(၁၅)ကြိမ်မြောက် တရားပွဲ...!(အပိုင်း-၁)

in #myanmar5 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီတစ်ပတ်တော့ မိမိတို့ဝန်ထမ်းရပ်ကွက်မှ ဆွမ်းအောင်ပွဲအတွက် ကျင်းပသော တရားပွဲ၏ပထမဦးဆုံးည တရားဟောဆရာတော်ဘုရားများ ဟောကြားခဲ့သော တရားဒေသနာတော်များအား မှတ်မိသလောက်လေး ပြန်လည်မျှဝေပေးခဲ့ချင်ပါတယ်။
image
8.1.2019 ရက်နေ့ အင်္ဂါနေ့ ညမှစတင်၍ ကျွန်တော်တို့ (22)ရပ်ကွက် ရွှေပြည်သာမြို့ ဆွမ်းသိမ်းအောင်ပွဲအတွက် ဓမ္မပူဇာ တရားပွဲအလှူ ကျင်းပနေပြီ ဖြစ်ပါသည်။ သစ်လုပ်ငန်းဝန်ထမ်းမိသားစုများ၏ ဝါတွင်းကာလ သံဃာတော်များအား ဆွမ်း ဆွမ်းဟင်းများ စုပေါင်းလှူဒါန်းကုသိုလ်ပြုခြင်း၏အထိမ်းအမှတ်အဖြစ် ကျင်းပလာခဲ့တာ ယခုအကြိမ်ဟာ (၁၅)ကြိမ်မြောက်ဖြစ်ပြီး  ဆွမ်းသိမ်းအောင်ပွဲအတွက် တရားအလှူပွဲထည့်သွင်းထားခြင်းဖြစ်ပါသည်။
တရားပွဲ၏ပထမဆုံးညအဖြစ် တရားဒေသနာများကို ဟောပြောပြသ ဆိုဆုံးမမည့်ဆရာတ်ာဘုရားကတော့ စစ်ကိုင်း-ခင်မကန် ဆရာတော်အရှင်ခေမိန္ဒ ဆရာတော်ဘုရားဖြစ်ပါသည်။
ဆရာတော်သည် အင်္ဂါနေ့ညအတွက် တရားပွဲနှစ်ပွဲဟောပြောရန်ရှိနေပါ၍ လမ်းတွင်ကားများကြပ်နေသဖြင့် မိမိတို့တရားပွဲဆီသို့ ဒုတိယပွဲအနေဖြင့် ကြွရောက်ဟောပြောမည်ဖြစ်ကြောင်း မတိုင်ခင်အချိန် အစောပိုင်းတွင် သူ၏တပည့်ဆရာတော် အရှင်သူရိယ ပြုံးပြုံးလေးဆရာတော်အား ကြွရောက်၍ဟောပြောချီးမြှင့်ပေးမည်ဖြစ်ကြောင်း အမိန့်ရှိလာပါသည်။
သို့ဖြစ်ပါ၍ မိမိတို့ပင့်ဖိတ်ထားသော ဆရာတော်မကြွခင် တပည့်ဆရာတော်၏တရားဒေသနာများအား အရင် နာကြားမှတ်သားကြရမှာဖြစ်ပါတယ်။မိမိတို့၏ပထမဦးဆုံးည တရားပွဲ၏ထူးခြားသောအစီအစဉ် ဖြစ်ပါသည်။ တစ်ညတည်း ဆရာတော်နှစ်ပါး၏တရားဒေသနာများအား နာယူမှတ်သားရခြင်းဖြစ်ပါသည်။တစ်ညတည်း တရားနှစ်ပွဲ နာယူရခြင်းဖြစ်ပါသည်။
အရှင်ခေမိန္ဒ၏ တပည့်ဆရာတော်ဘုရားသည်လည်း ည (8:00)နာရီထိုးခါနီးလောက်မှသာ တရားစတင်ဟောပြောဖို့ကြွရောက်လာခဲ့ပါသည်။
image
ဆရာတော်ဘုရားကတော့ "ထောပြီ"ဆရာတော်ဟု တင်စားခေါ်ဝေါ်သွားခဲ့ပါသည်။ဘာကြောင့်လဲဆိုတော့ တရားပွဲအားလုံးပေါင်း (၄)ညရှိပြီး ဆရာတော် (၅)ပါးတရားနာရပါသဖြင့် MPT "ထောပြီ"အစီအစဉ်လို ပိုရတဲ့အတွက် တင်စားခေါ်ဝေါ်သွားခြင်းဖြစ်ပါသည်။
ဆရာတော်ဟောပြောသွားတဲ့ တရားခေါင်းစဉ်လေးက "ဘဝကုန်သည်"တရားတော်ဖြစ်ပါသည်။
ဗာရာဏသီပြည်က မဟာဓနဝါဒိတ ဆိုတဲ့ကုန်သည်တစ်ယောက်အကြောင်းလေးပဲဖြစ်ပါတယ်။ကုန်သည်ဆိုတော့ သူနေတဲ့မြို့က ကုန်တွေကို အခြားမြို့တွေမှာသွားရောင်းစသည်ဖြင့် အလုပ်လုပ်တာပေါ့။တစ်နေ့တော့ မြတ်စွာဘုရားရှင် သီတင်းသုံးတဲ့ သာဝတ္တိပြည်သို့ ကုန်ရောင်းဖို့ အစီအစဉ်ဖြစ်လာပါတယ်။ဗာရာဏသီ နဲ့ သာဝတ္တိ သို့သွားရာလမ်းတွင် မြစ်ကြီးရှိနေ၍ ထိုမြစ်အနီးသို့ရောက်သော် ခရီးသွားကုန်သည်ငါးရာတို့ဟာ အရမ်းပင်ပန်းလာပြီဖြစ်၍ မြစ်တစ်ဖက်ကမ်းသို့မကူးသေးဘဲ ညအိပ်ရပ်နားကြလေသည်။ထိုနောက် မိုးများသည်းထန်စွာရွာသွန်းသဖြင့် မြစ်များရေပြည့်လျှံပြီး တစ်ဖက်ကမ်းသို့မကူးနိုင်ဘဲ (၇)ရက်ခန့်ကြာသွားခဲ့ပါသည်။ဒီလိုနဲ့ သာဝတ္တိပြည်သို့ရောက်သောအခါ ပျော်ပွဲ ရွှင်ပွဲများရှိနေ၍ ဈေးမရောင်းရပဲ (၇)ရက်ခန့်ထပ်ကြာပြန်သည်။ထို့နောက် ကုန်ပစ္စည်းများမှာလည်း အရောင်းအဝယ်ထင်သလောက်အဆင်မပြေသဖြင့် မဟာဓနဝါဒိတ ကုန်သည်ဟာ ဒီအတိုင်းတော့ သာဝတ္တိကနေငါမပြန်နိုင် မိုးကျရင် ထီးရောင်းမယ်.. နွေကျရင်ဘာရောင်းမယ်.. ဆောင်းကျရင် တစ်မျိုးစသည်ဖြင့် စိတ်ကူးတွေအတွေးပေါ်နေပါတော့သည်။
ထိုအခါ မြတ်စွာဘုရားက သူ၏ညဏ်တွင် မဟာဓနဝါဒိတ၏စိတ်ကူးတွေကိုမြင်သွားပြီး ပြုံးတော်မူနေပါသည်။ထိုအခါ အရှင်အာနန္ဒာက...အရှင်ဘုရား အဘယ်အတွက် ပြုံးတော်မူပါသနည်းဟု မေးမြန်းလျှောက်ထားရာ မဟာဓနဝါဒိတကုန်သည်အတွက် ပြုံးတော်မူခြင်းဖြစ်တယ်ချစ်သား။သူဟာ မိုးကျရင် ဘာရောင်းမယ် နွေကျရင်ဘာရောင်းမယ်ဆိုပြီး အစီအစဉ်တွေဆွဲနေလိုက်တာ တစ်ကယ်တော့ သူဟာ လူ့ဘဝမှာ နောက်(၇)ရက်သာနေခွင့်ရှိပါတော့တယ်။သူဟာ (၇)ရက်ပြည့်လျှင် သေရတော့မှာဖြစ်တယ်ချစ်သားအာနန္ဒာ။ဒါနဲ့ အရှင်အာနန္ဒာက ဒါဆိုရင် တပည့်တော် သွားပြောလိုက်ရမလားဘုရားဆိုတော့... ကောင်းပြီချစ်သား သွယ်ဝိုက်သောနည်းအားဖြင့် ပြောဆိုရန်မှာကြားလိုက်လေသည်။အရှင်အာနန္ဒာလည်း မှာကြားသည့်အတိုင်း အသိပေးလိုက်သောအခါ မဟာဓနဝါဒိတကုန်သည်လည်း စိုးရိမ်စိတ်ကြီးစွာဖြစ်သွားပြီး မရဏသတိကမ္မဌာန်းကို ပွားများပြီး တဖြည်းဖြည်းနဲ့ ဘယ်အဆင့်မှာ ကျွတ်တန်းဝင်သွားတယ်ဆိုတာတော့ ဆရာတော်က မဟောသွားခဲ့တော့ပါခင်ဗျာ။
ဆရာတော်ဟာ ပလ္လင်ပေါ်မှတရားဟောနေရင်း  သူ၏ဆရာကြွလာတာလည်းမြင်ရော တရားနာပရိသတ်များ ကျန်းမာ ချမ်းသာကြပါစေဆိုပြီး သာဓုခေါ်ခိုင်းကာ တရားပွဲကိုသိမ်းလိုက်တာကြောင့်ဖြစ်ပါတယ်သူငယ်ချင်းတို့...
ဒါပေမဲ့ ဆရာတော်ဟောသွားသလောက်မှာတင်ပဲ တရား၏အနှစ်ချုပ်ကို ရရှိနိုင်နေပြီဖြစ်ပါသည်။ကျွန်တော်ရလိုက်တဲ့ တရားအသိကတော့ မိမိတို့ဟာ စီးပွားဥစ္စာတွေကို ရှာဖွေရင်းနဲ့ ဘုရား တရားမမေ့ကြဘဲ ကောင်းမှုကုသိုလ်များပြုလုပ်ခြင်း.. လှူဒါန်းပေးကမ်းခြင်းများနှင့်အတူ တရားအားထုတ်ကျင့်ကြံကြရမှာဖြစ်ပါကြောင်း...မိမိဘယ်အချိန်သေမည်မသိပါ၍ ဘုရား တရားမမေ့ကြဘဲ ကြိုးစားပွားများအားထုတ်ကြရမှာဖြစ်တယ်လို့ မှတ်သားနာယူရရှိခဲ့ပါတော့သည်။
image
ပထမတပည့်ဆရာတော်၏အစီအစဉ်ပြီးသွား၍ မိမိတို့ပင့်ဖိတ်ထားသော တရားပွဲဆရာတော် အရှင်ခေမိန္ဒဆရာတော်ဘုရား၏တရားဟောရန်အလှည့်ရောက်ရှိလာပါသည်။ဆရာတော်၏တရားခေါင်းစဉ်မှာ "လာမည့်ဘေး အဝေကရှောင်"တရားတော်ဖြစ်ပါသည်။ဆက်ပြီးရေးချင်သော်လည်း စာအရမ်းရှည်နေပါ၍ နောက်အပိုင်းအနေဖြင့်ဆက်လက်ရေးသားမျှဝေပေးပါမည်ခင်ဗျာ။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211
#all photos credited by @uthantzin

