နူးညံ့ရီဝေစေတတ်သော ကျိန်​စာ (ဇာတ်သိမ်း)

in #myanmar6 years ago (edited)

" အ​မေ....."

ကျွန်​​တော်​ က​လေးငယ်​တစ်​​ယောက်​လို ဝမ်းနည်းတကြီး ရှိုက်​ငိုပစ်​လိုက်​မိသည်​။ကျွန်​​တော်​ အမုန်းကြီး မုန်းခဲ့​သော မိန်းမတစ်​​ယောက်​အတွက်​ ကျွန်​​တော်​ မျက်​ရည်​ကျရမိ​လေပြီ။

" အ​မေ....​မေ....​မေ....."
ကျွန်​​တော့်​ စကားသံ​တွေ ထစ်​အ ​တိုးဝင်​သွား​လေသည်​။အ​မေ့ပါးပြင်​မှာ မျက်​ရည်​စအချို့နဲ့အတူ ကျွန်​​တော့ကို ပြုံးပြလိုက်​​သော အပြုံးများထဲတွင်​........

.............................
images (10).jpeg

Photo credit facebook
ထက်​မြက်​​ရယ်​....
ဘဝဆိုတာ တို​တောင်းလွန်းတယ်​တဲ့။ အဲ့ဒီအထဲကမှ ငါ့အတွက်​ကများ ပိုပြီး တို​တောင်း​လေသလားဟာ....
ငါ့ဘဝမှာ လုပ်​ချင်​တာ​တွေကို လုပ်​ခဲ့​ပေမယ့်​ ငါဖြစ်​ချင်​တာ​တွေ ဖြစ်​ခွင့်​မရခဲ့ဘူး..ငါ့ဘဝမှာ ဆို့နင့်​မွှန်းကျပ်​ခဲ့တိုင်း ဘယ်​သူ့ကိုမှ ဖွင့်​​ပြောခွင့်​မရခဲ့ဘူး...။
ငါ့ဘဝမှာ ဟိုးငယ်​စဉ်​ ခန့်​တို့နဲ့ ​နေခဲ့ချိန်​​တွေပြီးတဲ့​နောက်​မှာ ​ပေါ့​ပေါ့ပါးပါးနဲ့ လွတ်​လွတ်​လပ်​လပ်​ ရယ်​​မောမိခဲ့တာ နင့်​ဆီ ​ရောက်​ပြီးတဲ့ ​နောက်​မှာ​ပေါ့....။
ငါ ခန့်​ဆီကို ခဏလာတာ ဖြစ်​​ပေမဲ့ နင့်​ဆီမှာ အမှတ်​မထင်​ ကြာရှည်​သွားတဲ့ အခိုက်​အတန့်​မှာ ငါ​ပျော်​တယ်​။ ငါ့ကို နင်​မုန်း​နေခဲ့တာ သိသိကြီးနဲ့ နင့်​ဆီမှာ ​နေရတာ ငါလွတ်​လပ်​​ပေါ့ပါးတယ်​...
ငါက ​ပေါ့ပျက်​တဲ့ မိန်းမတစ်​​ယောက်​ဖြစ်​ခဲ့​ပေမယ့်​ ​လောကကြီးကို ပိုပြီး ​လေး​လေးနက်​နက်​ သိပါတယ်​ ထက်​မြက်​ရယ်​...။
လူ​တွေအများကြီးနဲ့ ​ပေါင်းသင်း​နေထိုင်​ခဲ့တာ အထူးသဖြင့်​ ​နက်​တို့လို ​ယောက်ျား​လေး​တွေနဲ့ လက်​ပွန်းတသီးရှိ​နေခဲ့တဲ့ ငါက နင်​တို့ ​ယောကျား​လေး​တွေ အ​ကြောင်းကို ပိုသိပါတယ်​....

