တစ်​ခုခု​တော့မှား​နေပြီ....

in #myanmar6 years ago (edited)

အားလုံးပဲ မင်္ဂလာပါ ရှင့်​။ကျန်းမာချမ်းသာ ကြပါ​စေ။

ဒီတစ်​ပတ်​​တော့ proရက်​​ရောက်​လာပြန်​ပြီဆို​တော့ မ​ရေးမဖြစ်​​ရေးရအုံးမယ်​​လေ။ဟို​နေ့ proပြီးကတည်းက daily post​တောင်​ မတင်​ပဲ နားထားတာ​ဆို​တော့ ဒီ​နေ့ ​တော့ အတိုးချတင်​ရအုံးမယ်​။ဒီ​နေ့ တနင်္ဂ​နွေ ဆို​တော့ အားလုံးရဲ့ အားလပ်​ရက်​​ပေါ့​နော်​။ဒီလို အားလပ်​တဲ့ အချိန်​​တွေမှာ သူငယ်​ချင်းတစ်​​တွေ သွားကြ၊လာကြနဲ့တစ်​​နေကုန်​ကဲ​နေကြသူ​တွေလည်း ရှိကြမှာပါ။ဒီရက်​က​လေး နားတာကို လည်​ရမှာ​ပေါ့ အပြစ်​ မမြင်​ပါဘူး​လေ။တချို့လည်း မိသားစု အတွက်​ အချိန်​​ပေးရလို့ ဘယ်​မှမသွားဘဲ အိမ်​တွင်းပုန်း​နေကြမယ်​ ထင်​ပါတယ်​။ဒါလည်း ကိုယ့်​အတွက်​အမြတ်​ပဲ​လေ။ဗိုက်​ဆာရင်​ ထစားလိုက်​။TV​လေး ကြည့်​လိုက်​။အိပ်​ချင်​ရင်​ သွားအိပ်​လိုက်​နဲ့ ဇိမ်​ကြ​နေမှာ အ​သေအချာပါ။အားလုံးမှာ​တော့ ကိုယ်​ဆီ ​ပျော်​ရွှင်​မှု​တွေလည်း ရှိကြသလို စိတ်​ဆင်းရဲရမယ့်​ အ​ကြောင်း​တွေလည်း ရှိကြမှာပါ။ဒါက​တော့ ကိုယ့်​အ​ကြောင်းကိုယ်​ကို ဘယ်​တတ်​နိုင်​မလဲ။

FB_IMG_1531054831733.jpg
Image crd:facebook

အခုလိုအားလပ်​ရက်​မှာ လူငယ်​လူရွယ်​​လေး​တွေ ​ပြောရရင်​ Uni​ကျောင်းသူ​လေး​တွေ၊အလုပ်​ဝင်​မကြာ​သေးတဲ့ ​ကောင်​မ​လေး​တွေအတွက်​ ​တော့ အ​ပျော်​ကြီး​ပျော်​ပြီး ​လျှောက်​လည်​​နေကြလိမ့်​မယ်​ထင်​တယ်​။ဒီကျွန်​မတို့ ​ကျောင်းဘက်​က​တော့ အစီစီလည်​ကြတယ်​။လည်​တာကို မ​ပြောလိုပါ​ပေမယ့်​ အ​ပျော်​လွန်​တာက​တော့ မ​ကောင်းဘူး​ပေါ့​နော်​။ဒီလိုရက်​မှာ ရုပ်​ရှင်​​တွေ အုပ်​စုလိုက်​ကြည့်​မယ်​၊ဘုရား​တွေ အဖွဲ့လိုက်​ သွားဖူးကြမယ်​။အားလုံးက အဖွဲ့လိုက်​ ဝုန်း​နေကြမှာ မြင်​​ယောင်​မိ​သေးတယ်​။ဒါ​ပေမယ့်​ မဟုတ်​တဲ့​နေရာ​တွေမှာ လူရာဝင်​တယ်​လို့ ထင်​​နေကြတဲ့ ​ကောင်​မ​လေး​တွေအတွက်​​တော့ စိတ်​မ​ကောင်းဖြစ်မိတယ်​။အခု​ခေတ်​ ​ကောင်​မ​လေး​တွေက ဟိုတုန်းကလိုမဟုတ်​​တော့ဘူး။ယောကျာ်း​တွေနဲ့တန်းတူ ရင်​​ဘောင်​တန်း​နေကြတဲ့​ခေတ်​ဆို​တော့ ​ပြောရမှာ​တော့ အားနာတယ်​။

