" အပြု သဘော နှင့် Myanmar Idol "
in #myanmar6 years ago (edited)
အခုတစ်လော Facebookမှာ အဆိုပြိုင်ပွဲနဲ့ ပက်သက်ပြီး ဝေဖန်ပြောဆို ဂယက်ရိုက် နေ ကြတာမျိုး တွေ့ မြင်မိပါတယ် Facebook online မှာတော့ အဆိုပြိုင်ပွဲမှ မဟုတ်ပါဘူး ကိစ္စတစ်ခု အကြောင်းအရာတစ်ခုဆို ဒီလိုပဲဝေဖန်တိုက်ခိုက်ပြောဆို နေကြတာချည်းပါပဲ အပြုသဘောတိုက်ခိုက်တာလည်းရှိမယ် အပြက်သဘောဆောင်တာမျိုးလည်း ရှိမယ် လူအမျိုးမျိုး စိတ်အထွေထွေပေါ့ဗျာ ဒါတွေခဏထားပါဦး ကျွန်တော်ပြောချင်တာက တော့ အခုခေတ်စားနေတဲ့ Myanmar idol ပါ ကြည့်နေကြတဲ့သူတွေလည်း သိကြမှာပါပြိုင်ပွဲဝင်တွေကိုဒိုင်တွေရဲ့  ပြောဆိုတုန့် ပြန်တာတွေက တစ်ဖက်သက်ဆန်နေသလို ဖြစ်နေ ပါတယ် အဆိုပြိုင်ပွဲနဲ့ တောင်မတုတော့ပါဘူး ကျွန်တော်တို့ တွေက ပရိတ်သတ်တွေပါ အခု Media ပေါင်းစုံ Channel ပေါင်းစုံကနေ ရှာဖွေလေ့လာလို့ ရနေတဲ့ခေတ်မှာ မျက်စိပွင့် နားပွင့်ဖြစ်နေကြပါပြီ ကျွန်တော်ဆိုလိုချင်တာ စာဖတ်သူတို့ နည်းနည်းရှုပ် နေပါလိမ့်မယ် ကျွန်တော်ပွင့်ပွင့်လင်းလင်းရေးသားပြောဆိုပါရစေ
image
Crd-org-source
Myanmar idolမှာ အခုဆို Final winner ပြိုင်ဖို့ နှစ်ဦးသာကျန်ပါတော့တယ် (နာမည်တွေတော့ ထည့်သွင်းရေးသား မဖော်ပြတော့ပါ) winner ရဖို့ အတွက် ပရိတ် သတ် ကတော့ သူ့ အမာခံပရိတ်သတ်နဲ့ သူပါ ပြိုင်ပွဲဝင်နှစ် ယောက်လုံး အရည်အချင်းရှိ လို့ သာ ဒီအဆင့်ထိရောက်လာကြတာပါ ဒါဟာ သမရိုးကျ ပြိုင်ပွဲအတွေးမျိုး တွေးကြည့် တာပါ ဒါပေမယ့် အခုဖြစ်နေတာက ပြိုင်ပွဲရဲ့ သမရိုးကျ အတွေးမျိုးမဟုတ်တော့ပါဘူး Myanmar Idol ကြည့်နေတဲ့သူတွေက ပိုပြီးသိကြပါလိမ့်မယ် (မကြည့်ဖြစ်တဲ့ သူများ လည်း ကြည့်ကြည့်ပါ) ပြိုင်ပွဲဟာ ရင်ခုန်စရာကောင်းပြီး တစ်ကယ်အံသြစေမယ့်ပွဲပါ ဆိုလိုချင်တာကတော့ ပြိုင်ပွဲရဲ့ ဖြစ်နေကျ စည်းမျဉ်းစည်းကမ်းထက် ကျော်လွန်ပြီး စိတ်ပျက်ရင်ခုန်စေတဲ့ ပြိုင်ပွဲလို ဖြစ်နေတာကို ဆိုလိုချင်တာပါ ပြိုင်ပွဲဝင်တွေကို အားနာမှု ခွင့်လွှတ်မှုစေတနာထားမှုဆိုတာထက် မျက်နှာလိုက်မှုတွေပါ တွေ့ နေရပါတယ် သာမာန်မျက်နှာလိုက်မှုမျိုးကတော့ထားပါ နားလည်နိုင်တယ်
image
Crd-org-source
image
Crd-org-source
အခု Myanmar Idol က ကျွန်တော်အပေါ်မှာ ရေးထားသလို ရင်ခုန်စိတ်ပျက်စေတဲ့ ပွဲလို ဖြစ်နေပါပြီ ပွဲပြီးခါနီးလေ ကြည့်ရတာ အားမလိုအားရ ဖြစ်လေပါပဲ ဒါ ကျွန်တော့် အမြင် သက်သက်ပါပဲ ကျွန်တော်လည်း ပြိုင်ပွဲဝင်နှစ်ယောက်လုံး နှစ်သက်ပါတယ် ပြိုင်ပွဲ Program ရဲ့  Image ကိုလည်း ထိခိုက်စေလိုတဲ့ စိတ်မရှိရိုးအမှန်ပါ ဒါပေမယ့် ပွဲပြီး ခါနီးလေ ပြိုင်ပွဲစည်းကမ်းက ပျောက်လာပြီး မမျှမတ တစ်ဘက် စောင်းနင်း အလေး ထားတဲ့ Personal Payment တွေလို ဖြစ်လာတော့ မခံနိုင်လို့ ရေးမိရတာပါ အနုပညာ ကို ချစ်တဲ့သူ သီချင်းကို ချစ်တတ်သူ တစ်ယောက်ရဲ့ ခံစားချက်နဲ့  ကျွန်တော် အပြု သဘော ကောင်းစေ မျှတစေချင်တဲ့စိတ်နဲ့ ရေးသားလိုက်ရပါတယ်
