" ပလတ်စတစ်အန္တရာယ် "

in #myanmar6 years ago

ပလတ်စတစ်ရဲ့ ကောင်းမွေ ဆိုးမွေများအကြောင်း အနည်းငယ်ရေးသားဖော်ပြလိုပါတယ် အကောင်းထက် အဆိုးကိုသာဖြစ်ပေါ်စေတဲ့ ပလတ်စတစ်တွေဟာ ကျွန်တော်တို့ လူသား များသာမက သက်ရှိ သက်မဲ့နဲ့  သဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက် ပျက်စီးစေပါ တယ် ပလတ်စတစ်ကို စတင်ထုတ်လုပ် သုံးစွဲလာတာကတော့ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ကျော် လောက်ကလို့ ဖတ်ရှုမှတ်သားဖူးပါတယ် တစ်ဖြည်းဖြည်း ပြောင်းလဲလာတဲ့ ခေတ် အရရော နည်းပညာအရပါ ပလတ်စတစ်က လူသားတို့ အတွက် မဖြစ်မနေ အသုံးပြုလာ ရတဲ့ ပစ္စည်းတစ်ခုအဖြစ် နေရာယူလာပါတယ် ပလတ်စတစ်ကို အလွယ်တကူ အသုံးပြု လာကြ သလို အလွယ်တကူလည်း စွန့် ပစ်လာကြပါတယ်

imageCrd-org-source

အခုခေတ်အနေအထားနဲ့ ပဲရေးသားပြောရမယ်ဆိုရင် ပလတ်စတစ်တွေဟာ နေရာတော် တော်များများမှာ စွန့် ပစ်ပစ္စည်းများအဖြစ်တွေ့ မြင်နေရပါတယ် ပလတ်စတစ်ကျွတ် ကျွတ်အိတ်တွေအပြင် ပလတ်စတစ်နဲ့ ပြုလုပ်ထားတဲ့ဆက်စပ်ပစ္စည်းတွေဟာလည်း ကျွန် တော်တို့ ကိုရော ကျွန်တော်တို့ နေထိုင်တဲ့ ကမ္ဘာကြီးကိုပါ ရေရှည်များစွာ ဒုက္ခပေးနေပါ တယ် များသောအားဖြင့် ကျွန်တော်တို့ နေ့ စဉ် အသုံးပြုနေရတဲ့ပစ္စည်းတော်တော်များ များမှာ တစ်ဝက်လောက်က ပလတ်စတစ်နဲ့ ပြုလုပ်ထားတာများပါတယ် လူသုံးကုန် ပစ္စ ည်းတွေ အိမ်သုံးပစ္စည်းတွေဟာ ဒီပလတ်စတစ်ပါဝင်တဲ့အရာတွေနဲ့ ပဲ အများဆုံးပြု လုပ် ထားကြပါတယ် ခေတ်စနစ်အနေအထားအရ ပလတ်စတစ်တွေကို စနစ်တကျ စွန့် ပစ်သုံး စွဲမှုအားနည်းလာတော့လည်း အလွယ်တကူစွန့် ပစ်လာကြတာမျိုးကို စိတ်မကောင်းစွာ တွေ့ မြင်နေရပါတယ်
imageCrd-org-source

