သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃)

in #myanmar6 years ago

သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃)

image

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အစိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

သူတစ်ပါး၏အရည်အချင်းကိုထုတ်ဖော်ပါ။

image
ကျွန်တော်ဟာ သူတစ်ပါးကောင်းစားတာ တော်နေတာ ချမ်းသာနေတာ ကြွယ်ဝနေတာစသောအရာတွေကို မနာလိုဖြစ်ကြသည်။အဲ့လို မနာလိုမှုတွေနဲ့ဘဝမှာ အသက်ရှင်နေကြသည်။ဒါဟာ မကောင်းတဲ့စိတ်တွေပါ။တကယ်ဆို သူတစ်ပါး ချမ်းသာတာကို မိမိတို့အနေနဲ့သူတို့ရဲ့အရည်အချင်းကို အသိအမှတ်ပြုသင့်တယ်။ဒါကို လူအများစုဟာ အသိအမှတ်မပြုဘဲ မနာလိုဖြစ်နေကြသည်။သူတို့ရဲ့အရည်အချင်းတွေကို ဘာကြောင့် အသိအမှတ်မပြုတာလဲ။နောက်အသိအမှတ်ပြုလိုက်ရင် ဘာနစ်နာသွားမှာမို့လိုလဲ။တကယ်ဆို ဘာနစ်နာမှုမှ မရှိတာ သူတို့ရဲ့အရည်အချင်းကို ထုတ်ဖော်သင့်ပါသည်။ချီးကျူးသင့်ပါသည်။သူတို့ရဲ့အရည်အချင်းမျိုးကို လေ့လာသင့်သည်။ကိုယ်မှာလည်း ထိုအရည်အချင်းမျိုးရှိအောင် လုပ်စေချင်ပါသည်။ဒါကြောင့် သူတစ်ပါး၏အရည်အချင်းကို ထုတ်ဖော်ပြောပြပါ။စိတ်ဝင်စားပါ။

လူတိုင်းကို အားပေးပါ။

image
လူတိုင်း လုပ်ဆောင်ရမဲ့အလုပ်ပါ။မြန်မာနိင်ငံမှာ အများဆုံးဖြစ်နေတာက သူတစ်ပါးကို အားပေးရမှာ အရမ်းကိုရှက်တတ်ကြသည်။အားပေးတာ ရှက်စရာမလိုပါဘူး။အားငယ်သူကို အားပေးတာ မိမိအတွက် ဂုဏ်ယူစရာပါ။မိမိထက် နိမ့်ပါးသူတွေဆို အများကြီး အားပေးသင့်ပါသည်။မိမိရဲ့အားပေးသော စကားတစ်ခုကြောင့်သူတို့ရဲ့စိတ်ထဲမှာ အနည်းနဲ့အများတော့ စိတ်သက်သာမှုတွေ စိတ်ချမ်းသာမှု ခွန်အားတွေရရှိသွားမည်။တစ်ချို့ဆို အားပေးစကားတစ်ခွန်းကြောင့် ဘဝကိုတိုးတတ်အောင်လုပ်ပြီး ချမ်းသာကြီးပွားတဲ့ဘဝကို ပြောင်းသွားကြပါသည်။ဒါကြောင့်မိမိပတ်ဝန်းကျင် နေရပ်တွေမှာ အားငယ်သူ စိတ်ဓာတ်ကျသူနဲ့နိမ့်ကျသူတွေကို အားပေးကူညီပါ။ပေးကမ်းပါ။စေတနာ အကြင်နာထားပြီး ကူညီစောင့်ရှောက်ပါလို့ ပြောပါရစေ။

မိမိထက် သာကြောင်းပြောပြပေးပါ။

image
လူတစ်ယောက် အလုပ်ကိုကြိုးစားပြီးလုပ်တာကို ဂုဏ်ယူပါ။မိမိတို့က ထိုလူမျိုးကို မိမိထက်သာအောင် လုပ်နိင်သူတစ်ယောက်ဖြစ်ကြောင်း ထိုသူနှင့်တွေ့လျင် ပြောပြပေးပါ။ဒါဟာ ကြိုးစားသူဟာ မိမိထက်တော်ကြောင်းသိပြီး ကြိုးစားမှု ပို၍ကြိုးစားလိမ့်မည်။ဘာကြောင့်ဆိုသူတို့ဟာ နောက်ထက် မိမိထက်တော်သူတွေထက်သာအောင် ကြိုးစားချင်စိတ်ဖြစ်ပြီး ထပ်ကာထပ်ကာကြိုးစားချင်စိတ်ဖြစ်ပေါ်လာသောကြောင့်ဖြစ်သည်။လူတိုင်းတော့ မဖြစ်ပါ။တစ်ချို့သူတွေက ထိုသို့ပြောလျင် မာန်မာနတွေဖြစ်လာပြီး ဆက်မကြိုးစားဘဲ ရပ်တန့်သွားတာကိုလည်း တွေ့မြင်ရပါလိမ့်မည်။ဒါကြောင့် အမြဲတမ်းပုံသေတော့မမှတ်ယူပါနဲ့လို့ ပြောပါရစေ။