လာမယ့် စနေနေ့ ည၇း၀၀မှာFinal Winner LIVE ကြည့်ရင်း ရင်ခုန်ကြတာပေါ့ဗျာ
(စိတ်မပျက်ကြေး)
Author winko ( Maun Mou Nja)
MSCး 234
Sort:  
ညီ့အ‌ရေးအသားက လူကြီးဆန်‌တယ်‌ ။ဆိုလိုတာက ပညာတတ်‌တစ်‌‌ယောက်‌ရဲ့ ‌ကောက်‌ချက်‌ချနည်းမျိုး‌ရေးသွားတာ သိပ်‌‌ကောင်းတယ်‌။
ကိုမဟော်လို လူမျိုးက ချီးကျူးတော့ ကျွန်တော်ပျော်တယ်ဗျာ အတိုင်းထက်အလွန်ပါပဲ
Idol ကြည့်​ပြီးစိတ်​ပျက်​ရတယ်​ ဒါ​ပေမယ့်​လည်းအား​ပေးမြဲပါပဲ
ဟုတ်တယ်ဗျ ကျွန်တော်လည်း ညီမပြောသလို ကြည့်သာကြည့်ရတာ မမျှတတော့လေ သိသာလွန်းပါတယ်
ဒါမယ့် Music ချစ်တတ်တဲ့သူဆိုတော့ အားပေးနေမြဲပါ
ဖေ့ဖုပ်​ ဆိုတာက​တော့ ဗရမ်းဗတာ ပါဗျာ ဟုပ်​တာ​ရော မဟုပ်​တာ​ရော ကို​ယ့်​ ဟာကို ချင့်​ ချိန်​ယုံရတာပါ့
ဟုတ်တော့ဟုတ်ပါတယ် ဒါမယ့် Myanmar idol ကျ တစ်ဖက်သတ် ဖြစ်နေလို့ ပါအကိုကြီးယု
Myanmar Idolအတွက်​လိုင်း​​ပေါ်မှာလည်းမန့်​​တွေမြင်​မ​ကောင်းဘူး...အဆိုပြိုင်​ပွဲဆို​တော့vote​ပေးတာစနစ်​ကျရင်​​ကောင်းမယ်​....ခုကပုဂ္ဂိုလ်​​ရေးအရ၊နီးစပ်​ရာ​တွေဖြစ်​လာကြ​တော့အဆိုအရည်​အချင်းက​နောက်​​ရောက်​ကုန်​တယ်​...စ​နေ​နေ့ကို​တော့​စောင့်​​မျော်​ကြည့်​ရဦးမယ်​...
ဟုတ်တယ်အမရေ အမှန်ဆို တရားမျှတမှုရှိရမှာပါ တစ်ဖက်မိန်းလေးမို့ ကိုယ်ချင်းမစာတာမဟုတ်ပါဘူး
ဒါမယ့် အမပြောသလို အရည်းအချင်းက နောက်ရောက်ကုန်တယ်
အဲ ဒီလိုလည်း ကောင်းပါ၏
ဟုတ်ကဲ့ခင်ဗျ အဲ့ဒီလိုလည်းကောင်းပါ၏ ဆိုတာ မျှတစေချင်တာကိုပြောတာလို့ ယူဆလိုက်ပါ့
မယ် မအားတဲ့ကြားက လာမန့် ပေးတာ ကျေးဇူးတင်ပါတယ်ခင်ဗျာ
အားဖြည့်ပေးခဲ့ပါတယ်
ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျ အကိုကြိးစိုးရေ
ဒါမျိုးတွေက ရှိနေအုံးမှာပါ။ကိစ္စရပ်တစ်ခုအပေါ် အားသာချက် အားနည်းချက် တွေကို ကြည့်ပြီး အတတ်နိုင်ဆုံး အမှားအနည်းဆုံးဖြစ်အောင် ကြိုးစားပြင်ဆင်ဖို့အသိတွေပဲ လိုအပ်နေကြမှာပါ။အစ်ကိုရေးထားတာလေးဟာ အားလုံးအတွက် ပိုကောင်းစေချင်တဲ့ စေတနာနဲ့ ရေးပေးထားတာဖြစ်တဲ့အတွက် ကောင်းလှပါတယ်။
ကိုယ်တွေက လူလည်းခံစားတတ်တယ် သီချင်းတွေလည်းခံစားတတ်တယ် ဒါပေမယ့် ပြိုင်ပွဲဆိုတော့
လူကိုခံစားလို့ မရတောဘူးလေ သီချင်းပေါ့ ဒါမယ့် ဒိုင်တစ်ချို့ က လူခံစားနေလို့ ဗျာ ပရိတ်သတ်တစ်ချို့ လည်း ဘာထူးလဲ အဲဒါကြောင့်ရေးဖြစ်သွားတာ ကျေးဇူးပါအကိုသန့် 
စောင့်​​နေလျှက်​ပါဗျာ ☺ ☺ ✌
ဟုတ်အကို ဒါမယ့် ပြိုင်ဘက်က အခုဆေးရုံတက်နေတယ်ကြားတယ် လာပြိုင်နိုင်မလားတော့မသိဘူး
Coin Marketplace
STEEM 0.26
TRX 0.11
JST 0.033
BTC 63869.25
ETH 3055.04
USDT 1.00
SBD 3.88