ပထမဦးဆုံး အမှတ်တရ...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီတစ်ခေါက်တော့ ကျွန်တော်အလုပ်စလုပ်တုန်းက အမှတ်တရဖြစ်ရသော အတွေ့အကြုံလေးတစ်ခုအား ရေးသားမျှဝေပေးခဲ့ချင်ပါတယ်။
emperor-hotel.jpg
Crd-org-source
လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်လောက်တုန်းက ကျွန်တော်ဟာ ပဲခူးမြို့၏ Hotel လေးတစ်ခုမှာ ကျွန်တော်၏အလုပ်သမားဘဝလေးကို စတင်ခဲ့ပါသည်။Hotel ၏အမည်ကတော့ Emperor Hotel ဖြစ်ပါသည်။လုပ်ငန်းအတွေ့အကြုံကလည်း ဘာမျှမရှိသေးတော့ Reception Man (Reception Guide)တစ်ယောက်ပေါ့။
ဒါပေမဲ့ ဒီ Hotel လေးက local ရော foreigner ပါ တည်းခိုနိုင်တဲ့ Hotel လေးတစ်ခုပဲဖြစ်ပါတယ်။ထို့ကြောင့် ကျွန်တော်ဟာ တည်းခိုနေသော foreigner များအတွက် အစစအရာရာ အဆင်ပြေစေရန် service ပေးရသောအဖွဲ့၏ အလုပ်သမားတစ်ဦးဖြစ်လာခဲ့ပါသည်။
ထိုအဖွဲ့၏အဓိကလုပ်ဆောင်ရသော အပိုင်းမှာ Hotel ရှိနိုင်ငံခြားသားဧည့်သည်များ အဆင်ပြေအေးချမ်းစွာ တည်းခိုနိုင်ရန်.. မြို့တွင်း sight-seeing များအပြင် လိုအပ်ပါက ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်နှင့် အခြားခရီးစဉ်များအတွက်ပါ ဝန်ဆောင်မှုပေးရပါသည်။#Bus Ticketing service #Air Ticketing service နှင့် အတူ #Money exchanger များပါ ထားရှိဆောင်ရွက်သော အဖွဲ့တစ်ဖွဲ့ဖြစ်ပါသည်။
shwemawdaw-pagoda-bago.jpg
Crd-org-source
ထိုအဖွဲ့ကို ဦးဆောင်သော Guide ဆရာမှာ Tourist Guide ဖြစ်ပြီး English စာ အရမ်းတော်ပါသည်။Hotel သို့ တစ်နေ့တာ ရောက်ရှိလာသော နိုင်ငံခြားသားဧည့်သည်များ၏လိုအပ်မှုများအား လုပ်ကိုင်ဆောင်ရွက်ပေးခြင်း.. ပဲခူးမြို့တွင်း sight-seeing အတွက် ပိုမိုအဆင်ပြေစေရန် မည်သို့မည်ပုံ သွားလာရမည်ကို ရှင်းလင်းရခြင်း.. မည်သည့်စားသောက်ဆိုင်များသည် ကောင်းမွန်ခြင်း..ဈေးနှုန်းမှန်ကန်ခြင်း.. sunset / sunrise အား ဘုရားတွေအပေါ်မှကြည့်ရှုနိုင်သလို Hotel ၏ခေါင်မိုးပေါ်တွင်လည်းကြည့်ရှုနိုင်ရန် စီစဉ်ထားရှိခြင်းများအပြင် တစ်နေ့တာ သွားလာမှုလွယ်ကူစေရန် စက်ဘီး ဆိုင်ကယ် များပါ လိုအပ်သလို စီစဉ်ပေးထားပါကြောင်း service ပိုင်းများအားရှင်းလင်းပြောပြပေးရပါသည်။
ဒါ့အပြင် ပဲခူးသို့လာသော ဧည့်သည်များသည် များသောအားဖြင့် ရွှေမောဓေါဘုရား နှင့် ရွှေသာလျောင်းဘုရားဖူးပြီး တစ်နေ့တာ sight-seeing များလုပ်ဆောင်ခြင်းနှင့်အတူ  အရမ်းနာမည်ကြီးသော (Golden Rock pagoda) ကျိုက်ထီးရိုးဘုရားဖူးရန် ပဲခူးတွင် ရပ်နားတည်းခိုကြခြင်းဖြစ်ပါသည်။
