သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၇)

in #myanmar6 years ago

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၇)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#စိတ်ပျို ကိုယ်နု။
image
စိတ်သည် လူသားအားလုံးအတွက် အရမ်းလိုအပ်ပါသည်။ဒီစိတ်ကြောင့် လူတွေ တစ်ယောက်နဲ့တစ်ယောက် မတူခြင်းဖြစ်သည်။စိတ်သည် အရာရာကို စိုးမိုးနိင်သလို စိတ်သည် မိမိလိုရာကိုလည်း ပြုလုပ်နိင်သောအစွမ်းရှိသည်။တစ်ခြားမကြည့်နဲ့။မိမိတို့ပတ်ဝန်းကျင်မှာ ရှာကြည့်ရင်တွေ့နိင်လိမ့်မည်။စိတ်ထားကောင်းသူ မိသားစုကြောင့် ပျော်ရွှင်ရသူတွေဟာ စိတ်ပျိုသူတွေဖြစ်ကြသည်။ကျွန်တော်တို့ရွာမှာ အဘတစ်ယောက်ဆို စိတ်ထားကကောင်း ဘယ်အရာဖြစ်ဖြစ် ကောင်းတာလေးနဲ့တွေးပြီးနေတတ်ထိုင်တတ်သည်။ခုဆို သူအသက်က ၉၂နှစ်ရောက်နေပြီး လမ်းကောင်းကောင်းလျောက်ပြီး စကားပြောနိင်တယ်။ထိုအဘဆို မိသားစုတွေနဲ့ပျော်ပျော်ရွှင်ရွှင်နေပြီး စိတ်ထားကောင်းသောကြောင့် စိတ်ပျို ကိုယ်နုနေတယ်။သူအသားအရေဆို ရွှေဝါရောင်ရှိပြီး မျက်နှာက အေးချမ်းတယ်။ဒါတွေဟာ စိတ်ထားကောင်းလို့ စိတ်ပျို ကိုယ်နုရခြင်းဖြစ်သည်။စာဖတ်သူတွေအနေနဲ့ လူလောကထဲမှာ ထိုအဘလို စိတ်ပျို ကိုယ်နုကြသူများဖြစ်ကြပါစေလို့ ပြောပါရစေ။

#သူအကြောင်းနဲ့ သူလာ။
image
ဘယ်သူတွေ ဘယ်ကနေလာလာ လူတိုင်းဟာ သူအကြောင်းကိုယ်အကြောင်း စသောအကြောင်းအရာတွေနဲ့လာကြတာပါ။လူဘဝထဲဝင်လာရင်လည်း တစ်ယောက်နဲ့တစ်ယောက် လူဖြစ်ရခြင်းမတူသလို ဘဝနေထိုင်မှု ပုံစံတွေလည်း အမျိုးမျိုး ကွဲပြားခြားနားလှပါတယ်။ဒါတွေဘာကြောင့်ဆို လူတိုင်းတိုင်းဟာ သူအကြောင်းနဲ့သူလာလို့ဖြစ်တာပါ။ထိုအကြောင်းတွေကြောင့် ခုဘဝမှာ အကျိုးကျေးဇူးတွေရကြခြင်းဖြစ်သည်။ထိုသို့ပြောလို စိတ်ဓာတ်မကျပါနဲ့။ခုလက်ရှိမှာ ကြိုးစားရင်လည်း ထိုကြိုးစားမှုရလဒ်တွေဟာ တန်ပြန်အကျိုးကျေးဇူးလည်း ရကြပါလိမ့်မည်။ဒါကြောင့် လူတိုင်းလူတိုင်းဟာ မိမိတို့ရဲ့အကြောင်းကိုယ်စီနဲ့ သူအေကြာင်းနဲ့သူလာကြောင်း ပြောပါရစေ။

