နွေရင့်​နှင်းစက်​.. .၅

in #myanmar6 years ago

နွေရင့်​နှင်းစက်​.. .၅
image
Credit image
ဖြူနု​နေသည်​ဟု မဆိုနိုင်​​သော်​လည်း ညီညာသည့်​ ​ပြီး အနည်းငယ်​​ပေ​ရေ​နေသည့်​ ​ခြေ​ထောက်​တစ်​စုံ​ကြောင့်​ သူမ ​မော့ကြည့်​လိုက်​မိသည်​။မျက်​နှာသည်​ မီး​ရောကို ကွယ်​​နေ​သော​ကြောင့်​ ​သေချာမ​မြင်​ရ​သော်​လည်း မိန်းက​လေးတစ်​​ယောက်​ဆိုတာ​တော့ ဆံနွယ်​ရှည်​​တွေ​ကြောင့်​ သိသာ​နေသည်​။ရန်​လို​နေသည့်​ အရိပ်​အ​ယောင်​မျိုးလည် မဟုတ်​သည်​မို့ ကားစီးမည့်​ ခရီးသည်​ တစ်​​ယောက်​ပဲ ဖြစ်​လိမ့်​မည်​ဟုသာ ယူဆရင်း သူမ ​နေရာ အနည်းငယ်​ ​ရွေ့ပေးလိုက်​မိသည်​..။
သူမ အနားဝင်​ထိုင်​လိုက်​မှ ​ပြေပြစ်​​သောရုပ်​ရည်​နဲ့ ချိုသာ​သော အပြုံး​အောက်​တွင်​ ညှိုးငယ်​ရီ​ဝေ​နေ​သော မျက်​ဝန်းများကို သူမ သတိထားလိုက်​မိ​လေသည်​။
" ဘဝက ထင်​ထားတာထက်​ ဒဏ်​ရာဒဏ်​ချက်​​တွေ များလွန်းတယ်​..လူ​တွေက ယုတ်​မာလွန်းတတ်​ကြတယ်​ထင်​တယ်​.."
ယုယ အံ့သြတကြီး လှည့်​ကြည့်​လိုက်​မိသည်​။ သူမ၏ နှလုံးအစုံသည်​ အကျယ်​ကြီး ခုန်​လှုပ်​​နေ​လေသည်​..
သို့​သော်​ အမျိုးသမီးသည်​ သူ့တစ်​ကိုယ်​တည်း ​ရေရွတ်​သလို အ​ဝေးသို့ ​ငေးရင်း ​ပြော​နေခြင်းသာ...
သူမ သက်​ပြင်းကို ကျိတ်​ရှိုက်​လိုက်​မိသည်​။
လူနှစ်​​ယောက်​ အမိုးတစ်ခု​​အောက်၏​ ​ခုံတစ်​လုံးတွင်​ အတူရှိ​နေကြပြီး အချိန်​အကြာကြီး တိတ်​ဆိတ်​​နေခဲ့ကြသည်​။
ထိုတိတ်​ဆိတ်​မှုအား လှုပ်​ရှားမှုဖြင့်​ သက်​ဝင်​​စေခဲ့သူက အမျိုးသမီး..။ထိုအမျိုးသမီး၏ လှုပ်​ရှားမှုများကို ယုယ လှမ်းမြင်​​နေရသည်​။တိတ်​ဆိတ်​စွာပင်​ ​ငေးကြည့်​​နေလိုက်​မိသည်​..။
အမျိုးသမီးက သူမ လာခဲ့စဉ်​က လက်​ထဲတွင်​ အိတ်​ကြိုးကို စုကိုင်​ယူလာခဲ့​သော ခပ်​နွမ်းနွမ်း အိတ်​​လေးထဲမှ တစ်​ခုခုကို ရှာ​ဖွေကာ လက်​ထဲ ဆုပ်​ကိုင်​ထားရင်း ယုယကို စကား​ပြော၏..
image
Credit image
" ဒီ​နေရာက တိတ်​ဆိတ်​တယ်​။ ကားလမ်းဖြစ်​​ပေမယ့်​ လမ်း​ဟောင်းလို ဖြစ်​​နေတာရယ်​ လူအသုံးပြုမှု နည်းသွားတာရယ်​​ကြောင့်​လည်း ဖြစ်​​ကောင်းဖြစ်​မှာပါ။ဒါ​ပေမယ့်​ လမ်း​ဘေး ဖြစ်​​နေတဲ့အတွက်​ လူ​နေအိမ်​​တွေ မရှိ​ပေမယ့်​ ဟို​နေရာက အ​ဆောင်​​လေ.."
သူမ လက်​ညှိုးညွှန်​ပြရာ ယုယတို့ ထိုင်​​နေရာ၏ မျက်​​စောင့်​ထိုး အ​ဆောက်​အအုံကြီးကို ​တွေ့လိုက်​ရသည်​။ ​ချောင်​ကျ​သော်​လည်း တိတ်​ဆိတ်​ငြိမ်းချမ်းခြင်း အ​ငွေ့အသက်​၊ ကိုယ်​နှင့်​မဆိုင်ပါက ဝင်​မပါတတ်​​သော လူကုံထံတို့ ပတ်​ဝန်းကျင်​ ဆန်​​နေ​တတ်​​သော ​နေရာ တစ်​ခုဟု ယုယ မှတ်​ချက်​ချမိသည်​။
အမျိုးသမီးကပင်​...
" ငါ အ​ဆောင်​ထဲ မဝင်​ခင်​ ဒီ​နေရာမှာ ညတိုင်းနီးပါး ထိုင်​ဖြစ်​တယ်​။ဘဝရဲ့ မွှန်းကျပ်​မှု စိတ်​ရဲ့ မွှန်းကျပ်​မှု လူ​တွေရဲ့ ရက်​စက်​ယုတ်​မာမှု​တွေက​နေ လွတ်​​မြောက်​ဖို့..."
သူမ၏ စကားသံ​တွေထဲတွင်​ နာကျဉ်းချက်​ပုံရိပ်​များ စွန်းထင်​​နေသည်​ဟု ယုယထင်​မိသည်​။ သူမ၏ အပြုံးများတွင်​လည်း ထိုနာကျဉ်းချက်​တို့ စွန်းထင်း​နေကြသည်​။
တဒင်္ဂမျှ ယုယ ကိုယ်​ကိုယ်​ကိုယ်​ ​မေ့ကာ ထိုအမျိုးသမီးကို စိတ်​ဝင်​စားသွားမိသည်​မှာ အမှန်​။
ပြီး​တော့ အမျိုးသမီး​ပြောသည့်​ စကားများ..
" လွတ်​​မြောက်​မှု..."
ယုယ၏ ​မေးခွန်းဆန်​​သော စကားကို အမျိုးသမီးက လှိုက်​လှိုက်​လှဲလှဲ ပြုံး၏..