အထူးသဖြင့်​​တော့ နင့်​အ​ကြောင်း​ပေါ့....
ငါ့ဘဝမှာ ငါ့ကို တခဏ​လေးပဲဖြစ်​ဖြစ်​ ​အေးချမ်းမှု ​ပေးနိုင်​ခဲ့တဲ့ နင့်​အရိပ်​ထဲမှာ ငါ​တွေ့သမျှ ​ယောက်ျားသားများစွာနဲ့ ကွဲလွဲ​နေခဲ့တဲ့ နင့်​သိက္ခာကို ငါ​လေးစားတယ်​ ထက်​မြက်​။

ဘဝတိုတို​လေး​နေရ​ပေမယ့်​ နင့်​လိုလူရဲ့ အရိပ်​မှာ ခိုလှုံလိုက်​တာချည်းဆိုရင်​ ဒါမှမဟုတ်​ ဆူးသက်​တို့ အ​ဒေါ်တို့လို မိသားစုအရိပ်​မှာပဲ ခိုလှုံခွင့်​ရမယ်​ဆိုရင်​ ငါ ​ကျေနပ်​တယ်​..

...............................
images (8).jpeg

Photo credit facebook

ဟိုးက​လေးဘဝကတည်းက ခန့်​နဲ့ယှဉ်​တိုင်း ဆူးသက်​နဲ့ ယှဉ်​တိုင်း ​မေတ္တာ ငတ်​ခဲ့တဲ့ ​မေ့ကို သနားချစ်​နဲ့ ချစ်​ခဲ့တဲ့ အ​ဒေါ့်ကို ခုတစ်​ခါ ပြန်​​တွေ့ ဖြစ်​ရင်​ ​မေ​လေ အ​ဒေါ့်ရင်​ခွင်​ထဲ တိုးဝင်​ပြီး က​လေးတစ်​​ယောက်​လို ငိုပစ်​မယ်​....

အားရ​အောင်​ ငိုပြီးရင်​ အားရ​အောင်​ ရယ်​မယ်​..
အဲ့ဒီအခါက အ​ဒေါ်က သီရိ​လေး...အရူးမ​လေး အခုထိ က​လေးဆန်​တုန်းပဲလို့ ​မေ့ကို ​ပြော​မလား....

အ​ဒေါ့်ကို ​မေလွမ်းတယ်​။ဘဝမှာ စိတ်​ပျက်​အားငယ်​စရာ ကြုံတိုင်း အ​ဒေါ့်ကို သတိရတယ်​...

ခန့်​က ​မေ့ကို ချစ်​သတဲ့ အ​ဒေါ်လို့ ​ပြောပြီး အ​ဒေါ်နဲ့ ဝိုင်းရယ်​ကြမယ်​။ ဆူးသက်​နဲ့ အတူတူ ခန့်​ကို ဝိုင်း ဟားကြမယ်​။ ဆူးသက်​​လေးကိုလည်း ချစ်​တယ်​။
သူ့အ​မေဆီက ​မေက ဖဲ့ယူလိုက်​တဲ့ ​မေတ္တာအတွက်​ ဘယ်​​တော့မှ စိတ်​မဆိုးခဲ့တဲ့ ညီမ​လေး ဆူးသက်​.....

ခန့်​က ​မေ့ကို ချစ်​တယ်​တဲ့။ လက်​ထပ်​ချင်​တယ်​တဲ့...တန်​လို့လား ခန့်​ရယ်​။ 
မေဆိုတဲ့ မိန်းမတစ်​​ယောက်​၊ ​ယောက်ျားတကာရဲ့ ရင်​ခွင်​ထဲက​နေ ရယ်​​မော​နေနိုင်​တဲ့ ​မေသီရိဆိုတဲ့ မိန်းက​လေးတစ်​​ယောက်​က သူ့ရဲ့ ဖြူစင်​လွန်းတဲ့ သူငယ်​ချင်းကို လက်​ထပ်​လိမ့်​မယ်လို့ ထင်​​နေ​ခဲ့တဲ့ ​မေ့ရဲ့ အချစ်​ရဆုံး အခင်​ရဆုံး သူငယ်​ချင်း​လေး အရူး​ကောင်​​လေး....

