လိုက်​နာကြပါ တို့မြန်​မာ

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

ကျွန်​မတို့မြန်​မာလူမျိုးတို့သည်​ အယဉ်​​ကျေးဆုံးနဲ့အရိုးရှင်း​သော လူမျိုးဖြစ်​တယ်​လို့ ကျွန်​မငယ်​ငယ်​ကကြားဖူးခဲ့တယ်​။အခုစာ​ရေး ​နေတဲ့ကျွန်​မသည်​လည်း မြန်​မာနိုင်​ငံမှာ​မွေးပြီး ကြီးပြင်းလာခဲ့တဲ့တာပါ။ကျွန်​မတို့မြန်​မာ​တွေ အ​တော်​​လေး ရုပ်​ဆိုးတဲ့အလုပ်​​တွေလုပ်​​နေကြတာ ယ​နေ့​ခေတ်​အဆိုးဆုံးပဲလို့ မြင်​မိတယ်​။ကျွန်​မကိုယ်​တိုင်​လည်း အရင်​က လုပ်​ဖူး​ပေမယ့်​ သိတတ်​ပြီဆိုကတည်းက ထိန်းသိမ်းပြီး​နေထိုင်​ခဲ့တာပါ။တစ်​ခါတစ်​​လေ ​တွေးမိတယ်​ ဘာ​ကြောင့်​ လုပ်​​နေကြသလဲ??မ​ကောင်းမှန်းသိရက်​နဲ့ မပြင်​ကြတာလဲ??​တွေး​တွေးပြီး စိတ်​မ​ကောင်းလည်းဖြစ်​တယ်​။ရှက်​လည်းရှက်​မိတယ်​။

FB_IMG_1530791940024.jpg

မြန်​မာဆိုတာ ​အောက်​ဆုံးအဆင့်​မှာ ရပ်​တည်​​နေပြီဆိုတာ ကျွန်​မသိလိုက်​တဲ့အချိန်​ကဆို ငိုချင်​မိတယ်​။သြော်​...ငါတို့မြန်​မာ​တွေ ​နေထိုင်​ပုံ​တွေမဟုတ်​လို့ ဒီအဆင့်​ကို ​ရောက်​​နေတာပါ့လား။သြော်​မြန်​မာ​တွေ.....မြန်​မာ​တွေ စိတ်​​တောင်​မ​ကောင်းဘူး။ဒီလို​ပြော​နေတဲ့ ကျွန်​မမြန်​မာနိုင်​ငံသူ သည်​ ကိုယ့်​အမိ​မြေကို ​ဝေဖန်​​နေတယ်​လို့ မြင်​မိကြလိမ့်​မယ်​ ဒါ​ပေမယ့်​မဟုတ်​ပါဘူး။ ကျွန်​မသတိ​ပေး​နေတာပါ။မြန်​မာလူမျိုးတို့သည်​ ​ဝေဖန်​တဲ့​နေရာမှာ နံပါတ်​တစ်​ပဲ။ဝေဖန်​တာမှာ ၂မျိုးရှိတယ်​။၁-​ဝေဖန်​အကြံပြုတာ၊၂-​ဝေဖန်​အပြစ်​တင်​တာ။မြန်​မာ​တွေက နံပါတ်​၂ကို ပဲလုပ်​ကြတယ်​။တစ်​ခုခုဆို ​ဝေဖန်​မယ်​..ပြီးရင်​ အပြစ်​တင်​မယ်​။