#စုပေါင်းလုပ်အား အကျိုးများ။
image
အလုပ်တွေကို တစ်ယောက်အားနဲ့လုပ်တာထက် စုပေါင်းပြီးလုပ်တာ ပိုပြီးအဆင်ပြေတယ်။မယုံရင် မိမိတစ်ယောက်ထဲလုပ်ကြည့်ပါ။အရမ်းပင်ပန်းရသလို လူအများကြီးနဲ့လုပ်တော့ ပိုပြီးလူပင်ပန်းမှုသက်သာစေပါတယ်။ဥပမာအနေနဲ့ပြောရရင် ကျွန်တော်တို့တောရွာတွေမှာဆို ရွာရဲ့မတည်မှုအနည်းလောက်သောငွေနဲ့ လမ်းတံတားတွေ လုပ်ကြသည်။ထိုသိုလုပ်သောအခါ တစ်ယောက်အားနဲ့လုပ်တာနည်းပြီး ရပ်ရွာအားနဲ့စုပေါင်းပြုလုပ်ကြသည်။နောက် ဘေးရွာတွေမှာ အလှူခံထွက်ပြီး လုပ်တော့ လမ်းဟာ အပြီးမြန်သလို လူတိုင်းစုပေါင်းလုပ်အားကြောင့် ခုလိုအကျိုးတွေရရှိကြခြင်းဖြစ်သည်။သို့ဖြစ်ပါသောကြောင့် အလုပ်ကြီးတစ်ခုလုပ်မည်ဆိုပါက အများနဲ့စုပေါင်းတိုင်ပင်ပြုလုပ်သင့်ကြောင့်ပြောပါရစေ။

(စကားလက်ဆောင်)

စိတ်ပျို ကိုယ်နု။

သူအကြောင်းနဲ့ သူလာ။

စုပေါင်းလုပ်အား အကျိုးများ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

စုပေါင်းညီညာ အောင်ကြောင်းဖျာ

ဟုတ်တယ်အကိုရေ

ကျေးဇူးအကို

စုပေါင်းညီညာ စိတ်ချမ်းသာပ

ဟုတ်တယ်အကိုရေ

ကို‌အေးက ‌လေ့လာမှုအား ‌ကောင်းပါ့ဗျာ။

ဟုတ်ကျေးဇူးပါအကို

စိတ်ပျိုတော့ ကိုယ်နုဆိုတာ အမှန်ပါဘဲ စိတ်ကလေးကို ပျိုနေအောင်ထားရင် ရုပ်က အလိုလိုနုလာပါတယ်

ထားထားမစုရေ

တစ်ကိုယ်တော်လူစွမ်းကောင်းများသာ များနေတယ်ထင်တယ် စိတ်ပျိုဖို့အတွက် ငွေများများရှိဖို့လိုမလားပဲ ဗျို့

ငွေမရှိသောလည်း စိတ်ကောင်းကောင်းထားတတ်ရင် ကိုယ်နုပါတယ်အကိုရေ

စည်းလုံးညီညာ အောင်ကြောင်းဖြာ

ဟုတ်တယ်ဗျို့

ဗဟုသုတရပြီးလိုက်​နာကျင့်​သုံးမယ်​ဆိုအ​ကောင်းဆုံးပါ....

စိတ်ပျိုကိုယ်နုဆိုတာတော့တကယ်ပဲ
ကျွန်တော်ဆိုစိတ်ချမ်းသာလို့ဝလာတယ်

ဟုတ် ကိုအေး စိတ်ပျိုကိုယ်နုဆိုတာ မယ်ကြည် အမေလေ သူက မူကြိုဆရာမဆိုတော့ ကလေးတွေနဲ့ အမြဲ သွက်လက်နေရော😊

ဒါ​ကြောင့်​ စည်းလုံးခြင်းသည်​ အင်​အားလို့ ဆိုသကိုးဗျ 😁😁

Coin Marketplace

STEEM 0.31
TRX 0.11
JST 0.035
BTC 66739.07
ETH 3228.97
USDT 1.00
SBD 4.23