" အင်း​ပေါ့ အဲ့ဒီအရာ​တွေက​နေ ခဏ​လေးဖြစ်​ဖြစ်​ လွတ်​​မြောက်​သွားတဲ့ လွတ်​​မြောက်​မှု​လေ..။ဘာလဲ.။.စိတ်​ဝင်​စားသွားတာလား... "

ယုယ ​ခေါင်းညိတ်​ပြလိုက်​မိတာ ထင်​သည်​။ အမျိုးသမီးက သူမလက်​ထဲမှ ဆုပ်​ကိုင်​ထား​သော တစ်​စုံတစ်​ခုကို ဖြန့်​ကြည့်​ပြီး နှစ်​ခြိုက်​စွာ ပြုံး​လေသည်​။
ယုယ နားမလည်​နိုင်​စွာပင်​ အမျိုးသမီးအား ​ငေး​ကြည့်​​နေလိုက်​မိသည်​။


"​ဆောရီး နဒီ ..အတိုက်​အခိုက်​​တွေ စကားလုံး​တွေ သံသယမျက်​ဝန်း​တွေကို ငါ သိပ်​​ကြောက်​​နေတယ်​..။ငါအလုပ်​မဆင်း​တော့တာထက်​ အဲ့ဒီအလုပ်​က​နေ ငါ ထွက်​လိုက်​ပြီ။ငါ့ထွက်​စာကို မင်းယူသွား​ပေးပါ.."
သူမကို စာနာခြင်း နားလည်​ခြင်း သနားကြင်​နာခြင်းတို့ ​ရောပြွန်း​နေ​သော မျက်​ဝန်းတို့ဖြင့်​ ​ငေးကြည့်​ရင်း နဒီသက်​ပြင်းရှိုက်​ကာ သူမ၏ထွက်​စာကို လှမ်းယူလိုက်​၏..။
" ငါ သွား​တော့မယ်​ ယုယ..ရုံးချိန်​နီး​နေပြီ။ မင်း အဆင်​​ပြေတယ်​ မဟုတ်​လား.."
သူမ ပခုံးအနည်းငယ်​တွန့်​ပြကာ..

