သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၂)

in #myanmar5 years ago (edited)

သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၂)

image
နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဓမ္မံ သရဏံ ဂစ္ဆာမိ၊
သံဃံ သရဏံ ဂစ္ဆာမိ။
ဘုရား တရား သံဃာ ရတနာ မြတ်သုံးပါးနှင့် မိဘ ဆရာတို့ကို ဦးထိပ်ထား၍ ရေးသားခြင်းဖြစ်ပါသည်။

ဒီတစ်ပတ်ကတော့ သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလေးတွေရေးပြီး အသိပညာတွေပေးချင်တယ်။ဒါကြောင့် သိမှတ်ဖွယ်ရာ ရိုးရာစကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုသိမှတ်ဖွယ်ရာ ရိုးရာစကားထာများကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဝေဖန်အကြံပေးကြပါ။ သိမှတ်ဖွယ်ရာ စကားထာများလို့ ခေါင်းစဉ်ပေးထားပါတယ်။ထိုစကားထာတွေကို လေ့လာပြီး စာဖတ်သူအားလုံးအတွက် အသိပညာတိုးပါစေ။ဥာဏ်များထက်မြတ်ပါစေ။

ကျွန်တော်တို့ ခုခေတ်လူငယ်တွေအနေနဲ့ စကားထားတွေ စကားပုံ စကားလိမ် စကားဝှက် အမျိုးအမည်တွေ အများကြီးရှိကြသည်။ကျွန်တော်တို့ ခေတ်လူငယ်တွေအတွက် များပြားလှသော စကားပုံ စကားလိမ် စကားဝှက်တွေ သိသူနည်းပါလာကြသည်။နောက် စကားပုံမှာ အမျိုးအမည် အများကြီး ရှိပြန်သည်။သင်္ချာနဲ့ဆိုင်သော စကားထား၊ပုစ္ဆာနဲ့ဆိုသော အချစ်နဲ့ဆိုင်သော စကားထားများ ရှိပြန်သည်။စကားလိမ်များတွင် ရိုးရိုးစကားလိမ် ၊ သစ်ဆိမ့်ဆရာတော် စကားလိမ်၊စကားလိမ်ပေးစာဟု အများကြီး ရှိသည်။စကားဝှက်မှာ ရိုးရိုး စကားဝှက်၊တစ်ဆယ့်ခြောက်ချက် စကားဝှက်များ ရှိလေသည်။

ထိုအတူ သင်္ချာစကားထာမှာ အုန်းသီး ဝယ်ရရောင်းရအောင်၊အလေး ၃ လုံး၊ဖားကလေးကုန်းပေါ်ရောက်ဖို့ ရက်ကိုမျော်၊ဘဲဥကိုစစ်ကြရအောင်၊စာနှင့်ကြာ၊အလေးတိုက်ရအောင်၊ဆေးလိပ်ဝှက်ကြစို့ ၊လွယ်အိတ်ထဲ မည်မျှပါ၊အဝေရခက်သော ဆီ၊ခိုခွဲ ဝမ်းဘဲငါးကျပ် စာတစ်မတ်၊ဆင်ကောင်ရေ ဘယ်လောက်လဲ၊ရေတွင်းနှင့် ရေပုံးကြိုး၊ထရာဇာ ၆ ၊နှင်းဆီပန်းပွင့်၊မရမ်းသီးချိုချို၊မုန့်ပုဇွန်၊စာကလေးတွေ မိုးပေါ်ပြန်ဆိုပြီး အတွက်အချက်ဆိုင်ရာ သင်္ချာစကားထားများ ရေးသားသွားမည်။

မီးရထား ၂ စင်၊ဆွတ်ချူရန် ခက်ပါဘိ၊မင်းသား ၃ ယောက် ဘီလူး ၃၀ တိုက်ပွဲ၊ဝါးတစ်ရာ မှ ကိုးခေါင်၊နန်းဓလေ့၊ရှင်အောင် ရှင်ယျ ရှင်ဦး စသော ပုစ္ဆာစကားထာများ တင်ပြပြီး ပုံပြင်စကားထားတွင် သစ္စာရှင် မည်သူနည်း၊ကျေးဇူးရှင် မည်သူနည်း၊ဖူးစာရှင် မည်သူနည်း၊အကြီးဆုံး မည်သူနည်း၊သင် မည်သို့ ဆုံးဖြတ်မည်နည်း၊ယာခင်းရှင်၏ပြဿနာ၊ခရီးသည်ကြီးနှင့် စကားထာမြိုတော်၊ရွှေအိုးမြုပ်ထားသော ကျေးသား၊ဆရာမှာထား ၃ ခွန်းစကားတို့ဖြစ်ပါသည်။

ဒီလို စကားထာတွေရေးပြီး တစ်ယောက်နဲ့တစ်ယောက် စာဖတ်ရင် မပျင်းရအောင် စကားထာလေတွေ သိသူများဖြေပေးကြပါ။အဖြေမှန်ကိုတော့ နောက်တစ်နေ့ သိမှတ်ဖွယ်ရာ ရိုးရာစကားထာများ(၂)တွင် ဖော်ပြသွားပါမည်။အဖြေများကို မန့်တွင် မန့်ပေးကြပါ။ခုလိုဖတ်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါသည်။အသိပညာပွားပြီး သတိထားကာ ဖြေပေးကြပါ။

(၁)
သဒ္ဒါလည်း မတတ်၊ပရမတ်လည်းမကျေ၊လူရှေ့မှာလည်းနေ၊မှန်လျင်မှန်စေ၊မမှန်လျင် လျှာထုတ်ပြ
image
(၂)
ခြေရှစ်ချောင်း၊ခေါင်းဘယ်ညာ၊အမြီးခါးလယ်မှာ
image
(၃)
*ရေလယ်ခေါင် သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း-
image
အစဉ်ကြိုးစားလျက်

Author tunnaingwin

Msc.100

မှီငြမ်းထားသောစာအုပ်နှင့် ကျမ်းများမှာ

ရှင် သီလဝံသ အမေး အဖြေ
မြန်မာဂုဏ်ရည်
ဦးကုလားရာဇဝင်
မြန်မာစွယ်စုံကျမ်း
သင်္ဂဇာစကားပုံပေါင်းချုပ်
မဃဒေဝလင်္ကာသစ် တို့မှရှာဖွေ ရေးသားထားခြင်းဖြစ်သည်။


Do you use eSteem?
eSteem is a Mobile📱& PC💻 app. for Steem with great features. Also, you get Incentives posting through eSteem apps.

eSteem Spotlight; eSteem provides rewards for it top users in Leader Board with most Posts, Comments and Highest Earners.

Download eSteem for your Mobile📱
Android devices Google Play Store
IOS devices Apple Store

Download eSteem Surfer for your PC💻
Available for all OS Github


Join eSteem Discord https://discord.gg/UrTnddT

Join eSteem Telegram http://t.me/esteemapp

Proud to be a member of The Steemians Directory
image

Sort:  

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ကောင်းမွန်မှတ်သားသင့်သောစကားစုများပါ

thank you

Posted using Partiko Android

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70884.24
ETH 3570.27
USDT 1.00
SBD 4.76