တစ်ကယ်လူစည်ကားတဲ့နေရာမျိုးတွေမှာ ပိုပြီးစွန့် ပစ်ထားကြတာတွေ့ မြင်နိုင်ပါတယ် ရထားဂိတ် ကားဂိတ်တွေမှာလည်း အမှိုက်တွေရော ပလတ်စတစ်တွေပါ အနည်းနဲ့ အ များ ဆိုသလို စွန့် ပစ်ထားတာတွေ့ ကြမှာပါ ရေနုတ်မြောင်းတွေ တူးမြောင်းတွေမှာလည်း စည်းစမ်းမဲ့အမှိုက် စွန့် ပစ်ထားတာမျိုး ပိတ်ဆို့ နေတတ်တာမျိုးတွေလည်း မြင်တွေ့ မိကြ မှာပါ ဒါ့အပြင် တစ်ခြား မြို့ ရွာလမ်းဘေး လမ်းကြားနဲ့ လမ်းသွယ်တွေမှာလည်း စည်းမဲ့ ကမ်းမဲ့စွန့် အမှိုက်တွေ ပစ်တာမျိုးတွေ တွေ့ မြင်နိုင်ပါတယ် ပလစ်စတစ်အမှိုက်တွေဟာ နေရာတိုင်းလိုလို ပြန့် ကျဲပြီး ရှိနေတတ်တော့ မိုးရွာသွန်းတဲ့အချိန်တွေမှာ မိုးရေ တွေနဲ့  အလွယ်တကူမျောပါပြီး မြစ်ချောင်းတွေထဲ ရောက်ရှိသွားကြပါတယ် မြစ်ချောင်း တွေမှ တစ်ဆင့် ပင်လယ်သမုဒ္ဒရာထိ တိုင်အောင် မျောပါပြီး ပင်လယ်ရေ ညစ်ညမ်းမှုတွေကို ဆက်လက်ပြီး ဆိုးရွားစွာ ဖြစ်ပေါ်လာစေပါတယ်
imageCrd-org-source

ပလစ်စတစ်တွေဟာ အခုဆိုရင် မြေပေါ်မှာရော ရေပေါ်မှာပါ အလွယ်တကူ တွေ့ မြင်လာ နေရပါပြီ အဲ့လိုစွန့် ပစ်ထားမှုတွေကြောင့်လည်း မြေဆီလွှာပျက်စီးခြင်းတွေ ဖြစ်ပေါ်လာရ သလို ရေရဲ့ အရည်အသွေးတွေ ကျဆင်းခြင်းများ ဖြစ်ပေါ်လာရပါတယ် နောက်ပိုင်း အ ကျိုး ဆက်တွေအနေနဲ့ ကတော့ အပင်တွေရှင်သန်ပေါက်ရောက်မှု အားနည်း နှေးကွေး လာပြီး ကုန်းနေ ရေနေ သတ္တဝါတို့ ရဲ့ ရှင်သန်နေထိုင်မှုတွေကိုပါ ထိခိုက်ပျက်စီးလာရတဲ့ အထိ ဆိုးဝါးတဲ့ လက္ခဏာတွေကို ဖြစ်လာစေတာ အမှန်ပါပဲဗျာ……

ဒုတိယပိုင်း မျှော်

MSCး 234

Author >>> Winko (Maun Mou Nja)

Sort:  

ပလတ်​စတစ်​အန္တရာယ်​​ကြောက်​စရာပါ....ပလတ်​စတစ်​​နေရာမှာအခြားအစားထိုးသုံးစွဲဖို့က​တော်​ရုံမလွယ်​ဘူး​နေမယ်​...

ဟုတ်တယ်အမရေ တစ်ခြားအစားထိုးသုံးဖို့ ဆိုတာကလည်း သူ့ လောက်အလွယ်တကူ အသုံးမဝင်ပြန်ဘူး

အသိ‌တွေတိုး‌စေလို့ ‌စောင့်‌‌မျှော်‌‌နေပါ့မယ်‌ညီ။

ဟုတ် အကိုမဟော်ရေ ရေးသာရေးနေရတာ ကိုယ့်စာကိုယ် မနည်းပြန်ဖတ်နေရတယ် ဒါမျိုး မရေးဖူးဘူးလေ

ပလပ်စတစ်အသုံးပြုမှုတွေနဲ့ စနစ်တကျမရှိပဲ စည်းကမ်းမဲ့မှုတွေကြောင့် ရေရှည်မှာ ရေထု လေထု မြေထု သဘာဝပတ်ဝန်းကျင်အားလုံး ပလပ်စတစ်အန္တရာယ်တွေကို ပိုမိုခံစားလာကြရမှာ သေချာသလောက်ဖြစ်နေပါတယ်။ရည်ရွယ်ချက်ကောင်းမွန်သော Post လေးပါခင်ဗျာ။

