ခရီးစဉ်များအကြောင်း...!

in #myanmar5 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ...
ဒီနှစ်အတွက် ကျွန်တော်တို့မိသားစုဆွေမျိုးများ၏ အပန်းဖြေခရီးစဉ် စီစဉ်ထားပုံလေးကို ပြန်လည်ရေးသားပေးခဲ့ချင်ပါတယ်။
image
Crd-org-source
ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ခရီးသွားရတာနှစ်သက်ပြီး စိတ်ဝင်စားလေ့ရှိတဲ့ ကျွန်တော်တို့မိသားစုဆွေမျိုးများဟာ ခရီးစဉ်များကို စတင်အစီအစဉ်ဆွဲနေကြပြီဖြစ်ပါသည်။
သွားရမယ့်နေရာနှင့် သွားချင်တဲ့နေရာတွေ များနေပါ၍ ခရီးတို (short trip) ခရီးရှည် (long trip) စသည်ဖြင့် အစီအစဉ်လေးတွေချပြီး ဆွေးနွေးတိုင်ပင်ကြရတာပေါ့။ကျွန်တော်တို့ မိသားစုဟာ ဆွေမျိုးများနှင့်အတူ လူများများနှင့် ပျော်ပျော်ပါးပါး ခရီးထွက်ရတာကို ပိုမိုနှစ်သက်တဲ့အတွက်ကြောင့် ဒီလို စုပေါင်းပြီးအတူတကွ သွားနိုင်ရန် အစီအစဉ်ဆွဲခြင်းဖြစ်ပါသည်။နောက်တစ်ချက်ကတော့ တူမလေးတို့ မိသားစုကြောင့်လည်းပါတာပေါ့။
တူမလေးတို့ လင်မယားနှစ်ယောက်က ကားပေါတဲ့သူတွေဖြစ်တဲ့အတွက် ကားအတွက် တာဝန်ယူပေးတာကြောင့် ကျန်သောလိုအပ်သည့်ကိစ္စအဝဝနှင့် ကုန်ကျစားရိပ် အတော်များများကိုတော့ ကျွန်တော်တို့လင်မယားက တာဝန်ယူပြီး အားဖြည့်ထားတဲ့အတွက် ခရီးစဉ်များဟာလည်း ပိုမိုအဆင်ပြေကောင်းမွန်လေ့ရှိပါတယ်။အဓိကအားဖြင့် short trip (သို့)day trip များအတွက်ကိုတော့ ကျွန်တော်တို့ လင်မယားကပဲ အကုန်အကျခံပြီး long trip ညအိပ်ခရီးတွေကိုတော့ ဘယ်သူကဘယ်လောက်ပေးရမည် စသည်ဖြင့် အစီအစဉ်ဆွဲကြခြင်းဖြစ်ပါသည်။
image
Crd-org-source
မည်သို့ပင်ဖြစ်စေ ကျွန်တော်တို့မှ ဦးဆောင်ပြီး အစီအစဉ်ဆွဲလိုက်တာနဲ့ အမိ အဖ ဆွေမျိုး ညီအစ်ကိုမောင်နှမများအားလုံးက စိတ်တူကိုယ်တူ ထောက်ခံကြပြီး အားလုံးသွားရန် အဆင်သင့်ဖြစ်နေကြခြင်းဖြစ်ပါသည်။ဒီအချက်ကြောင့်လည်း ကျွန်တော်ကိုယ်တိုင်က တက်ကြွပြီး အတူတူ ပျော်ပျော်ပါးပါး သွားဖြစ်လေ့ရှိကြတာပါ။
အလုပ်တွေနဲ့ဖြစ်နေတဲ့သူတွေအတွက်ပါ စဉ်းစားပြီး များသောအားဖြင့် ပိတ်ရက်လေးတွေနဲ့တွဲပြီး ခရီးစဉ်တွေကို ဆွဲလေ့ရှိကြပါတယ်။အဲဒီလိုနဲ့ အားလုံးတိုင်ပင်ပြီး သွားမည့်နေရာများအား ရက်တွေ အကြမ်းရွေးချယ်ထားပြီးသော အခြေအနေကို ရောက်ရှိနေပြီဖြစ်ပါသည်။
ပြီးခဲ့တဲ့နှစ်က အထက်မြန်မာပြည်ဘုရားဖူးကို အတော်လေးစုံလင်အောင်သွားပြီး အောက်မြန်မာပြည်ဘက်ကို ဆက်လက် ဘုရားဖူးသွားရန်အစီအစဉ်ဆွဲခဲ့သော်လည်း တူမလေး မင်္ဂလာဆောင်ရှိသွားပါ၍ အချိန်နောက်ကျပြီး မိုးဦးကျဖြစ်သွားသောကြောင့် အောက်မြန်မာပြည်ခရီးစဉ်အား မသွားဖြစ်ခဲ့ပါ။
