in #myanmar6 years ago (edited)
" မောင် ကံ " ဟုဆိုလျှင် …ရွှေတိဂုံဘုရားနှင့် ပက်သက်ပြီး ကျောက်ရုပ်ဖြစ်သွားသောသူအကြောင်းကို…ပြေးမြင်မိမှာအမှန်ပါပဲ…
ဟုတ်ပါတယ်…မောင်ကံဟာရိုးသားကြိုစားပြီး…ခွန်အားထက်မြတ်သူ
ဖြစ်ခဲ့ပါသော်လည်း…ရတနာသုံးပါးကို …ထိမ်းသိမ်းကာကွယ်စောက်ရှောက်ရမယ့်အစား…
အချစ်အတွက်နဲ့  ကိုယ့်ဘာသာကိုစော်ကားမိလို့  …ကျောက်ရုပ်ဖြစ်သွားရတဲ့…
သနားစရာ…ဖြစ်ရပ်မှန်လူသားတစ်ယောက်ပါ…မောင်ကံအကြောင်း
အနည်းငယ်ဖော်ပြရေးသားလိုပါတယ်…
ပုံပြင်ဆိုပေမယ့်လည်းတစ်ကယ်ဖြစ်ခဲ့တဲ့…ဇာတ်လမ်းပါပဲ…
မောင်ကံကြောင့် မြို့ ရွာတွေ ပေါ်ပေါက်လာရခြင်းကို…ဖော်ပြလိုသောဆန္ဒတို့ ဖြင့်လည်း…ဗဟုသုတအဖြစ်ရေးသားတင်ပြရခြင်းဖြစ်ပါတယ်…
လိုအပ်ချက်များကိုလည်း…ဖြည့်စွက်အကြုံပြုပေးပြီး…
နားလည်ခွင့်လွှတ်စေချင်ပါတယ်
image
ဟိုး လွန်ခဲ့တဲ့ နှစ်တွေတုန်းကပေါ့…မောင်ကံဟာ…ဒဂုံ( ယခု ရန်ကုန်)မြို့ မှာ…
ပန်းရောင်းပြီးအသက်မွေးဝမ်းကျောင်းပြုတဲ့သူတစ်ဦးပါ…
(တစ်ချို့ စာအုပ်တွေမှာလည်းလယ်သမားလို့ ရေးသားထားပါတယ်…
သူ ရဲ့ အတိတ်ပါရမီထူးတွေကြောင့်လည်း…သာမာန်လူသားထက်ပိုပြီးသန်မာပါတယ်…)
မောင်ကံ,ပန်းရောင်းတဲ့နေရာကတော့…ရွှေတိဂုံဘုရားမှာဖြစ်ပြီးတော့…
ဘုရားပေါ်ကလှူ ပြီး စွန့် ပစ်လိုက်တဲ့ပန်းတွေဟာ…
ပုဇွန်တောင်ချောင်းကနေ…မျောပါပြီး တောင်လို ပုံနေတတ်တာကြောင့်…
ပန်းစွန့် တောင်လို့ ခေါ်ရာကနေ အခု ပုဇွန်တောင် ဆိုတဲ့…
မြို့ လေးဖြစ်လာပါတယ်…မောင်ကံစွန့် တဲ့ပန်းတွေလား…မောင်ကံ.ပန်းတွေကို
စွန့် ပေးတာလားတော့ အတိအကျမသိရပါ…
မောင်ကံကြောင့်…မြို့ အရပ်ပေါ်ပေါက်ခဲ့တယ်လို့ မြင်ပါတယ်…
ဒီလိုနဲ့ တစ်ရက်မှာတော့…ရသေ့တစ်ပါး( ဇော်ဂျီလို့ လည်း ပြောကြပါတယ်)က…
သူ့ ရဲ့ ကျင့်စဉ်တစ်ဆင့်တက်အောင်မြင်ဖို့ အတွက်…အနီးနားတစ်ဝိုက်…