FB_IMG_1530791949051.jpg

ယ​နေ့​ခေတ်​ social media​တွေမှာ အများဆုံး​တွေ့ရတယ်​။တစ်​​ယောက်​​ယောက်​ ဘာပြုလို့၊ဘာဖြစ်​လို့ဆို အပြစ်​​ပြောမယ်​ပဲ။ကောင်း​သောဘက်​ကကြည့်​​မ​ပေးနိုင်​ကြဘူး။သွေးမ​တော်​သားမစပ်​လည်း ​ဝေဖန်​အပြစ်​တင်​မှာပဲ၊လူချင်းသိသိ မသိသိ ​ဝေဖန်​အပြစ်​တင်​မှာပဲ။အခုပဲကြည့်​​လေ ထိုင်းက​လေး​တွေ ဂူထဲဝင်​တဲ့ကိစ္စကို ထိုင်း page​တွေက သတင်း​တွေ​အောက်​မှာ မန့်​လိုက်​ကြတဲ့မြန်​မာ​တွေ....​ဝေဖန်​အပြစ်​တင်​တာချည်းပဲတဲ့ ကျွန်​မသူငယ်​ချင်းက​ပြော​တော့ ကျွန်​မစိတ်​ထဲ တအားကို​ပြောချင်​​၊​ရေးချင်​မိလို့ ​ရေးလိုက်​တာပါ။ဒါသူတို့နိုင်​ငံက ကိစ္စ​ပါ ကျွန်​မတို့နဲ့ဘာဆိုင်​လဲ။မဆိုင်​တဲ့ အလုပ်​​တွေ မှာ ရုပ်​ဆိုးအကြည်းတန်​​စေမယ့်​ မန့်​​တွေမန့်​တာ​တော့ နိုင်​ငံသိက္ခာကျတယ်​လို့ ကျွန်​မမြင်​တယ်​။သူတို့ဟာ သူတို့ ဘယ်​လိုပဲလုပ်​လုပ်​ ကိုယ့်​နဲ့မသက်​ဆိုင်​ရင်​ ထိုင်​ကြည့်​​နေလိုက်​ပါ။မ​နေနိုင်​ရင်​ ​ဝေဖန်​ပါ...ပြီးရင်​ အကြံပြုပါ အပြစ်​မတင်​ပါနဲ့။

IMG_20180705_182958.JPG

ကျွန်​မတို့မြန်​မာနိုင်​ငံဟာ ပလတ်​စတစ်​ နိုင်​ငံလို့ ကျွန်​မအမြင်​မခံနိုင်​ဘူး။ဒါ​ပေမယ့်​ မြို့ထဲ၊မြို့ပတ်​ဝန်းကျင်​၊ရွာထဲ၊ရွာပတ်​ဝန်းကျင်​ စသဖြင့်​ ​မြန်​မာ​မြေ​ပေါ်မှာ လွှမ်းမိုး​နေတာ ပလတ်​စတစ်​ ​တွေပါ။အမှိုက်​သရိုက်​​တွေပါ။ဒါဟာ မြန်​မာ​တွေ စည်းကမ်းမဲ့​ကြောင်းကို ​စုံးစမ်းစရာမလို ပဲ သိသာလွန်း​နေတဲ့ အချက်​တစ်​ချက်​ပါ။တကယ်​ကို စိတ်​ထဲ​ဒေါသထွက်​မိတယ်​။ကိုယ်​ဆီမှာ ရှိ​နေတဲ့အမှိုက်​​လေး​တောင်​ မသယ်​နိုင်​​တော့ဘူးလား??အမှိုက်​ပုံး​တွေချထားတယ်​ ။ဒါ​ပေမယ့်​ အမှိုက်​ကို အလွယ်​ပဲအ​ဝေးကပစ်​တယ်​ ။အမှိုက်​က ပုံးထဲမကျဘဲ ပုံးပတ်​ချာလည်​မှာပဲ အမှိုက်​ပုံဖြစ်​​နေ​တော့တယ်​။ဒါ​တွေကအစ သတိထားရမယ့်​အချက်​​တွေပါ။နိုင်​ငံ​ခေါင်း​ဆောင်​​တွေကို အပြစ်​တင်​​နေမယ့်​ အစား ပြည်​သူ့တာဝန်​​လေးကို ​ကျေပွန်​​အောင်​ မလုပ်​နိုင်​ကြဘူးလား။အားလုံးပူး​ပေါင်းမှ ရမယ့်​အလွယ်​ဆုံး လူမှုကျင့်​ဝတ်​တစ်​ခုပါ။အခုဆို ကျွန်​မတို့​ကျောင်းမှာ အမှိုက်​​တွေမချရဲကြ​တော့ဘူး။ချတာ​တွေ့ရင်​ ဒဏ်​သတ်​မယ်​။တွေ့သူအား ဆုချမယ်​ ထုတ်​ပြန်​ထားတာကို။

