သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၈)

in #myanmar6 years ago

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၂၈)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

#ငယ်ကဆိုးတဲ့ကလေး ကြီးလာရင်ကောင်း။
image
ဒီစကားလေးကို ကျွန်တော်ကြိုက်တယ်။နောက်ကျွန်တော်ဘဝဇာတ်ကြောင်းလေးနဲ့လည်း သက်ဆိုင်တယ်။ဒါကြောင့် ငယ်ကဆိုးတဲ့ကလေး ကြီးလာရင်ကောင်းစကားလေးကို ရေးလိုက်ရခြင်းဖြစ်သည်။ဒီMscအဖွဲ့ထဲမှာ စာရေးသူ စာဖတ်သူတွေအများကြီးရှိကြသည်။ထိုစာဖတ်သူတွေလည်း တစ်ချိန်က ဆိုးခဲ့တဲ့သူတွေရှိကြသလို ငယ်ငယ်ကကောင်းခဲ့လိမ်မာတဲ့သူတွေလည်းရှိကြသည်။ကျွန်တော်ဆို ငယ်ငယ်က အမေအဖေအပေါ် ဆိုးခဲ့ဖူးတယ်။ဆိုးခဲ့သည်ဆိုတာ မိဘအပေါ်အရိုင်းအစိုင်းအမှုအရာ ပြောဆိုခဲ့တာမဟုတ်။ကျွန်တော်ဆိုးခဲ့တာက ငယ်ငယ်က မိဘတွေဆီမှာ ကိုယ်လိုချင်တဲ့အရာမရတဲ့အခါမျိုးမှာဆိုးခဲ့တာပါ။စာဖတ်သူတွေလည်း ကြုံဖူးကြလိမ့်မည်ထင်။နည်းနည်း အရွယ်ရောက်လာတော့ ငယ်ငယ်က မိဘအပေါ်ဆိုးခဲ့တာတွေ ပြန်တွေးပြီး ငါဘာဖြစ်ဖြစ် မိဘတွေအပေါ် စိတ်ဆင်းရဲမှုမပေးတော့ဘူး။မိမိဘာသာဘဲ ဘာဘဲဖြစ်နေနေ အတတ်နိင်ဆုံးဖြေရှင်းမည်။ထိုသို့ဆုံးဖြတ်ချက်ချကာ နေလာသည်မှာ ယခုရောက်ရှိနေတဲ့အသက်အရွယ်ထိဘဲ။နောက်မိဘတွေလည်း စိတ်ချမ်းချမ်းသာသာနဲ့နေနိင်နေပြီ။ခုဆို မိဘတွေက ငါ့သားငယ်က ကြီးလာရင်ဆိုးမဲ့ကောင်ဟုထင်ကာ ခုချိန်မှလိမ်မာတဲ့သားဖြစ်နေမည်ဟု မိဘတွေက မထင်ခဲ့ကြောင်း ပြန်ပြောတယ်။ဒါကြောင့် စာဖတ်သူတွေလည်း မိမိတို့ငယ်ငယ်ကတိုးခဲ့ရင် ပြန်ပြင်ပြီး ခုချိန် ကောင်းအောင်ကြိုးစားပါလို့ပြောပါရစေ။