ဒါကြောင့် ဒီနှစ်အောက်မြန်မာပြည်အတွက် ကျိုက်ထီရိုး သထုံ-ရွှေစာရံဘုရား ဘားအံ ဇွဲကပင်တောင် မော်လမြိုင် ကျိုက်ခမီ စက်စဲ စသည်ဖြင့် စုံအောင်သွားမည်ဖြစ်ပြီး ပုံစံတစ်မျိုးလေးနဲ့စီစဉ်လိုက်ခြင်း ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ဒီနှစ်အပန်းဖြေခရီးစဉ်ပြုလုပ်ထားသော ခရီးစဉ်လေးအား အစီအစဉ် (၄)ခု အနေဖြင့် တိုင်ပင်ပြီး စီစဉ်ထားပါသည်။
image
Crd-org-source
*ပထမခရီးစဉ် -----!
ကျွန်တော်တို့ရဲ့ ပထမဦးဆုံး ခရီးစဉ်တစ်ခုအနေနဲ့ နိုဝင်ဘာလ (၃)က်နေ့မှာ ရန်ကုန် ထောက်ကျန့်မြို့မှ နေပြည်တော်လမ်းပေါ်တက်ပြီး မိုင်တိုင် (၁၅)အနီး (၁၅)မိုင်ဘုရားဆိုတဲ့ နေရာလေးပဲဖြစ်ပါတယ်။နေပြည်တော် အမြန်လမ်းပေါ်ရှိ (၁၅)မိုင် ကို အစွဲပြုပြီးခေါ်တယ်လို့ထင်ပါတယ်။ဘုရားကတော့ (၁၅)မိုင် ပြည်တော်အေးဘုရားလို့ခေါ်ကြပါတယ်။(၁၅)မိုင်ဘုရားဟာ နာမည်ကြီးလာတာ (၃)နှစ် (၄)နှစ်လောက်သာရှိသေးပြီး ရန်ကုန် ကျွန်တော်တို့နေတဲ့နေရာမှ ကားတစ်နာရီကျော်လောက်မောင်းရင် ရောက်တဲ့နေရာလေးဖြစ်ပါတယ်။ကွင်းပြင်ထဲမှာဖြစ်တဲ့အတွက် ဘုရားဖူးတဲ့သူတွေဟာ နေ့ခင်းဘက်ထက် ညဘက်သွားရောက်ဖူးမျှော်တဲ့သူ ပိုများပါတယ်။ညဘက်မှာတော့ ညအလှဆင်မီးများနဲ့ ပိုပြီးအေးအေးချမ်းချမ်းရှိတဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ဘုရားကလည်း အရမ်းသပ္ပါယ်ပြီး ကြည်ညိုစရာကောင်းလှပါတယ်။
အဲဒါကြောင့် ရန်ကုန်နှင့် ပဲခူးမြို့အတွက်တော့  ညနေပိုင်းလောက်ခရီးထွက်ကြပြီး မိုးချုပ်ခါနီးဘုရားအရောက် စားကြသောက်ကြ ညဘက်ဘုရားဖူးကြနဲ့ ည(၈:၀၀)နာရီကျော် (၉:၀၀)လောက်အထိ အေးအေးဆေးဆေး ဘုရားဖူးလည်ပတ်သွားရောက်ကြသော နေရာကောင်းလေးတစ်ခုဖြစ်ပါ၍ ကျွန်တော်တို့၏ short trip ခရီးတစ်ခုအဖြစ် စီစဉ်ထားခြင်းဖြစ်ပါသည်။
image
Crd-org-source
*ဒုတိယခရီးစဉ် -----!
ဒုတိယတစ်ခုအနေနဲ့ကတော့ ချောင်းသာကမ်းခြေကို အပန်းဖြေခရီးသွားဖို့ စီစဉ်ထားပါတယ်။ချောင်းသာကမ်းခြေသွားဖို့အတွက်တော့ (၂၀.၁၁.၂၀၁၈)ရက်နေ့ကို ရွေးထားပါတယ်။တစ်နှစ်ပတ်လုံး ပင်ပင်ပန်းပန်း အာရုံတွေစိုက်ပြီး အလုပ်တွေလုပ်နေကြတာဖြစ်တဲ့အတွက် စိတ်ရော ကိုယ်ရော ပင်ပန်းနွမ်းနယ်နေကြမှာပါ။ဒါကြောင့် ဘုရားဖူးခရီးစဉ်ရော အပန်းဖြေအနားယူရန်အတွက် ကမ်းခြေခရီးစဉ်လေးပါ စီစဉ်ထားခြင်းဖြစ်ပါတယ်။
နောက်အပိုင်းတွင် ကျန်ရှိနေသေးသော ခရီးစဉ်များအား ဘာကြောင့် သီးသန့်တစ်ကြောင်းစီ  စီစဉ်တယ်ဆိုတာလေးနဲ့တကွ ဆက်လက်ရေးသားမည်ဖြစ်ပါ၍ စောင့်မျှော်အားပေးကြပါအုံးလို့ ပြောရင်းနဲ့ပဲ အဆုံးသတ်လိုက်ပါတယ်ခင်ဗျာ။
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