သို့အတွက်ကြောင့် ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ် အတွက်ပါ  ဧည့်သည်များ၏အချိန်ပေါ်မူတည်ပြီး အစီအစဉ်လုပ်ပေးရပါသည်။
ကျိုက်ထီရိုးနေ့ချင်းပြန်သွားချင်သောနိုင်ငံခြားသားများအတွက် (သို့)ညအိပ်သွားချင်သောသူများအတွက် စီစဉ်ပေးရခြင်း..Guide လိုချင်သော ဧည့်သည်များအတွက် Guide ထည့်ပေးခြင်း စသည်ဖြင့် လိုအပ်သလိုဆောင်ရွက်ပေးခြင်းများနှင့်အတူ မိမိမသိတာများအား လေ့လာမှတ်သားရင်း ကြိုးစားဖြတ်သန်းခဲ့ပါသည်။
Shwethalyaung-pagoda.jpg
Crd-org-source
ဒီလိုနဲ့အလုပ်လုပ်ရင်း (၆)လလောက်ကြာတဲ့အခါ ဆရာ့၏နာမည်နဲ့ စပိန်နိုင်ငံမှ နိုင်ငံခြားဖုန်းဝင်လာပါသည်။စပိန်နိုင်ငံမှထိုသူတို့သည် မြန်မာပြည်ကို အလည်အပတ်ရောက်ရှိမည်ဖြစ်ကြောင်း သူတို့ကို ရန်ကုန်လေဆိပ်မှလာကြို၍ သူတို့၏မြန်မာပြည်လည်ပတ်မည့်ခရီးစဉ်အား စီစဉ်၍ Guide လုပ်ပေးနိုင်ရန် ပြောဆိုလာခြင်း ဖြစ်ပါသည်။
ထိုအချိန်တွင် ကျွန်တော်တို့၏ဆရာမှာ Package Tour နိုင်ငံခြားသားများဖြင့် မြန်မာပြည်တစ်ပတ် Guide လုပ်ပေးရန် မနက်ဖြန် Trip စတင်ထွက်ခွာရမည်ဖြစ်ပါသည်။ဖုန်းဆက်ထားသော စပိန်နိုင်ငံမှဧည့်သည်များမှာ မနက်ဖြန် နေ့လည် ရောက်ရှိမည်ဖြစ်ပြီး ထိုဧည့်သည်များအတွက် ဆရာ မအားတော့သဖြင့် သူ၏တပည့် Guide များအား မေးမြန်းရာ  သူတို့သည်လည်း ဧည့်သည်များနှင့်မအားသော အချိန်ဖြစ်နေပါသည်။
ထိုအခါ ဆရာမှ ကျွန်တော့အား မင်းသွားလိုက်ပါ။ထိုဧည့်သည်များအား မင်းတာဝန်ယူပြီး စီစဉ်ဆောင်ရွက်ပါဟု ပြောလေသည်။
သို့သော် ထိုအချိန်တွင် ကျွန်တော့အတွက် ဒီတာဝန်ဟာ ကြီးမားနေပါသည်။ကျွန်တော်၏အတွေ့အကြုံမှာ ပဲခူးမြို့နှင့် ကျိုက်ထီးရိုးဘုရားလောက်သာရှိသေးပြီး မြန်မာပြည်၏အခြားမြို့များအတွက်တော့ အတွေ့အကြုံမရှိသေးသဖြင့် စိုးရိမ်စိတ်ရှိနေခြင်း ဖြစ်ပါသည်။
အခြေအနေအရ ကျွန်တော်သွားရမည့်အခြေအနေဖြစ်နေပါ၍ဆရာက... ဘာမှမပူနဲ့ ငါ့တပည့် နိုင်ငံခြားသားများနဲ့ ပြောဆိုဆက်ဆံတဲ့ အတွေ့အကြုံရှိပြီးသားဖြစ်တဲ့အတွက် အဲဒီအားသာချက်ကို ပေါ်လွင်အောင် အသုံးချပါဟုပြော၍ လိုအပ်တာရှိရင် ဖုန်းဆက်ဟု မှာကြားထားခဲ့လေသည်။
ဒါကြောင့် ကျွန်တော်လည်း လိုအပ်တာများလေ့လာပြီး ငါလုပ်နိုင်ရမည်ဆိုတဲ့ ယုံကြည်ချက်ဖြင့် လက်ခံလိုက်ပါတော့သည်...။
golden-rock-pagoda-myanmar.jpg
Crd-org-source
တစ်ပုဒ်တည်း အပြီးတင်ချင်သော်လည်း စာများနေပါ၍ ဒီနေရာလေးမှာပဲ ခေတ္တရပ်နားလိုက်ပါတယ် သူငယ်ချင်းတို့...။နောက်အပိုင်းလေးကိုလည်း ဆက်အားပေးပါအုံးခင်ဗျာ...
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

