" Isolationist "

in #myanmar6 years ago (edited)

အထီးကျန် နေတဲ့သူတွေရှိလားခင်ဗျ (အလိုက်ကန်းဆိုးမသိ
ပေါကြောင်ကြောင်နှင့် ကျွန်ုပ် ဓာတ်ရှင်မင်းသားအသံဖြင့် မေးလိုက်သည်)
လူတိုင်းအထီးကျန်တတ်ပါတယ် ငယ်စဉ်တုန်းကပဲဖြစ်ဖြစ် မရင့်ကျက်သေးတာပဲဖြစ်ဖြစ်
အထီးကျန်တတ်တဲ့အချိန်တွေ ဖြစ်ပေါ်လေ့ရှိပါတယ် တစ်ချို့ အသက်အရွယ် ရလာတော့လည်း
ဆင်ခြင်တွေးတောတတ်လာတော့ အထီးကျန်ခြင်းဆိုတာ နည်းပါးကြတာပေါ့ လူကြီးပိုင်းတွေ
မှာလည်း အနည်းနဲ့ အများ ရှိတတ်ကြမှာပါ ဒါပေမယ့်လူငယ် လူလတ်ပိုင်းကတော့ ပိုခံစား
ပိုဖြတ်သန်းရမှာပေါ့ အမှန်တော့ အထီးကျန်ခြင်းက အမျိုးမျိုးရှိတယ်ဗျ အသည်းကွဲလို့  ချစ်သူပစ်သွားလို့ မှ မဟုတ်ဘူး အိမ်နဲ့ ဝေးနေတဲ့အခါ မိဘ ညီအကိုမောင်နှမတွေနဲ့ မဆုံဖြစ်တဲ့အခါ
မိတ်ဆွေအပေါင်းအသင်း အရမ်းနည်းလွန်းတဲ့အခါ စသဖြင့်ပေါ့ အများကြီးရှိပါတယ်

image

အထီးကျန်ရတဲ့ အကြောင်းတရားတွေကတော့ ရှု့ ထောင့်မျိုးစုံကနေ တွေ့ ရှိ ရှာဖွေနိုင်ပါတယ်
ကိုယ်ကိုယ်တိုင်လည်း အထီးကျန်တတ်တာမျိုး ကြုံခဲ့ဖူးပါတယ် တစ်ခါတစ်လေ
ကိုယ့်ဘာသာကိုယ် အထီးကျန်မှန်းမသိဘူး ပြီးမှ
" သြော် ဒါ… အထီးကျန်တယ်ဆိုတာ ဒါမျိုးကိုပြောတာလား "ပေါ့ အဲ့လိုဖြေသိမ်နိုင်ခဲ့ရတယ်
တစ်ဖြည်းဖြည်း အချိန်တွေ အရွယ်တွေ ပြောင်းလဲလာတော့လည်း အထီးကျန်တာကို
ကိုယ့်စိတ်က သိပ်လက်မခံချင်လာတော့ဘူး ဒါ အချိန် အသက်တွေက ကိုယ့်ကိုဆုံးဖြတ်ပေးလိမ့်မယ် အဲ့ဒီတော့ စဉ်းစားရပြီလေ အချိန်အကြာကြီးကိုယ့်ကို တွယ်ကပ်မနေအောင်
ဖြေရှင်းကိုယ်တွယ်ရတာပေါ့ ဖြေရှင်းနည်းတွေကတော့ ကိုယ်အဆင်ပြေရာ ကိုယ်နှစ်သက်ရာအတိုင်း ဖြေရှင်းကြတော့ လူတစ်ယောက်နဲ့ တစ်ယောက်က ဖြေရှင်းပုံနည်းလမ်းတူချင်မှတူလိမ့်မယ်

