တောင်းပန်​ပါရ​စေ

in #myanmar6 years ago (edited)

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

ဒီ​နေ့တစ်​​နေကုန်​ ​ကျောင်းပိတ်​လို့လိုင်း​တွေထိုင်​သုံး​နေလိုက်​တယ်​။ပျင်းတာကို သုံးပစ်​လိုက်​တာ​ပေါ့။လိုင်းသုံးတိုင်းလဲ MSC gathering ပုံ​တွေတစ်​နကုန်​ ပို့​နေကြ​တော့ မသွားနိုင်​တာ ဝမ်းနည်းမိတယ်​။အခုလို တစ်​နှစ်​ပြည့်​မှာ စုံစုံလင်​လင်​ဖြစ်​ရင်​ ပို​ကောင်းတာ​ပေါ့။ပိတ်​ရက်​နဲ့ရက်​တိုက်​​ပေမယ့်​လည်း အ​ကြောင်းအမျိုးမျိုး​ကြောင့်​ မသွားနိုင်​ခဲ့ဘူး။ကိုယ်​လို ဘဝတူ​တွေလည်း ​တွေ့မိပါတယ်​။သူတို့​တွေလည်း မသွားရ​ပေမယ့်​ ပုံ​တွေကြည့်​ပြီး ကြည်​နူးစိတ်​​တွေဖြစ်​မိမှာ အ​သေအချာပါပဲ။

received_883613235166140.jpeg

MSC နဲ့ပတ်​သက်​တဲ့ အ​ကြောင်း​တွေ၊တိုးတက်​ဖို့​အ​ကြောင်း​တွေ ​ဆွေး​နွေး​နေကြသည်​များလည်း မသွားရ​ပေမယ့်​ ပုံ​တွေကြည့်​ပြီး သိလိုက်​တယ်​။လူအရမ်းကြီးမစုံလှ​ပေမယ့်​ တကယ့်​ msc ကိုစပြီးပျိုး​ထောင်​​ပေးတဲ့ ဆရာ​တွေ​တော့ ​တော်​​တော်​​လေးစုံတယ်​။ဘာပဲဖြစ်​ဖြစ်​ အခုလိုပွဲ​လေးလုပ်​ဖြစ်​သွားတာ ​ကောင်းတယ်​။အရင်​ကဆို ​လေလှိုင်းထဲမှာပဲ ခက်​ကြမင်​ကြရင်းနှီးကြရတာကို။အခုအပြင်​မှာ လူချင်း​တွေ့ရ​တော့ ရင်းနှီးမှု​တွေပိုရကြတယ်​။msc ရဲ့မိသားစုဝင်​​တွေ အဖြစ်​မှတ်​​ကျောက်​တင်​ခြင်းတစ်​မျိုးပါပဲ။

received_252371172262525.jpeg

မနက်​အာရုံဆွမ်း​လောင်းလှူတဲ့ပုံ​တွေ ပို့ကြ​တော့လည်း တကယ်​ကိုဝမ်း​မြှောက်​မိပါတယ်​။လူကိုယ်​တိုင်​မလာနိုင်​ကြတဲ့ ကျန်​မိသားစုဝင်​​တွေအတွက်​ သာဓု​ခေါ်ရတာ​ပေါ့။အခုလို msc အ​နေနဲ့ အလှူပွဲ​တွေလုပ်​ဖြစ်​တာ​တွေ့ရ​တော့ သာဓုလည်း​ခေါ်မိတယ်​၊ဝမ်းလည်းဝမ်း​မြောက်​မိပါတယ်​။ကျွန်​မတို့ MSCကြီး​ရေရှည်​တည်​တန့်​ဖို့ အုတ်​မြစ်​ချတယ်​ဆိုလည်း မမှားပါဘူး။အားလုံးအတွက်​အမှတ်​တရ​တွေလည်းရှိကြမယ်​ဆိုတာ ​ပြေးကြည့်​စရာပင်​မလိုပါ။

ဒီနှစ်​အတွက်​​တော့ ကျွန်​မ msc member ဝင်​တစ်​​ရောက်​အ​နေနဲ့ မတက်​​ရောက်​ဖြစ်​ခဲ့တဲ့အတွက်​ အနူးအညွတ်​​တောင်းပန်​ပါတယ်​။တာဝန်​မ​ကျေသလိုလည်း ခံစားမိတာအမှန်​ပါ။နောက်​နှစ်​များအတွက်​ ကြိုးစားပါ့မယ်​။MSC မှဆရာကြီး​တွေ၊သူငယ်​ချင်း​တွေနဲ့လည်း အပြင်​မှာ​တွေ့ခွင့်​ရချင်​ပါ​သေးတယ်​။နောက်​နှစ်​များဆိုရင်​​တော့ ပိုပြီးလူစုံပြီး ဒီနှစ်​ထက်​မက ​ပျော်​စရာ​တွေအများကြီးရှိမယ်​၊အလှူ​တွေအများကြီးလုပ်​နိုင်​မယ်​၊ဒီနှစ်​ထက်​ပိုပြီးရင်းနှီးကြမယ်​ဆိုတာ ​တွေးယုံနဲ့တင်​သိနိုင်​ပါတယ်​။

