ကျွန်တော်နှင့် အားလပ်ရက်

in #myanmar6 years ago

မင်္ဂလာပါ Steemit မှ မိတ်ဆွေများ ၊ ညီအစ်ကိုမောင်နှမများအားလုံး မိုးဦးကာလ အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေ။
ဒီတစ်ပတ်မှာတော့ ကျွန်တော်၏မပြီးဆုံးသေးသော ခရီးသွား post တစ်ခုဖြစ်သော အားလပ်ရက်အကြောင်းကိုဘဲ ပြန်လည်ကာ ဆက်လက်ဝေမျှပါရစေ။
ကျွန်တော်တို့လည်း များမကြာခင်မှာပင် ဘုရားသို့ရောက်ရှိလာခဲ့ကြပါတော့သည်။ပထမဦးတွေ့ရှိရသည်က တစ်ခြားဘုရားဖူးဧည့်သည်များနှင့် ဘုရားဖူးလာရောက်ကြသော ကားများရပ်ထားသည်များကိုတွေ့ရှိခဲ့ရပါတော့သည်။ဘုရားဖူးကားများရပ်နားထားရာနေရာများဟုဆိုရာတွင်လည်း ထိုကားဝင်းသည် တစ်ခြားတန်ခိုးကြီးဘုရားများလို အဆောက်အဦးများဖြင့်စည်ကားလှသော ကားဝင်းမျိုးတော့မဟုတ်ပါ။ဘုရားဖူးများနားနေနိုင်စေရန် ဆောက်လုပ်လှူဒါန်းထားကြသော ဇရပ်များရှေ့မှ မြေကွက်လပ်ကွင်းပြင်များတွင်သာ အဆင်ပြေသလိုရပ်နားထားကြခြင်းမျိုးကို မြင်တွေ့ခဲ့ရပြန်ပါသည်။ကျွန်တော်တို့ မအီစက်တော်ရာဘုရားသည် မြန်မာပြည်တွင် လူသိထင်ရှားနည်းပါးလှသောကြောင့်လည်းဖြစ်ပေလိမ့်မည်။မအီစက်တော်ရာ၏ သာယာလှပသောရှုခင်းများနှင့် ဘုရား၏တန်ခိုးကြီးခြင်းတို့မှာ လမ်းပန်းဆက်သွယ်ရေးများခက်ခဲမှုများကြောင့် ကျွန်တော်တို့ရခိုင်ပြည်နယ်တွင်ပင် လူအများသိရှိလာကြသည်မှာ နှစ်အနည်းငယ်ခန့်သာရှိသေးသည်ဟု ကျွန်တော်ယူဆမိပါသည်။
ကျွန်တော်တို့ မင်းဘူးရွှေစက်တော်ဆိုလျှင် မြန်မာတစ်ပြည်နယ်လုံး မသိသူများပင်ရှိလိမ့်မည် မဟုတ်ကြပေ။မင်းဘူးရွှေစက်တော်သည် လမ်းပန်းဆက်သွယ်ရေးမှာလည်း အဆင်ပြေချောမွေ့နေပြီးဖြစ်သလို သီချင်းများတွင်လည်း ထည့်သွင်းကာပင်စပ်ဆိုသီဆိုထားသည်များရှိကြပါသည်။မင်းဘူးရွှေစက်တော်၏ ဘုန်းတန်ခိုးကြီးမားမှုများကိုလည်း မြန်မာပြည်သူပြည်သားများက မရောက်ဘူးခဲ့လျှင်တောင်မှ ကြားဖူးနားဝကတော့ လူတိုင်းနီးပါးရှိနေခဲ့ကြပေပြီ။ကျွန်တော်တို့ မအီစက်တော်ရာသည် လူသိထင်ရှားနည်းပါးသည်နှင့်အမျှ ဘုရားဝင်းထဲမှ အဆောက်အဦးများနှင့် ပတ်ဝန်းကျင်များသည် သဘာဝအတိုင်းပင်ငြိမ်းချမ်းသောခံစားမှုများကို