"တီဘီရောဂါ ကြောက်စရာ မဟုတ်ပါ"

in #myanmar6 years ago (edited)

ဒီကနေ့ Promotion ကတော့ တီဘီ ရောဂါအကြောင်း ဆွေးနွေးစမ်းသပ်ခဲ့ပုံလေးကို တင်ပြပါရစေ ကျွန်တော်တို့ စက်ရုံကို အခမဲ့ လာရောက် စမ်းသပ်ပေးတဲ့ တီဘီ "စမ်းသပ် ရှာဖွေကုသရေးအဖွဲ့ "အကြောင်းပါ တီဘီစစ်ဆေးမယ့်သူတွေ ဒီနေ့ ရောက် လာပြီး စမ်းသပ်ပေးပါတယ် အခုအဖွဲ့ မလာခင် စာရင်းကြိုတင် ပေးထားရပါတယ် ကျွန်တော် လည်း ကြိုပေးထားတာပါ ကျွန်တော်တို့ ကားတပ်ဆင်ရေး စက်ရုံ မှာ ဝန်ထမ်း ၂၅၀ ကျော်ရှိတာ တစ်ကယ်တမ်း ဒီနေ့ စာရင်းပေးထားတာ ၁၀၀ နီးပါးလောက်ပဲတွေ့ ပါတယ် တစ်ချို့ လည်း မအားလို့ တစ်ချို့ လည်း ရောဂါမရှိဘူး ထင်လို့ တစ်ချို့ လည်း ရောဂါတွေ့ ပြီး ဆေးသောက်ရမှာကြောက်လို့  စသဖြင့် အမျိုးမျိုးပေါ့ဗျာ မလာကြတာများတယ်

image
Crd-org-source

ဒါနဲ့ ဆက်ပြောပါဦးမယ် မစမ်းသပ်ခင် ဆရာဝန်ကပရိုဂျက်တာနဲ့ တီဘီ ရောဂါအကြောင်းဘယ်လောက်သိကြလည်း ဘယ်လိုကူးစက်နိုင်တာလည်း စသဖြင့် မေးမြန်းပါတယ်ကျွန်တော်တို့ ဝန်ထမ်းတွေကလည်း သိသလောက် ပြန်ပြောပြကြပါတယ် ကျွန်တော်တို့ သိထားသမျှလည်း တော်တော်များများမှန်ကြပါတယ် အဓိက လေက ကူးစက်တာဆိုတာ လူတိုင်းသိထားကြတော့ ရောဂါကူးစက်မှု ရာခိုင်နှုန်းလျော့တာပေါ့ဗျာ ကျွန်တော်တို့ ကို မေးမြန်းပြီးမှ ဆရာဝန်က လိုအပ်တာကို ထပ်မံဖြည့်စွက်ပြောပြပါတယ် ဟိုးအရင် တုန်း ကတော့ တီဘီရောဂါဖြစ်ရင် ပျောက်ဖို့ မလွယ်ဘူး နာတာရှည်ရောဂါလို ဖြစ်ပြီးနောက်ဆုံး ကင်ဆာရောဂါထိတောင် ပြောင်းလဲနိုင်တယ် အခုတော့ တီဘီရောဂါဖြစ်ရင် ကြောက်ဖို့ မလိုတော့ဘူး ပျောက်ဖို့ ပဲလိုတယ် ဆေးကို အချိန်တိတိကျကျ ၆လ သောက်တာနဲ့  ဒါမှမဟုတ် သတ်မှတ်ထားတဲ့ရက် ပြည့်တာနဲ့ ပျောက် နိုင်တဲ့ အကြောင်း ဆရာဝန်က ရှင်းပြပါတယ် ဒါပေမယ့် တစ်ချို့ ကဆေးသောက် နေတုန်း မသောက်ချင်တော့တာမျိုး ဆေးသောက်ရက်ပျက်ကွက်တာမျိုးဖြစ်တတ်တော့ တီဘီ ရောဂါက လက္ခဏာတော့ မပြတော့ပေမယ့် မပျောက်နိုင်ပဲ အချိန်မရွေး ပြန်ဖြစ်နိုင် တာမျိုး ဖြစ်တတ်ပါတယ် ဒါကြောင့်တီဘီရောဂါ ဖြစ်နေရင် ဆေးသောက်ရက်မပျက်ဖို့ ဆရာဝန်က ပြောကြားပါတယ်