ဈာန်အာရုံတို့ နဲ့ …ရှာကြည့်လိုက်တော့…ပန်းရောင်းနေတဲ့မောင်ကံကိုတွေ့ တယ်…
အကူအညီတောင်းကြည့်တော့…ရတယ်…
ရသေ့ကြီးလည်းဝမ်းသာသွားတယ်…ဒါပေမယ့်…မောင်ကံအစွမ်းအစကို…
မြင်ဖူးချင်တာနဲ့ …ဘေးအနီးနားကြည့်လိုက်တော့…ရေကန်ကြီးတစ်ခုတွေ့ တယ်…
ငါခုန်သလို မင်းခုန်ကျော်နိုင်လားဆိုပြီးစမ်းသပ်လိုက်တယ်…
မောင်ကံလည်းခုန်ကျော်တာပေါ့…ခုန်ကျော်လို့ ရောက်ခါနီး မရောက်နိုင်အောင်
ရသေ့ကြီးက …တန်ဖိုးနဲ့ လုပ်တယ်…ထပ်ခုန်သော်လည်း ကန်နားရောက်ခါနီးဘောင်ပေါ်ကျလို့ …
ကန်ဘောင်တွေသာပဲ့ထွက်ကုန်တယ်…
အဲ့အရပ်ဒေသကို "ကန်ပဲ့ " ကနေ …ကံဘဲ့ လို့ …အခုထက်ထိ…ခေါ်နေတုန်းပါပဲ…
ကံဘဲ့ရွာ လို့ ထင်ပါတယ်..…(တစ်ချို့ ကလည်း…မောင်ကံကြောင့် ပဲ့ကျတာမို့ …
ကံပဲ့ …ကံဘဲ့ လို့ ပြောင်းလဲသည်ဟုဆို )…မောင်ကံကြောင့် မြို့ ရွာ တစ်ခု ပေါ်ပေါက်လာတယ်လို့ …
ဆိုနိုင်ပါတယ်…ရသေ့ကြီးလည်း…မောင်ကံကို…ယုံကြည်အားကိုးပြီး…
ထွက်ရပ်ပေါက်လမ်းစဉ်ကို…မနားမနေကျင့်ကြံအားထုတ်လိုက်တာ…
အောင်မြင်ပြီး…အလိုဆန္ဒပြည့်ဝခဲ့ပါတယ်…(မောင်ကံ…ရင်ဆိုင်ဖြတ်သန်းခဲ့သည့်…
အန္တရာယ်များအား.…စာ,ပိုရှည်နိုင်မည်စိုးသဖြင့်မဖော်ပြတော့ပါ…)
ရသေ့ကြီးလည်း…မောင်ကံကို…အရမ်းကျေးဇူးတင်ပြီး…
"မင်းလိုချင်တာတစ်ခု …ငါပေးမယ် "ဆိုပြီး…
မောင်ကံ,တောင်းဆိုတဲ့…လှံရှည်ကို…ချီးမြှင့်ပေးအပ်လိုက်တယ်…
( မောင်ကံဟာ သူ့ မိခင်ကို အလွန်ချစ်မြတ်နိုးတတ်သူဖြစ်သောကြောင့်လည်း…
ပန်းရောင်းပြီး သူ့ နေအိမ်သို့ မြန်မြန်ရောက်စေရန်…လှံစီးပြီးပျံသန်းနိုင်ရင်ကောင်းမည်ဟု
ရသေ့အားတောင်းဆိုသောကြောင့်ဖြစ်ပါသည်)
ရသေ့ဟာ…ဒီလှံ ကြောင့် မောင်ကံ…
ဘေးဥပါဒ်တစ်ခုတော့…ကြုံ ရမယ်ဆိုတာ…စိတ်ထဲသိရှိလိုက်ပေမယ့်…
သူ့ ကတိကို မဖျက်ချင်တာကြောင့် …ဖန်ဆင်းပေးလိုက်တယ်
image