#သက်ကြီးစကား သက်ငယ်ကြား။
image
အသက်ကြီးတဲ့ သူတွေပြောတာ နာထောင်စေချင်တယ်။ဘာကြောင့်ဆို လူကြီးတွေမှ ငယ်ရာကနေ ကြီးလာပြီး ဒီအသက်အပိုင်းအခြားတွေဖြတ်ကျော်ခဲ့သူတွေပါ။သို့သော် မိမိတို့အသက်အရွယ်နဲ့ သူတို့အသက်အရွယ်နဲ့ ဖြတ်သန်းခဲ့ပုံခြင်းတူချင်မှ တူလိမ့်မည်။ဘဝဖြတ်ကျော်ပုံတွေ ခွဲပြားခြားနားသောလည်း သူတို့ဆီကစကားတွေ မိမိအတွက် တစ်နေ့နေ့တစ်ချိန်ချိန်ကြုံတွေ့ရမည်မှာ မလွဲပါ။သက်ငယ်တွေအနေနဲ့ မိမိတို့အပေါ်စေတနာအပြည့်နဲ့ ပြောဆိုဆုံးမသော လူကြီးသူမ စကားတွေကို အလေးအနက်ထားကား နားထောင်ပေးကြပါ။လူကြီးဆိုတာ မကောင်းတာ မြင်ရင် ဆုံးမတတ်တာ သူတို့အကျင့်ပါ။ဒါကိုတော့ မိမိတို့လူငယ်အနေနဲ့ နားလည်ပေးရပါလိမ့်မည်။ဘာကြောင့်ဆို မိမိတို့လည်း ယနေ့လူငယ် နောင်လူကြီးဆိုသလို ထိုသို့ လူကြီးနေရာကို ရောက်ကြလိမ့်မည်။ထိုအချိန်တွင် မိမိအရှေ့မှာ မကောင်းတာမြင်ရင် ဆုံးမပြောဆိုတတ်လာလိမ့်မည်။သို့ဖြစ်ပါသောကြောင့် သက်ကြီးစကား သက်ငယ်ကြားဆိုသလို မိမိတို့ထက် ကြီးသူစကားများကို လေးစားကာ နားထောင်ပါလို့ပြောပါရစေ။

#အမြင့်ဆုံးအကိုင်း စိတ်မချရ။
image
မိမိတို့ရဲ့လုပ်ငန်းတွေမှာ ရာထူးကောင်းကောင်းရလာရင် သတိထားပါ။အပင်မြင့်လေ လေတိုင်ခံရလေဖြစ်သောကြောင့်ဖြစ်သည်။မိမိတို့လည်း မိမိရာထူးကြီးရာထားပြီးဆိုပြီး မာနဆိုတဲ့ အကိုင်းအတတ်လေးထွက်မပြပါနဲ့။ဘာကြောင့်ဆို အမြင့်ဆုံး အကိုင်းက စိတ်မချရလိုဘဲ ပြောချင်ပါတယ်။မိမိရောက်ရှိနေတဲ့အကိုင်းမှာ မျှမျှတတထိုင်ကာ နေပါလို့ပြောပါရစေ။

(စကားလက်ဆောင်)

ငယ်ကဆိုးတဲ့ကလေး ကြီးလာရင်ကောင်း။

သက်ကြီးစကား သက်ငယ်ကြား။

အမြင့်ဆုံးအကိုင်း စိတ်မချရ။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

Sort:  

ငယ်က ကောင်းခဲ့တဲ့ ကလေး ကြီးလာရင် ဆိုးမလား

ဟုတ်။ဆုးတဲ့သူတွေရှိသလို မဆိုးဘဲလိမ်မာသူတွေလည်းရှိပါတယ်

အကိုင်းမြင့်လေ စိတ်မချရလေပါဘဲ ကိုအေးရေ

ဟုတ်တယ်မဆုရေ

မှတ်သားထားသင့်သောစာများပါ

အခုလိုမှတ်‌စုထုတ်‌‌ပေးတာ ဖတ်‌ရတာ အဆင်ေ ပြ‌စေပါတယ်‌ကို‌အေး။

ဟုတ်ကဲ့ပါကိုမဟော်

ကြီးလည်း ခပ်ဆိုးဆိုး ကလေးဆိုကြီးတွေလည်းရှိကြတယ်ဗျ

ဟုတ်ပါတယ်။အကုန်လုံးတော့မဆိုလိုပါဘူး

အပင်​မြင့်​​လေ ​လေတိုက်​ခံရ​လေဆိုတဲ့စကာတကယ်​ မှန်​ပါတယ်​ဗျာ

မှန်တာပေါ့ကိုယုရေ

သားတို့က အာ့​ကြောင့်​ ​အောက်​ဆုံးမှာပဲ​နေတယ်​ 😁😁

မှတ်သားသင့်ပေသော စကားများပါလား ကျေးဇူးပါ

ကျေးဇူးပါ

မှတ်သားဖွယ်ရာ လူမှု့ဥပဒေသများပါ။

ဘယ်အရာမှ မူသေမဖြစ်နိုင်ဘူး သေချာတာလည်းဘယ်အရာမှမရှိပါဘူး သေမှာ တစ်ခုပဲ သေချာပါတယ် ☺

ဟုတ်တယ်အကိုရေ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64498.18
ETH 3079.08
USDT 1.00
SBD 3.86