ချစ်​ခြင်း၏အခိုးအ​ငွေ့များ

in #myanmar6 years ago

ချစ်​ခြင်း၏အခိုးအ​ငွေ့များ
image
Credit image
ဘဝတွင်​အရာရာသည်​ ချစ်​သူကိုချစ်​ခင်​ရခြင်းနှင့်​ပင်​ ပြီးပြည့်​စုံပါပြီဆိုသူ၏ ​ရွေးချယ်​မှုသည်​ ရယ်​ချင်​စရာ​ကောင်းလွန်း​နေခဲ့​လေသည်​။
ငယ်​ကတည်းက ရုန်းကန်​မှုကိုယ်​စီနှင့်​ ​မျှော်​လင့်​ချက်​ကိုယ်​စီနှင့်​ ဘဝ၏တိုက်​ပွဲထဲ တိုးဝင်​ရဲခဲ့ကြသူနှစ်​​ယောက်​၏ အဆုံးသတ်​အဖြစ်​ အဆုံးအဖြတ်​သည်​ ဤမျှ အ​ပေါစားဆန်​လိမ့်​မည်​ဟု သူမ မထင်​ခဲ့မိ​ပေ...
အချစ်​...အချစ်​...အချစ်
သူ​တောက်​​လျှောက်​​ရေရွတ်​ခဲ့​သော သူမအတွက်​ အားအင်​​တွေ ဖြစ်​​စေခဲ့​သော ထိုစကားလုံးအားလုံးသည်​ ​ငွေဆိုသည့်​ သက်​မဲ့ ခံစားချက်​မဲ့ ရုပ်​ဝတ္ထု​အောက်​တွင်​ ဤမျှ မရှု့မလှကျရှုံးသွားခဲ့ရလိမ့်​မည်​ဟု သူမ မထင်​ခဲ့မိတာ အမှန်​....
ရက်​စက်​သည်​ဆိုတာထက်​ပင်​ ပိုပြီး​ရွံစရာ​ကောင်း​နေခဲ့​သော ထိုလူသားကို သူမ မုန်းသည်​။နာကြည်းသည်​။
ယောက်ျားတန်​မဲ့ ကတိမတည်​တတ်​​သော ​လျှာကို မုသားအတွက်​ အများအပြားအသုံးချခဲ့​သော မာယာများစွာနှင့်​ ထိုလူသားကို သူမ သတ်​ပစ်​ချင်​​လောက်​​အောင်​မုန်း​လေသည်​...

" ကိုယ်​တို့နှစ်​​ယောက်​ရဲ့ဘဝတစ်​ခုကို.ထူ​ထောင်​ဖို့ ကိုယ့်​မှာ ​ငွေအလုံ​အ​လောက်​ရှိ​နေပြီ..ဆက်​ပြီရုန်းကန်​​နေဖို့မလို​တော့ဘူး..သူ့ကိုလက်​ထပ်​တယ်​ဆိုတာ ကိုယ့်​အတွက်​​တော့ စီးပွား​ရေးလုပ်​ငန်းတစ်​ခုပဲ"တဲ့

ကြည့်​စမ်း ဘယ်​​လောက်​ ရွံရှာစရာ​ကောင်းလိုက်​သလဲ..

"ဟား...ဟား..ဟား...ငါ့အသားကို မထိနဲ့ ထက်​​ခေါင်​။နင့်​ကို ငါရွံတယ်​.ဒါကို နင်​က.ဖြတ်​လမ်းစီးပွားတစ်​ခုလို့ သ​ဘောထားနိုင်​​ပေမယ့်​ ငါ့အတွက်​က​တော့ နင်​က ကိုယ်​ကျင့်​သိက္ခာ​တွေ စုတ်​ပြတ်​​နေတဲ့လူပဲ။နင့်​ကို ငါရွံတယ်​။"

"ငါ့ကို အဲ့လို မ​ပြောနဲ့ အလင်းမြတ်​။ငါလုပ်​သမျှဟာ နင့်​အတွက်​ရည်​ရွယ်​ခဲ့တာချည်းပဲ..နင့်​ကိုငါ သိပ်​ချစ်​လို့ပဲ"
image
Credit image
သူမ ထက်​​ခေါင်​၏မျက်​နှာကို နာကြည်းစက်​ဆုပ်​ရွံရှာဖွယ်​ကြည့်​ပစ်​လိုက်​ပြီး ဟွန့်​ခနဲ တစ်​ချက်​မဲ့ကာ ထို​နေရာမှ လှည့်​ထွက်​ခဲ့လိုက်​သည်​။ထက်​​ခေါင်​က သူမလက်​ကို လှမ်းဆွဲလိုက်​​တော့ သူမ ဆက်​ခနဲ လက်​ကို ရုတ်​ပစ်​လိုက်​ပြီး ထက်​​ခေါင်​မျက်​နှာကိုလက်​ညှိုးနဲ့ထိုးပြီး..

