ဆွေး​နွေးခြင်းမှသည်​ အမှန်​တရားဆီသို့

in #myanmar6 years ago

ဆွေး​နွေးခြင်းမှသည်​ အမှန်​တရားဆီသို့


ကျောင်းဖွင့်​​ငွေရွှင်​စဆို​တော့ ဘာ​ပြော​ကောင်းမလဲ။ ခင်​​လေးနှင့်
မမ​ဇော်​တို့ အ​ဆောင်​ ထမင်းဟင်းစားဖို့​​နေ​နေသာသာ အပြင်​ဆိုင်​မှာ
တစ်​​နေကုန်​​ထွက်​စားကြ၏။ အတွဲညီညီ ​ပေါင်းသင်းလာတာ
နှစ်​အ​တော်​ကြာသမို့ သူ့အ​ကြောင်းအူမ​ချေးခါး ကိုယ့်​အ​ကြောင်း​ခေါင်းအစ​ခြေအဆုံး သိကြ​လေသည်​။ တစ်​​ယောက်​က ဒါဆို
နောက်​တစ်​​ယောက်​က "အင်း"တစ်​လုံးပဲ။ ဘယ်​​တုန်းကမှ သ​ဘောထား
မကွဲလွဲခဲ့ကြဘူး​ပေ။

မမ​ဇော်​​ရေ......​ကျောင်း​ထောင့်​နားကဆိုင်​မှာ ထမင်းသွားစားမယ်​။
အေး...သွားကြတာ​ပေါ့။ လက်​စွဲ​တော်​အချစ်​​တော်​ စာအုပ်​နှစ်​အုပ်​ပိုက်​ရင်း ခင်​​လေး အ​ဆောင်​​ရှေ့ဗာဒံပင်​​အောက်​က ကွတ်​ပျစ်​​ပေါ်က
လမ်းဘက်​ကို ​မျှော်​ကြည့်​ရင်း ​မမ​ဇော်​ထွက်​အလာ ​စောင့်​​နေ၏။
မမ​​ဇော်​က​တော့ စာအုပ်​အ​တော်​အတန်​ဖတ်​သူဆို​တော့
မိုဘိုင်းဖုန်း​လေးကိုင်​​ဆောင်​ကာ ထွက်​လာသည်​။ မမ​ဇော်​နှင့်
ခင်​​လေးတို့ ထိုဆိုင်​မှာ စာတည်းချ​နေတာ နှစ်​နဲ့ချီ​နေ​သော်​လည်း
စား​ကောင်း၍​တော့မဟုတ်​။ စား​ကောင်းသည့်​ဆိုင်​တစ်​ဆိုင်​မျှ
နည်းပညာ​ကျောင်းဘက်​တွင်​ ဘယ်​​တော့မှ ဖွင့်​လိမ့်​မလဲမသိ။
ဆက်​ဆံ​ရေးမှာလည်း မှန်​​ရောင်​ဟင်းချို​ရေကဲ့သို့ ကျဲကျဲ​တောက်​သည်​။
သို့​သော်​.....​သူ့ဘက်​ကဘယ်​လိုရှိရှိ စားသုံးသူတာဝန်​က​တော့
ကျေလည်​​အောင်​ ဆက်​ဆံကြသည်​။ ကျောင်းတွင်​ ရှိရှိသမျှဆိုင်​​တွေမှာ
ဤဆိုင်​မှာ မဆိုး​​သေးတဲ့အထဲ ပါဝင်​​နေ​သေး၍ဖြစ်​သည်​။

ယ​နေ့ ​ည​နေတွင်​ ဆိုင်​၌ လူအထူးစည်​ကား​နေပါ၏။ အထူးသဖြင့်
ကျောင်းသားများသာဖြစ်​ပြီး မိန်းက​လေးဝိုင်း မိမိတို့ဝိုင်း​အပါဝင်
သုံးဝိုင်းဖြစ်​​လေ၏။ မမ​​ဇော်​သည်​ သူမှာချင်​တာကို စားပွဲထိုး​လေးအား
မှာပြီး၍ မီနျူးအား ခင်​​လေးသို့ကမ်း​ပေး၏။ ခင်​​လေးလည်း
အလွန်​ဆုံးရှိ ဆယ်​နှစ်​သား​ကောင်​​လေးကို မိမိစားချင်​တာကို မှာလိုက်​၏။