Sort:  

ဆရာသန့်​ မ​တွေ့တာကြာပီ​နော်

ဟုတ်တယ်အစ်ကို နေ့တိုင်း steemhunt postတွေပဲတင်ဖြစ်နေတာအစ်ကို။ဆရာက ဆရာပါ ဆရာယု။

သာဓု သာဓု သာဓု

Posted using Partiko Android

အစ်ကို ကျန်းမာ ချမ်းသာ လိုအင်ဆန္ဒပြည့်ပါစေခင်ဗျာ။

တရားကမပြီးဆုံးသောလည်း အဓိပ္ပါယ်ကိုသိနိုင်ပြီမို့ တရားနာသူတရားရမှာသေချာပါတယ်ဗျာ။
တစ်ရားနှစ်ပွဲတစ်ပြိုင်ထဲဆိုတာ နာယူရခဲလှတယ်ထင်တယ်။
ကျနော်ဆို တရားတစ်ပွဲပဲနာယူဖူးတယ်၊ နှစ်ပွဲဆက်မနာဖူးဘူး
ကြုံလာခဲ့ရင်လည်း နောက်တစ်ပွဲကျ အိပ်ငိုက်နေမယ်ထင်တယ်😁😁

Posted using Partiko Android

ဟုတ်တယ်အစ်ကို တရားက အဆုံးသတ်နားရောက်နေပြီဆိုတော့ တရားအဓိပ္ပါယ်သိနိုင်နေပါပြီ။ပထမဆရာတော်က ည(10:30)လောက်မှာပြီးသွားပြီး ဒုတိယဆရာတော်က ည(12:00)ထိုးခါနီးလောက်ပြီးသွားပါတယ်အစ်ကို။

Hi, @uthantzin!

You just got a 0.01% upvote from SteemPlus!
To get higher upvotes, earn more SteemPlus Points (SPP). On your Steemit wallet, check your SPP balance and click on "How to earn SPP?" to find out all the ways to earn.
If you're not using SteemPlus yet, please check our last posts in here to see the many ways in which SteemPlus can improve your Steem experience on Steemit and Busy.

Thank you for your upvote.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.035
BTC 65869.37
ETH 3414.18
USDT 1.00
SBD 4.58