အရမ်းတန်ခိုးကြီးပြီး…မြေလျှိုး မိုးပျံနိုင်လောက်အောင် စေခိုင်းအသုံးပြုလို့ ရတဲ့…
လှံရှည်တစ်ခုကို…မောင်ကံပိုင်ဆိုင်လိုက်ရတယ်…လှံရှည်လည်းရရော…
မောင်ကံဟာ…လှံရဲ့ တန်ခိုးအာနိသင်တွေကိုစမ်းသပ်ရင်း…ပျံသန်းလိုက်တာ…
တရုတ်ပြည်ထိတောင်ရောက်တယ်လေ…အဲ့ဒီ့မှာပဲတရုတ်ဘုရင်ကြီး
(ဥတည်မင်း) ဦးတည်ဘွားရဲ့ သမီးတော် …ဥယျာဉ်ထဲမှာဆော့ကစားနေတာကို…
မတော်တဆကောင်းကင်ပေါ်က…တွေ့ မိရာကနေ ချစ်ကြိုက်သွားတယ်…
(မောင်ကံလှံကို စ,အသုံးပြုစဉ် …မြေအောက်မှမိုးပေါ်သို့ ပြန်တက်ရာမှာ…
သူ့ အိမ်အနီးနားရောက်ပြီထင်ပြီးကြည့်လိုက်ရာမှ တရုတ်ပြည်ရောက်နေပြီး
မင်းသမီးနှင့် ဥယျာဉ်မှာတွေ့ သည်ဟုလည်းရေးသားမှုလည်းမျိုးရှိပါသည်)
အဲ့ဒီ့လိုနဲ့ …မင်းသမီးနှင့်တွေဆုံမှု များလာရာက…ချစ်သူရည်းစားတွေ ဖြစ်ကြပြီး
(မင်းသမီး…ကိုယ်ဝန်ရခဲ့)မကြာခင်မှာပဲ …ဦးတည်ဘွားကသိသွားတယ်…
သူ့ သမီးကို …တန်ဖိုးရှင်လိုလို…ဝိဇ္ဇာလိုလိုလူမျိုးနဲ့ သဘောမတူခဲ့ဘူး
ဒါပေမယ့် သူ့ သမီးတော် ကိုယ်ဝန်ရနေတဲ့အကြောင်းပါပြောပြတော့မှ…
မာန်လျော့ပြီးသူ့ သမီးကို လိုချင်ရင်…
" မင်းတို့ ဒဂုံ( ရန်ကုန် )က…ရွှေတိဂုံဘုရားမှာဋ္ဌာပနာတည်ထားတဲ့ … မြတ်စွာဘုရားဆံတော်အစစ်ကို…
ရယူကိုးကွယ်ချင်တယ်…ဆံတော်တွေသာ …
ယူဆောင်လာနိုင်ရင် သမီးတော်ရော…ငါ့ရဲ့ အိမ်ရှေ့ ရာထူးပါ ပေးမယ်."ဟု
ဦးတည်ဘွားက မောင်ကံကို …ပြောလိုက်ပါတယ်…
မောင်ကံလည်း…ချစ်သူရည်းစားနဲ့ မဝေးနိုင်လို့ …သဘောတူ လိုက်တယ်…
မောင်ကံကြောင့် ပေါ်ပေါက်ဖြစ်တည်လာဦးမယ့်မြို့ များကို …
ဆက်လက်စောင့်မျှော်အားပေးပါဦး…
photo creditsး Facebook
MSCး 234
Author >>> winko
Sort:  
ငင့်​ အဆက်​ပျက်​သွားပြန်​ပြီ။ လုပ်​ပါကွီးရဲ့ တစ်​ဆက်​တည်း 😁😁😁
ဟုတ် next pro ပေါ့လို့ 
ဖတ်လို့ ကောင်းပါတယ် မောင်ကံအကြောင်း
ဟုတ်အမ သက်လျာရေ ကျေးဇူးပါဗျာ
