အချိန်​ နဲ့ သည်းခံခြင်းကို ရင်းနီးမြုပ်​နှံပါ

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာ ချမ်းသာကြပါ​စေ။

ကျွန်​မသူငယ်​ချင်း​တွေနဲ့ ပတ်​သက်​ပြီး ​မြင်​​နေ၊ကြား​နေတာ​လေးကို တင်​ပြချင်​ပါတယ်​။သူတို့​တွေ ​ကျောင်းပြီးလို့ အလုပ်​တစ်​ခုရှာရန်​ ရန်​ကုန်​သွားကြတယ်​​ပေါ့။ရန်​ကုန်​ဆိုတာ အညာ​ဒေသအ​နေနဲ့ အလှမ်း​ဝေးပြီး ​နေရာ​ဒေသအသစ်​ ၊ လူမျိုးစုံပြီး လူမှု​ရေးဆိုတာ မရှိတဲ့​နေရာ လို့သတ်​မှတ်​ကြတာ အမှန်​ပါ။အဆိုးဆုံး အချက်​က မိန်းက​လေး​တွေနဲ့ ပတ်​သက်​ပြီး သတင်းအမျိုးမျိုး​တွေ အဖြစ်​များတဲ့ ​နေရာဆို​တော့ မိဘ​တွေအ​နေနဲ့ မိမိတို့ရဲ့ သမီး​လေး​တွေကို စိတ်​မချတာ​တွေဖြစ်​မိတာအမှန်​ပါ။DVBကလွှင့်​တဲ့ သတင်း​တွေမှာဆိုရင်​လည်း ရင်​နစ်​ဖွယ်​ရာ အမှုခင်း​တွေ ကြည့်​​နေရ​တော့ မသွား​စေချင်​ကြဘူး​ပေါ့။ဒါ​ပေမယ့်​ ကိုယ့်​ရဲ့ သမီး​လေးကလည်း ဘွဲ့ရပြီဆို​တော့ ဘွဲ့နဲ့ကိုက်​ညီတဲ့ အလုပ်​တစ်​ခုလုပ်​ရမယ်​​လေ။ငွေကုန်​၊အချိန်​​တွေရင်းနီးပြီးမှ ရလာတဲ့ ဘွဲ့​လက်​မှတ်​ဆို​တော့ အိမ်​မှာသိမ်းထားပြီး လယ်​​တွေ၊ယာ​တွေလုပ်​​နေလို့လည်း အဆင်​မ​ပြေဘူး​လေ။ကိုယ့်​လို ​နေပူပူမှာ မလုပ်​​စေချင်​လို့ ပညာတတ်​ဖြစ်​​အောင်​ ​မြေ​တောင်​​မြှောက်​​ပေးပြီးမှ အညွန့်​ချိုးသလို​တော့ အဖြစ်​မခံကြချင်​ပြန်​ဘူး။အဲ့ဒီ​တော့ စိတ်​မချမှု​တွေ၊စိုးရိမ်​မှု​တွေ အသာထားပြီး ရန်​ကုန်​ သွားပြီးအလုပ်​လုပ်​ခွင့်​ ​ပေးရ​တော့တာ​ပေါ့။