ပေးစွမ်းလျှက်ရှိနေပါသေးသည်။အကယ်၍နောက်နောင်များတွင် လူသိထင်ရှားများပြားလာသည်နှင့် ဘုရားဖူးဧည့်သည်များ များစွာလာရောက်ဖူးမြော်ကြလျှင်တော့ သဘာဝတရားများ၏ အလှတရားများက ယခုလိုမျိုးအေးချမ်းသောခံစားမှုများကို ပေးစွမ်းနိုင်တော့မည်မထင်တော့ပေ။
ကျွန်တော်တို့လည်း တစ်ခြားသူများရပ်နားထားသော ကွင်းပြင်တွင်ရပ်နားခြင်းမရှိဘဲ ဘုရားနှင့်ပိုနီးသော ချောင်းနံဘေးနား အပင်အောက်သို့ထိမောင်းနှင်လာခဲ့ကြပေတော့သည်။IMG_20180512_115451.jpgကျွန်တော်တို့လည်း အဆင်ပြေနိုင်မည့် သစ်ပင်ရိပ်အောက်တွင် ကားရပ်နားကာ ဆင်းသက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ရှုလိုက်ချိန်မှာ စိမ်းလဲ့လဲ့ချောင်းရေပြင်နှင့် ချောင်းကမ်းပါးစပ်တွင်ပေါက်ရောက်နေသော သစ်ပင်လေးများက လှပသောသဘာဝပန်းချီကားတစ်ချပ်နှယ် အလွန်သာယာလှပနေပါတော့သည်။ချောင်းကလေးကို တွေ့မြင်ရချိန်မှာတော့ ပထမဦးဆုံးပြုလုပ်မိချင်သည်က ထိုချောင်းကလေးတွင် စိတ်ရှိလက်ရှိဖြင့် ရေကူးချင်စိတ်များ ပေါ်ပေါက်လာခဲ့ရပါတော့သည်။ကျွန်တော်ရောက်သွားချိန်က နေကလည်းအတော်မြင့်နေပြီဖြစ်ကာ လာရောက်ရသောခရီးကလည်းအတော်ဝေးလွန်းလှသဖြင့် ရေကိုမြင်ကတည်းက ရေထဲခုန်ဆင်းချင်စိတ်များက ထိန်းမရချင်တော့ပေ။သို့ပေမယ့်လည်း ခက်ခဲသည်က အ၀တ်အစားအပိုပါမလာခဲ့ခြင်းပင်။ထိုချောင်းကလေးရဲ့ဘေးနားလေးတွင်တော့ မြတ်ဗုဒ္ဓ၏လက်ျာပါဒကိန်းဝပ်တော်မူရာ မဏိသေလကျောက်ဆောင်တော်(အောက်စက်တော်ရာ)က တည်ရှိနေသော်လည်း ကျွန်တော်တို့သည် နေကလည်းမြင့်လာပြီဖြစ်ပါသဖြင့် အပေါ်စက်တော်ရာသို့ အရင်ဆုံးတက်ရောက်ဖူးမြော်ကြဖို့ ဆုံးဖြတ်လိုက်ကြပါတော့သည်။IMG_20180512_105136.jpg
ကျွန်တော်တို့လည်း နေပူသော်လည်း ဂရုမစိုက်တော့ဘဲ အပေါ်သို့တက်ရောက်ရန် ပြင်ဆင်ကြကာ စတင်တက်ရောက်ကြပါတော့သည်။တက်ရောက်ကြသော လမ်းခရီးတွင်တော့ တစ်ခြားဘုရားဖူးများနှင့်လည်း ထပ်မံဆုံတွေ့ကာ အပေါ်သို့တက်ရောက်ရသည်မှာ အလွန်ပင်ပျော်စရာကောင်းခဲ့ရပြန်ပါတော့သည်။တောင်တက်လမ်းကလေးများကလည်း ဘုရားဖူးပြည်သူများအဆင်ပြေစွာတက်ရောက်နိုင်ရန်အလို့ငှာ လှေကားထစ်လေးများသဖွယ်ပြုလုပ်ထားကြပေတော့သည်။အတက်လမ်းတစ်လျှောက်တွေ့မြင်ရသော ၀ါးရုံပင်များမှာလည်း အစီအရီကလေးဖြင့် အတော်ပင်သာယာလှပသော တောလမ်းကများဖြစ်နေပါတော့သည်။
