ဝိုင်းဝန်းထိန်းသိမ်းကြပါစို့...!

in #myanmar6 years ago

အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေခင်ဗျာ...
ဒီအပတ်တော့ ကျွန်တော်တို့၏သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတွေ တဖြည်းဖြည်း ပိုမိုဆိုးရွားလာတာလေး သတိပြုမိပါ၍ မိမိ စိတ်ကူးထဲရှိသလိုလေး ရေးသားခဲ့ချင်ပါတယ်ခင်ဗျာ။
weather-world-917460.jpg
Crd-org-source
ကျွန်တော်တို့ နေထိုင်တဲ့ကမ္ဘာကြီး၏ရာသီဥတုအခြေအနေများဟာ သဘာဝပတ်ဝန်းကျင်၏အနေအထားပေါ်တွင် အများကြီးမူတည်နေပါတယ်။ဒါကြောင့် ကျွန်တော်တို့၏သဘာဝပတ်ဝန်းကျင်ကို ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်နိုင်မှသာ ရာသီဥတုများလည်း ကောင်းမွန်မျှတမှာ ဖြစ်ပါတယ်။
ယခုခေတ်အချိန်အခါကဲ့သို့ နွေရာသီတွင် အရမ်းပူပြင်းလွန်းခြင်း...
မိုးရာသီတွင် ရေကြီးရေလျှံခြင်း မိုးများလွန်းခြင်း လေပြင်းများတိုက်ခတ်ခြင်း...
ဆောင်းရာသီတွင် အအေးလွန်ကဲခြင်း...စသည်များအပြင် မုန်တိုင်းများဖြစ်ပေါ်လေ့ရှိခြင်း မြေငလျင်မကြာခဏလှုပ်ခတ်ခြင်း စသောဆိုးရွားတဲ့ ရာသီဥတုအခြေအနေများနှင့်သဘာဝဘေးအန္တရယ်များ ပိုမိုဖြစ်ပွားလာတာကို တွေ့ကြုံနေကြရတာဖြစ်ပါတယ်။
9780545321471_mres.jpg
Crd-org-source
ဒီလို ပိုမိုဆိုးရွားလာတာကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့နေထိုင်သော သဘာဝပတ်ဝန်းကျင်၏ဂေဟစနစ်တွေ တဖြည်းဖြည်း ယုတ်လျော့ ပျက်စီးနေခြင်းကြောင့်ဖြစ်တယ်ဆိုတာ အသေအချာပြောနိုင်တဲ့ အကြောင်းအရင်းပဲဖြစ်ပါတယ်။
သဘာဝပတ်ဝန်းကျင်လို့ပြောတဲ့နေရာမှာ မြေထု ရေထု လေထု ဆိုတဲ့ အဓိက အရင်းအမြစ်တွေကို စဉ်းစားကြည့်ကြပါစို့...။
သဘာဝပတ်ဝန်းကျင်ရှိ သစ်တောများသည်လည်း စီးပွားရေးအရ ပုံစံအမျိုးမျိုးဖြင့် ခုတ်လှဲရောင်းချခြင်း...
မြစ်ချောင်းအင်းအိုင်များသည်လည်း စီမံကိန်းများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်ကြခြင်း...ထိုမြစ်ချောင်းများသို့ စည်းကမ်းမဲ့ စွန့်ပစ်သော စွန့်ပစ်ပစ္စည်းများကြောင့် ရေထုညစ်ညမ်းခြင်း...
စက်ရုံအလုပ်ရုံများပေါများလာခြင်း နှင့် ကား မော်တော်ယဉ်များပေါများစွာ အသုံးပြုလာခြင်းတို့ကြောင့် ထိုအရာများမှ ထွက်ရှိလာသော ကာဗွန်ဒိုင်အောက်ဆောက်ဓါတ်ငွေ့များ ပိုမိုများပြားနေသဖြင့် လေထုညစ်ညမ်းစေခြင်းများ စသောအကြောင်းအချက်များသည် သဘာဝပတ်ဝန်းကျင်အား ပျက်စီးစေပြီး ရာသီဥတု သမမျှတအောင်ထိန်းချုပ်နိုင်စွမ်းအား လျော့နည်းစေခြင်းဖြစ်ပါသည်။
What+are+natural+resources.jpg
Crd-org-source
ဒီအကြောင်းအရာနဲ့ပတ်သက်လို့ ထင်သာမြင်သာရှိစေတာကတော့ မြစ်ဆုံစီမံကိန်းလိုအရာမျိုးပဲဖြစ်ပါတယ်။
ဒီနေရာမှာ ကျွန်တော့၏အယူအဆလေးကို ပြောခဲ့ချင်ပါသေးတယ်။စီမံကိန်းတစ်ခုရေးဆွဲပြီးတဲ့အခါ ဒီစီမံကိန်းကို အကောင်အထည်ဖော်လုပ်ကိုင်ပြီး ရရှိလာတဲ့ အကျိုးအမြတ် နဲ့ ဒီစီမံကိန်းကြောင့် နောင်တွင် ဖြစ်ပေါ်လာမည့် ဆိုးကျိုးများအတွက်ပါ  ထည့်သွင်းစဉ်းစားပြီး အစစအရာရာ အသေးစိတ်တွက်ချက်ပြီး လုပ်သင့်မသင့် ဆုံးဖြတ်ကြရမှာဖြစ်တယ်လို့ ထင်မိပါတယ်။
ဒီလိုဆုံးဖြတ်တဲ့အခါ သက်ဆိုင်ရာပညာရှင်များနှင့်အဖွဲ့အစည်းများ ဆင့်ကဲဆင့်ကဲ Resarch လုပ်ပြီး ဆွေးနွေးညှိနှိုင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။
Reclaim-the-fact.jpg
Crd-org-source
ဒီလို ဆိုးရွားတဲ့ရာသီဥတုနှင့် သဘာဝဘေးတွေပိုမိုဖြစ်ပွားလာအောင် ကျွန်တော်တို့ လူသားတွေကပဲ အများဆုံးဖန်တီးခဲ့တာဖြစ်တဲ့အတွက် ကျွန်တော်တို့တွေ ကိုယ်တိုင်ကပဲ ပြန်လည်ပြုပြင် ထိန်းသိမ်းကြရမှာဖြစ်ပါတယ်။
ဒီလိုအချိန်မှာ ကျွန်တော်တို့ဘက်မှ သတိမထားဘဲ ဂရုတစိုက် မထိန်းသိမ်းခဲ့ပါက နောင်တစ်ချိန်တွင် မိမိ၏ခြံကွက်တစ်ကွက်တွင် သစ်ပင်ပန်းပင်ဘယ်နှစ်ပင်ရှိရမည်.. အရိပ်ရသောအပင်ဘယ်နှစ်ပင်ရှိရမည်ဟူသော ပြဌာန်းဥပဒေမျိုး (သို့)အလားတူ အခြားသက်ဆိုင်သောဥပဒေများပြဌာန်းသော အခြေအနေအထိ ရောက်ရှိလာနိုင်ပါသည်။
ဒါကြောင့် မိမိတို့ဖန်တီးထားသော သဘာဝပတ်ဝန်းကျင်အား ပိုမိုကောင်းမွန်လာစေရန် မိမိတို့ကိုယ်တိုင် ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း...
သို့မှသာ ရာသီဥတုဆိုးရွားမှု နှင့် သဘာဝဘေးအန္တရယ်များလျော့ပါးလာမှာဖြစ်ပါကြောင်း ကိုယ်ပိုင်အတွေးလေးတစ်ခုအား ရေးသားမျှဝေလိုက်ရပါတော့သည်။
Ecomarketing2.jpg
Crd-org-source
မြန်မာစတီးမစ်မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
@uthantzin
MSC-211