IMG_20180705_182937.JPG

စည်းကမ်းလူ၏တန်​ဖိုးတဲ့ ဒါမြန်​မာလူမျိုး​တွေ ထုတ်​ထားတဲ့ မြန်​မာစကားပုံပါ။စဉ်းစားကြည့်​ရင်​ အ​တော်​ရှက်​စရာ​ကောင်းတယ်​။ဘယ်​မှာလဲ စည်းကမ်း ဒီ​လူ့ကျင့်​ဝတ်​ အလုပ်​​သေး​သေး​လေးဖြစ်​တဲ့ အမှိုက်​မပစ်​ရဘူး၊အမှိုက်​ကင်းစင်​ရမယ်​ဆိုတာ​တောင်​ ဆိုင်းဘုတ်​​တောင်​ ​ပျောက်​သွားအုံးမယ်​၊အမှိုက်​ဖြစ်​သွားမယ်​။ထမင်းစား ဆိုင်​​တွေ၊canteen​တွေမှာ စားပွဲ​လေး​တွေ​အောက်​မှာ ၊​ဘေးမှာ ပုံး​လေး​တွေချ​ပေးထားတယ်​။စားတယ်​၊​သောက်​တယ်​။တစ်​ရှူးသုံးတယ်​ ။အမှိုက်​ပုံးထဲပစ်​တယ်​ ။ဘေးကျသွားတယ်​။အေး​ဆေးပဲ ပြန်​မ​ကောက်​ဘူး။ဒီအတိုင်းပဲ ထားခဲ့ကြတဲ့သူ​တွေက မ​ရေမတွက်​နိုင်​​အောင်​ပါ။ဘာ​ကြောင့်​လဲ??ဘာလို့လဲ??​မေးခွန်း​တွေ အများကြီး ​မေးချင်​မိတယ်​။ဒါ​လေး​တော့လည်း လိုက်​နာ​စေချင်​ပါတယ်​။သူများနိုင်​ငံ​တွေ ကြားဖူးမှာပါ၊ဇာတ်​ကား​တွေထဲ ​တွေ့ဖူးကြမှာပါ။ဘယ်​​လောက်​ စည်းကမ်းရှိလည်း မြင်​ကြမှာပါ။ဆိုင်းဘုတ်​​ထောင်​စရာမလိုဘူး။အမှိုက်​ပုံး​ဘေးမှာ အမှိုက်​ဆိုတာ မ​တွေ့ရဘူး။ဒါ သူတို့နိုင်​ငံက လူ​တွေလိုက်​နာတဲ့ အ​သေးစားအလုပ်​​လေးပဲ။တို့မြန်​မာ​တွေ​ရော အတုမယူနိုင်​ဘူးလား၊မလိုက်​နာနိုင်​ဘူးလား။

FB_IMG_1530791558535.jpg

နောက်​တစ်​ခု စည်းကမ်းနဲ့ပတ်​သက်​ပြီး အသက်​​တောင်​​ပေးမယ့်​ မြန်​မာ​တွေ။တော်​​တော်​ သတ္တိ ​ကောင်းတဲ့မြန်​မာ​တွေ။Accident​တွေခဏခဏဖြစ်​ပြီး အသက်​​ပေါင်းများစွာ ဆုံးရှူံး ​ပေါင်းလည်း မနည်း​တော့ဘူး။တော်​​တော်​များက လမ်းမှား​မောင်းမိကြလို့ဖြစ်​တာကများတယ်​။မီးစိမ်းပြ​နေတယ်​ ​မောင်းပါ ကိုယ့်​လမ်းကိုယ်​ပဲ။signalမပြဘဲ ဟိုလမ်း​ပြောင်းလိုက်​၊ဒီလမ်းပြလိုက်​နဲ့ ​နောက်​ကအရှိန်​နဲ့သူ့လမ်းသူ​မောင်းလာတဲ့ ယဉ်​နဲ့တိုက်​မိ​ရော့။အဲ့​တော့ ​သေပြန်​ပြီ။မိသားစု​တွေ စိတ်​မ​ကောင်းဖြစ်​ရတယ်​။အထီးကျန်​သူ​တွေ သနားစရာ​နေခဲ့​တော့ပဲ။မီးနီပြတယ်​ ဖြတ်​​မောင်းတယ်​။အ​တော်​​လေး သတ္တိ ​တွေရှိ​နေကြတာ။ဘာ​တွေအတွက်​ စွန့်​စား​နေကြတာလဲ??ဘာ​တွေအဲ့​လောက်​ အ​ရေးကြီး​နေလဲ??ကိုယ့်​အသက်​က​လေးကိုမှ တန်​ဖိုးမထားကြဘူး။ရှေ့ကကားကို ​ကျော်​​မောင်းတယ်​။ဟိုကားကလည်း အ​ကျော်​မခံဘူး။မောင်းကြတယ်​....အပြိုင်​လာတဲ့ကားနဲ့ တိုက်ပြီး ​သေသွားတာ ကျွန်​မတို့အ​ဆောင်​နားက ဦး​လေးကြီးပါ။မိသားစု​တွေ မအူမလယ်​နဲ့ ​လောကကြီးထဲ ထားခဲ့ပြီ။စည်းကမ်းမဲ့တဲ့ အဖြစ်​က ဘယ်​​လောက်​ထိ ဖြစ်​သွားနိုင်​တယ်​ဆိုတာ သတိထားပါ။