IMG_20180708_194531.JPG
Image source

ဒါ​ပေမယ့်​ မ​ပြောရင်​လည်း မ​ကောင်းဘူးဖြစ်​​နေပြန်​​တော့ မ​နေနိုင်​တဲ့ ကျွန်​မကပဲ ​ပြောလိုက်​​တော့မယ်​။အ​ပျော်​အပါး..အ​ပျော်​အပါးနဲ့ ....အဲ့​ခေါင်းစဉ်​​အောက်​မှာ အ​တော်​​လေး ပျက်​စီး​နေကြတာ​တွေ့​ရ​တော့ စိတ်​မ​ကောင်းဖြစ်​မိတယ်​။ထန်း​တောဆိုတဲ့ ​နေရာမျိုးဆိုတာ ​ယောက်ျား သားကြီး​တွေပဲ ရှိကြမယ့်​​နေရာမျိုး မဟုတ်​ပါ​လော။အခု​တော့ဖြစ်​ မိန်းက​လေး​တွေ အဖွဲ့လိုက်​ ထန်း​တောမှာ ထိုင်​​နေကြပြီ။ထန်းရည်​​တွေ ​သောက်​​နေကြပြီ။အဲ့လို​တွေ လုပ်​ရမှ အ​ပျော်​​တွေလို့ ထင်​​နေကြ​လေသ​လော။ပြောလိုက်​ရင်​ အခု​ခေတ်​က မိန်းက​လေးနဲ့ ​ယောကျာ်း​ ​လေး ရင်​​ဘောင်​တန်းတဲ့ ​ခေတ်​တဲ့။နားလည်​မှု​တွေ လွဲ​နေကြပြီ။
သူများနှစ်​သစ်​ကူးလည်း ​ကောင်​မ​လေး​တွေ​သောက်​ကြတယ်​။Happy newyear ဆိုလည်း ​သောက်​ကြတာပဲ။ကျောင်းမှာ ယဉ်​စည်းကမ်း၊လမ်းစည်းကမ်း​ဟော​ပြောပွဲလာတုန်းက accident ဖြစ်​တဲ့ပုံ​တွေ ပြ​တော့ ​ကောင်​မ​လေး​တွေ လမ်းမှာ မူးပြီး လဲ​နေကြတာ ရုပ်​ပျက်​ဆင်းပျက်​ ပုံ​တွေကို မြင်​လိုက်​ရ​တော့ မိန်းက​လေး​တွေ အ​တော်​ပျက်​စီး​နေကြပြီလို့ ​တွေးမိတယ်​။တစ်​ခုခုပွဲရှိရင်​ ​ယောက်ျား ​လေး​တွေလို ​သောက်​ပြီး မူး​နေကြတာ ရှက်​စရာ​ကောင်းတယ်​။

FB_IMG_1531054341148.jpg
Image crd:facebook

အသိစိတ်​​တွေ ​ပြောင်းပြန်​ဖြစ်​​နေကြပြီ။ဒါလားမြန်​မာ...အယဉ်​​ကျေးဆုံး လူမျိုး၊အရှက်​သိက္ခာ အရှိဆုံး လူမျိုး။အခု​တော့ ထန်း​တောမှာ အပျို​လေး​တွေ မူး​နေကြပြီ။မ​ရောက်​သင့်​တဲ့​နေရာ​တွေကို သွား​နေကြပြီ။မ​သောက်​သင့်​တဲ့ အရည်​​တွေ ​မော့​နေကြပြီ။မြတ်​စွာဘုရား ​ဟောကြား​သော တရားများအား လိုက်​နာမှု မရှိကြ​တော့ဘူးလား??ထိန်းသိမ်းပါ။စောင့်​တည်​ကြပါ။ခေတ်​က​ပြောင်း​နေတာလား လူ​တွေက ​ပြောင်း​နေတာလား သတိထားပါ။ခေတ်​ကြီး​ပြောင်း​နေပြီဆိုပြီး အရင်​က စိတ်​မကူး​ဖူး​သော အရာများအား နှစ်​နှစ်​ခြိုက်​ခြိုက်​ လုပ်​​နေကြပြီ။စိတ်​ကူးမယဉ်​ဖူး​သော ​နေရာများမှာ ​ရောက်​​နေကြပြီ။မိန်းက​တွေ ​တော်​​တော်​များများ လိုက်​နာမှုမှား​နေကြသည်​။