image

ကျွန်တော်ကတော့ အထီးကျန်ရင် ဂစ်တာတီးတယ်သိပ်အကျွမ်းကြီးတော့ မဟုတ်ဘူး
Note မဖတ်တတ်ပါဘူး Rhythm လောက်ပါပဲ ကြိုပြောတာပါ ပွဲလာငှားမိမှာစိုးလို့ ပါ( ☺☺☺)ကျွန်တော့် Facebook Wall မှာ တစ်ခါတစ်ရံတော့ Song Postတင်ပါတယ် အထီးကျန်လို့  တင်တာတော့မဟုတ်ပါ ဒါပေမယ့် တစ်ခါတစ်လေတော့လည်း ဟုတ်လည်းဟုတ်ပါတယ်
{စကားချပ် ။ ။ကိုယ်ကြိုက်တဲ့အဆိုတော် သီချင်းလေးတွေ ဆိုချင်လို့ ပါ ကိုယ်နိုင်တဲ့ Key လေးတွေနဲ့  ဆိုချင်လို့ ပါ တစ်ချို့ Master Key တွေက ကိုယ်မနိုင်ဘူး ကိုယ်နဲ့ မလိုက်ဖက်ဘူး တစ်ကယ့်ပါဝါကောင်းတဲ့ အဆိုတော်တွေဆိုထားတဲ့ဟာကျ ကိုယ်က ဆိုလို့ တော့ ရချင်ရမယ် နားထောင်တာချင်းတော့အရသာမတူဘူးလေ ကိုယ်မသိတောင် ဘေးလူက ပိုသိနိုင်တယ်…) ဟုတ်ကဲ့ အထီးကျန်တာပဲ ဆက်ပြောပါမယ် ဆက်ပြောရရင် ကျွန်တော်က အပေါ်မှာရေးသားဖော်ပြထားသလိုပါပဲ စိတ်ပြေလက်ပျောက်တော့
ဂစ်တာတီးတယ် သီချင်းသစ်လေးတွေ ကိုယ်နှစ်သက်ရင် အသစ်ထွက်လာတာမျိုးတွေ
တွေ့ မိရင် ဂစ်တာတီးတယ် အထီးကျန်လို့ တီးမိတာမျိုးတွေလည်း ဖြစ်သွားမိမှာပေါ့

image

ဘယ်လိုပဲဖြစ်ဖြစ် အထီးကျန်ခြင်းကို ဖြေဖျောက်တဲ့နည်းလမ်းတွေထဲတော့
အများကြီးရှိကြပါတယ် တစ်ချို့ ကြတော့လည်း စာအုပ်ဝါသနာပါတော့ စာအုပ်ဖတ်ပစ်ကြတယ်
စာဖတ်တော့ အထီးကျန်မှာ စိတ်တောင်မပူရဘူး တစ်ချို့ ကလည်း အထီးကျန်တော့ အစားအသောက်စားပစ်လိုက်တာ မျိုးတောင်ကြားဖူးတယ် (ဟုတ်လားမသိ ကြားဖူးတာပါ) တစ်ချို့ ဆို ဘာသာစကားတစ်ခုခု သင်နေလိုက်တယ် ဒါမှမဟုတ် စိတ်ရှုပ်လို့ အိပ်ပစ်လိုက်တာမျိုးလည်းရှိမယ် Movies တွေ ပဲ ကြည့်ပြီးဖြေဖျောက်တာမျိုးလည်း ရှိတယ် တစ်ချို့ ဆို အဆင်မပြေတဲ့ မလိုက်ဖက်တဲ့အဝတ်အစားတွေဝတ်ပြီး စိတ်ပြေလက်ပျောက်နေကြတယ် ဘုရားတရားနဲ့  နေတဲ့သူကတော့အထီးကျန်တယ်လို့ မရှိနိုင်ပါဘူး ဘာပဲဖြစ်ဖြစ် ဗဟုသုတ အနေနဲ့ ရေးသားတင်ဆက်တာပါခင်ဗျ အားလုံးအထီးမကျန်ကြပါနဲ့ နော် အထီးကျန်မယ်လည်း မထင်ပါဘူး Facebook ဖွင့်ရင်းကြည့်ရင်း အထီးကျန်တာတောင် မေ့နေကြမှာ အကယ်၍များ အထီးကျန်ခဲ့ရင်လည်း
ဝါသနာပါတာပဲ ဖြစ်ဖြစ် မပါတာပဲဖြစ်ဖြစ် တစ်ခုခုနဲ့ ကုစားလိုက်ပါဗျို့ ……………

All photos by Me.