ဧည့်လမ်းညွှန်လုပ်ဖူးသူဆိုရင်ခေသူမဟုတ်ပါပဲ

အရင်က လုပ်ခဲ့ဖူးတဲ့အတွေ့အကြုံလေးပါ။အခုတော့ အလှမ်းဝေးတာ ကြာပါပြီ။သိပ်လည်း အထင်မကြီးနဲ့အုံး ပထမဦးဆုံးဆိုတော့ အထက်ဘက်က ဘုရားတွေအတွက် တစ်ပွဲထိုးလုပ်ခဲ့ရတာ။ပုဂံက ကလေးတွေလိုပေါ့ အလွတ်ကျက်ပြီး လုပ်ခဲ့တာ။

ပဲခူး ရွှေသာလျောင်း မြသာလျောင်း ဘုရား ဖူးဦးမှပါလေ

Posted using Partiko Android

ဟုတ်ပါ့အစ်ကိုရေ ကျွန်တော်က ရွှေသာလျောင်းပိုင်းသား ပဲခူး ဇာတိပါ။သီတင်းကျွတ်ပိတ်ရက် ပြန်မှာလေ။ဘုရာလာဖူးပါလား

စိတ်​၀င်​စားစရာမို့ဆက်​လက်​ဖတ်​ဖို့​စောင့်​​နေပါ့မယ်​...ခုလိုအ​တွေ့အကြုံများ​ပြောပြတာ​ကောင်းပါတယ်​....

Posted using Partiko Android

ဟုတ်ကဲ့ပါအစ်မ ဆက်တင်ပေးပါမယ်ခင်ဗျာ။ကျေးဇူးတင်ပါတယ်။

အ‌တွေ့အကြုံ‌ကောင်း‌‌လေး ကို စိတ်‌ဝင်‌စားစွာ ‌စောင့်‌‌မျှော်‌‌နေပါတယ်‌ကိုသန့်‌။ွှေသာ‌လျောင်းပိုင်းကဆို‌တော့ သမိန်‌စန်း‌အောင်‌ကို သိလားကိုသန့်‌။

ကြားဖူးပါတယ်အစ်ကို။မရင်းနှီးပါ။သမိန်စန်းအောင်က ကျွန်တော်တို့ထက် အသက်ကြီးမယ်ထင်တယ်။

အားပေးပြီလေ ဖတ်လို့ကောင်းသဗျို့
နောက်အပိုင်းလေးမျှော်နေမည်

ဟုတ်ကဲ့ပါခင်ဗျာ။ကျေးဇူးတင်ပါတယ်။

စပိန်အဖွဲ့ ကို ဦးဆောင်ပြီး လိုက်ပို့ ပေးရတော့မှာပေါ့နော်အကိုသန့် ရေ
စိတ်ဝင်စားပါတယ် ဆက်ရေးပါဦး

ဟုတ်တယ်ညီရေ။ဆက်တင်ပေးမှာပါ။ကျေးဇူးပါ။

အကူအညီတောင်းရမယ့်လူတစ်ယောက်တော့တွေ့ပြီ ☺

ဟုတ်ကဲ့ပါခင်ဗျာ။အခုတော့ အလုပ်က လျှပ်စစ်အလုပ်ဖြစ်သွားတော့ use to တော့ သိပ်မဖြစ်တော့ပါ။သိသလောက်တော့ အဆင့်သင့်ပါ။တစ်ချို့အရာတွေလည်း မေ့ကုန်ပါပြီ။

အတွေ့ကြုံတွေမျှဝေ ခံစားသိခွင့်ရတော့ ဗဟုသုတ တိုးပါတယ်အကို

ဟုတ်ကဲ့အစ်ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကောင်းပါတယ်​ဗျာ
အမှတ်​တရ​လေး​တွေ ပြန်​ပြန်​​ရေးရတာ

ဟုတ်တယ်နော် အစ်ကို အမှတ်တရလေးတွေရေးရတာ ကောင်းတယ်ဗျာ။

စိတ်ဝင်စားဖို့တော့ကောင်းလာပြီ။

ဟုတ်ကဲ့ ကျေးဇူးပါဆရာ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64961.60
ETH 3103.64
USDT 1.00
SBD 3.86