image
Crd-org-source

နောက်ဆုံး ဆရာဝန်ကြီးအဓိက ပြောကြားသွားတာကတော့ တစ်ကယ်မှတ်သားလိုက်နာဖို့ ကောင်းပါတယ် ကျွန်တော်တို့ နဲ့ လက်ပွန်းတစ်တည်း လုပ်ကိုင်နေတဲ့မိတ်ဆွေတွေထဲမှာ တီဘီရောဂါရှိတောင် လက္ခဏာမပြပဲ ဖြစ်နေတတ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့ ပစ် ပယ်မထားပဲ အတူပျော်ရွှင်စွာလုပ်ကိုင်နိုင်သေးတာပဲ အခုစစ်ဆေးလို့ ရောဂါတွေ့ ခဲ့ကြ ရင်လည်း အရင်လိုပဲပျော်ပျော်ရွှင်ရွှင်လုပ်ကိုင်ကြဖို့ တိုက်တွန်းထားပါတယ် ဘာလို့ လဲ ဆိုတော့ တီဘီရောဂါက လေက ကူးစက်တာမှန်ပေမယ့် တော်တန် ကိုယ်ခံအားနည်းတာ တောင် အလွယ်မကူးတတ်ပါဘူး ဖြစ်ခဲပါတယ် သာမာန်လူတစ်ယောက် ကိုယ်ခံအားက တော်တန် အအေးမိတာလောက်ပဲ အလွယ်တကူဖြစ်နိုင်တာပါ အဲ့ဒါကြောင့်မိမိမိတ်ဆွေသူငယ်ချင်းမှာ ရောဂါပိုးတွေ့ တောင် ဆေးစသောက်တဲ့ ၃ရက် ၄ရက် အတွင်းမှာပဲ တစ်ခြားလူကို ကူးစက်နိုင်မှုတော်တော်လျော့ပါးသွားတဲ့အတွက် ရှောင် ဖယ်မထားသင့် ကြောင်း မိမိကိုယ်တိုင် တီဘီရောဂါပိုးရှိကြောင်း တွေ့ ရှိခဲ့လည်း စိတ်ပျက်စရာ မလိုတဲ့ အကြောင်း စသဖြင့် ဗဟုသုများစွာပြောပြရင်း ဟောပြောပွဲလေး အဆုံးသတ်ခဲ့ပါတယ်ကျွန်တော်တို့ လည်း ဟောပြောပွဲလေးပြီးတော့ သတ်မှတ်ထားတဲ့နာမည်စာရင်းအလိုက် ခေါ်ဆိုတဲ့အချိန် သွားရောက်စစ်ဆေးကြပါတယ် ကျွန်တော်တော့ ဘာမှ မတွေ့ ရှိခဲ့ပါဘူး ကျွန်တော့်ရှေ့ က လူ ၂၀ လောက်လည်းရောဂါရှိကြောင်း မတွေ့ မိသေးပါဘူး ကျန်တဲ့သူတွေလည်း ဆက်လက်စစ်ဆေးနေကြပါတဟ် ကျွနိတော်တို့ လည်း အလှည့်ကျ စစ်ဆေးခံယူပြီး အလုပ်ရှိသေးတဲ့အတွက် အလုပ်ရုံပြန်ခဲ့ပါတယ်

image
Crd-org-source

ဒီနေ့ ကြုံတွေ့ တာလေးကို ဗဟုသုတ အဖြစ်ရေးသားလိုက်ပါတယ်ခင်ဗျာ
Phone မယူသွားမိတော့ ကိုယ်တိုင်ရိုက် Photo တော့ မရလိုက်ပါဘူး
အဆင်ပြေသလိုလေး Google မှ ရှာဖွေဖော်ပြလိုက်ပါတယ်
အားလုံးလည်း ကျန်းမာချမ်းသာလို့ ရောဂါကင်းရှင်းနိုင်ကြပါစေ။ ။