" စိတ်​ချသွားပါ..ငါက ​အေး​ဆေး.."
နဒီထွက်​သွားသည်​နှင့်​ အခန်းတံခါးကို ပိတ်​ကာ ယုယ အိပ်​ယာ​ပေါ်သို့ လဲချပစ်​လိုက်​မိသည်​။သူမ၏ ခွန်​အားတို့ ဆုတ်​ယုတ်​​နေကြသလိုလို.။.မျက်​ဝန်းအစုံကို မှတ်​ချပစ်​လိုက်​သည့်​အခါ သူမရင်​ထဲမှာ ပိုပြီး ဟာဆင်းသွားမိသည်​။ ​သေချာပါသည်​။ဒီ​နေ့လည်း သူမ ထမင်းစားဖြစ်​မှာ မဟုတ်​..။
နက်​​သောဒဏ်​ရာတို့အတွက်​ ပြင်းထန်​​သော ​ဝေဒနာသည့်​ သင့်​​လျှော်​ပါလိမ့်​မည်​။သူမအတွက်​​တော့ ထိုအရာအတွက်​ ​ဆေးပြင်းသည်​လည်း လို​ပေလိမ့်​မည်​..။

မျက်​ဝန်းတို့ မှိတ်​ထားမိစဉ်​ ဖုန်းဝင်​လာသည်​မို့ ​ကောက်​ကိုက်​လိုက်​သည်​..
" ယုယ ကျွန်​​တော်​ပါ.."
သူမ ဖွင့်​ပြီးသား မျက်​ဝန်း​တွေကို ပြန်​မှိတ်​ချလိုက်​​တော့ မျက်​ရည်​စအချို့ စီးကျသွား​လေသည်​။
"အင်း..​ပြောပါ ရှိုင်း "
" ကျွန်​​တော်ယုယနဲ့ ​တွေ့ချင်​တယ်​။စကား​တွေ ​ပြောချင်​တယ်​ ဖြစ်​မလား "
သူမ ​တွေ​ဝေသွားမိသည်​။
သူမနှင့်​ လူချင်းမ​တွေ့ဖြစ်​ကြသည့်​တိုင်​ သူမ​ဘေးမှာ သူငယ်​ချင်း​ကောင်းပီသစွာ ရပ်​တည်​​ပေး​နေခဲ့​သော..သူမ၏စိတ်​​တွေကို ထူမတ်​​ပေး​နေခဲ့​သော..အား​ပေးစကားတို့ကို ဆိုရင်း သူမ၏ စိတ်​တို့ကို သက်​သာရာ ရ​စေခဲ့​သော ရှိုင်း...
သူမတို့၏ တွယ်​ညှိခြင်းသည်​ သာမန်​ခင်​မင်​မှုထက်​ ပိုပြီး လွတ်​လပ်​ပွင့်​လင်း​နေခဲ့သည်​ဟု ဆိုပါလျှင်​ ရှိုင်းကို သူမ ​တွေ့သင့်​ပါသလား.။
" ယုယ...အဆင်​မ​ပြေလို့လား."
" ဟင့်​အင်း ​ပြေပါတယ်​ ဒါ​ပေမယ့်​..."
သူမ စကားမဆုံးခင်​မှာပင်
" ယုယ အလုပ်​မဆင်းတာ တစ်​ပတ်​​ကျော်​သွားပြီ​ဆို..ကျွန်​​တော်​ ယုယရဲ့ ပြဿနာ အ​ကြောင်းအရင်းကို အ​ဖြေရှာကြည့်​​ပေးဖို့ပါ။နှစ်​​ယောက်​အကြံက တစ်​​ယောက်​ထဲထက်​​တော့ ပို​ကောင်းနိုင်​မယ်​လို့ ယူဆလို့ပါ ..
ကဲ ကျွန်​​တော်​တို့ ဘယ်​မှာ ဆုံကြမလဲ ယုယ"
image
Credit image
ရှိုင်း၏ စကား​တွေက သူမ၏ နှလုံး​သွေးတို့ကို ဆူပွက်​​နေ​စေသည်​။လူသည်​​ကျောက်​ရုပ်​ကဲ့သို့ ရပ်​တန့်​သွား​သော်​ငြား အသိစိတ်​တို့သည်​ ​ဆောက်​တည်​ရာမရ ​ပြေးလွှား​နေကြကုန်​၏။
သူမ ​မောဟိုက်​လာသည်​။ခဏက ဖုန်း​ပြောရင်း ထ​လျှောက်​လာခဲ့မိ​သော ပြတင်း​ပေါက်​နားတွင်​ပင်​ လဲကျ​တော့မလို ဒူးတို့ ​ပျော့​ခွေ​နေကြ၏..
" ဟယ်​လို..ယုယ.."
စိတ်​ပူသံတို့ ​ရောစွက်​​နေ​သည့်​ ​ခေါ်သံကို ဥပက္ခာပြုကာ သူမ ဖုန်းကို ပါဝါပါ ပိတ်​ချပစ်​လိုက်​သည်​။
ပြီး​တော့ ခုတင်​​ဘေးစာကြည့်​စားပွဲတွင်​ထိုင်​ကာ အံဆွဲထဲတွင်​ သူမအတွက်​လိုအပ်​​သော ပစ္စည်း အချို့ကို ရှာ​ဖွေလိုက်​သည်​..။
တုန်​ယင်​လှုပ်​ရှားမှုတို့ကို ​သေးငယ်​​သော ထိုအရာက ရပ်​တန့်​​ပေးလိုက်​​လေသည်​.။ယုယ ခုတင်​ထက်​သို့ ခန္ဓာကိုယ်​ကို ပစ်​လဲချလိုက်​​လေသည်​။
မျက်​ဝန်းတို့​မှေးမှိတ်​ချိန်​ မည်​မျှ ကြာသွားသည်​​တော့မသိ ​ခေါ်သံတစ်​ခုက သူမကို သတိဝင်​လာ​စေသည်​။
" ယုယ​ရေ ...ဧည့်​သည်​ ​ရောက်​​နေတယ်​.."
သူမ မျက်​လုံးအစုံ ပြူးကျယ်​သွား၏။
နာရီကိုကြည့်​လိုက်​​တော့ ​နေ့လည်​ ဆယ့်​နှစ်​နာရီထိုးပြီးလို့ နှစ်​ဆယ့်​​လေး မိနစ်​...
က​ဗျာကယာထကာ အခန်းတံခါးက​နေ ​ချောင်းကြည့်​လိုက်​​တော့
" ဟင်​..."
သူမ သိပ်​ကို ဝမ်းသာသွား​လေသည်​..။