MSCး 234

Author >>> winko

Sort:  

အထီးကျန်ရင် အနားယူတာနဲ့အစားထိုးမယ်😀😀

အချစ်သစ်ရှာလိုက်ပါလား😀

ကို့ညီကIdol ဝင်‌ပြိုင်‌ရမှာ။တက်‌တူးကိုကြိုက်‌တယ်‌ကွာ။

ကျေးဇူးပါ အကိုကြီးမဟော်ရေ Idol ဆို ငှက်ပျော်သီးကို ပြေးမြင်မိတယ်

idol ဝင်ပြိုင် မင်းကအတွေ့အကြုံရှိပြီးသားပဲ

ငှက်ပျောသီး ကြောက်လို့ ပါအကို

မှန်​တယ်​ဗျ
ပြင်းချင်း ​ပျော်​ခြင်း အထီးကျန်​ခြင်းဆိုတာ မိမိဘာသာမိမိ လုပ်​ကြတာပါ အားလုံးကို​ပြေ​ပြောက်​သွား​အောက်​မိမိဘာသာပြန်​လုပ်​ယူလို့ရပါတယ်

ဟုတ်ပါတယ် အထီးကျန်တာကို အများကြီး ကုစားလို့ ရပါတယ် ကိုယ့်ဘာသာကိုယ် လုပ်ယူနိုင်ပါတယ်

ဟုတ်​ပါတယ်​...အထီးကျန်​တာကိုကုစားလို့ရတာအများကြီး...အထီးကျန်​ဖို့အချိန်​ရမှာ​တောင်​မဟုတ်​ဘူး...

ဟုတ်တယ် အမရေ တစ်ကယ်ကုစားမယ်ဆို အထီးကျန်ဖို့ အချိန်မရှိဘူး Right

သီချင်းဆိုနေတာလား
ဝါသနာတူချင်းမို့အားပေးတယ်
carry on

ဆရာသီချင်းဆိုတာ တစ်ခါမှ မကြားဖူးဘူး
☺☺

အထီးကျန်တာမဟုတ်ပေမယ် ဟိုအရင်တုန်းကအားလပ်ချိန်တွေပေါများခဲ့တယ်။
အဲ့တုန်းကဆို စာအုပ်တွေဖတ်ဖြစ်တယ်။ ခုဆိုမဖတ်နိုင်တာကြာပေါ့။ အားချိန်နည်းလို့။

စာဖတ်တာကတော့ လုံးဝအထီးကျန်ချိန်မရဘူး Good job !!!

အထီးကျန်တတ်တဲ့အခါ ကိုယ်ဝါသနာပါတာလေး တစ်ခုခုလုပ်လိုက်တော့ စိတ်ကို ဖြေဖျောက်ပြီးသားဖြစ်သွားတာပေါ့။အစ်ကိုက ကြိုပိတ်လိုက်တော့ ဘာပြောရမှန်းမသိဘူးဖြစ်နေတာ တစ်ကယ်ဆို ကျွန်တော်က ပွဲဌားဖို့ စဉ်းစားနေတာဗျ။

ဟားဟားးးး😀
တော်သေးတာပေါ့ဗျာ
မဟုတ်ရင် လာငှားတော့မှာပေါ့

အမြဲအားပေးပြီးမန့် ပေးတာ ကျေးဇူးပါဗျာကိုသန့် 

ဖောင့်​​ပြောင်းကုန်​လို့ ဖတ်​မရ​တော့ဘူးဗျ😭

ဟာ ရပါတယ်ဗျာ လာမန့် ပေးတာပဲ ကျေးဇူးတင်လှပါပြီ😍

တစ်ကယ့် အဆိုတော်လိုပါပဲလား 😊😊

ဟဲ ဟဲ Rocker တွေ က အသားဖြူ ဖွေးပြီးချောတာမျိုး ရှိဖူးလို့ လားဗျာ
😍

Coin Marketplace

STEEM 0.24
TRX 0.11
JST 0.031
BTC 61122.11
ETH 2972.46
USDT 1.00
SBD 3.66