သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၄၃)

in #myanmar5 years ago (edited)

#သိမှတ်ဖွယ်ရာ လူမှုဥပဒေသများ(၄၃)
image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ ဥပဒေသလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ လူမှုဥပဒေသလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုဥပဒေသလေ့တွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။

သမုဒ္ဒရာရေကို တစ်ယောက်ထဲ သောက်၍မကုန်။
image
လောဘအများဆုံး ထားသောသူတွေဟာ ကျွန်တော်တို့ လူတွေဘဲဖြစ်ပါသည်။သူများကိုယ်ထက် သာရင် မနာလိုသလို မိမိထက် ဆင်းရဲသူ နှိမ့်ကျသူတွေလည်း မကူညီတတ်ကြပေ။ဒါကြောင့်လည်း တိုင်းပြည် လူမျိုးဟာ တစ်ဖြည်းဖြည်း စိတ်ဓာတ်ပိုင်းဆိုင်ရာ အကျင့်သိက္ခာပိုင်း ဆိုင်ရာတွေမှာ ဆုတ်ယုတ်လာကြသည်။စာတော်သူ ချမ်းသာသူ ငွေရှာနိင်သူစသောသူတွေဟာ မိမိတို့ရဲ့ လမ်းစဉ် လုပ်ပုံကိုင်ပုံ လုပ်ကွက်တွေ တစ်ခြားသူသိမှာဆိုးလို့ မပြောကြဘဲ နေတတ်ကြသည်။ထိုသို့ နည်းလမ်းတွေ ပြတတ်သူ အရမ်းခြားပါသည်။တကယ်ဆို သမုဒ္ဒရာရေကို တစ်ယောက်ထဲ သောက်၍ကုန်တာမဟုတ်ဘဲ လောဘဇောတတ်ကာ နေတတ်သည်။အမှန်တကယ်ဆို အေးတူပူမျှ အတူတကွ သောက်လို့ ကုန်နိင်မည်မထင်။ဆိုးကျိုးမရှိဘဲ တစ်ယောက်ပေါ်တစ်ယောက် ချစ်ခင် ကြင်နာမှုဟုသော အကျိုးကျေးဇူးပင် ရပါလိမ့်မည်။ဥပမာ အနေနဲ့ ပြရရင် ကျွန်တော်တို့ Msc Leader ဖြစ်သော အကိုဟင်နဲ့ သာဓက ပြချင်ပါသည်။အကိုဟင်ဆို steemitမှာ မိမိဘာသာတစ်ယောက်ထဲ အခွင့်အလမ်းအများကြီးရရှိသောလည်း မိမိ၏အခွင့်အလမ်းကို မိမိတို့ရဲ့ မြန်မာတွေ ဖြစ်သော သူတွေနဲ့ မျှဝေခံစားတယ်။တစ်ယောက်ထဲ အေးဆေးအခွင့်အလမ်းရသောငြားလည်း အကုန်လုံးကိုမျှဝေတဲ့စေတနာတွေကို သိနိင်ပါတယ်။ထိုအတူ သမုဒ္ဒရာရေကို တစ်ယောက်ထဲ သောက်၍မကုန်နိင်ပါ။သို့ဖြစ်ပါသောကြောင့် မိမိတို့အနေနဲ့ လောဘကိုလျော့ပြီး တစ်ယောက်နဲ့တစ်ယောက် မျှဝေခံစားကြပါ။မိမိတစ်ယောက်ထဲကောင်းစားနေယုံနဲ့ ကျေနပ်မနေပါနဲ့။အများနဲ့ကောင်းစားကို ခံယူပြီး တိုင်းပြည်အတွက် ပိတီဖြစ်နိင်ကြပါစေ။