Author winko ( Maun Mou Nja)

MSCး 234

Sort:  

ဖုန်းကို ကိုယ်နဲ့အကွာဆောင်ထားလေ။

အခုလို​​ပြောပြမှ အလွယ်​မကူတတ်​မှန်းသိသွားတယ်​​ကျေးဇူးပါ

ဟုတ်တယ်ဗျ TB က အရမ်းကူးစက်တတ်တာမျိုးမဟုတ်ပါဘူး

ဆေးစားနေတဲ့သူတွေဆီက တီဘီရောဂါကူးစက် နိုင်ချေ ရာခိုင်နှုန်းနည်းသွားတယ်ဆိုတာလေး ဗဟုသုတရလိုက်ပါတယ်။အားလုံးအတွက် ဗဟုသုတရစေပါတယ်။ကောင်းသော post လေးပါခင်ဗျာ

ကျွန်တော်လည်း ပြန် Sharing လုပ်ပေးတဲ့သဘောပါ
ဟုတ် ကိုသန့် ရေ ကျေးဇူးပါဗျာ

တီဘီရောဂါကို နိုင်ငံတော်က ကာကွယ်ရေး ကုသရေးတွေလုပ်ခဲ့တာ
နှစ် ၂၀ ကျော်ခဲ့ပါပြီ တိုက်ဖျက်ရေးတွေမလုပ်ခင်က အတော်များများ
ခံစားခဲ့ကြရပါတယ် တစ်ချို့ဆိုမိသားစုလိုက်သေဆုံးကြတာတွေ
မြင်ဖူးပါတယ် ခုတော့တော်တော်လေးကင်းစင်သွားကြပါပြီ
ခုလိုလေးတင်ပြရေးသားပေးတာသိပ်ကောင်းပါတယ်

ဟုတ်တယ် အန်တီ နိုင်ငံတော်က တော်တော်လေး ထိရောက်အောင်
ပညာပေး နည်းလမ်းပေါင်းစုံနဲ့ TB ကို တိုက်ထုတ်ခဲ့တာ အခုတော့ ရောဂါကင်းစင်သလောက်ဖြစ်နေပါပြီ ဘယ်သူပဲရောဂါ ကူးစက်ခံရပါစေ ကြောက်ဖို့ မလိုတော့ဘူး
လာ မန့် ပေးတဲ့အန်တီ့ ကိုလည်း ကျေးဇူးတင်ပါတယ်

ကိုယ့်​အ​တွေ့အကြုံကိုရှယ်​​ပေးတာဗဟုသုတရပါတယ်​👍

ဟုတ်အမ Sharing လေးပေါ့ဗျာ

ခုလို ပညာရစေလို့ ကျေးဇူးပါဗျာ

ဟုတ်ကိုလွှမ်းရေ Thank ပါဗျာ

ဘဟုသုတ အများကြီးရပါတယ်​ဗျာ

ဟုတ် ကဲ့ပါ
လေးလေးယုရေ😘

အရင်ခေတ်တွေတုန်းကတော့ တီဘီရောဂါဆိုတာ ကြောက်စရာ ရောဂါကြီးတစ်ခုပေါ့ဗျာ ဒီဘက်ခေတ်မှာတော့ အနာသိဆေးရှိတဲ့ ရောဂါပါ ကြိုတင်စစ်ဆေး ကာကွယ်နိုင်ရင် အကောင်းဆုံးပေါ့ဗျာ။ ကိုဝင်းကို ရေးထားတာဖတ်ရတော့ ဗဟုသုတ တိုးရပါတယ်။

ဟုတ်ကဲ့ပါ အကိုကြီးညီရေ ကျေးဇူးပါဗျာ
အခုလို ခေတ်မှာ တီဘီဟာ ရှောင်ပုန်းနေစရာ ထိတ်လန့် စရာ
ရောဂါတစ်ခု မဟုတ်တော့တာ အသေအချာပါပဲဗျာ

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.032
BTC 63585.64
ETH 3035.86
USDT 1.00
SBD 3.84