ကျွန်တော်တို့စတင်ထွက်ခွါသည်နှင့် တောင်တက်လမ်းကလေး နည်းနည်းလည်းမတ်တော့ လူတွေကလည်း မောလာနေပြီ။သို့ပေမယ့်လည်း မောတယ်ပန်းတယ်သဘောမထားဘဲ ဓါတ်ပုံတွေရိုက်ကြသည်မှာလည်း ပျော်စရာတော့ကောင်းလှပေသည်။IMG_20180512_110610.jpgကျွန်တော်တို့နည်းနည်းလေးပိုတက်လာခဲ့ကြတော့ လှပလွန်းသော တောင်တန်းမြင်းကွင်းများနှင့် ဘုရားကြီးတို့ကို ဖူးမြော်ရသည်မှာ အတော်ပင်စိတ်ကြည်နူးစရာကောင်းနေခဲ့ပါတော့သည်။ထိုမြင်ကွင်းမျိုးကို ကြည့်နေရလျှင်ပင် စိတ်ထဲအလိုလိုအေးချမ်းလာခဲ့ရပါတော့သည်။ကျွန်တော်တို့လည်း တက်လိုက်နားလိုက်ဖြင့် အပေါ်သို့တက်လာခဲ့ကြသည်မှာ လူတွေလည်းအတော်ကိုမောလို့နေကြပေတော့သည်။စိတ်ထဲတွင်တော့ ဟိုတစ်ကွေ့လောက်ဆိုတော့ ရောက်လောက်ပေမည်ဆိုသော အတွေးမျိုးဖြင့်တက်လာခဲ့သည်မှာ အကွေ့တွေသာ တစ်ကွေ့ပြီးတစ်ကွေ့ကျန်ခဲ့တယ် ဘုရားသို့မရောက်နိုင်ဘဲဖြစ်နေတော့သည်ဟုသာ ထင်လာခဲ့ပါတော့သည်။IMG_20180512_111043.jpg
တက်ရင်းမောရင်းဖြင့် ဟော သစ်ပင်တွေကြားမှ ထွက်ပေါ်လာသော အဆောက်အဦးနှင့် ဘုရားမုခ်ဝလေးကို မြင်လိုက်ရတော့ ခံစားရသောပျော်ရွှင်မှုက အတိုင်းထက်အလွန်ပင်။ရောက်ပြီဆိုသော အသိလေးများက၀င်ရောက်လာကတည်းက လူကလည်းခြေပစ်လက်ပစ်ထိုင်ချလိုက်ချင်စိတ်များက အပြေးအလွှားဝင်ရောက်လာကြပေတော့သည်။ရေသောက်ချင်စိတ်ကတော့ အတော်ပင်ထိန်းမရဖြစ်နေပါတော့သည်။ကျွန်တော်လည်း ဘုရားအနားသို့ရောက်သည်နှင့် နီးစပ်ရာနားနေဆောင်တစ်ခုဖြစ်သည့် ဇရပ်ပေါ်တွင်တော့နားဦးတော့မည်။ထိုဇရပ်လေးကိုတော့ အတော်ပင်ရောက်ချင်လှပြီ။ထို့ကြောင့်လည်း ကျွန်တော်သည် အရင်ထက်ပိုမိုအားထုတ်ကာ မြန်မြန်လေးလျှောက်လာကာ ဇရပ်ပေါ်သို့အနီးသို့ရောက်ပြီဆိုသည်နှင့် အပြေးကလေးတက်ရောက်ကာ အနားယူလိုက်ပါတော့သည်။