" နင်​ငါ့ကို​ပြောမယ့်​ စကား​တွေမှန်​သမျှ နင်​လက်​ထပ်​ထားတဲ့ မိန်းမကို သွား​ပြော..နင်​​ပြောမယ့်​ အချစ်​​တွေကိုလည်း ငါမယုံဘူး။နင်​​ပြောမယ့်​ စကား​တွေကို​လည်း ငါမယုံဘူး"

သူမ ဘယ်​ပတ်​ဝန်းကျင်​ကိုမှ ဂရုစိုက်​မ​နေပဲ အကျယ်​ကြီး ​အော်​ဟစ်​​ပြောပစ်​လိုက်​ပြီး ​ခြေလှမ်းကြမ်းကြမ်းတို့ဖြင့်​ လှည့်​ထွက်​​ပြေးခဲ့လိုက်​​လေသည်​။

အလင်းမြတ်​နှင့်​ထက်​​ခေါင်​ဆိုတဲ့ ငယ်​သူငယ်​ချင်းနှစ်​​ယောက်​၏သံ​ယောဇဉ်​တစ်​ခု တခန်းရပ်​ခဲ့သလို သူငယ်​ချင်းဘဝမှ ဆက်​လက်​ဖြစ်​တည်​ခဲ့​​သော ချစ်​သူဆိုသည့်​ ချည်​​နှောင်​မှုသည်​လည်း မရှု့မလှ ကွဲအက်​ပြိုပျက်​ခဲ့​လေ​တော့သည်​။

အခု​တော့လည်း သူမ၏ည​နေခင်းတို့သည်​ အ​ရောင်​မွဲမွဲဖြင့်​ အနာဂတ်​မဲ့ တည်​ရှိ​နေပြန်​​လေ​တော့သည်​။

"​ဟေ့ေ​ဟ့ ဘာလုပ်​တာလဲ"

သက်​​တောင့်​သက်​တာ မဖြစ်​နိုင်​​သော မြင်​ကွင်း​ကြောင့်​ သူ့လက်​ထဲက ကင်​မရာကို အိတ်​ထဲ က​ဗျာကယာ ပြန်​ထည့်​လိုက်​ရင်း ​အော်​လိုက်​မိသည်​။

သူ့အသံ​ကြာင့် ​ဆည်းဆာ​ရောင်​​အောက်​တွင်​ အသက်​ဝင်​လာခဲ့​သော ပန်းချီကားတစ်​ချပ်​နှယ်
ဖျော့​တော့​သော်​လည်း မည်းနက်​​ထင်​ရှားသည့်​ မျက်​ခုံးတန်း​အောက်​မှ မျက်​နက်​ဝန်းအစုံ သွယ်​လျသည့်​နှာတံ ဖူးကြွ​နေသည့်​ နှုတ်​ခမ်းတို့ဖြင့်​ ပြည့်​စုံ​သော မျက်​နှာတွင်​ နုမွတ်​​သော မျက်​နှာသည်​ သွယ်​လျမလိုနှင့်​ ​လေး​ထောင့်​ဆန်​​နေပြန်​​လေသည်​။ည​နေခင်း၏ ​လေပြည်​ညှင်းနင့်​ ဖွလန်​ကြဲ​နေ​သော ဆံနွယ်​တို့သည်​ ယဉ်​မလိုနှင့်​အရိုင်းဆန်​​နေပြန်​​လေ၏။ တီရှပ်​ပွပွကြီးနှင့်​ ဒူးကို​ကျော်​​နေသည့်​ ဂါဝန်​ဖြူလွလွတို့က ​လေအ​ဝေ့တွင်​ ကဗျာဆန်​​နေပြန်​​လေသည်​။ သို့​သော်​ သူမ၏ စိတ်​ကူးတို့သည်​ ကဗျာဆန်​​နေပုံမရ..
တိုက်​​ခေါင်​မိုးစွန်းတွင်​ မတ်​တပ်​ရပ်​လျက်​ ​ရှေ့သို့​ခြေတစ်​လှမ်းတိုးလိုက်​ရုံဖြင့်​ သူမ၏ အသက်​တွင်​မနက်​ဖြန်​မရှိနိုင်​​တော့..
image
Credit image
သူ​အော်​လိုက်​​တော့ သူ့ကို တစ်​ချက်​သာကြည့်​ကာ ​ရှေ့သို့လှည့်​သွားပြန်​​လေသည်​။
သူ့စိတ်​ထဲ ထိတ်​ခနဲ ဖြစ်​သွားပြီး သူမရှိရာသို့ သူ ​သတိထားပြီး တိုးကပ်​သွားလိုက်​မိသည်​။နှုတ်​က​နေလည်း

