"ကျွန်တော်…… ကျွန်တော်" ဆိုသော မန္တလေး

in #myanmar6 years ago (edited)

အခုရေးသားမယ့် အကြောင်းအရာလေးကတော့ စိတ်ထဲမရှင်းမရှင်း (ကလိကလိ)ဖြစ်နေတာရယ် …
ရယ်စရာအဖြစ်အပျက်အနေနဲ့ တင်ပြချင်တာရယ်ကြောင့် တစ်ဖက်သား ထိလိုက်စော်ကားမိတာမျိုး
ဖြစ်စေမိရင်တောင်းပန်ပါတယ်နော်…အကြည်တော်ရေးသားထားတဲ့ ဟာသဝတ္ထုတိုထဲက
တစ်ပုဒ်ကို ဖတ်မိပြီး "တစ်ကယ်လား"
" ဟာသအနေနဲ့ ရေးတာလား" ဆိုတာကို သိချင်မိတာပါ
ကျွန်တော်တို့ လည်း" တစ်ကယ်ပဲ ယုံရမှာလား" " မသိသေးတဲ့သူတွေလည်း ယုံသင့်လား"
"ဟာသသက်သက်ပဲလား" ဆိုတာကတော့ စာဖတ်သူတွေထဲကပဲ
ယခုPost အကြောင်းအရာကိုသိသောသူ သက်ဆိုင်သူတွေသာ ပြောပြပေးကြပါတော့ဗျာ

imageCrd-org-source

ကျွန်တော်ဖတ်လိုက်မိတဲ့ ဝတ္ထုတိုထဲက အကြောင်းအရာကိုပြောပြပါရစေ
စာရေးဆရာအကြည်တော် ရေးသားထားတာပါ
သူရေးသားထားတာက မန္တလေးသူတွေ
ဘာလို့ "ကျွန်တော်" …"ကျွန်တော် "လို့ ပြောကြတာလဲဆိုတာကို ပုံပြင်တိုလေးနဲ့ 
့ပြောပြထားတယ်ဗျ အကျဉ်းချုံးလေးပြောပြပါရစေ သိပြီးသားသူတွေလည်း
သိမှာပါ မသိသေးတဲ့သူတွေအတွက်လည်း ဗဟုသုတပေါ့
(Facebook တစ်ချို့ Page တွေမှာလည်း တင်ထားတာတွေ့ မိပါတယ်
Page မမှတ်မိတော့ပါ )

imageCrd-org-source

မင်းတုန်းမင်းကြီးနန်းတက်စဉ်ကာလမှာပေါ့ မိဖုရားငါးရာလောက်ရှိတဲ့ မင်းတုန်းမင်းကြီးဟာ
ဒီလောက်မိုဖုရားများတာတောင် မကြာခဏ ရံရွေတော်တွေ
ကိုယ်လုပ်တော်တွေကိုတောင် ပေါင်းသင်းတတ်တယ်တဲ့ ဘုရင့်အပါးတော်မှာ
အနီးကပ် အမြဲ ရှိနေပေးရတာကိုး …
( ဟိုးအရင်ခေတ် က ဘုရင် ဆိုတာ ဘယ်သူမှ မလွန်ဆန်ရဲဘူးလေ )
မင်းကြီးဟာ သူ အိပ်စက်နေတုန်း သူ့ အခန်းရှေ့ က ခြေသံကြားတိုင်း နိုးလာတတ်ပြီး
"ဘယ်သူလဲဟေ့  " … "ဘယ်သူတုန်း "စသဖြင့် မေးလေ့ရှိတယ် " ကျွန်မပါ မင်းကြီး "
"ဘယ်သူ ဘယ်ဝါပေါ့ "လေ ပြောကြတာပေါ့ မင်းကြီးကလည်း
" အေး ကျွန်မဆို လာဦး " ကျွန်မဆို ဝင်ခဲ့" ဒီလိုပဲခေါ်လိုက်
(ဆော့ကစားလိုက် ဟီး)တော့ ရံရွေတော်တွေ ကိုယ်လုပ်တော်တွေလည်း
စိတ်လည်းညစ် ကြောက်လည်းကြောက်ပြီး
အခစားဝင်နေရတယ် ခြေသံဖြေးဖြေးလေးလျှောက်တောင် မနည်းသတိထားနေရတယ်တဲ့ 
ပိုဆိုးတာက သူတို့ တွေဟာ ခြေကျင်းဝတ်တွေ ဝတ်ထားတာရှိတော့ ဖြေးဖြေးလေးလျှောက်တာတောင်
ညဘက်တိတ်ဆိတ်နေတော့ အသံကပိုကျယ်တာပေါ့ (သနားပါတယ်နော် ဟီး)