IMG_20180708_195457.JPG
Image crd:facebook

မြန်​မာ့ယဉ်​​ကျေးမှုဆိုတာ စာရွက်​​ပေါ်က စာလုံး​လေးသာသာပဲရှိ​တော့တယ်​။အားလုံးက ​ပြောင်းလဲ​နေကြပြီ၊​ပြောင်းလဲလိုက်​ကြပြီ။နည်းပညာတိုးတက်​မှု​ပေါ် လိုက်​ပြီး ခက်​ဗျားတို့​ပြောင်းစရာမလိုပါဘူး။အခုက ​ခေတ်​က​ပြောင်း​​နေတာမဟုတ်​ဘူး။လူက​ပြောင်း​နေတာ။KTVဆိုတာ မြန်​မာ​တွေအတွက်​ ဘယ်​လိုမှမအပ်​စပ်​တဲ့​နေရာပါ။သို့​သော်​ အ​ပေါဆုံး အ​ဆောက်​အဦးက KTVပါ။ငွေဆိုတဲ့​ခေါင်းစဉ်​​အောက်​မှာ နစ်​မြုပ်​ ​နေကြတဲ့ တို့မြန်​မာ အမျိုးသမီး​တွေ သနားမိတယ်​။မလုပ်​လည်းမစားရ။လုပ်​လည်း ဂုဏ်​သိက္ခာဆိုတာ ဘာလဲ​မေးရ​တော့မယ့်​အဖြစ်​။အပန်း​ဖြေတာ KTVတစ်​ခုပဲ ​ဖြေလို့ရတာ မဟုတ်​ပါဘူး။အခြား နည်းလမ်း​တွေရှိပါတယ်​။မ​ကောင်း​သော လုပ်​ရပ်​​တွေကို နှစ်​ဦးနှစ်​ဖက်​ အတိုင်​​ပေါက်​ညီညီနဲ့ ဘဝကို ဖျက်​စီး​နေကြတယ်​။မြန်​မာကို ဖျက်​စီး​နေကြတယ်​။

FB_IMG_1531056036400.jpg
Image crd:facebook

က​လေးငယ်​ငယ်​​လေးေ​တွ အသက်​၁၂နှစ်​အရွာ်​​လောက်​က​လေး​တွေကလည်း ​ဆေး​လိပ်​​လေး တဖွာဖွာ၊ကွမ်း​လေး တဖျစ်​ဖျစ်​နဲ့ ​နေရမှ စတိုင်​ကြတယ်​ထင်​​နေကြသလား??အံ့သြမိတယ်​ ။ဘယ်​လိုအ​တွေး​တွေ ဘယ်​သူက ရိုက်​သွင်း​ပေးလိုက်​သလဲ က​လေးရယ်​။ဆိုင်​ကယ်​​တောင်​ ​ကောင်း​ကောင်းမနိုင်​​သေးတဲ့ က​လေးက ဆိုင်​ကယ်​ စီးတာ ကြမ်းပြီး အသံကျယ်​ကျယ်​မှ စီးချင်​ကြတယ်​။အရွယ်​​ရောက်​ပြီးသား လူပျို​တွေလို လိုက်​ကျင့်​​နေကြတယ်​။ကောင်း​သော အတု​တွေမခိုးဘဲ မ​ကောင်းတဲ့အရာကြ တစ်​ပုံစံတည်း ဖြစ်​​အောင်​ ထွင်းထု​နေကြတယ်​။ပညာမရှာဘဲ အလုပ်​ကြမ်းလုပ်​ရတယ်​ ဆိုပြီး အရွ့​ယ်​​ရောက်​ပြီ မှတ်​ယူ​နေသ​လော။စကား​ပြောပုံက ဆရာကြီးလိုလို ​နေပုံထိုင်​ပုံက က​လေးနဲ့မတူ ။လမ်းမှာ ​ကောင်​မ​လေး​တွေများ မ​တွေ့လိုက်​နဲ့ ပါးစပ်​ ကစည်းမ​စောင့်​ ဟိုဟိုဒီဒီလိုက်​စ​နေရကြပြီ။အရွယ်​က က​လေးပဲရှိ​သော်​လည်း အမူအကျင့်​က အရွယ်​​ရောက်​ပြီသားလိုပဲ ကျင့်​​နေကြတာ မြင်​​တော့ ဘယ်​သူ့ကို အပြစ်​တင်​ရမလဲ မသိ​တော့ဘူး​။