လူတိုင်းကို မိမိနည်းပြဆရာအဖြစ် မှတ်ယူပါ။

image
လူတိုင်းမှာ အရည်အချင်းရှိကြသည်။အရက်သမားတစ်ယောက်မှာလည်း အရည်အချင်းရှိသလို ဖဲသမားတစ်ယောက်မှာလည်း သူအရည်အချင်းဆိုတာရှိကြပါသည်။လူတိုင်း လူတိုင်းမှာ အရည်အချင်း ကိုယ်စီရှိကြောင်း အသိအမှတ်ပြုပါ။ဒျါကြာင့်မိမိအနေနဲ့ လူတိုင်းဆီမှာ ပညာတွေယူစရာ သင်စရာအများကြီးရှိမည်လို့ ထင်ပါ၏။သူတို့ရဲ့ကောင်းသောအရာတွေကို ပညာယူပါ။ဆိုးသောအရာတွေကို ပြုပြင်ပါ။ဒါဆို မိမိဟာ ပညာအများရှိရရှိပါလိမ့်မည်။သို့ဖြစ်ပါသောကြောင့် လူတိုင်းဟာ မိမိဆရာဖြစ်သလို မိမိရဲ့နည်းပြတွေလည်း ဖြစ်ပါကြောင်း ပြောပါရစေ။

(စကားလက်ဆောင်)

*လူတိုင်းကိုအရေးပါအရာရောက်သူလို့ သဘောထားပါ။သူတစ်ပါးရဲ့အရည်အချင်းကိုထုတ်ဖော်ပြပါ။ဦးစွာချီးကျူးပါ။စိတ်ဝင်စားပါ။

*ဘယ်အချိန် ဘယ်နေရာ ဘယ်အရပ်ဘဲရောက်ရောက် ရောက်တဲ့နေရာမှာ အားပေးတတ်သောအကျင့်လုပ်ပါ။

*သူထက်သာတယ်လို့ ပြောမဲ့အစား မိမိထက်သာကြောင်း တော်ကြောင်း ပြောပြပေးပါ။

*လူတိုင်းမှာ ပညာယူစရာရှိသည်။မိမိရှေ့ရောက်လာသူတိုင်းကို မိမိနည်းပြဆရာအဖြစ်သဘောထားပါ။

အစဉ်ကြိုးစားလျက်
Author @tunnaingwin
Msc.100

Sort:  

တန်ဖိုးရှိတဲ့ postလေးပါ

မှတ်​သားဖွယ်​ရာများနှင့်​​ကောင်း​သောပိုစ့်​ပါ...စကားလက်​​ဆောင်​အတွက်​​ကျေးဇူးပါ....

ဆက်လင်ကြုးစားပါမယ်

ကိုထွန်းနိုင်‌ဝင်းရဲ့ မိတ္တဗလကျ မ်း‌ပေါ့‌နော်‌။

ဟုတ်ဟုတ်

ကောင်းတယ်​ဗျာ..စကားလက်​​ဆောင်ေ​လး​ရော

ဆက်လက်ကြိုးစားလျက်ပါ

အကောင်းဘက်ကိုတိုက်တွန်းသောpostတစ်ခုပါ
လူတိုင်းလိုက်နာသင့်သော အချက်တွေပါ။

ကျေးဇူးပါ

လိုက်နာကျင့်ကြံနိုင်အောင် ကြိုးစားပါ့မယ့် တန်ဖိုးရှိတဲ့ပို့စ်လေးပါ

ဟုတ်ကဲ့ပါအမရေ

တစ်ကယ့်စာပေ အဆုံးအမတွေပါပဲ လူတိုင်းလိုက်နာသင့်ပါတယ်

ဟုတ်ကျေးဇူးပါ

လိုက်နာကျင့်သုံးနိုင်အောင် ကြိုးစားပါမယ်ဗျ

ဟုတ်ကဲ့ပါ

အရ်မ်းးပါ ကာင်းပါတယ် အားပေးတက်အောင် ကြိုးစားပါ့မယ်

ကျေးဇူးပါ

မှတ်သားဖွယ်ရာ စာစုများတွက် ကျေးဇူးပါ😊

ဆက်လက်ကြိုးစားလျက်ပါ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34