image
Image source

ရန်​ကုန်​ဆိုတဲ့ အ​ပြောကျယ်​တဲ့ မြို့ကြီးထဲမှာ​နေရတာ ဘယ်​အရာမှ အလကားမရပါ။တိုက်​ခန်းငှါးချင်​ရင်​ ၆လ စာချုပ်​ချုပ်​ရ​တဲ့အပြင်​ ပွဲစားခ ပါ​ပေးရတာ လက်​​တွေ့ပါ။အ​ဆောင်​​နေပြန်​​တော့လည်း လူတစ်​​ယောက်​အိပ်​စရာ​နေရာ​လေးနဲ့ တစ်​ခန်းဖွဲ့ပြီး ​ဆောက်​ထားကြတယ်​။ကိုယ့်​အိမ်​၊ကိုယ့်​ရာမှာလို့ ​နေရ၊စားရတာဟာ ကွာခြားတာအမှန်​ပါ။အသက်​ရှု​တောင်​ ဝဖို့မနည်း ကိုယ့်​ကိုယ်​ကို အားဖြည့်​​နေနိုင်​မှ အ​ဆောင်​ငှါးပါ။ကျွန်​မသူငယ်​ချင်း​တွေ တိုက်​ခန်း​လေးစုငှါးပြီး ကိုယ်​စီအလုပ်​ရှာကြတယ်​။interviewအမျိုးမျိုး​တွေဝင်​​ဖြေတယ်​။အလုပ်​ကိုယ်​စီရကြတယ်​​ပေါ့။ ကျွန်​မစိတ်​ထဲမှာ​တော့ အဆင်​​ပြေပြီး ​နေသားကျ​နေမယ်​ထင်​တာ။အထင်​နဲ့ တလွဲ​ ဆိုတာ ​ပြောပြလို့သိခဲ့ရတယ်​။အိမ်​ကပါလာတဲ့ ပိုက်​ဆံကလည်း ကုန်​​တော့မှာတဲ့။အလုပ်​ကလည်း ထွက်​လိုက်​ပြီတဲ့။ကျွန်​မအံ့သြသွားတာအမှန်​ပါ။ အလုပ်​သက်​တမ်း​မေးကြည့်​​တော့ ၃လပဲရှိတာတဲ့။အဆင်​မ​ပြေလို့ထွက်​တယ်​ဆိုတာ ​တွေးကြည့်​ယုံနဲ့သိနိုင်​ပါတယ်​။ဒါ​ပေမယ့်​ သူတို့အဆင်​မ​ပြေဘူးဆိုတာ​တွေက ဘာမှ​ပြော​လောက်​​အောင်​မဟုတ်​ပါဘူး။နောက်​ပြီး ဖြစ်​​နေကျလမ်းစဉ်​တစ်​ခုဆိုလည်း အမှားပါဘူး။ သူတို့​ပြောတာက....
image
Image source

customers ​တွေကို စိတ်​ရှည်​ရှည်​ထားပြီး မ​ပြောပြချင်​တာ...

အလုပ်​တစ်​ခုဆို တစ်​​ယောက်​တည်း လုပ်​ခိုင်းတာ...

အရင်​​ရောက်​ပြီးသား အကို​တွေ၊အမ​တွေက ပညာပြတာ...

တစ်​ခုအဆင်​မ​ပြေရင်​ ​ငေါက်​ဆပ်​ဆပ်​ နဲ့ အ​ပြောခံရတာ...

၃လပြည့်​ပြီး လစာ ချက်​ချင်းမတိုးတာ...