FB_IMG_1531056115660.jpg
Image crd:facebook

အရင်​တုန်းက Internetဆိုတာ ဖြူလားမဲလား မသိ​ခဲ့ဘူး။အားလုံးက ​ပျော်​​ပျော်​ပါးပါး က​လေး​တွေစုပြိး ကစားနည်း​ပေါင်းစုံကစားခဲ့ကြတယ်​။က​လေးဘဝရဲ့ အရသာကို မြိန်​​ရေရှက်​​ရေ ခံစားခဲ့ဖူးတယ်​။အခု​ခေတ်​များ မဟုတ်​​ပေါင်​ က​လေးငယ်​ငယ်​ကအစ ဖုန်းကြည့်​​နေပြီ။ဂိမ်း​ဆော့ဖို့ အားသန်​​နေကြ​တော့သည်​။ကျောင်းစာလည်း ​သေချာမလုပ်​၊​ပျော်​​ပျော်​ပါးပါးကစားတာလည်း မရှိနဲ့ နည်းပညာရဲ့ နှိပ်​စက်​ခြင်းကို ခံစား​နေကြရပြီ။ဆယ်​တန်း ​ကျောင်းသူ​တွေ၊​ကျောင်းသား​တွေ Acc​တွေ ဖွင့်​ပြီး FB​ပေါ် ပလူပျံ ​အောင်​ ပုံ​တွေတင်​ကြ၊မန့်​ကြနဲ့ အဟုတ်​ကြီးဟုတ်​​နေကြတာ။မဟုတ်​တဲ့ အရာ​တွေ​ပေါ်မှာ အဟုတ်​ထင်​ပြီး အုံခဲ​နေကြတာ။ဘာ​တွေရလဲ??ဘာ​တွေဖြစ်​လာလဲ??သုံးသပ်​ကြပါ။

FB_IMG_1531056085559.jpg
Image crd:facebook

အ​တော်​​လေး ကို ပျက်​စီး​နေကြပြီ။သူများနိုင်​ငံ​တွေ တစ်​​နေ့တစ်​ခြား ဒီ​ရေအလား တိုးတက်​​နေတဲ့​ခေတ်​မှာ တို့မြန်​မာ​တွေက ဒီ​ရေအလား ပျက်​စီး​နေကြပြီ။နည်းပညာ၊​ခေတ်​စနစ်​​အောက်​မှာ ဒဏ်​မခံနိုင်​ကြ​တော့ဘူး။ကျရှုံး​နေကြပြီ။လုပ်​သင့်​တဲ့ စာအုပ်​စာ​ပေလိုက်​စားတာမျိုးကြ လိုက်​စားသူ လက်​ချိုး​ရေလို့ရသည်​။အားလုံးက အပြုသ​ဘော​ဆောင်​သည့်​ ဘက်​ကို ​ရွေး​နေကြတာ သတိမထားမိတာများလား??ပျက်​စီးခြင်း(အပြုသ​ဘော)။အရူးအမူးဖြစ်​လုပ်​​အောင်​ သုံး​နေကြတာ​တွေ ရပ်​သင့်​​နေပြီ။အချိန်​​တွေကို အကျိုးရှိရှိ အသုံးချဖို့ ​ရောက်​ခဲ့တာကြပါပြီ။အခုထိ ​ပြောင်းလဲ​သော ရာခိုင်​နှုန်း နည်း​နေသည်​။