ဝိုး အားကျတာ မိသားစုဆွေမျိုး ပေါင်းစုတဲ့
ခရီးသွားခြင်းအနုပညာပေါ့ဗျာ

ကျေးဇူးတင်ပါတယ်ဦးထွေး။

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

Thank you so much.

‌ပျော်‌စရာ‌ကောင်း‌သော မိသားစုနဲ့အတူ ‌ပျော်‌စရာခရီးစဉ်‌‌လေး ဖြစ်‌မှာပါ ။‌ပျော်ွှင်‌ပါ‌စေဗျာ ။အားကျပါတယ်‌။

ဟုတ်အစ်ကို ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ကျေးဇူးတင်ပါတယ်ခင်ဗျာ။

အားကျတယ်ဗျာ ... မိသားစုခရီးကို သွားချင်နေတာ စိတ်ကူးထဲမှာပဲ ပုံဖော်နိုင်သေးတယ်

ဟုတ်အစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ခရီးသွားဖြစ်တာ အားကျတယ်ရှင်

ဟုတ်ကဲ့အစ်မ ကျေးဇူးပါနော်။

ကျွန်​​တော်​လည်းဒီနှစ်​ ဘယ်​သွားရမယ်​မသိ​သေးဘူး

အစ်ကိုက ပိုက်ဆံပဲအရမ်းရှာနေတာတွေ့ပါတယ်။ဟိုကွိုင်ပတ်လိုက် ဒီဟာပြင်လိုက်နဲ့ ပုံတေတင်တာတွေ့နေပါတယ်။တစ်ခုခုတော့ သွားပေါ့အစ်ကို။နောက်တာနော်အစ်ကို။

ခုချိန်ထိတော့ ဘယ်မှမရောက်ဖူးသေးပါ

Posted using Partiko Android

အားတဲ့အခါ သွားသင့်တာပေါ့အစ်ကို။

ခရီးစဉ်​​လေး​တွေ မြင်​ရ​တွေ့ရ​တော့မယ်​ 😊

Posted using Partiko Android

ဟုတ်တယ်အစ်ကို စိတ်အေးချမ်းပြီး အနားယူရအောင်လို့ပါ။ကျေးဇူးပါအစ်ကို။

ခရီးတွေထွက်ရတာပျော်စရာပါ

Posted using Partiko Android

ဟုတ်တယ်ဦးမင်း စိတ်ပျော်ရွှင်ပြီး အပန်းပြေတာပေါ့။

တနှစ်တခါ သွားကိုသွားရမှ ဒီနှစ် ရှင်ကိုးရှင် သွားမယ်လို့😁😁

Posted using Partiko Android

right.တစ်နှစ်တစ်ခါတော့ သွားရမှာပေါ့နော်။ကောင်းတယ်မမ။

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66272.75
ETH 3183.00
USDT 1.00
SBD 4.09