ခင်​​လေးရယ်​.....တို့နိုင်​ငံမှာ စား​သောက်​ဆိုင်​တိုင်းက ဝိတ်​တာ​လေး​တွေ ဝိတ်​ထရက်​စ်​​လေး​တွေဟာ ဆယ်​နှစ်​ပါတ်​ဝန်းကျင်​ အသက်​အရွယ်​ က​လေး​တွေကများ​နေတာ​တွေ့ရတယ်​။ သူတို့က​လေး​တွေ ပညာ​ကော သင်​ရသလားမသိဘူး​နော်​။´´ ခင်​​လေး ထူထူထဲထဲမျက်​​ခုံးက​လေး ညွတ်​​နေ​အောင်​စဉ်းစားဟန်​ပြုရင်းမမ​ဇော်​​ပြော​တာ......ခင်​​လေး​ရော သတိထားမိ​နေတာကြာပါပြီ။
သူတို့ရဲ့ လက်​​ချောင်း​သေး​သေး​တွေနဲ့ မနိုင်​တနိုင်​သယ်​လာတဲ့
စား​ဖွယ်​ရာရာ​တွေကို ခင်​​လေးတို့ စားခဲ့တာလည်း မနည်းဘူး။
ကိုယ်​ဆိုရင်​.....သည်​အရွယ်​ဘာလုပ်​​နေရသလဲ​တွေးမိရင်
သူတို့အတွက်​ ​ကြေကွဲထိရှမိတယ်​။ ဘဝ​တွေမတူလို့​ပြောရင်
မှားတယ်​လို့ ခင်​​လေး​ကောက်​ချက်​ချချင်​တယ်​။´´

ဘာလို့လဲ......ခင်​​လေး။ ဘဝမတူလို့ အဖြစ်​အပျက်​​တွေ ကွဲပြားသွားတာပဲ​လေ။´´နိုးနိုး....မမ​ဇော်​။ လူ​တွေက ခွဲခြားထားလို့။ ဓနရှင်​​ငွေရှင်​​ကြေးရှင်​​တွေက ခွဲခြားပစ်​လို့။ စနစ်​ဆိုးက ခွဲခြားထားလို့ပဲ မမ​ဇော်​။´´
ဆွေး​နွေးခန်းဟာ အရှိန်​ရလာသည်​။ မြန်​မာထမင်းဆိုင်စား​သောက်​ဆိုင်​​တွေမှာ အိပ်​ယာလိပ်​နဲ့ ​စောင့်​နိုင်​သည်​မို့ ခင်​​လေးတို့​ဆွေး​နွေးခန်းကို
ချဲ့ထွင်​​ပြောနိုင်​​လေသည်​။ ဖြန့်​ကျက်​​​ပြောဆိုနို​င်​ကြ​လေသည်​။

မမ​ဇော်​သည်​ အ​လေးအနက်​ ​တွေး​တောဟန်​ပြုရင်း
``ခင်​​လေး....​ကောက်​ချက်​ချတာလည်း ချ​ပေါ့။ လက်​​တောင်​အတိုအရှည်​ အရွယ်​အစား အကြီးအ​သေးရှိ​သေးတာပဲ။
ဘုရားရှင်​​​ဟောခဲ့တဲ့အထဲမှာ အတိတ်​ဘဝက ကုသိုလ်​အကုသိုလ်​အကျိုးနဲ့လည်း ဆိုင်​​ကြောင်းဆိုင်​ရာ​တွေ ဇာတ်​နိပါတ်​​တွေနဲ့
မိန့်​မွတ်​ကြားထားခဲ့တာပဲ​လေ။ ခင်​​လေး​ပြောပုံအရဆိုရင်
တို့လူ့အသိုင်းအဝိုင်း တစ်​ခုလုံး ကို စွဲချက်​တင်​​နေသလို
မဖြစ်​ဖူးလား။´´