လိပ်ခဲ တန်းလန်း။

image
သည်းခံတတ်တိုင်း မစပါနဲ့။နောက်သူတော်ကောင်းကို ကြည်ညိုလေးစားပါ။နောက်ပြောင်ခြင်းတွေ အလွန်အကျူးမလုပ်ပါနဲ့။ထိုအချက်တွေ လုပ်ပါများရင် အကျင့်ယုတ်သော ဗီဇဖြစ်တတ်ပါသည်။လိပ်ခဲ တန်းလန်း ဖြစ်ရခြင်းအကြောင်းကို ဥပမားဆောင်၍ ရေးသားပါမည်။ဟိုရှေ့တုန်းက ဥပေက္ခာတရားကို အလေးထားကျင့်ကြံတဲ့ ရသေ့တစ်ပါးရှိတယ်။ထိုရသေ့အနားတွင် အလွန်စတတ် နှောက်တတ်သော မျောက် တစ်ကောင်လည်းရှိပြန်သည်။ရသေ့နေတိုင်း တရားထိုင်ချိန် မျောက်သည် ရသေ့ကို ခေါင်းပုတ် ကျောကုတ်နဲ့အမြဲတမ်း စနှောက်တတ်သည်။သို့သော် ရသေ့က ဥပေက္ခာတရားကျင့်ကြံသူဖြစ်သောကြောင့် ဘာမှမဖြစ်ပေ။တစ်နေ့ ကမ်းစပ်သွားရင် လိပ်တစ်ကောင်ပါးစပ်ဟနေတာတွေ့လို့ သူဗီဇအတိုင်း မိမိ၏အင်္ဂါစပ်ကို ပါးစပ်ထဲထည့်က နှောက်သောအခါ လိပ်လည်း စိတ်တိုတိုဖြင့် မလွတ်တိုင်း ကိုက်လေရာ နာကျင်လွန်းသောကြောင် လိပ်ခဲတန်းလန်းဖြင့်ရသေ့ဆီလာကာ ဖြုတ်ခိုင်းလေသည်။ထိုသာဓကကြောင့် လိပ်ခဲတန်းလန်း ဖြစ်လာရခြင်းဖြစ်သည်။သို့ဖြစ်ပါသောကြောင့် စနှောက်ခြင်းနှင့် သူတော်ကောင်းတွေ မပြစ်မှားဖို့ ပြောချင်ပါသည်။

(စကားလက်ဆောင်)

သမုဒ္ဒရာရေကို တစ်ယောက်ထဲ သောက်၍မကုန်။

လိပ်ခဲတန်းလန်း။

အစဉ်ကြိုးစားလျက်
Author tunnaingwin
Msc.100


Do you use eSteem?
eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps.

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store

Download eSteem Surfer for your PC💻
Available for all OS Github


Join eSteem Discord https://discord.gg/UrTnddT

Join eSteem Telegram http://t.me/esteemapp

Proud to be a member of The Steemians Directory
image

Sort:  

ဆရာ​အေးရဲ့ဆုံးမစာ​တွေက အခု​ခေတ်​က​လေး​တွေအတွက်​တကယ့်​ကို မှတ်​သားထိုက်​ပါတယ်

ဟုတ်ကဲ့အကို။ကေိးဇူးပါ

Posted using Partiko Android

You got a 2.12% upvote from @moneymatchgaming courtesy of @tunnaingwin! Please consider upvoting this post to help support the MMG Competitive Gaming Community.

You got a 17.43% upvote from @joeparys! Thank you for your support of our services. To continue your support, please follow and delegate Steem power to @joeparys for daily steem and steem dollar payouts!

လိပ်‌ခဲတန်းလန်းကို အစ်‌ကို‌ရေး ပြမှရှင်း‌တော့တယ်‌ ။‌ကျေးဇူးပါဗျာ။

ဟုတ်ကဲ့အကို။ကျေးဇူးပါနော်

Posted using Partiko Android

လိပ်ခဲတန်းလန်းက ကလိုကို

ဟုတ်ကဲ့။အဲကလိုပါ

Posted using Partiko Android

စကားပုံလေးတွေရဲ့ အဓိပ္ပါယ်ကို သိခွင့်ရတာ တကယ့်ကို တန်ဖိုးရှိလှပါတယ် ကိုအေးရေ

Posted using Partiko Android

ဟုတ်ကဲ့။တတ်နိင်သလောက် ဖတ်မှတ်လေ့လာပြီး ရေးသားလျက်ပါ

Posted using Partiko Android

You have been defended with a 9.94% upvote!
I was summoned by @tunnaingwin.

လိပ်ခဲတည်းလည်းလို့သိထားတာ
အမှန်က ဒီလိုကိုး

ဟုတ်ကဲ့။တတ်နိင်သလောက် ဖတ်မှတ်လေ့လာပြီး ရေးသားလျက်ပါ

Posted using Partiko Android

ဗျိုင်းတွေကနေရာရွှေ့လို့ လိပ်ခဲတန်းလန်းထင်တာကွာ

သားသိတာက မျောက်နဲ့လိပ်ပါဆရာ။

Posted using Partiko Android

အသေအချာသိသင့်တာလေးတွေကို တင်ပေးတာကောင်းမွန်ပါတယ်ဗျာ ကျေးဇူးပါ

ဟုတ်ကဲ့အကို။အမြဲကြိုးစားပြီး တင်ပြလျက်ပါ။

Posted using Partiko Android

Coin Marketplace

STEEM 0.36
TRX 0.12
JST 0.040
BTC 70446.49
ETH 3571.68
USDT 1.00
SBD 4.73