ဗဟုသုတရပါ့တယ်ဗျာ မောင်ကံအကြောင်းကို အနည်းကျည်းပဲသိတာ ခုလိုဖတ်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်။အဆက်မျှော်pဗျို့
ဟုတ်ကဲ့ bro ကျေးဇူးပါဗျာ
bro ပြန်စရေးနေပြီလား ပျောက်နေလို့ မေးကြည့်တာပါ
ဥတည်ဘွား လား ဦးတည်ဘွား လား
တန်ခိုး လား တန်ဖိုး လား
ဟုတ်ပါတယ်
အမှန်တော့ ဥတည်မင်း က ဥတည်ဘွားဖြစ်ရမှာ
ဒါပေမယ့် ဦးတည်ဘွားပဲရေးထားတာ
တွေ့ ရဖတ်ရတယ်အကို
လှံ ကတန်ဖိုးရှိပါတယ်
ဒါပေမယ့်လှံရဲ့ တန်ခိုး အာနိသင် ကို
စမ်းသပ်တဲ့သဘောပါအကို
ကျေးဇူးပါ
အကိုကြီးပြုံး
စိတ်​၀င်​စားဖို့​ကောင်းတယ်​....ဆက်​ဖတ်​ပါ့မယ်​....ဘယ်​လို​တွေဖြစ်​မယ်​ဆိုတာ
ဟုတ်ကဲ့အမရေ
ထပ့်ပြီးတင်ပြပါ့မယ်နော်
ပါးစပ်ရာဇဝင်ဖြစ်ဖို့များပါတယ်ခင်ဗျာ
သမိုင်းထဲမှာတော့မတွေ့မိပါဘူး😆😆
သူကြောင့်မြို့နာမည်တွေပေါ်ခဲ့တာဆိုတာတော့ မဖြစ်နိင်ပါဘူးဒါက ကျွန်တော့်အမြင်ကို အပြုသဘောလေးပြောပြတာပါ
ဇတ်လမ်းလေးကတော့သင်ခန်းစာယူစရာ ကောင်းပါတယ်ဗျာ😊😊
ဟုတ်ပါတယ်ဗျ အတိအကျတော့ သတ်မျတ်လို့ မရပါဘူးအကို
သမိုင်းထဲက ဖြစ်ရပ်တွေက အထောက်အထားရှိတောင်
ယုံလို့ ရသလို မယုံချင်လည်းရတဲ့သဘောတွေပါ
ကျေးဇူးပါကိုလွှမ်းရေ
မောင်ကံအကြောင်းလည်းသိချင်တယ်
winkoအကြောင်းတော့မသ်ချင်ဘူး
ဆရာကတော့ နောက်တယ်ဗျာ ဟဲဟဲ
နောက်ထပ်ပေါ်ပေါက်လာမည့် မြို့တွေနဲ့ မောင်ကံရဲ့ လုပ်ဆောင်မှုတွေကို သိချင်လှပါပြီဗျ
ဟုတ်ကဲ့အကို အဲ့အတွက် အခု Dataတွေစုနေတာ
ထပ်တင်ပြပေးပါမှာပါဗျ
မမ မသိသေးတော့ စိတ်ဝင်စားတယ် ဆက်ဖတ်မယ်ကွယ်😁
မမ သိအောင် ထပ်ရေးမယ်
Crd org source လည်း နောက်Proတွေ စလုပ်ပါတော့မယ် မမနော်
စိတ်​ဝင်​စားစရာ​ကောင်းတယ်​ဗျ ဆက်​အား​ပေးပါအုံးမယ်
ဟုတ် bro အားပေးတော့
ပျော်ပြီပေါ့ဗျာ
Coin Marketplace
STEEM 0.26
TRX 0.11
JST 0.033
BTC 63966.64
ETH 3055.32
USDT 1.00
SBD 3.87