အပိုင်း ၆ သို့..

Writter>>>>> @yekungsatthone
Msc >>>>>213

Sort:  

စာဖတ်သူတွေကို ဆန့်တငင်ငင်ဖြစ်အောင် လုပ်လွန်းသော စာရေးဆရာကြီး နောက်တစ်ပိုင်းကို ဆက်လက်စောင့်စားရပြန်ပေမည်

ကျေးဇူးတင်​ပါသည်​ ​ပေါ့ဗျာ

ကျနော်လည်း မိတယ်😁😁

Cheetah ရူးနေတာ

လေပါတယ်​ဗျာ

ခေတ်မှီပြီဟေ့ cheetah မိမှ ခေတ်မှီတာဗျာ

Post‌တွေ မတင်‌‌စေချင်‌လို့လား CT ရယ်‌။

အေး​လေ..

ဇာတ်လမ်းလေးက တဖြည်းဖြည်းတော့ ဇာတ်ရှိန်လေးရလာပြီဗျ။နောက်အပိုင်းဆက်အားပေးမယ်ဗျာ။ဒီအပတ်တော့ cheetah တွေတော်တော်တွေ့တယ်ဗျာ

ကျေးဇူးပါ ဆက်​လက်​အား​ပေးပါဗျ

ကျွန်တော်တော့CTမမိသေးဘူး
နီးတော့နီးနေပြီနဲ့တူတယ်။

နှစ်​ခါရှိပြီ​ဗျ..ဂယ်​ပါပဲ😢

အပိုင်း၆ဆက်​အား​ပေးပါ့မယ်​....

ဟုတ်​ကဲ့အား​ပေးပါအုံးဗျ

ချစ်သူရဲ့ ဥပေက္ခာ
စိမ်းကားသော်လည်း ဆက်ချစ်မှာ
ကျေနပ်ဆဲပါ

ဆက်​လက်​အား​ပေးပါဗျ

အပိုင်းတွေ များရီး ပျင်းတယ် သိမ်းတော့ နောက်တစ်ပုဒ်ထက်ရေး😒

ဒီဇာတ်​လမ်းကို ကွဲ​ပေးရမား ​သေ​ပေးရမား မကြိ😁

ကွဲပီး သေပလတ်တော့ နဲနဲ ရက်စက်သွားလား😌😌ဟိ

ဆက်အားပေးမယ်နော် ကိုရီးယားကားလို အပိုင်းဆက်ဆိုတော့ စာဖတ်ရတာပျင်းတဲ့ကျမ သိပ်မပျင်းတော့ဘူး

ကျေးဇူးပါဗျ အဲ့လိုမှလည်း အားရှိတာဗျ

စိတ်ဝင်စားစရာ ဝထ္ထုလေးပါဗျာ 😊😊

ဟုတ်​ဗျ အား​ပေးပါအုံး​နော်

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70597.89
ETH 3559.60
USDT 1.00
SBD 4.77