CO2 အားဖမ်းယူခြင်း

in #myanmar5 years ago (edited)

Fossil Fuel လို့ ခေါ်တဲ့ ရုပ်ကြွင်းလောင်စာ
ကိုအသုံးပြုပြီး လူသားတွေရဲ့ နိစ္စဓူဝ ကိစ္စ
အဝဝကို ဖြည့်ဆည်းလာခဲ့တာ အခုဆိုရင်
ကမ္ဘာ့ လေထုထဲမှာတောင် ကာဗွန်ဒိုင်အောက်
ဆိုဒ်ပမာဏ အမြင့်မားဆုံး ဖြစ်နေပြီလို့ 
သိပ္ပံပညာရှင် တွေကဆိုကြပါတယ်။

img; sourec- http://steem.link/43f4h

ဒီအခြေအနေကိုကုစားဖို့  နည်းလမ်းတစ်ခု
အဖြစ် ကမ္ဘာ့ လေထုထဲက ကာဗွန်ဒိုင်
အောက်ဆိုဒ်ကို ဖမ်းယူပြီး လောင်စာ
အဖြစ်အသွင်ပြောင်းဖို့  ကြံစည်နေကြပါပြီ။

ယခင်လေ့လာစူးစမ်းမှုတွေအရ Direct Air
Capture လို့ ခေါ်တဲ့ လေထုထဲက ကာဗွန်ကို
စုပ်ယူတဲ့ နည်းလမ်းဟာ ကုန်ကျစရိတ်
အတော်များတယ်လို့ သိရပါတယ်။CO 2
တစ်တန်ကို ထုတ်ယူဖို့ အတွက် ကုန်ကျမည့်
$600 ဆိုတာစီးပွားရေးအရ တွက်ချေကိုက်မယ့်
ပုံမပေါ်ပါဘူး။ဒါပေမယ့် ကနေဒါကုမ္ပဏီတစ်ခု
ဖြစ်တဲ့ Carbon Engineering ရဲ့ သုတေသန
အသစ်တစ်ခုအရ လေထုထဲက CO2 တစ်တန်
ကို ထုတ်ယူဖို့  94$ ကနေ 232$ ကြားမှာပဲ
ကုန်ကျမယ်လို့  ဖော်ပြခဲ့ပါတယ်။

Carbon Engineering ကိုတည်ထောင်သူ
David Keith ရဲ့အဆိုအရ “ သူတို့ လက်ရှိလုပ်
နေတဲ့ နည်းလမ်းဟာ လျှပ်စစ်ဓာတ်အား
ပေးစက်ရုံတွေမှာသုံးတဲ့ CO2 ကိုဖမ်းယူတဲ့
နည်းလမ်းနဲ့ မတူပါဘူး။(ဥပမာ ။ ။တီကျစ်
ကျောက်မီးသွေးသုံးဓာတ်အားပေးစက်ရုံမှာဆိုရင်
ကျောက်မီးသွေးလောင်ကျွမ်းရာက ထွက်လာ
တဲ့ မီးခိုးပြာတွေထဲကမှ CO2 ကိုပြန်လည်
ဖမ်းယူတဲ့ နည်းလမ်းမျိုးဖြစ်ပါတယ်။) ဒါပေမယ့်
အခုလောင်စာထုတ်ယူမယ့် CO2 ကိုတော့
လေထုထဲကနေ တိုက်ရိုက်ဖမ်းယူမှာပဲ
ဖြစ်ပါတယ်။လေထုထဲကနေ ဖမ်းယူရတဲ့
ရည်ရွယ်ချက်ကတော့ ပြန်လည်ပြည့်ဖြိုးမြဲ
စွမ်းအင်ကနေ ကာဗွန်ပါဝင်မှုနည်းပါးတဲ့
လောင်စာတွေကို ပြုလုပ်နိုင်တာကြောင့်
ဖြစ်တယ်” လို့ ဆိုပါတယ်။

