဲ့ ​အောင်​စစ်​သ
ည်​လမ်းကြားကြားကိုသိလား။´´

``​ ​အေးသိတယ်​​လေ။ ´´

``ဟုတ်​ အဲ့နားက ကူညီပါရ​စေဆိုတဲ့ ဆိုင်းဘုတ်​တပ်​ထားတဲ့ အိမ်​မှာ​ပြောပီး သိမ်းထားတယ်​။ မ​နေ့ညက မှုးပီး အိမ်​မပြန်​နိုင်​လို့ လာအပ်​သွားတဲ့ ဆိုင်​ကယ်​​လေး ဆိုပီး​ပြောထုတ်​လိုက်​။
ခင်​ဗျားဆိုင်​ကယ်​ လုံခြုံ​အောင်​အပ်​ရတာလည်း မလွယ်​ပါဘူးဗျာ ​ဆိုင်​ကယ်​​လေးအပ်​ချင်​တာကို ​သေနတ်​ကြီး​တွေနဲ့ချိန်​ပီး ဟို​မေးဒီ​မေးနဲ့ မနည်း​ပြောလိုက်​ရတယ်​။ စခန်းမှုး​တောင်​ ဆိုင်​ကယ်​ကို ဟိုစစ်​ဒီစစ်​နဲ့။ ´´

``ဟ အမှတ်​ 1 ရဲစခန်းထဲမှာလား။ လုပ်​ချလိုက်​ပြန်​ပီ​ကောက်​ရိုးရယ်​။ ´´

``ဟီးစိတ်​ချရ​အောင်​ပါဗျာ။ စခန်းထဲသွားထည့်​ထားတယ်​။ သွားယူလိုက်​ သူတို့​မေးရင်​ ပန်းရံလုပ်​တဲ့ ​ကောင်​​လေးလို့​ပြော​နော်​။ ကျ​နော်​ နည်းနည်း ပန်​ရံလုပ်​တယ်​ဆိုပီး မျက်​ရည်​ချူခဲ့​သေးတယ်​။´´
ကိုယ်​​တွေက ခင်​ရင်​ ဘယ်​အ​ခြေ​နေ​နေ ​ဆေး​လေးထိုးလိုက်​ရမှ ​နေသာထိုင်​သာရှိတာ။

``​အေးပါ​ကောက်​ရိုးရယ်​။ ​မေသိန်းကလည်း သူ့အိမ်​ခဲနဲ့ထုတာ ဘယ်​သူလည်း ​မေး​နေပါတယ်​။ မနွဲ့စတမ်း​ပေါ့ကွာ။´´

MSC 005
That Ko Zaw

Sort:  

သောက်စားတာတွေ ပါတဲ့ ပို့စ်လေး ရေးဦးမှပါ

Posted using Partiko Android

မရဘူး post တိုင်း အ​သောက်​အစားပါ​အောင်​​ရေးနိုင်​ဖို့ဆိုတာ ပါရမီနဲ့ဆိုင်​တာ 😝😝😝😝

ပါရမီရှင်တွေဆိုတာ ဒါကိုပြောတာ တော်ယုံစကေးနဲ့တော့ မလာနဲ့ ဒါဗြဲ 😁

အာ့​ပြောတာ ဥဥ​ထွေရ

Posted using Partiko Android

မေ့နေပြီ အစကပြန်ရေးပြမှအဆင်ပြေမယ်ကသက်ရယ် ☺

ပါတယ်​​လေ အ​ပေါ်မှာ လင့်​​လေး

Posted using Partiko Android

ကိုအောငီကြီးဆိုလို့………:-)

ဟိုတစ်​ရာ ​အောင်​ကြီးမဟုတ်​ပါဘူး ဟီး

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64223.84
ETH 3158.34
USDT 1.00
SBD 4.29