"အသက်​က ငယ်​ငယ်​​လေးရှိ​သေးတာ.ဘာ​တွေဒီ​လောက်​ စိတ်​ညစ်​ဖို့​ကောင်း​နေလို့ ဒီလိုမျိုးကြံစည်​ရတာလဲကွ။ပြဿနာတိုင်းက ​ဖြေရှင်းလို့ရပါတယ်​။ စိတ်​​အေး​အေးထားပြီး စဉ်းစားပါအုံးဟ.."

သူ ​ခြေ​လေးငါးလှမ်းအကွာအ​ဝေးခန့်​တွင်​ အက်​ရှရှအသံ​လေးက အမိန့်​ဆန်​စွာ ထွက်​​ပေါ်လာ​၏

" မလာနဲ့.."

သူ တုန့်​ခနဲ ရပ်​သွားမိပြီးမှ ​သူမ ဒီဖက်​လှည့်​မကြည့်​တာကို သတိထားမိပြီး ခြေလှမ်းကို တ​ရွေ့ချင်းဆက်​တိုးလိုက်​မိသည်​..
သူမအနား​ရောက်​ခါနီး ​ခြေနှစ်​လှမ်း​လောက်​အလို သူမလက်​ကို ဖမ်းဆွဲရန်​ သူလက်​လှမ်းလိုက်​သည်​.
ထိုစဉ်​...

အပိုင်း ၂ သို့

Writter>>>>>>@yekungsatthone
Msc>>>>>>>>213

Sort:  

အလင်းမြတ် ဆိုတဲ့နာမည်လေးက နန်းဆန်တယ်

ဟုတ်​ပါ့ဗျာ..သူ့ပုံစံ​လေးလည်း နန်းဆန်​ပါတယ်​..😁

အချစ်​ က​ကြောက်​စရာ​ကောင်း​သော သတ္တ၀ါ တစ်​​ကောင်​လိုကြားဖူးတယ်

အမ်​..ဟုတ်​မလား မသိ

အလင်းမြတ်​က ကောင်မလေး နာမည်လားဗျ

ဟုတ်​ပါတယ်​ဗျ

တန်ခိုးကြီးသောအချစ်ဆက်ဖတ်ပါမည်

ဟုတ်​ကဲ့ပါဗျ

အပိုင်းဆက်ပြန်ရေးပြီလားညီ
အားပေးနေပါတယ်။

ဟုတ်​ ပြန်​​ရေးပါပြီ bro..အား​ပေးပါအုံး

ကောင်မလေးကို ပြုတ်မကျသွားစေနဲ့နော်... အပိုင်း (၂) ဆက်အားပေးမယ် ။

ဆက်​လက်​အား​ပေးပါဗျာ..သိရမှာ​ပေါ့

ဒါက​နောက်​၀တ္ထုရှည်​တစ်​ပုဒ်​​ပေါ့
အပိုင်း၂ဆက်​အား​ပေးပါ့မယ်​...

ဟုတ်​ဗျ...

‌နောက်‌ထပ်‌ဇာတ်‌လမ်း‌ကောင်းတစ်‌ပုဒ်‌ ဖတ်‌ရ‌တော့မှာ‌ပေါ့။စကားလုံး‌ရွေးချယ်‌တာ အဆင့်‌အတန်း မြင့်‌တယ်‌။တကယ်ေ ပြာတာ ပါရမီရှင်‌လက်‌ရာ။အခန်းကူးတာ မ‌လောနဲ့ညီ။အား‌ပေး‌နေပါတယ်‌။

ဟု​တ်​ bro.သိပ်​ဆွဲ​ဆောင်​​နေရင်​ ငြီး​ငွေ့သွားမှာစိုးလို့ ပါဗျ

Ok တယ်​ဗျ ဝထ္ထုရှည်​ ​ရေးနိုင်​တဲ့စွမ်းအားမ​သေးဘူး​နော့

ကျေးဇူးပါဗျာ..စာ​တို​တွေဆို ​ရေးစရာရှာ​နေရလွန်းလို့​လေ

ဆက်ဖတ်ပါ့မယ်

ဟုတ်​ဗျ

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64275.05
ETH 3147.49
USDT 1.00
SBD 4.29