ဆင်ခြင်ဖွယ်ရာ သင်ခန်းစာ

in #myanmar6 years ago

ကျမ ပြီးခဲ့တဲ့လက ရေးတင်ခဲ့ဘူးတဲ့ ကျမမာမီပြောပြတဲ့ ရီစရာအဖြစ်တခုဖြစ်တဲ့ "တံတားကြီးဆီက ရရန်ငွေ " ဆိုတဲ့ စာရင်းရှင်းတမ်းလို ရီစရာတခု facebook မှာ ထပ်တွေ့ခဲ့ပါတယ် ။

ရုတ်တရက်ဖတ်လိုက်ရတော့ ရီစရာဖြစ်ခဲ့ရပေမယ့် သေသေချာချာပြန်တွေးကြည့်တော့ စိတ်ထဲကသိကအောက်ဖြစ်မိပါတယ် ။

1037378_S.jpg

crd image source

မြန်မာနိုင်ငံမှာ သတင်းစာ ဂျာနယ်တွေဟာ အမျိုးအမည်စုံလင်အောင် များပြားလှပါတယ် ။ သတင်းဆိုတာ အများပြည်သူတွေအတွက် အမှန်ရေးဘို့ လိုအပ်သလို အယ်ဒီတာကောင်းဘို့ လဲလိုအပ်ပါတယ် ။

ဂျာနယ်သတင်းတွေမှာပါလာတဲ့သတင်းကို ဘာတွေမှားနေတယ် ဘာတွေလိုအပ်နေတယ်ဆိုတာကို ပြင်ဘို့ လိုအပ်သလို သတင်းအမှန်ဖြစ်ဘို့ ကလဲ အရေးကြီးပါတယ် ။ ဒါ့အပြင် မြန်မာစာသတ်ပုံအရေးအသားကို မှန်မမှန်စစ်ရန်လည်း လိုအပ်ပါတယ် ။

ဖေ့ဘုတ်မှာ ကျမဖတ်လိုက်ရတာက အောက်မှာပြထားတဲ့ သတင်းစာပါ ။ ရုပ်တရက်ဖတ်လိုက်ရင် ရီရမှာပါ ။ ဒါပေမယ့် မြန်မာစာအရေးအသား အနေအထားကို တွေးမိရင်တော့ စာဖတ်မိသူတို့  တခုခုဖြစ်မိမှာအမှန်ပါ ။ သူငယ်ချင်းတို့ တွေးကြည့်ပေါ့ ။

received_127964824730473.jpeg

#crd photo from facebook news

နောက်တခုက ဆေးမှင်ကြောင်စုပ်ထိုးတာဟာ ပြင်ရခက်တယ်လို့  မြန်မာစကားပုံရှိသည့်အတိုင်း တကယ်အထိုးမှားလို့  ပြင်ထားတဲ့ ပုံလေးပါဘဲ ။

ဒီပုံဟာလည်း ရုတ်တရက်တော့ ရီရပါတယ် ။ သူ့ ပုံကိုကြည့်ပြီး ကိုယ်က မှတ်သားစရာလက်တွေ့ကျန်ခဲ့တာပါဘဲ ။ ပုံထဲက ဆေးမှင်ထိုးထားသူဟာ ပြင်မရလို့  ပြင်ရသလို ပြင်ပြီး နောင်လာနောက်သားတွေကို လက်တွေ့ပြသွားတာပါဘဲ ။ အောက်မှာ ပုံလေးပြထားပါတယ်ရှင် ။

သူထိုးထားတဲ့စာလေးကလဲ အဓိပ္ပါယ်ရှိပါတယ် ။ " ဘဝကို ပုံသေမတွက်နဲ့ " တဲ့ ။ ဒါလည်းမှန်ပါတယ် ။ မိမိဘဝချမ်းသာသည်ဖြစ်စေ မိမိဘဝဆင်းရဲသည်ဖြစ်စေ ထာဝရတည်မြဲမယ်ဆိုပြီး တွက်လို့ မရပါဘူး ။

received_127964834730472.jpeg

#crd photo from facebook

ဆင်းရဲလို့  အားမငယ်ပါနဲ့ ။
ချမ်းသာလို့ လဲ မာန်မာနမထောင်းသင့်ပါ ။

MSC မိသားစုများ မင်္ဂလာပါရှင် …

@thetlyar

MSC 027

Sort:  