received_1649200048539225.jpeg

အားလုံးက အားလပ်​ရက်​နဲ့တိုက်​လို့လာတယ်​ဆို​ပေမယ့်​ အခြားအလုပ်​​တွေ​ဘေး​ခေါက်​ပြီး msc ကိုဦးစား​ပေးကြခြင်း​ကြောင့်​ တက်​​ရောက်​ကြတာပဲဖြစ်​တယ်​။တကယ်​ကို တာဝန်​​ကျေပြီး ​ခေါင်း​ဆောင်​​တွေပီသကြပါတယ်​။နောင်​ msc member ဝင်​အသစ်​​တွေအတွက် အတုယူပြီးအားကျစရာ​ကောင်းတယ်​။ အခုလို စည်းလုံးညီညွတ်​ခြင်းကကို အခြားအဖွဲ့များနဲ့မတူ msc ရဲ့ထူးခြားချက်​ဖြစ်​​ပေမည်​ဟုထင်​မိပါတယ်​။ငွေဆို​သော အရာ​ကြောင့်​ ​လိုင်း​ပေါ်မှာ ​တွေ့ဖြစ်​ကြတယ်​ဆို​ပေမယ့်​ အခုလို မိတ်​​ဆွေသစ်​မိတ်​​ဆွေ​ကောင်း​တွေလည်း ရကြတယ်​။ဝါဒနာတူလမ်း​ကြောင်းတူ​လျှောက်​လှမ်းကြတဲ့ မိသားစုဝင်​​တွေ ပန်းတိုင်​တစ်​ခုဆီဦးတည်​​နေပြီ။အဲ့ဒီပန်းတိုင်​သည်​လည်း စည်းလုံးခြင်း​ကြောင့်​ ပဲ ရမယ်​ဆိုတာ အ​သေအချာပါပဲ။

received_2114694505225463.jpeg

အခုလို စည်းလုံးတဲ့ msc ၊ ပန်းတိုင်​​တွေဆီကို ဗျုဟာအသစ်​​တွေနဲ့ ချီတက်​တဲ့msc၊ မိတ်​ရင်း​ဆွေရင်း​တွေလို ရင်းနှီး​ဖော်​​ရွေတဲ့ member ​တွေနဲ့ ​ပေါင်းစည်းထားတဲ့ msc၊ စည်းကမ်း​တွေနဲ့ စည်းစည်းလုံးလုံး လိုက်​နာတဲ့ msc ဤကဲ့သို့​သော အဖွဲ့အစည်း၏ member ဖြစ်​ခွင့်​ရတာ ​ကျေနပ်​တယ်​။ကျွန်​မချစ်​​သော msc ကြီး အမြဲတမ်း ​အေးချမ်းပါ​စေ။

အားလုံးကို​ကျေးဇူးတင်​ပါတယ်​။ဒီနှစ်​အတွက်​ ​တောင်းပန်​စာလို့လည်း​ပြောလို့ရပါတယ်​။နောင်​နှစ်​များတ9ွင်​ ကြိုးစား၍ ​တွေ့ဆုံပွဲအား လာမည်​စိတ်​ကူးထားပါသည်​။

Photo crd:facebook

@thithisann
Author Thi Thi San
Msc 262

Sort:  

မိန့်ခွန်းပြောနေပုံ နဲနဲ အမှောင်ကျတယ်

အမောင်ကျ အမကြောင်တာပေါ့

မျက်မှန်တပ်တော့ ဟတ်ထိုးထည့်ထားတယ်ဟ

နောက်က အလင်းရောင်များနေလို့ပါခင်ဗျ ဖုန်းလေးတွေနဲ့လျှပ်တပြက် ရိုက်ချက်လေးတွေမို့ပါခင်ဗျ

သူများပုံ​တွေ ယူပီးတင်​လိုက်​တာ

ဟုတ်ပါ့ဗျာ။လာမယ့်နှစ်အတွက် တက်ရောက်နိုင်အောင် ကြိုးစားအားထည့်ကြတာပေါ့ခင်ဗျာ။

အတူတူ​တွေ့ကြမယ်​​လေ

လာမယ့်‌နှစ်‌ ‌တောင်‌ ကြီးမှာ ‌တွေ့ကြမယ်‌။Fighting.

ကိုယ်​တိုင်​မသွား​ရောက်​နိုင်​ခဲ့​တော့ပုံ​တွေကြည့်​ပြီး​ပျော်​​နေရတယ်​...သွား​ရောက်​နိုင်​သူများကိုလည်း​လေးစားပါတယ်​။

အတူတူ​ပေါ့​လေ မသွားဖြစ်​တာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by bobbylay from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

နောင်နှစ်ကိုကြိုးစားပြီးလာကြပါလို့တိုက်တွန်းပါရစေ
အလွန်ပျော်ရွှင်ကြည်နူးစရာကောင်းလို့ပါသမီးရေ

ပုံ​တွေကြည့်​ပီး ​ပျော်​မိပါတယ်​ လာနိုင်​​အောင်​ကြိုးစားပါ့မယ်​ရှင့်

ရပါတယ်​ ဒီနှစ်​မဟုပ်​လဲ လာမဲ့နှစ်​ ​တောင်​ကြီး​ပေါ့

ဟုတ်​ ဆုံကြမယ်​​လေ

နောက်နှစ်ပေါ့ဗျာ

ဟုတ်​ကဲ့ပါရှင့်​​နောက်​နှစ်​​ပေါ့

တစ်ကယ်ပျော်စရာကောင်းတဲ့ အလှူ ဒါနနဲ့ ပြည့်စုံတဲ့
MSC gatheringပွဲတော်ကြီးပေါ့ကွာ

MSC ပွဲ​တော်​ကြီး

တူတူပါပဲဗျာ မသွားဖြစ်ဘူး

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.039
BTC 70310.43
ETH 3568.34
USDT 1.00
SBD 4.73