ထိုဇရပ်ပေါ်တွင် ထိုင်ချလိုက်သည်နှင့် ပထမဦးလက်လှမ်းမိသည်က ရေဘူး ၊ ကျွန်တော်လည်း မောမောဖြင့် ရေတွေကို တရစပ်သောက်နေမိခဲ့တော့သည်။ဗိုက်ကလေးနည်းနည်းတင်းသလိုခံစားမိကာ ရေသောက်ခြင်းကို ရပ်လိုက်တော့ ရေတွေက တစ်လီတာတွင်တစ်ဝက်ခန့်သာကျန်ရှိပါတော့သည်။ကျွန်တော်လည်း ဘုရားဖူးဖို့ရန်ပင် မတက်နိုင်သေးဘဲ ထိုဇရပ်ပေါ်တွင် အမောဖြေလိုက်ပါတော့သည်။IMG_20180512_111139.jpgအခြားဘုရားဖူးပြည်သူများလည်း ကျွန်တော့လိုပင် ၀င်ရောက်အနားယူကြပေဦးမည်ဟုဆိုကာ ၀မ်းသာပီတိဖြစ်နေရခဲ့ပြန်ပါသည်။ထိုသို့ပီတိဖြစ်ရခြင်းမှာ ကျွန်တော်ဇရပ်ပေါ်ကို တက်လာကတည်းက မြင်တွေ့လိုက်ရသော အလှူရှင်များ၏ ဓါတ်ပုံမှတ်တမ်းများကြောင့်လည်းဖြစ်ခဲ့ရပါသည်။ထိုဇရပ်သည် ကျွန်တော်တို့ကျောက်ဖြူမြို့မှ ကျွန်တော်တို့ကိုယ်တိုင် စိတ်တူကိုယ်တူဖွဲ့စည်းထားသော လောကအလင်း လူငယ်ပရဟိတအသင်းမှ လှူဒါန်းထားခြင်းကြောင့် ပိုမိုပီတိဖြစ်ရခြင်းပါပေ။မိမိတို့လှူဒါန်းထားသော ဇရပ်ပေါ်တွင်နားခိုကြမည့် ဘုရားဖူးမိဘပြည်သူများမှာလည်း ကျွန်တော့လိုပင်အေးချမ်းမှုများခံစားရမည်မှာ မလွှဲဧကန်ပင်ဖြစ်ပေလိမ့်မည်။ကျွန်တော်လည်း ကျွန်တော်တို့လာရောက်လှူဒါန်းစဉ်က ရေစက်သွန်းချ နေကြပုံများ ၊ လုပ်အားပေးဆေးသုတ်နေကြပုံများ ၊ သန့်ရှင်းရေးလုပ်နေကြသော မှတ်တမ်းဓါတ်ပုံများကို ပြန်ကြည့်ကာ ပြန်လည်ကြည်နူးမှုများကို ထပ်မံခံစားခဲ့ရပြန်ပါသည်။ထိုဝမ်းသာပီတိများနှင့်အတူ အပြင်မှဝင်ရောက်လာသော လေအေးလေးများက ကျွန်တော့ရင်ထဲကို အတော်ပင်အေးချမ်းစေခဲ့ပါတော့သည်။ထိုသို့ထိုင်နေစဉ်အတွင်း အသင်းမှ ညီအစ်ကိုမောင်နှမများကို သတိရစိတ်များ တဖွားဖွားဖြစ်နေခဲ့ပါတော့သည်။ထိုညီအစ်ကိုများနှင့်က ဤနေရာဤဒေသသို့ မကြာကြာရောက်နေကြဆိုတော့ ပိုမိုသတိရနေခဲ့ပါတော့သည်။IMG_20180512_111413.jpgကျွန်တော်လည်း ခဏလောက်နားပြီး အပေါ်ခြေတော်ရာသို့ တက်ရောက်ဖို့ရန် ဇရပ်ပေါ်ကနေပြီး တစ်ချက်လောက်တော့ ဖူးမြော်လိုက်ပါသေးသည်။ပြီးမှ ကျွန်တော်လည်း အပေါ်သို့တက်ရန် ထိုင်ရာမှထခဲ့ပါတော့သည်။
ကျွန်တော်၏ အားလပ်ရက်အားဤတွင် ခေတ္တနိဂုံးချုပ်ပါရစေဦးဗျာ။
စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာကြပါစေဟုဆုတောင်းရင်း-