ခန့်​ရယ်​ နင့်​အ​ကြောင်း​တွေးတိုင်း ငါငိုတယ်​။ အခု ဒီဒိုင်​ယာ​ရီ​လေးကို ​ရေးပြီး ငါငို​နေမိပြန်​ပြီ။

ငါ့ကိုယ်​ငါ​တောင်​ ပြတ်​သားခွင့်​မရှိတဲ့ ငါက နင့်​အ​ပေါ် စိမ်းကားရက်​စက်​တဲ့ စာကို ​ရေးဖို့ ဘယ်​​လောက်​အားယူခဲ့ရလဲ နင်​မသိခဲ့ဘူး​နော်​။ငါဆိုတဲ့ မိန်းက​လေးတစ်​​ယောက်​အတွက်​ နင်​ အသက်​ကိုပါ အ​သေခံသွားတယ်​​နော်​.....
ငါ အကျယ်​ကြီး​ ​အော်​ငို ပစ်​ချင်​တယ်​....

နင်​သာအနားမှာ ရှိ​သေးရင်​ နင့်​ကို စိတ်​ရှိ လက်​ရှိ ခါပြီး အရူး​လို့ အကျယ်​ကြီး ​အော်​ပစ်​ချင်​တယ်​..အရူးရဲ့.......

.......................

ငါ ​နေပြန်​ ​ကောင်းလာခဲ့ပြီ ခန့်​။
နင်​က ငါ့အတွက်​နဲ့ အ​သေခံခဲ့တာ။ ငါက ငါ့အပြစ်​နဲ့ငါ အ​သေကြံခဲ့တာ...
ဒါ​ပေမဲ့ဟာ ​လောကကြီးက မတရားဘူး သိလား..ငါဖြစ်​ချင်​တာဆို ဘယ်​​တော့မှ ဖြစ်​ခွင့်​မရခဲ့ဘူး....

ငါ့ဘဝမှာ ရင်​ဖွင့်​ခွင့်​ မဲ့ခဲ့တဲ့ စကားတွေကို ထက်​မြက်​ကို ရင်​ဖွင့်​ခဲ့မိတယ်​။

ခန့်​ရယ်​.....
ထက်​မြက်​ရဲ့​ဖေးမမှု​တွေ​အောက်​မှာ ငါ ပြန်​လည်​ရှင်​သန်​မှု​တွေသာ မကပဲနဲ့ ငါ့ရဲ့ ​ပျော်​ရျှင်​မှု​တွေကိုပါ ပြန်​ရခဲ့တယ်​....

ငါ......​ပျော်​လိုက်​တာ....

.............................
pexels-photo-556667.jpeg

Photo credit facebook

ငါ့ဘဝအတွက်​ ​မျှော်​လင့်​ချက်​ဆိုတာ ရှိ​သေးရင်​ အ​ဒေါ့်ဆီကို သွားမယ်​။
အ​ဒေါ်နဲ့ အကြာကြီး​နေမယ်​...စကား​တွေ အများကြီး ​ပြောမယ်​။
ငါ့ဘဝထဲက​နေ ငါ့အိမ်​မက်​ဆိုး​တွေထဲက​နေ ငါ လွတ်​​မြောက်​​အောင်​ လုပ်​မယ်​....
အဲ့ဒီ အချိန်​မှာ ငါ သိပ်​​ပျော်​​နေ​လေမလား.....

အဲ့ဒီအ​ကြောင်း​တွေ ​တွေးရင်​ ငါ သိပ်​​ပျော်​လွန်းလို့ထင်​တယ်​...
ငါ့နှလုံး​တွေ​တောင်​ ​အောင့်​တယ်​..
ဒါ​ပေမဲ့ ငါ လွတ်​လွတ်​လပ်​လပ်​ ပြုံး​နေမိဆဲပဲ...။
................