အဆိုပါ သုတေသနကြောင့် အဓိကကြုံတွေ့ 
နေရတဲ့ အခက်အခဲကို ကျော်လွှားနိုင်ခဲ့တာ
ဖြစ်ပြီး Direct Air Capture နည်းပညာဟာ
စီးပွားရေးအရလည်း ဖြစ်မြောက်နိုင်စွမ်းရှိတာကို
တွေ့ ရပါတယ်။ ဒါ့အပြင် ကာဗွန်ပါဝင်မှု
နည်းပါးတဲ့ လောင်စာထုတ်လုပ်ခြင်းကိုလည်း
အခြားနည်းလမ်းတစ်ရပ် အနေဖြင့် ပံ့ပိုးနိုင်ပြီး
လူသားတွေရဲ့ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့
အနာဂတ် သယ်ယူပို့ ဆောင်ရေးကဏ္ဍမှာလည်း
အကူအညီဖြစ်စေမှာ ဖြစ်ပါတယ်။

“နေရောင်ခြည်နဲ့  လေကရတဲ့ စွမ်းအင်ဟာ
နောင်မှာ ဈေးသက်သာလာဖွယ်ရှိသော်လည်း
အဲဒီစွမ်းအင်နဲ့  လေယာဉ်တွေ ကားတွေ
မောင်းလို့ မရပါဘူး။လက်ရှိ ရှိထားပြီးဖြစ်တဲ့
ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင် အရင်းအမြစ်
နဲ့  Direct Air Capture နည်းပညာကို
ပေါင်းစပ်လိုက်ခြင်းအားဖြင့် ၄င်းတို့ ကုမ္ပဏီ
ဟာ ကာဗွန်ပါဝင်မှု မရှိသလောက်ဖြစ်တဲ့
လောင်စာကို ထုတ်လုပ်ပေးနိုင်တယ်”လို့ 
Keith ကဆိုပါတယ်။

Direct Air Capture နည်းပညာနဲ့  ဓာတ်ဆီ
ဒါမှမဟုတ် ဒီဇယ်ဆီ တစ်မျိုးမျိုးကို ပြုလုပ်
နိုင်ပါတယ်။ ဒါပေမယ့် ၄င်းတို့ ဟာ မြေကြီး
ထဲကရတာမဟုတ်ပါဘူး ။ ၄င်းတို့ လောင်
ကျွမ်းတဲ့အချိန်ထွက်လာမယ့် ကာဗွန်ပမာဏ
ဟာ ၄င်းတို့ ကို ထုတ်လုပ်စဉ်က ဖမ်းယူခဲ့တဲ့
ကာဗွန်ပမာဏပဲ ဖြစ်ပါတယ်။ ပြောရမယ်
ဆိုရင် ကာဗွန်ဓာတ်ပြယ်တဲ့ လောင်စာပဲ
ဖြစ်တယ်လို့ ဆိုပါတယ်။ Carbon Engineering
အနေဖြင့် အဆိုပါသုတေသနတွေကို ၂၀၁၅
ကတည်းက လုပ်ဆောင်လာခဲ့တာလို့ လည်း
သိရပါတယ်။

Ref; Source (http://steem.link/2cFOl)

@thettinaung
MSC-105

Sort:  

As a follower of @followforupvotes this post has been randomly selected and upvoted! Enjoy your upvote and have a great day!

Looking for some fun games to play on Steemit? Try your luck with Magicdice or Drugwars

လောင်စာ စွမ်းအင်တွေရရှိဖို့ လူတွေ အမျိုးမျိုးကြိုးစားနေကြတာ ဗဟုသုတရတယ်ဗျာ

သူတို့လုပ်နေတာလေး အောင်မြင်သွားရင် အကျိုးကျေးဇူး အတော်များမယ်လို့ ထင်ပါတယ်ဗျ

Posted using Partiko Android

လောင်​စာဆီ​တွေဒီလိုနည်းပညာနဲ့ထုတ်​နိုင်​ရင်​အရမ်း​ကောင်းမှာပဲ​နော်

မှန်ပါတယ် Sis

Posted using Partiko Android

နည်းပညာတွေ ကျွမ်းလှပဲ

Posted using Partiko Android

ဟုတ်ရပါဘူးဗျာ

Posted using Partiko Android

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34