နွေရင့်​နှင်းစက်​ ၎

in #myanmar6 years ago

နွေရင့်​နှင်းစက်​ ၎
image

Original image source
" ဉာဉ့့်​နက်​​နေပြီ​လေ...မနက်​ အလုပ်​သွားရအုံးမှာနဲ့ .."
"အင်းပါ.."
ယုယ ​လေးကန်​စွာ ထရပ်​လိုက်​​ပေမယ့်​ အိပ်​ချင်​စိတ်​​တော့မရှိ​သေး.။နဒီက သက်​ပြင်းချကာ အခန်းထဲ ဝင်​သွားတာမို့ သူမလည်း ထရပ်​လိုက်​ခြင်းပါ..
" တီ...တူ....တီ..တူ...."
ဖုန်းဝင်​လာတာမို့ ဒီအတိုင်းပဲ နံပါတ်​ကို ကြည့်​မ​နေပဲ...
" အမိန့်​ရှိပါ...ယုယ​ပြော​နေပါတယ်​.."
" ယုယ.."
" ဟင်​..."

သူမအသိစိတ်​ထဲမှာ ဇ​ဝေဇဝါနှင့်​.။ ဒီအသံကို ကြားဖူးသလို ထင်​မိ​ပေမယ့်​ ဘယ်​သူမှန်း​တော့ မသိ..ဒီအသံကို ရင်းနှီးမ​နေတာ​တော့ ​သေချာ​နေ​လေသည်​။
" ကျွန်​​တော့ကို ယုယ သိချင်​မှ သိမှာပါ..ဒါ​ပေမယ့်​ ကျွန်​​တော်​က ယုယကို သိပါတယ်​.."

သူမစိတ်​ထဲ အလိုမကျဖြစ်​သွားမိသည်​။
"ရှင်​က ဘယ်​သူလဲ .."
စိတ်​ရဲ့အလိုမကျ​တွေ ​ရောစွက်​​နေသည့်​အသံ​တချို့ ပါသွားခဲ့သည့်​ ​မေးခွန်း..
"ကျွန်​​တော့ကို ရှိုင်းလို့ပဲ သိထားလိုက်​ပါ..ကျွန်​​တော်​နဲ့ ယုယ ​တွေ့ခွင့်​​တွေလည်း ရှိလာအုံးမှာပါ.. အခုကျွန်​​တော်​ ​ပြောချင်​တာက ဘယ်​အရာအတွက်​ကိုမှ စိတ်​ကို နစ်​​မြောမထားပါနဲ့။သိပ်​ပြီးမှလည် မခံစားပါနဲ့လို့ပဲ သတိ​ပေးချင်​တာပါ.."
" ရှင်​..ရှင်​က ဘယ်​သူလဲ..ဘယ်​ကလဲ..ကျွန်​မကို..ဘာလို့ အဲ့ဒီလို ​ပြောရတာလဲ.."

စိုးရွံ့ထိတ်​လန့်​မှုများနှင့်​ သူမ၏ အသံ​တွေ တုန်​ခါ​နေခဲ့သည်​။တဖက်​က စက္ကန့်​အနည်းငယ်​မျှ တိတ်​ဆိတ်​​နေခဲ့ပြီးမှ...သက်​ပြင်းသဲ့သဲ့နဲ့အတူ
" ယုယအ​ကြောင်း သိ​နေသူတစ်​​ယောက်​ပဲ ဆိုပါ​တော့​ဗျာ။ ဒါ​ပေမယ့်​ ယုယတစ်​ခုသိထားရမှာက ကျွန်​​တော်​က ယုယအတွက်​ မိတ်​​ဆွေ​ကောင်း တစ်​​ယောက်​ ဖြစ်​​နေတယ်​ ဆိုတာပါပဲ။ဘာ​ကြောင့်​လဲဆို​တော့ ယုယဒုက္ခ​ရောက်​မယ့်​ အလုပ်​​တွေကို ကျွန်​​တော်​ ဘယ်​​တော့မှ မလုပ်​ဘူးဆိုတာ ကျွန်​​တော်​ အာမခံ​နေလို့ပါပဲ..."
"ဟား....ဟား...ဟား...."

သူမ ​ခြောက်​ကပ်​ကပ်​​လှောင်​ရယ်​ပစ်​လိုက်​ပြီး

" တချို့စကားလုံး​တွေက ရူးသွပ်​ရာကျလွန်းတယ်​ဆိုတာ ရှင်​မ​မေ့သင့်​ဘူး။ပြီး​တော့ ကျွန်​မက လူတိုင်းကိုလည်း မယုံကြည်​တတ်​ဘူး။ရှင်​မိတ်​​ဆွေ​ရွေးတာ မှား​နေပြီ...​ဆောရီး "

သူမဖက်​က ဦး​အောင်​ဖုန်းချပြီး စက်​ပိတ်​ကာ အံကိုကြိတ်​ပြီး ဖုန်းကို လက်​ထဲမှာ ကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ထားလိုက်​မိသည်​။