အားပေးခဲ့ပါတယ်

ကျေးဇူးပါ

ဟုတ်ပဗျာ မှတ်မှတ်ရ ရအချက်လေးတွေပါပဲ။ သတင်းသမားတွေကလဲ သူ့စည်းသူ့ကမ်းကို မလိုက်နာကြပဲ သတင်းဖြစ်ပြီးရော ရေးနေကြတာ စိတ်မသက်မသာဖြစ်စရာပါ။

ဟုတ်တယ်ရှင့်
မန့် ပေးလို့ ကျေးဇူးပါအကို

ငွေကအရေးကြီးနေတော့ သတင်းမှန်မမှန်မစစ်အားဘူး
နောက်ကျရင် အရောင်းလဲနှေးမှာစိုးလို့ ပါ

ဆင်းရဲလို့လည်း အားမငယ်ပါနဲ့။ချမ်းသားလို့လည်း မာနမထောင်ပါနဲ့။
ထိုစာသားလေးကို အရမ်းကြိုက်မိတယ်။အရမ်းမှန်တယ်မသက်ရေ။ဒိန်မတ်နိင်ငံမှာဆို ချမ်းသားဆင်းရဲ့သူတွေဟာ အတူတူပါဘဲ။သူတို့နိင်ငံမှာ အဆင့်အတန်းဆိုတာ မရှိဘူး။ပညာရေး ကျန်းမာရေး စသော အရာတွေကို ဆင်းရဲသူတွေရော ချမ်းသာသူတွေပါအတူတူဘဲခံစားခွင့်ပြုထားတယ်မသက်ရေ

ဟုတ်ကဲ့ပါအကို

ဆင်ခြင်ကြမှတော်ကာကျမည်

go p Mom
ပြန်လာမှ reply မယ်
love you

အမျိုးတွေထဲက တက်တူးထိုးထားတဲ့သူတွေကိုဖတ်ခိုင်းမယ် ဝိုင်းချစ်နေလိမ့်မယ် ဟားး

ဟား သန္တာဝင်းမဖတ်မိပါစေနဲ့

နေရာတကာ အားငယ်နေတာမကောင်းဘူးဟ
ရေးထားတာဖတ်ပြီး ကိုယ်ထိုးထားတာ ဓားနဲ့ခြစ်ပစ်ရမလိုလိုဖြစ်နေပီဝေ့

anyway ; do သာ do

ပြောလိုက်စမ်းပါကွာ
ဆင်ခြင်ကြပါလို့ 

မှတ်ချက်= ထိုးပြီးသားလူတွေမပါ

အင်အားပြနေတာလား
သန်းကောင်စာရင်းစစ်မယ်ဗျို့

ခ်ခ် စစ်မယ့်သူအရင် အိမ်ထောင်စုဇယားပြပါ

အလွယ်‌လုပ်‌ကြတာ။မတက်‌တာထက်‌ အ‌လေးမထားတာပါ။အယ်‌ဒီတာလည်း မစစ်‌‌ဆေးလို့‌ပေါ့။

ဟုတ်တာပေါ့ အယ်ဒီတာမှာ တာဝန်ရှိတာ

သင်္ကြန်အတွက်ထည့်ဝင်တာမဟုတ်ပါဘူး
အသုံးလိုလို့ သုံးလိုက်ရတယ်ဆိုတော့ ဘာထူးတုန်း
တက်တူးထိုးတဲ့သူလို သေ ဆိုတဲ့ စာလုံးလိုအပ်တော့ အဆင်ပြေတဲ့နေရာကနေသုံးလိုက်ရတာပါပဲ... ဒီတော့ အသုံးပြုလိုက်သည် လို့ပဲပြောရတော့မှာပေါ့ဗျ နော့။

ဟားး

ဟုတ်ပါ့ ညီမရေ.. ကိုလို့ကန့်လန့် တေပါလား ဖတ်ကြည့်ရတာ😂

အေ့ပါဆိုမမရေ ရီစရာဖြစ်နေတာ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.034
BTC 66499.54
ETH 3203.31
USDT 1.00
SBD 4.14