``မမ​ဇော်​ကလည်း .....မတူညီတာကို ခင်​​လေးသိပါတယ်​။
မတူတဲ့သ​ဘော​တွေ ​ပေါင်းစည်း​နေထိုင်​ခြင်းကိုလည်း လက်​ခံတယ်​။
ဒါ​ပေမဲ့.....အရမ်းသိသိသာသာ ကွဲပြားသွားတာမျိုး
မဖြစ်​​စေချင်​ဘူး။ သိသိသာသာ ကွဲပြား​အောင်​လည်း
မလုပ်​​ဆောင်​သင့်​ဘူး။ မမ​ဇော်​ကို သက်​ဦးဆံပိုင်​ ဘုရင်​လက်​ထက်​ကို
နှိုင်းယှဉ်​ ချိန်​ဆပြမယ်​။ ​ခေါင်းစဉ်​က​နေ စကြည့်​ရ​အောင်​။
အသက်​က​နေ....ဆံဖျားအထိရှင်​ဘုရင်​သာ ပိုင်​တယ်​လို့
ပြောမ​နေဘူးလား။ ´´

``မမိုက်​ဘူး​နော်​ ခင်​​လေး။ ဘုရင်​လက်​ထက်​ကို​တော့
မမ​ဇော်​လည်း သ​ဘောမကျဘူး။ သဇင်​ပန်း​တောင်​ နန်းတွင်းသူ​တွေ
ပန်​ပြီးမှ အရပ်​သူအရပ်​သား​တွေဟာ ပန်​ကြရတယ်​လို့ မှတ်​သားဖူးတာပဲ။ အဲ....​နောက်​တစ်​ချက်​က သူ​ဋ္ဌေးသူကြွယ်​​တွေ​တောင်
နန်းတွင်းသူနန်းတွင်းသား​လောက်​ လက်​ဝတ်​ရတနာ မဝတ်​ကြရဖူးလို့လဲ ဖတ်​မှတ်​ဖူးခဲ့တယ်​။ ဒါ​ပေမဲ့ အဲ့တာ​ရှေးတုန်းကဆို​တော့
မမ​ဇော်​တို့​ခေတ်​မဟုတ်​ပြန်​ဘူး​လေ။´´

ဒါဆို....မမ​ဇော်​ သမိုင်းကို ဘယ်​လိုသ​ဘော​ပေါက်​သလဲ။´´သမိုင်းကသမိုင်းပဲ​ပေါ့ ခင်​​လေးရယ်​။ သ​ဘော​ပေါက်​တာ​ပေါ့။သမိုင်းသင်​ခဲ့ရတဲ့အချိန်​​တွေ.....
အိပ်​ငိုက်​ခဲ့ရတာ​ပျော်​တယ်။´´``မမ​ဇော်​....မ​ဖောက်​နဲ့​နော်​။အတည်​​မေး​နေတာဗျ´´

အဟဲ.....စတာပါကွယ်​။ ခင်​​လေး​ပြောကြည့်​​လေ။ ခင်​​လေး​ရော သမိုင်းကို ဘယ်​လိုသ​ဘောရှိစ။´´ခင်​​လေးက​တော့ သမိုင်းဆိုတာ အမှားအမှန်​ချင့်​ချိန်​ဖို့။
တွေး​တောဖို့။ ကြံဆဖို့ ။ အ​ကောင်းအဆိုးကို ခွဲခြားနိုင်​ဖို့။
လုပ်​ရပ်​လုပ်​ဇာတ်​ကို သိရှိဖို့။ တိုင်းပြည်​အတွက်​ အနာဂါတ်​သား​ကောင်းလူငယ်​​တွေအတွက်​ တို့တုန်းကဒီလို​တွေ....မင်းတို့ကျမမှားနဲ့။
မ​တွေ​ဝေနဲ့။ သင်​ပြ​ပေးတဲ့ အဖိုးတန်​အရာတစ်​ခုလို့မြင်​တယ်​။
သူ့တိုင်းပြည်​သမိုင်း ကိုယ့်​တိုင်းပြည်​သမိုင်းဆိုတာ​တွေ
လေ့လာကြရတာ အချင်းချင်း​ထောက်​ချင့်​​တွေးကြဖို့အတွက်​ပဲ​လေ။
ဘာ​ကြောင့်​ ကျဆုံးခဲ့သလဲ။ ဘာ​ကြောင့်​ ဆင်းရဲခဲ့သလဲ။
ဘာ​ကြောင့် နာလန်​မထူသလဲ။ ပြန်​လည်​ဆန်းစစ်​ကြရင်
အမှန်​တရားကို မျက်​ဝါးထင်​ထင်​ မြင်​တယ်​မဟုတ်​လား...မမ​ဇော်​။´´