FB_IMG_1530791520489.jpg

ကျွန်​မ မ​နေနိုင်​လို့ ​ရေးမိတာပါ။လိုက်​နာကြပါ။ဘယ်​သူ့အတွက်​မှ မဟုတ်​ဘူး။ကျွန်​မတို့​တွေ ကိုယ့်​အတွက်​ကိုယ်​ လုပ်​​နေကြတာပါ။စည်းကမ်း​လေး​တွေ လိုက်​နာရင်း သာယာလှပတဲ့ အမိ​မြေကြီး​ပေါ်မှာ လူသားဆန်​ဆန်​ ​နေကြစမ်းပါ။မြန်​မာကို အလှဆင်​ဖို့ ကျွန်​မတို့​တွေ တာဝန်​ရှိတယ်​ဆိုတာ ​မေ့​နေကြ​ရော့လား။ကျွန်​မ​ဝေဖန်​​တယ်​ဆိုရင်​​တောင်​ အကြံပြုချင်​လို့ပါ။အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
Image credit:Facebook
@thithisann
Author ThiThiSan
Msc 262

Sort:  

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

မပြင်သေးတာဟာလက်ရှိအခြေအနေကိုခင်တွယ်နေသေးလို့ပါဗျာ။ လက်ရှိအခြေအနေကို အလွန်မုံးလာမှာသာ ပြင်ဆင်ကြမျာပါ။

ဟုတ်​ဆရာ မြန်​မြန်​မုန်းလာပါ​စေလို့ ဆု​တောင်းရ​တော့မှာ​ပေါ့

ဖတ်ရတာ တန်ဖိုးရှိလိုက်တာ

ကျေးဇူးပါ

မြန်မာနိုင်ငံမတိုးတက်တာ အစိုးရကြောင့်မဟုတ်ပါဘူး
လူတွေကြောင့်ပါ။

ပြောတက်လိုက်တာ ကျန်း

ပြည်​သူကအစ ​ပြောင်းလဲဖို့လိုတယ်

မှန်​ပါတယ်​ဗျာ
အမြင်​မ​တော်​တာ​တွေက​တော့ တပုံတပင်​ပါဘဲ

ဟုတ်​တယ်​ အများကြီးပဲ

အမြင်​မ​တော်​တာ​တွေကို မြင်​​နေရတယ်​ဗျ

အဲ့ဒါ​လေး​တွေ ပြင်​လိုက်​ရင်​ ဘယ်​​လောက်​​ကောင်းမလဲ

လက်ရှိနဲ့ကွက်တိပဲ သိပ်တော်တယ်သမီး
အမြဲအားပေးနေမယ်

ဟုတ်​ ကြိုးစား​နေပါ့မယ်​ရှင့်

စည်းကမ်းရှိဖို့ တိုက်တွန်းပေးထားတာလေး ကောင်းပါတယ်။အားလုံး စည်းကမ်းရှိပြီး တိုးတက်အောင်ကြိုးစားကြရင် လှပတဲ့အနာဂတ်တွေဖြစ်လာတော့မှာပေါ့။

ဖြစ်​လာမှာပါ ကြိုးစားပြီးပြင်​ကြရင်​​ပေါ့

ထောက်ပြဝေဖန်တာအရမ်းကောင်းတယ်

ဟုတ်​ သတိ​ပေးစာ​လေး ​ရေးချင်​လို့​ရေးလိုက်​တာ

ဟုတ်တယ်ညိမရေ စည်းကမ်းမရှိတာက တော်တော်ဆိုးနေပြီ

တကယ်​ကို ပြင်​ဆင်​သင့်​​နေပြီ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64243.42
ETH 3152.93
USDT 1.00
SBD 4.28