နေချင်​လိုက်​တာ အဆင့်​မြင့်​မြင့်​၊စားချက်​လိုက်​တာ အ​ကောင်းစား​တွေ၊ဝတ်​ချက်​လိုက်​တဲ့ Brandအ​ကောင်းစား​တွေ။ခင်​ဗျားတာ တကယ်​လိုချင်​တာ မှန်​ရင်​ ခင်​ဗျားကိုယ်​တိုင်​ လုပ်​ယူလို့ရတယ်​။ခင်​ဗျား စားချင်​တဲ့ အစားစာ​တွေ၊ဝတ်​ချင်​တဲ့ အ​ကောင်းစားအဝတ်​​တွေ တစ်​​နေ့ ခင်​ဗျားကိုယ်​တိုင်​ မထုတ်​နိုင်​ဘူးလို့ ဘယ်​သူမှမ​ပြောနိုင်​ဘူး။ခင်​ဗျားလုပ်​ရင်​ ဘာမဆိုဖြစ်​နိုင်​တယ်​။တကယ်​ပြင်းပြတဲ့ စိတ်​ဆန္ဒ​လေး​တော့ ရှိဖို့လိုတယ်​။ကျွန်​မ​တောင်​ ခင်​ဗျား ကုမ္ပဏီ ကထုတ်​တဲ့ အစားစာ​တွေ၊အဝတ်​အထည်​​တွေ တစ်​​နေ့ ဝယ်​ယူပြီး ဝတ်​​နေချင်​ဝတ်​​နေရမှာ။ကျွန်​မက မြန်​မာက ထုတ်​တဲ့ Qualityကိုပဲကြိုက်​တာ။အခု​တော့ ထိုင်း၊ယိုးဒယား ​တွေပဲ brandရှိ​တော့ မြန်​မာဆိုတာ quality​ကောင်းတဲ့ ပစ္စည်း ​တွေ မထုတ်​ကြ​တော့ဘူးလား။ကုန်​ကြမ်း​တွေ ​ပေါပြီး ကုန်​​ချောအဖြစ်​သို့ မ​ပြောင်း​နိုင်​ကြ​တော့ဘူးလား??ကိုယ့်​ ကုန်​ကြမ်းနဲ့ကိုယ်​ ကိုယ့်​နိုင်​ငံမှာပဲ ကြီးပွား​အောင်​​နေလို့ရတယ်​​နော်​။အဓိကက ပြင်းပြတဲ့ ဆန္ဒ​လေးပဲ ရှိဖို့လိုတာပါ။

အားလုံးကို ​ကျေးဇူးတင်​ပါတယ်​။
Image crd:Facebook
@thithisann
Author ThiThiSan
Msc 262

Sort:  

Resteemed your article. This article was resteemed because you are part of the New Steemians project. You can learn more about it here: https://steemit.com/introduceyourself/@gaman/new-steemians-project-launch

တစ်ခါတစ်လေ စဉ်းစားမိတယ် အထူးသဖြင့် facebookပေါ့လေ။ အဲ့လိုဟာမျိုးတွေမပေါ်ရင် ကောင်းမယ်လို့။

အင်း.....အသုံးများရင်​ မ​ကောင်းဘူး သတိ​တော့ထားရမှာ

သိပ်မှန်တယ်သမီးရေ
ယနေ့လူငယ် နောင်ဝယ်လူကြီး
ဘယ်လိုလူကြီးတွေ ဖြစ်လာမယ် မသိ

စိုးရိမ်​အမှတ်​​ရောက်​​နေပြီ​.....

အတုယူမှားပြီး အပျော်က. အပျက်ဖြစ်လာတာ ခက်တယ်

အ​ပျော်​ထက်​ အပျက်​ဘက်​​ရောက်​​နေကြပြီအခုက

တကယ်တော့ ဘာရည်မှန်းချက်မှ မရှိကြလို့ ရေစုန်မျှောနေကြတာပါ။

ပေါ့​ပေါ့​နေ ​ပေါ့​ပေါ့စား ဘဝနဲ့ ​ကျေနပ်​​နေကြတာ

ဒီလိုလမ်း​ကြောင်းမှား​နေတာကို​ခေတ်​မှီတယ်​လို့ထင်​​နေကြတာ...လွဲမှား​နေတဲ့အ​တွေး​တွေ...

ခေတ်​ကို ဖျက်​ဆီး​နေကြတာ

သိပ်​မှန်​တဲ့ ပိုစ်​​လေးပါ

ဟုတ်​အမ ​ကျေးဇူးရှင့်

အတုမြင် အတတ်သင်ဆိုတာတွေက ခေတ်အနေအထားအရ ဖြစ်ပျက်နေကြတော့လည်း
ပျက်စီးလွယ်ကြတယ်လို့ တော့ မြင်မိတာပဲ

ဟုတ်​တယ်​​နော်​......

မဖြစ်သင့်တဲ့အရာတွေကို ထောက်ပြတဲ့postကောင်းတစ်ခုပါ။ ဒီလိုဆန်ဆန်တွေရေးနေတာကို အားပေးပါတယ်။

အား​ပေးလို့​ကျေးဇူးပါ

ဟီရိသြတပ္ပတရားတွေ ခေါင်းပါးကုန်ကြတာနော်...။

အ​တော်​​လေး ​ခေါင်းပါး​နေကြပြီ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64507.66
ETH 3080.07
USDT 1.00
SBD 3.85