imageCrd-org-source

ဒါနဲ့ တစ်ရက်ကြ သူတို့ တွေအကြံတစ်ခုရလို့  တိုင်ပင်ပြီး လုပ်ကြည့်တာ
အောင်မြင်သွားတယ်…ဘာလဲဆိုတော့ မင်းကြီးရှေ့ က ခြေသံဖွဖွလေးတောင်မဟုတ်ဘူး
ပုံမှန်အတိုင်းပဲလျှောက်သွားတယ် ခြေကျင်းဝတ်ကလည်း အသံပိုမြည်တာပေါ့ မင်းကြီးလည်း
ထုံးစံအတိုင်း မေးတယ် "ဘယ်တူတုန်း " ပေါ့
ဒီတစ်ခါတော့ ရံရွေတော်လည်း "ကျွန်မ ပါ "လို့ မပြောဘူး အသံခပ်သြသြလုပ်ပြီး
"ကျွန်တော်ပါ အရှင်မင်းကြီး"လို့ ဖြေလိုက်တယ် မင်းကြီးလည်း စိတ်ညစ်ပြီး
"ကျွန်တော်ဆို " နေတော့ " "သွားတော့ " ပေါ့ (အခုခေတ်နဲ့ ပြောရင်
"ကျွန်တော်ဆို ဒိုးတော့ " " လစ်လိုက်တော့ " ဆိုတာမျိုးပေါ့)
အဲ့လိုနဲ့ ပဲ မန္တလေးမှာ ခေတ်ကြာလာတာနဲ့ အမျှ အမျိုးသမီးတော်တော်များများ
ရွှေခြေကျင်း( ခြေကျင်းဝတ်) တွေ ဝတ်ပြီး (မဝတ်တဲ့သူတွေလည်းရှိပါတယ်)
" ကျွန်တော် " "ကျွန်တော် " လို့ ပဲ အခုခေတ်အထိ ခေါ်ဆို ပြောလာကြတယ်တဲ့ ဗျာ

imageCrd-org-source

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ…
ပုံပြင်လေးက ရယ်တော့ရယ်ရတယ်ဗျ မင်းတုန်းမင်းကြီးဆိုတာလည်း တစ်ကယ်ရှိခဲ့တဲ့မင်းကြီးပဲလေ
ဘာပဲဖြစ်ဖြစ် စာရေးဆရာအကြည်တော်ကိုလည်း
Credit ပေးပါတယ် "ကျွန်တော်" " ကျွန်တော် " လို့ ပြောတတ်တဲ့  မန္တလေးသူတွေကိုလည်း
ဒီpost လေး ရေးသားရင်း ကျွန်တော်က Credit ပေးပါတယ်ဗျ…

ကျွန်တော်လည်းသိချင်ပါတယ် " ဟုတ်လား "တစ်ကယ်လား "
"ဟာသလား" ပေါ့ မန္တလေးသူ မမ ညီမ အန်တီတို့ လည်း
သိရင် ပြောပြသွားပါနော်

အားလုံး ကျန်းမာချမ်းသာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ…

MSCး 234

Author >>> winko

Sort:  

မန်းလေးသူတွေကတော့ တကယ် ကျွန်တော် လို့ ပြောတာဗျ😋😋

ကျွန်တော် လို့ ပြောတာတော့သိတယ်
ပုံပြင်အတိုင်း
ဂယ်လားလို့ ပါ မမ😁😁😁

ဟုတ်လားတကယ်လားမည်သူမှပြောနိုင်မည်မထင်ပါ

ဟုတ်တယ်

တစ်ကယ်လားဆိုတာ မပြောနိုင်သေးဘူး😁😁😁

‌ဟေ! အဲ့ဒလို ကြီးလား။

ဟုတ်တယ်လို့ ပြောရမလား
သိဘူး အကိုေ
😁😁😁

"အပြင်မှာ ဖြတ်လျောက်တာဘယ်သူလဲ.."ကျွန်တော်မျိုးမ ပါဘုရား...အဲ့တာဆို ဝင်ခဲ့အုံး....
မင်းတုန်းမင်းသည်
ကျနော်မျိုးမ ဆိုတိုင်း ဝင်ခေါ်သဖြင့်...နောက်ပိုင်းအခန်းထဲခေါ်ဘုလွန်းသောကြောင့် ကျွန်တော်ဟု ပြောင်းလဲလိုက်လေသတည်း😁😁😁

ညေး ပြောတတ်တယ်
ကိုယ် အဲ့လို ပြောရဲဘူး

😁😁😁

အ​သေချာမသိ​ပေမဲ့ဖတ်​လို့​ကောင်းပါတယ်​...​ဘယ်​လိုဖြစ်​ဖြစ်​ဥာဏ်​​ကောင်းတယ်​ဆိုရမယ်​...​😁

ဟုတ်တယ် အမရေ အကြည်တော် လက်ရာပေါ့ 😁😁😁

တတ်လည်းတတ်နိုင်ပါပေတယ်ဗျာ

ဟုတ်တယ်ဗျ

😁😁😁

မင်းတုန်းမင်းကြီးရဲ့ အပျော်အပါးလိုက်စားလွန်းသောကြောင့် ဖြစ်သွားဟန်ရှိသော်လည်း အထောက်အထားရှိမှသာ အမှန်ယူနိုင်မှာပါ။ဘယ်သူတွေသိကြသေးသလဲဗျို့ ???

အထောက်အထားကမရှိတော့ ဟာသလား
တစ်ကယ်ရှိလား သိဘူး ကိုသန့် ရေ

ထပ်လေ့လာပြီး ဟုတ်တယ်မဟုတ်တယ်ဆိုတာကို
တင်ပေးဦးလေ

ဟုတ်ဆရာ

မန္တလေးသူတွေေ တော့သိကြမှာဗျ ဒါမယ့် G3 မှာ မန္တလာသူတွေ ပါကြဘူးထင်တယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63547.08
ETH 3070.13
USDT 1.00
SBD 3.83