မ​မေသီရိ
အသက်​ ( ၂၇ )နှစ်

ကျောက်​ပြားဖြူဖြူ​ပေါ်က စာလုံး​လေး​တွေကို မမှိတ်​မသုန်​ကြည့်​ရင်း မတုန်​မလှုပ်​ ရပ်​​နေခဲ့မိတာ ဘယ်​​လောက်​​ကြာ​နေခဲ့ပြီမှန်းပင်​မသိ။

မိုးသားတိမ်​လိပ်​​တွေ ညိုညို​တွေကိုလည်း မသိ။လေပြင်းတိုးသံ​တွေကိုလည်း နားမ​ထောင်​အား...
ဒီလို​နေရာကို ဒီအချိန်​တိုင်း ကျွန်​​တော်​ရာက်​မြဲ....
ဒီလိုအချိန်​​တွေတိုင်း ဒီ​နေရာမှာ ကျွန်​​တော်​ရှိ​နေခဲ့တာ သုံးနှစ်​တိတိ ရှိခဲ့​လေပြီ။

ကျွန်​​တော့်​ လက်​ထဲက ​မေရဲ့ ဒိုင်​ယာရီစာအုပ်​အနက်​​လေးကို အုတ်​ဂူ​ပေါ် အသာအယာ တင်​လိုက်​မိသည်​။ ထိုစဉ် ​ကျွန်​​တော်​နည်းတူ ဖြူနုတည်​ငြိမ်​တဲ့ လက်​​လေးတစ်​ဖက်​က စာရွက်​​လေးတစ်​ရွက်​ကို တင်​ပြီး ​ကျောက်​ခဲ​လေးနဲ့ ဖိချလိုက်​​လေသည်​။
ကျွန်​​တော်​ တအံ့တသြသံဖြင့်​ လှမ်းကြည့်​လိုက်​မိစဉ်​..
" ဟင်​....ဆူး...ဆူးသက်​....အဲ ..."
" ဟုတ်​ပါတယ်​ တကာကြီး...​လောကကြီးဟာ ထင်​မှတ်​မထားတဲ့အရာ​တွေနဲ့ လှည့်​ပတ်​​နေကြရတာ မဟုတ်​လား..."

တည်​ငြိမ်​​သော စကားသံများဖြင့်​ စကားဆို​နေခဲ့​သူက ဟိုစဉ်​က နုငယ်​လွန်းတဲ့ ကျွန်​​တော့်​ ညီမ​လေး ဆူးသက်​တဲ့။
" ​လောက ကြီးရဲ့ ဖြစ်​ပျက်​သမျှ​တွေကို သိပ်​​ကြောက်​သွားမိတဲ့ ​နောက်​မှာ တကာကြီးဆီကို စာပို့လိုက်​ပြီး​တဲ့​နောက်​မှာပဲ ဆရာ​လေးက လမ်းမှန်​ကို ​တွေ့ရှိခဲ့​တော့တာပဲ။အားလုံးကို သံ​ယောဇဉ်​ ဖြတ်​လိုက်​နိုင်​ပြီ တကာကြီး...။ အခုဆို ဆရာ​လေးဘဝက အများကြီိး ​အေးချမ်း ​နေပါပြီ..."
" ကျ..ကျ​နော်​...အဲ တပည့်​​တော်​.."
"ဟင်း....ဆရာ​လေး တကာမကြီးနဲ့ ​တွေ့ပြီးသွားပါပြီ။ အ​ကြောင်းစုံကိုလည်း သိပြီးပါပြီ တကာကြီး..သတ္တဝါ​တွေရဲ့ ကံဆိုတာ သိပ်​​ကြောက်​စရာ ​ကောင်းတာပါပဲ​လေ..."

ဆရာ​လေးက တည်​ငြိမ်​စွာ လှည့်​ထွက်​သွားစဉ်
" ဆရာ​လေး...​ကျေးဇူးပြုပြီး တပည့်​​တော်​ကို ဆရာ​လေး သီတင်းသုံးတဲ့ ​ကျောင်း...."
ဆရာ​လေးက တခဏမျှ ​ခြေလှမ်း​တွေကို ရပ်​လိုက်​ပြီး
" တကာမကြီး သိပါတယ်​.."
ထိုမျှသာ ​ပြောပြီး ထွက်​ခွာသွား​လေသည်​။
ကျွန်​​တော်​ ဆရာ​လေးတင်​ထားခဲ့သည့်​ စာရွက်​​လေးကို ကြည့်​လိုက်​​တော့ အလှူ​ငွေ ဖြတ်​ပိုင်း​လေး...
ကွယ်​လွန်​သူ ​​မမေသီရိအား ရည်​စူး၍ ဆရာ​လေး ​ဒေါ်ဓမ္မနန္ဒီ ​ကောင်းမှု တဲ့...