ဟုတ်တယ် အကိုသန့် ရေ ရေရှည် မလွယ်ဘူး ကျွန်တော် တို့  တားဆီးလို့ မရတော့ဘူး အတတ်နိုင်ဆုံး အရေအတွက် လျော့သုံးရင်းနဲ့ ပဲ ရင်ဆိုင်နေရတော့မယ်ထင်တယ်ဗျာ

ကင်ညာနိုင်ငံမှာတော့ ပလတ်စတစ်သုံးတဲ့သူကို အပြင်းထန်ဆုံး ပြစ်ဒဏ်ကို ချမှတ်ခဲ့တယ်လို့ ဖတ်ဖူးပါတယ်... ပလတ်စတစ်အိတ်ကို ဘယ်လိုအကြောင်းကြောင့်ပဲသုံးသုံး အပြစ်ဒဏ်ကို ထောင်ဒဏ် ၄ နှစ် ဒါမှမဟုတ် ဒဏ်ငွေအနေနဲ့ ဒေါ်လာ ၄၀၀၀၀ အထိ ပြင်းပြင်းထန်ထန် ဒဏ်ရိုက်တယ်လို့ဆိုပါတယ်... ဒေါ်လာ ၄၀၀၀၀ ဆိုရင် အခုမြန်မာငွေနဲ့များ တွက်ကြည့်မယ်ဆိုရင် သိန်း ၆၀၀ ကျော်မယ်ထင်တယ် မြန်မာပြည်လည်း အဲလောက်ဒဏ်ရိုက်ပစ်ရမှာ

ဟုတ် ကျွန်တော်လည်း ဖတ်ဖူးတယ် အကိုကြီးစိုး
ဒဏ်ငွေတော့ မမှတ်မိဘူး ပြစ်ဒဏ်ပေးတယ် ပြစ်မှုမြောက်တယ်လို့ တော့ ဖတ်ဖူးတယ်

ဒါမယ့်မြန်မာတွေကတော့ ဒဏ်ရိုက်လည်း ပျော်ပျော်ကြီးထောင်ထဲဝင်မယ့်သူစားမျိုးတွေက ခပ်များများမဟုတ်လား
ဘာပဲဖြစ်ဖြစ်ရေရှည်အကျိုးအတွက် ကျွန်တော်တို့ တွေ အတတ်နိုင်ဆုံး ပလတ်စတစ်လျော့ သုံးဖို့ ပဲ ဦးတည်ကြရတော့မယ်ထင်တယ်ဗျာ

ဝိုင်းဝန်းကာကွယ်သင့်ပါသည်

ဟုတ်တယ် အမရေ မသုံးမဖြစ် သုံးနေရပေမယ့် အလွယ်တကူ တော့ တွေ တဲ့နေရာမစွန့် ပစ်ဖြစ်ပါဘူး

Reuse ကိုသေသေချာချာ အကောင်အထည်ဖော်နိုင်ရင်ကောင်းမှာ။ သူမ်
ားနိုင်ငံတွေမှာတော့ စွန့်ပစ်ပလတ်စတစ်တွေကနေ အားကစားဖိနပ်တွေထုတ်နေကြပြီ နောက်ပြီး အုတ်အစားထိုး construction bricks တွေထုတ်လာကြပီ။ ဒါပေမယ့်လည်း ဒို့နိုင်ငံက စက်မှုဖွံ့ဖြိုးမှုကလည်း တအားနောက်ကျနေတော့ ဒီနည်းလမ်းတွေနဲ့ အလှမ်းဝေးနေဦးမှာ။

ဟုတ်တယ် အမရေ ဒီမှာ က Recycle တို့ Reuse တို့ က တစ်ကယ်ကို အားနည်းနေသေးတာဆိုတော့
အမှိုက်တွေက စည်ပင်ကိုပဲ အားကိုးနေရဦးမယ်

ပလက်စတစ်လျော့မယ်ဆိုပီး အာ့ ပလက်စတစ် နေရာတကာ ပါနေရော😊

ဟီး ဟုတ်တယ် တစ်နေ့ တာ သုံးသမျှ ထုတ်သမျှ မကင်းနိုင်ဘူး မမရယ်

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 63966.64
ETH 3055.32
USDT 1.00
SBD 3.87