ထင်​မင်းလတ်​....
သူမ၏ နာကျင်​ဖွယ်​ ဟစ်​သံ​တွေ ​လောင်​မြှိုက်​​နေခဲ့​သော အသိစိတ်​ထဲက အမည်​နာမတစ်​ခုကို ကျိန်​စာရဲရဲလို ရွတ်​ဆိုလိုက်​မိသည်​...။


image

Original image source
ဂယက်​တို့ ထင်​ထားတာထက်​ ငြိမ်​သက်​ပြီးသွားပြီးလျှင်​ မခံနိုင်​​လောက်​​အောင်​ ပြန်​လည်​ ​ပေါက်​ကွဲေ​လ​သည်​..​ရေပိုက်​ကို တိုးခွင်းထွက်​​ပေါ်လာ​သော ​ရေပွားများကဲ့သို့ပင်​။ထိုအချိန်​သို့ ​ရောက်​တိုင်း သူမ ​ကြောက်​သည်​။ ထိုအချိန်​မျိုး ​ရောင်​လာမှာလည်း ​ကြောက်​သည်​။

ဒီကြားထဲတွင်​ မကြာခဏ ကြား​နေကျ ဖုန်းဆက်​သူဆီက​နေ မကြာခဏ သတင်းစ​လေး​တွေ ရ​နေတတ်​​သေးသည်​။
ခု​တော့လည်း သူမ ထိုတစ်​​ယောက်​ကို ယုံကြည်​စိတ်​​လေး ဝင်​​သလို ရှိ​နေမိပြန်​ပြီ​လေ...။
မျှော်​​နေတာမဟုတ်​​သော်​လည်း ​စောင့်​​နေမိတဲ့ စိတ်​ကို ကိုယ့်​ကိုယ်​ကိုယ်​ သတိထားခဲ့မိပြန်​သည်။
သို့​သော်​ သူမသည်​ ဘဝကို အိမ်​မက်​ကြီးကြီး​တွေနှင့်​ ​ရှေ့ဆက်​ချင်​​နေသူသာ..
"နဒီ ငါ အ​မေရိက တက္ကသိုလ်​တစ်​ခုရဲ့ စ​ကောလားရှစ်​ကို ​လျှောက်​မလို့ "
နဒီက အံ့သြသလို​လေး ကြည့်​ရင်း သူမစိတ်​ကို သိ​နေသူမို့လည်း
"လုပ်​​လေ..နင်​ကြိုးစား​ပေါ့..နင်​က ​တော်​ပြီးသားပဲဟာ.."

ထိုအချိန်​မျိုးမှာ သူမရဲ့ ဘဝ​လေးက မုန်​တိုင်း ကင်းစင်​​သော ပင်​လယ်​လို ငြိမ်​သက်​သာယာ​နေတတ်​ပြန်​​လေသည်​။
သို့​ရာတွင်​ ငြိမ်​သက်​ခြင်းဖြင့်​ အားယူပြီး ​ချောင်း​မြောင်းခြင်းဖြင့်​ တိုက်​ခိုက်​တတ်​​သော ထင်​မင်းလတ်​သည်​ သူမ၏ဘဝအတွက်​ ခလုတ်​ ခသင်းမဟုတ်​သည့်​ ဂြိုလ်​ဆိုးတစ်​​ကောင်​....

" ယူက ယုယ​နော်​.."
ခေတ်​မီလှပသည့်​ မိန်းမလှ​လေးတစ်​​ယောက်​၏ စူးရှသည့်​ အကြည့်​​တွေနှင့်​ ထက်​ရှသည့်​ စကားလုံးများ​ကြောင့်​ သူမ ဇ​ဝေဇဝါနဲ့ ​ကြောင်​သွားမိသည်​။
"ဟုတ်​ပါတယ်​..ဘာကိစ္စများ ရှိလို့ပါလဲ.."
ကိုယ့်​အလုပ်​ထဲမှာရှိ​နေသည့်​ အလုပ်​ချိန်​မို့ လူ​တွေကလည် စုံသည်​။ စူးစမ်း​မှု​တွေကလည်း ပြည့်​ဝသည်​..။

" အဟင်း...တို့က ထင်​မင်းရဲ့ ချစ်​သူ​လေ..။ လူကြီး​တွေလည်း သ​ဘောတူထားတယ်​....ထင်​မင်းရဲ့ သူငယ်​ချင်း​ကျော်​​ကျော်​ မိန်းက​လေးတစ်​​ယောက်​နဲ့ တို့ သိထားသင့်​တယ်​ ထင်​လို့ လာကြည့်​တာ​လေ..တို့က ဒီကုမ္ပဏီက ရှယ်​ယာရှင်​တစ်​​ယောက်​ရဲ့ သမီးပဲဆိုပါ​တော့..."
image