အ​ကြောင်းပြချက်​​တွေ အမျိုးမျိုးနဲ့ထွက်​ကြတယ်​။ကိုယ်​မှာလည်း မာနရှိတယ်​။သူတို့အလုပ်​မ​ပေးရင်​ ​နောက်​အလုပ်ရှိတယ်​။စိတ်​မပူဘူးတဲ့။ဟုတ်​ပါတယ်​..မှန်​ပါတယ်​...ဒါ​ပေမယ့်​ ဒီအ​ကြောင်းပြချက်​​တွေက ဘယ်​အလုပ်​မဆို ​တွေ့ရမှာပါ။ကိုယ့်​ဘက်​က စိတ်​ရှည်​သည်းခံမှု​တွေ အများကြီးလိုတယ်​။နောက်​မှ​ရောက်​လာတဲ့သူဆို​တော့ နည်းနည်း​တော့ ​အောက်​ကျခံရမယ်​။အ​သေးဖွဲ​လေး​တွေဆို သူတို့က ကိုယ့်​ကို ခိုင်းရင်​လည်း လုပ်​​ပေးရမှာကိုယ့်​တာဝန်​ပါ။အဓိကက ဒီအလုပ်​နဲ့ ပတ်​သက်​ပြီး တကယ်​​ကောင်းမ​ကောင်း၊ကိုယ်​နဲ့ ကိုက်​ညီမှုရှိ မရှိ၊ကိုယ့်​ရဲ့စိတ်​ဝင်​စားမှု ဘယ်​​လောက်​မြင့်​တက်​သွားလဲ စသဖြင့်​ ​မေးခွန်း​လေး​တွေ​ဖြေနိုင်​ဖို့ ဆိုရင်​ အနည်းဆုံး ၂နှစ်​လုပ်​ကြည့်​သင့်​တယ်​လို့ ကျွန်​မထင်​တယ်​။ဘယ်​အလုပ်​ပဲဖြစ်​ဖြစ်​ စိတ်​နှစ်​ပြီးလုပ်​ရမယ်​။တကယ်​သိချင်​စိတ်​၊ကျွမ်းကျင်​လိုစိတ်​ပြင်းပြရမယ်​။ဒါမှာသာ တူညီတဲ့ရလဒ်​ပြန်​ရမှပါ။အလုပ်​တစ်​ခု​ကြောင့်​ရလိုက်​တဲ့ အ​တွေ့အကြုံ experiences​တွေဆိုတာ ဘယ်​အရာနဲ့မှ လဲလို့မရတဲ့ ဘဝရဲ့ တန်​ဖိုးကြီး အရာ​တွေပါ။ဒါ​ကြောင့်​ သည်းခံစိတ်​ထားပြီး အလုပ်​ကို ချစ်​တဲ့သူတစ်​​ယောက်​ဖြစ်​​အောင်​ ကြိုးစားပြီးလုပ်​​ဆောင်​ပါလို့ တိုက်​တွန်းပါရ​စေ။ကိုယ့်​အလုပ်​တစ်​ခုရပြီဆိုတာနဲ့ လစာကို ထိပ်​ဆုံးမှာမထားပါနဲ့ ကိုယ်​တကယ်​အလုပ်​နဲ့ ရင်းနီး​သွားသည်​ထိ​အောင်​ လုပ်​ပါ။လစာကို အရင်​စဉ်းစားရင်​ အလုပ်​မြဲမှာ မဟုတ်​သလို ဟိုနည်းနည်းဒီနည်းနည်းပဲသိ​တော့မှာပါ။တကယ်​သိကျွမ်းသွားမည်​မဟုတ်​ပါ။ဒါ​ကြောင့်​အရင်​ဆုံး ကိုယ့်​ဘက်​က အချိန်​ကို ရင်းနီးမြုပ်​နှံလိုက်​ပါ။နောက်​မှ ကိုယ်​ပိုင်​ ဇယား​ရွှေ့ချင်​​ရွှေ့ပါ။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
@thithisann

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

ညီမလေးရေ ဒို့တွေနိုင်ငံမှာ ကျွမ်းကျင်ဝန်ထမ်းရှားပါးတဲ့ပြသနာဟာ ဒီလို စိတ်ရှည်ရှည်ထား ကြုံလာသမျှ အခက်အခဲကို သည်းညည်းခံပြီး လုပ်ချင်တဲ့စိတ်မရှိကြလို့ ဖြစ်ရတာပါပဲ ။ အများစုက ခုရေတွင်းတူး ခုရေကြည်သောက်ချင်ကြတာများတော့ ဘယ်အလုပ်ကိုမှ ထဲထဲဝင်ဝင် မတတ်ကျွမ်းကြတော့ဘူး ။ အတွေးကောင်း အရေးကောင်းလေးပါ ညီမလေးရေ။

ကျေးဇူးပါရှင့်​ အား​ပေးတာ​ကျေးဇူးပါ

Congratulation ပါ @thithisann
spg1 contest #8 မှာ winner ဖြစ်သွားပါပြီ ...
အသေးစိတ်ကို အောက်ပါ link မှာ ဖတ်ရှုနိုင်ပါတယ်

https://steemit.com/myanmar/@steempowergroup1/spg1-supporting-plan-contest-9

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76