ဟုတ်ေ​ပသားပဲ.....မမ​ဇော်​မြင်​တတ်​လာပြီ။ မမ​ဇော်​....ခင်​​လေးကို အငယ်​​ပေမဲ့​လေးစားတာ ချစ်​ခင်​တာ နှစ်​သက်​တာ ဒီအချက်​​တွေ​ကြောင့်​ပဲ။ အဟဲ....ဆက်​စမ်းပါဦး။ မခွဲခြားသင့်​တဲ့အ​ကြောင်း​လေး။´´မမ​ဇော်​ကို သိသာထင်​ရှားတဲ့အချက်​က​နေ စ​ပြောပြမယ်​။
ဥပမာ ဥာဏ်​ရည်​တူသူတူ ​ကျောင်းသူ​ကျောင်းသားနှစ်​​ယောက်
ကိုယ်​ပိုင်​​ကျောင်းကို တစ်​​ယောက်​ကိုထားပြီး ​နောက်​တစ်​​ယောက်​က
အစိုးရ​ကျောင်း(သို့)နယ်​ကကျူရှင်​ဝိုင်းကို ထားမယ်​။ ကြိုးစားမှုကလည်း
အတူတူဆိုပါ​တော့။ ´´ဟုဆိုပြီး စကားစကို ဖြတ်​ထားလိုက်​​တော့

``ဒါများ....ခင်​​လေးရယ်​။ ကိုယ်​ပိုင်​​ကျောင်း​တွေကပဲ နှစ်​စဉ်​​အောင်​ချက်​​ကောင်းပြီး ဂုဏ်​ထူးထွက်​လည်း များတယ်​​လေ။ ​ပေးရတဲ့​ကျောင်းစရိတ်​လည်း ​ကြီး​တော့ ဘယ်​တူမလဲ။ ´´

``ဟုတ်​ပြီ...မမ​ဇော်​။ အဲ့သည်​အချက်​မှာပဲကြည့်​။ ခင်​​လေးတို့နိုင်​ငံ
ပညာ​ရေး​လောကမှာ ​ငွေက အခရာပဲ။ ​ဆေး​ကျောင်း​တွေ​မေဂျာ​ကောင်း​ကောင်းမှာ ဘယ်​က​ကျောင်းသား​တွေများသလဲ။ အခြားအလားတူတက္ကသိုလ်​နယ်​​မြေမှာ​ရော......
ကောင်း​ပေ့​မေဂျာကို ဘယ်​​သူ​တွေရသလဲ။ စစ်​တမ်း​ကောက်​ကြည့်​ကြမယ်​ဆိုရင်​ ကျူရှင်​ထားနိုင်​မှ ကိုယ်​ပိုင်​​ကျောင်းထားနိုင်​မှ
ဝိုင်းနဲ့သင်​နိုင်​မှ ဖြစ်​​နေတယ်​။´´

``​​စောနက​ပြောခဲ့သလိုပဲ.....ဝိတ်​တာ​လေးတို့လို
နေ့စားအလုပ်​သမားတို့လို အ​ခြေခံလူတန်းစား​တွေ
အောက်​ကျ​နောက်​ကျ နိုင်​​နေတုန်းဆိုတာသွား​တွေ့ရတယ်​။
မန်းနီးမိတ်​အဲဗီးသင်းဆို​တော့ အစိုးရ​ကျောင်းမှာ​တောင် ​​အတန်းကုန်​ပညာသင်​နိုင်​ဖို့ ​ဝေးကြရပြီ​လေ....မမ​ဇော်​။´´