Sort:  

မုတ်သုံအထွက်မှာ ရက်ရက်စက်စက်ရွာ

Posted using Partiko Android

ဟုတ်ပါ့အစ်ကိုရာ။အဲဒီလိုတွေဖြစ်တော့ အတွေးပေါ်သွားတာပေါ့ဗျာ။

စုပေါင်းညီညာထိန်းသိမ်းကြပါစို့
Posted using Partiko Android

Posted using Partiko Android

ဟုတ်တယ်အစ်ကို အနည်းဆုံးတော့ မိမိအိမ်ပတ်ဝန်းကျင်နှင့် မိမိလမ်းပတ်ဝန်းကျင် သန့်ရှင်းရေး နောက်ပြီးစွန့်ပစ်ပစ္စည်းများ စနစ်တကျ စွန့်ပစ်ခြင်းများဖြင့် မိမိတတ်နိုင်သ၍ ဝိုင်းဝန်းထိန်းသိမ်းကြရမှာပါ။

ထိန်းသိမ်းသူနဲ့ဖျက်ဆီးသူမှာ ထိန်းသိမ်းတဲ့ဦးရေကနည်းနေပြီး ဖျက်ဆီးတဲဦးရေကများနေတော့ အလျင်မီဖို့တောင်လွယ်ပါ့မလားမသိပါဘူး ဒါပေမယ့် ကြိုးစားထိန်းသိမ်းလျက်ပါ

ဟုတ်တယ်နော် တော်တော်လေးကို ဂရုစိုက်နိုင်မှ ရမှာ။အပျက်ဘက်က ပိုများနေတဲ့သဘောဆိုတော့ နှစ်ဆတိုးပြီး သတိထား ထိန်းသိမ်းမှ တော်ရုံလောက်ဖြစ်မှာ။

ကမ္ဘာမြေငြိမ်းချမ်းပါစေ လူသားတွေလောဘနည်းပါစေ

ဟုတ်တယ် ဦးထွေးရေ အတ္တကို Balance ပြန်ထိန်းပေးမှ ပိုမိုကောင်းမွန်တဲ့ ကမ္ဘာကြီးဖြစ်လာမှာပါ။

ဟုပ်​တယ်​ဗျာ ရာသီဥတုအတွက်​က​တော့ များများ​ဆော်​သြနိုင်​​လေ
ကောင်း​လေပါ ပိုပိုဆိုးလာပြီ

ရာသီဥတု နှင့် သဘာဝဘေးတွေက တစ်နှစ်ထက်တစ်နှစ် ပိုများလာတာ သိသာပါတယ်ဗျာ။

လူသား‌တွေဝိုင်းဝန်း ဂရုစိုက်‌သင့်‌ပါပြီ။

ဟုတ်တယ်အစ်ကို သူ့အဆင့်နဲ့သူ တတ်နိုင်သ၍ပေါ့။

သဘာဝဘေးတွေက တစ်နှစ်နဲ့တစ်နှစ် ပိုပိုဆိုးလာပါတယ်

Posted using Partiko Android

ဟုတ်တယ်အစ်မ အဲဒါကြောင့် ရေးဖြစ်သွားတာပါ။

သဘာဝ ပတ်​ဝန်းကျင်​ပျက်​စီး​လေ သဘာဝ​ဘေး ပိုခံရ​လေ😢

သိပ်မှန်တာပေါ့အစ်ကို။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 65012.58
ETH 3101.28
USDT 1.00
SBD 3.86