Original image source
စကားလုံးများ၏ ရိုက်​ခတ်​မှုဒဏ်​သည်​ သူမကို စကားတစ်​ခွန်း မထွက်​​စေနိုင်​​လောက်​​အောင်​ ပြင်းထန်​​လေသည်​..အရှက်​သည်ခြင်းသည်​ ​နေရာမှာပင်​ ပုံကျ​တော့မတတ်​..
မျက်​လုံးများစွာတို့သူမအ​ပေါ် သက်​​ရောက်​​နေ​သော အကြည့်​များသည်​ ဖြူသွားလိုက်​ ပြာသွားလိုက်​ဖြင့်​...
ကြာကြာ ရပ်​​နေမိရင်​ သူမ လဲကျ​တော့မည်​မို့ ထို​နေရာမှ ​ပြေးထွက်​ပစ်​ခဲ့မိသည်​..။
ခြေဦးတည့်​ရာ ​​ပြေးလွှားလိုက်​ခြင်းမှာ ဘယ်​သူ​တွေကို တိုက်​မိလို့ ဘယ်​သူ​တွေကို ခိုက်​ခဲ့မိမှန်းမသိ..
အချို့ သူမ​​နောက်က အသံ​တွေထွက်​လာခဲ့သည်​..

"...ဟ ဘယ်​လို ဖြစ်​​နေတာလဲ..သတိထားအုံးမှ​ပေါ့ ..ပြီးကျ​တောင်းပန်​မယ်​လည်း မရှိဘူး.."

သူမမ​ကျေနပ်​​တွေကို နား​ထောင်​မ​နေအားခဲ့ပါ..။
ပြေးမိ​ပြေးရာကို ​ပြေးရင်းလွှားရင်းနဲ့ပင်​ လူသူကင်းရှင်​ရာ​နေ​သော ကားဂိတ်​တစ်​ခု၏ ခုံတွင်​ ဝင်​ထိုင်​ပြီး ဝမ်းနည်း ပက်​လက်​ ငို​ကြွေးပစ်​လိုက်​သည်​..

စော်​ကားခံရခြင်းဆို​သော စကားလုံးကို နဖူး​တွေ့ဒူး​တွေ့​တွေ့လိုက်​ရခြင်းမှာ သူမခံနိုင်​ရည်​​တော့မရှိခဲ့..
သူမလဲကျချိန်​ ထူမတ်​​ပေးမယ့်​ တစ်​စုံတစ်​ရာကို သူမ ​မျှော်​လင့်​မိသည်​။ငို​ကြွေးလျှင်​ မျက်​ရည်​​တွေကို တို့သုတ်​​ပေးမည့်​ တစ်​စုံတစ်​​ယောက်​ သူမအတွက်​ လိုအပ်​​နေခဲ့ပြီလား..

အချိန်​များ၏ ကုန်​ဆုံးမှုနဲ့အတူ သူမ ရှိုက်​သံ​တွေ တိတ်​ကျသွားသည့်​တိုင်​ ရင်​ထဲတွင်​​တော့ နာကျင်​​နေဆဲ..
ညမီး​ရောင်​ ခပ်​မှိန်​မှိန်​​၏ အရိပ်​တစ်​စ သူမ၏ ​ခြေ​ထောက်​​ရှေ့တွင်​ ထိုးကျ​လာသည်​..
ဒါဟာ ဘယ်​သူများလဲ...

အပိုင်း ၅ သို့

Writter>>>>@yekungsatthone
Msc>>>>>213

Sort:  

‌သေချာဖတ်‌‌နေပါတယ်‌ ညီ။

ကျေးဇူးပါ bro..ကျွန်​​တော်​ ဆက်​လက်​ကြိုးစားပါ့မယ်​ဗျ

Read my profile if want me to resteem your post to over 72,500 followers. @a-0-0

ကောင်းသောဝတ္ထုတစ်ပုဒ်ပါ
ဆက်အားပေးနေပါမယ်။

ကျေးဇူးပါဗျ ဆက်​လက်​အား​ပေးပါအုံး

စာအုပ်ထုတ်ပါဗျို့😀😀

ထုတ်​​​ပေးမယ့်​သူ ရှိဘူးဗျ😢😢

အရိပ်တစ်စဟာ အချစ်တစ္ဆေတစ်ကောင်များလားဗျာ

ဖြစ်​​ကောင်းဖြစ်​နိုင်​တာ​ကော့ဗျာ..ဆက်​လက်​အား​ပေးပါ

ရှေ့က ဘယ်သူများပေါ်ခဲ့မှာပါလိမ့်😊😊

ဆက်​လက်​ဖတ်​ရှု့ပါရန်​..

ဇာတ်အိမ်ပျိုးထားတာ ကောင်းပါတယ်။ဆက်အားပေးမယ်ဗျာ

ကျေးဇူးပါ ဆက်​လက်​အား​ပေးပါဗျ

စိတ်​၀င်​စားပါတယ်​...အပိုင်း၅ဆက်​ဖတ်​ပါ့မယ်​...

အား​ပေးပါအုံးဗျ

အရိပ်က ရှိုင်းဘဲဖြစ်ဖို့များပါတယ်

မြန်​မာဇာတ်​ကား​တွေ ကြည့်​တာ ​လျော့​နော်​..😂😂😂

မျှော်ရင်းစောင့်လျှက်

ပို​ပြင်းထန်​လာမဲ့ ဇာတ်​ကွက်​​တွေနဲ့

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64320.07
ETH 3154.23
USDT 1.00
SBD 4.34