Writter @theinzawlin
MSC - 128

Sort:  

သာဓု သာဓု သာဓုပါ KTရေ

သာဓု သာဓု သာဓုပါ ဆရာရယ်

အားလပ်​ရက်​ခရီးစဉ်​အ​ကြောင်းဖတ်​ရတာစိတ်​၀င်​စားဖို.​ကောင်းပါတယ်​...​စာဖတ်​ရင်းပုံကြည့်​ရတာgood tal

ကျေးဇူးပါဗျ အစ်မ

ဖူးချင်‌လိုက်‌တာ ညီရာ။ေ ခြ‌တော်‌ရာပုံ ‌တင်‌‌ပေးပါဦး။

ဟုတ်ကဲ့ပါ အစ်ကို တင်ပေးပါမယ်ဗျ

နေပူပေမယ့် ဘုရားအရိပ်အောက်မှာ အမောပြေနိုင်တာပေါ့ဗျာ

ဟုတ်ပါတယ် အစ်ကိုရယ်

ကိုယ်တိုင်ရောက်နေရသလိုပါပဲရှင်

ကျေးဇူးပါဗျ

နောင်ဆိုရင် ဒီထက်အများကြီးစည်ကားအုံးမည်ထင်ပါသည်။ဒါပေမဲ့ အခုချိန် အစ်ကိုတို့ ဖူးရတာက ပိုအေးချမ်းပြီး တောတောင်သဘာဝရှု့ခင်းများ ပိုမိုခံစားလို့ကောင်းတဲ့အနေအထားတွေကိုမြင်တွေ့ရပါတယ်။ကျွန်တော်တို့အတွက် ဗဟုသုတဖြစ်စေပါတယ်ခင်ဗျာ

ဟုတ်ပါတယ် အစ်ကိုရယ် တအားအေးချမ်းတာဗျ ကျွန်တော်တို့ သွားတိုင်း ညပါအိပ်ဖြစ်တယ်ဗျ

သဘာဝအလှတရားတွေ ရောက်ဖူးချင်ပါသည်

အလုပ်အားရင် လာလည်ပါဗျ

မ​ရောက်​ဖူး​သေးဘူးသွားချင်​တာ။

တစ်နေ့တော့ရောက်ဖြစ်အောင်သွားကြည့်ပါ အစ်မ

တစ်​​နေ့ ​ရောက်​​အောင်​သွားကိုသွားမည်

လာခဲ့ပါဗျ

ဇရပ်ဆိုတာ ခုလို မောလာသူတွေ အပန်းေ ဖြဖို့ လှူဒါန်းပေးထာကြတာ လှူတဲ့သူတွေ ကုသိုလ် အမျာကြီး ကြမှာ😊

တွေးမိတိုင်းလည်း ဝမ်းသာပီတိဖြစ်နေမိပါတယ် မမ

Coin Marketplace

STEEM 0.33
TRX 0.11
JST 0.034
BTC 66363.68
ETH 3207.73
USDT 1.00
SBD 4.27