``အရင်းရှင်​စနစ်​ဟာ မြန်​မာနိုင်​ငံမှာ တွင်​ကျယ်​စွာ​လောင်​မြိုက်​​နေတုန်းပါပဲ မမ​ဇော်​။´´ဟုဆိုကာ သက်​ပြင်းတစ်​ချက်​ချကာ ခင်​​လေး​ငေးမှိုင်​သွား၏။ ဘာရယ်​ညာရယ်​​တော့မသိ။ မမ​ဇော်​လည်း
မှိုင်​​တွေချရပြန်​၏။

ရေ​နွေးတစ်​ချက်​ငုံကာ ​သောက်​လိုက်​ရင်း ခင်​​လေးစကားစပြန်​ဆက်​ပြန်​၏။ ``ခရိုနီဆိုတဲ့စကားလုံး​တွေ ဘယ်​သူ့သားသမီးဆိုတာ​တွေ
အ​ရေးလုပ်​အထူးပြု​နေကြရတဲ့အချိန်​ပဲ​လေ။ မိုး​ကောင်း​ကောင်းရွာတာမဆန်းပါဘူး​လေ။´´

ရိုးတိုးရိတ်​တိတ်​နဲ့ စကားကို ချိတ်​​ပြောတတ်​တဲ့​နေရာမှာ
ခင်​​လေးဟာ ထိထိမိမိနဲ့ စကားအဆန်း​တွေချည်း ​ပြောတတ်​သည်​။
သူ​တွေးတာ လုပ်​တာကိုင်​တာ​တွေကို မမ​ဇော်​တစ်​​ယောက်
သံ​ယောဇဉ်​တကြီး ဖြစ်​​နေမိတာ​တော့ ဘာလို့မှန်း ကိုယ့်​ကိုယ်​ကို မသိ​ပေ။

ထိခိုက်​​ကြေကွဲဟန်​ မ​ကျေနပ်​ဟန်​​တွေ​ရော​နှောပါဝင်​စွာ
``မမ​ဇော်​....သိလား။ အခွင့်​ထူးခံလူတန်းစားရှိ​နေသ​ရွေ့.......
အရင်းရှင်​စနစ်​တွင်​ကျယ်​​နေဦးမှာပဲ။ အ​ခြေခံလူတန်းစား​တွေလည်း
အောက်​​ကျ​နောက်​ကျ​ဖြစ်​​နေဦးမှာပဲ။ ဒါ​တွေကို ခွဲခြားပြီး ကွဲပြားသထက်
ကွဲပြား​အောင်​ လုပ်​​နေတာ ဘယ်​သူ​တွေလဲ။ လုပ်​တဲ့သူမှန်​သမျှ
သမိုင်းရဲ့တရားခံ​တွေပါပဲ။ သူတို့အမြင်​မှန်​ရလာပြီး ထိန်းညှိ​ပေးရင်​​ကောင်းမယ်​ဗျာ´´ဟု ညင်​သာတိုး​ဖျော့စွာ စကားဆိုရှာ​လေသည်​။

စား​သောက်​ဖွယ်​ရာများလည်း ​ရောက်​လာသမို့ အချင်းချင်း
နှုတ်​ဆိတ်​စွာ အ​တွေးကိုယ်​စီဖြင့်​ စား​သောက်​ကြပါ​တော့သည်​။

#​ကျေးဇူးတင်​ရှိမိပါ
8.6.2018

Ps;မိမိ၏ အ​တွေးများသာဖြစ်​၍ အမှားပါရင်​ ခွင့်​လွတ်​ကြပါရန်​။
စေတနာ​ဇောဖြင့်​ ​စော​ကြော​ဝေဖန်​မိပါ​ကြောင်းဗျာ.....။

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 63968.82
ETH 3136.80
USDT 1.00
SBD 4.28