သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၉)

in #myanmar5 years ago (edited)

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၃၉)
image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

အကြံကုန် ဂဋ္ဌုန်ဆားချက်။
image
ကျွန်တော်တို့ လူတွေအများစုဟာ မိမိတို့အကြံနဲ့လုပ်သောအလုပ်တွေ တကယ်မဖြစ်လာချိန် အကြံကုန်က အခြားအလုပ်တွေ လုပ်ပြီး မျော်နေရတယ်။ဥပမာအနေနဲ့ပြောရရင် entle social တစ်ခုပေါ်လာတဲ့အချိန် refer တစ်ယောင်ကို ၉၀ ပေးတော့ referများများရအောင် အကောင့်အများကြီးဖွင့်ပြီး ရှာကြတယ်။နားချိန်တိုင်းမှာ အကြံထုတ်ကာ နည်းလမ်းရှာပြီး ရှာတတ်ကြသည်။နောက် ဈေးကွက်ပေါ် ရောက်လာခြင်းမရှိတဲ့အခါ အကြံကုန်ပြီး ဂဋ္ဌုန်ဆားချက်ရတဲ့ဘဝ ရောက်သွားတယ်။တစ်ခြား ငွေရမဲ့siteတွေကို လုပ်ရင် မျော်နေကြတယ်။ထိုသို့ အကြံကုန်ကာ ဂဋ္ဌုန်ဆားချက်တဲ့ဘဝမရောက်အောင် steemitကို လုပ်ကြပါလို့ပြောပါရစေ။

မှတ်ချက်။ ။စကားပုံဖြစ်လာပုံက ဂဋ္ဌုန်တစ်ကောင်ဟာ လူပြည်မှာ လူယောင်ဖန်းတီးပြီး ပျော်ပါးနေတဲ့အချိန် နဂါးကလည်း ဂဋ္ဌုန်နေတဲ့မြစ်ကမ်းနားလေးမှာ လူယောင်ဖန်းတီးကာ နေလေသည်။တစ်နေ့သောအခါ နဂါးနဲ့ဂဋ္ဌုန်တွေ့တော့ ဂဋ္ဌုန်ဟာ နဂါးကို သူအစားအဖြစ် သုတ်လေရာ နဂါးလည်းထွက်ပြေးပြီး ပုန်းနေတာပေါ့။ပုန်းသောသူကပုန်း ရှာသူကရှာနဲ့နောက်ဆုံး ဂဋ္ဌုန်လည်း မြစ်ကမ်းပါးဘေးမှာ ဆားချက်သမားအဖြစ်နေရင် နဂါးတစ်နေ့နေ့ရောက်လာမည်ဟု မှတ်ယူကာ နေသောကြောင့် အကြံကုန် ဂဋ္ဌုန်ဆားချက် စကားပုံဖြစ်လာခြင်းဖြစ်သည်။

ကျေးဇူးကန်း လမ်းမမြင်။
image
ကျေးဇူးအများဆုံး ကန်းသူတွေမှာ လူတွေဖြစ်ပါသည်။သတင်းစာ fb စသော နေရာတွေမှာ အများဆုံးကြားရ မြင်နေရတယ်။ထိုသို့ကျေးဇူးကန်းသော အဖြစ်များကို သိသာထင်ကြားအောင် သာဓက များနှင့် ပြောပြပါရစေ။ဘုရားလောင်း မျောက်မင်းဘဝမှာ မုဆိုးတစ်ယောက် တောကောင်လိုက်ရင် တောင်ကုန်းပေါ်က ခြေချောကျကာ လမ်းပျောက်လေသည်။ထိုအချိန် မျောက်မင်းလည်း သနားကာ မုဆိုးကို တောင်အောက်ကနေ ပွေ့ချီပြီး သစ်ပင်အောက်ချကာ တစ်ရေးအိပ်လေသည်။ထိုအချိန် မုဆိုးသည် အိပ်နေသောမျောက်ကို ခဲနဲ့ထုချိန် မျောက်မင်းလည်း နာကျင်သောဒဏ်ရကာ ကြောက်လန့်တကြား သစ်ပင်ပေါ်ပြေးတတ်လေသည်။ထိုအချိန် မုဆိုးလည်း နောင်တရကာ မှိုင်နေသည်။ဘာကြောင့်မှိုင်နေလည်းဆို မျောက်ကိုပစ်မှားသောကြောင့် လမ်းမပြတော့ကြောင်းသိသောကြောင့်ဖြစ်သည်။မျောက်လည်း ငါ့မှမပြလျင် လမ်းမမြင်ဟုဆိုကာ မုဆိုးကို မိမိအနားမကပ်ခိုင်းတော့ဘဲ မိမိသွေးစက်ကျရာ လိုက်ခဲ့ဟုပြောပြီး ရှေ့ကသွားလေသည်။နောက်ဆုံး လမ်းမှန်ရောက်ပြီး ကျေးဇူးကန်း လမ်မမြင်ဟု ရှေ့ဆိုးရိုးတစ်ခုဖြစ်လာကြသည်။ထိုဥပမာကိုကြည့်က ကျေးဇူးကန်းသူ မဖြစ်ကြပါနဲ့လို့ ပြောပါရစေ။

(စကားလက်ဆောင်)

အကြံကုန် ဂဋ္ဌုန်ဆားချက်။

ကျေးဇူးကန်း လမ်းမမြင်။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100

#myanmar #msc

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/9cdhjc7

“La esperanza es un error. Si no puedes arreglar lo que está roto, te vuelves loco.” Max Rockatansky

ကဠုန်

Posted using Partiko Android

နဂါး

Posted using Partiko Android

ကောင်းပါတယ်​ဗျာ ဆုံးမစာ​လေး​တွေ

ဟုတ်ကဲ့ပါအကိုရေ။

Posted using Partiko Android

တန်‌ဘိုးရှိ‌သော လမ်ွးှန်‌ချက်‌‌တွေပါ။‌ကျေးဇူးပါကို‌အေး။

ဟုတ်ကဲ့ပါအကို။ကြိုးစားလျက်ပါ

Posted using Partiko Android

လူသာကျေးဇူးကမ်းတတ်တာ ခွေးကျ တစ်ခါအစာကျွေးထားရင်တစ်သက်မှတ်ထားတော့တာ

Posted using Partiko Android

ဟုတ်တယ်အကို။ဒါကြောင့် ကျေးဇူးမကန်းဖို့ ရေးလိုက်တာပါ

Posted using Partiko Android

steemလေးဘဲ ကျန်တယ် ကိုအေးရေ

ဟုတ်တယ်။ကျန်တာလေးဘဲ လုပ်ရတော့မယ်မစု

Posted using Partiko Android

စကားပုံတွေက ပညာပေးတယ် ဆုံးမလမ်းညွှန်တယ်လို့မြင်မိပါတယ်

ဟုတ်ပါတယ်အကို

Posted using Partiko Android

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79