မိုးစက်​​တွေ တ​ဖျောက်​​ဖျောက်​ ကျလာခဲ့​လေပြီိ။ကျွန်​​တော်​ ရပ်​​နေမိဆဲ....
ကျွန်​​တော်​ ​ကောင်းကင်​ကြီးကို ​မော့ကြည့်​လိုက်​သည်​။ ကျွန်​​တော့ မျက်​နှာထက်​သို့ မိုးစက်​​တွေ ခုန်​ဆင်းလာ​နေကြဆဲ....

ရုတ်​တရက်​ကျွန်​​တော့ ​ကိုယ်​​ပေါ် မိုး​ရေ​တွေ မကျ​တော့ ကျွန်​​တော်​ မတ်​တပ်​ထရပ်​လိုက်​ပြီး ​နွယ့်​လက်​ထဲက ထီးကို ယူလိုက်​သည်​။
" ​မောင်​ရယ်​...."
နွယ်​က တီးတိုး ဆို၏။
" ​မောင့်​ကို ခွင့်​လွတ်​ပါ နွယ်​..."
နွယ်​က ပြုံးလိုက်​၏။
" ဒီအ​ကြောင်းအရာ​တွေ အားလုံးကို ​နွယ်​သိပြီးသား​လေ ​မောင်​ရဲ့။ နွယ်​ ဟိုမှာ ​ကျောင်းတက်​​နေတုန်းကတည်းကကြီးနဲ့ အန်​တီက နွယ့်​ကို အမြဲ ​ပြောပြခဲ့တယ်​။ နွယ်​အစက​တော့ ​မောင့်​ကို စိတ်​ဆိုးမိ​သေး​ပေမယ့်​ ​မောင့်​သိက္ခာကို နွယ်​ယုံကြည်​ခဲ့ပါတယ်​ ​မောင်​..
တကယ်​​တော့ ​မေကို နွယ်​ကိုယ်​တိုင်​လည်း သနားတယ်​။ အကယ်​၍များ ​မေသာ အခုထိ ရှိ​နေခဲ့​သေးရင်​ နွယ်​ ကိုယ်​တိုင်​ ​မောင်​နဲ့..."
ကျွန်​​တော်​ နွယ့်​ လက်​နဲ့ နှုတ်​ခမ်း​တွေကို ပိတ်​လိုက်​မိသည်​...

" ​မောင်​ နွယ့်​ကို ချစ်​ခဲ့တာက တကယ်​ပါ။ ဒါ​ပေမဲ့ ​မောင့်​ဘဝမှာ အသနားမိဆုံးသူ အမုန်းဆုံးသူနဲ့ သံ​ယောဇဉ်​အဖြစ်​မိဆုံးသူ အမှတ်​အရဆုံးသူကို ပြပါဆိုရင်​​တော့ ​မေ့ကိုပဲ ပြမိလိမ့်​မယ်​လို့ ​မောင်​ ဝန်​ခံပါရ​စေ နွယ်​ရယ်​....ဒါ​ပေမဲ့ နွယ့်​ကို ​မောင်​ တကယ်​ ချစ်​ခဲ့တာပါ..."

ကျွန်​​တော်​တို့ ထွက်​ခွာလာခဲ့ရာ လမ်းတ​လျှောက်​ မိုး​ရေတို့က လိုက်​လံ ကခုန်​​နေကြဆဲ။
ကျွန်​​တော့်​ကို နားလည်​​ပေးနိုင်​တဲ့ ဇနီးတ​စ်​​ယောက်​ ဖြစ်​ခဲ့တဲ့ နွယ့်​လက်​ကို ကျွန်​​တော်​ တင်းတင်း ဆုပ်​ကိုင်​လိုက်​မိသည်​.....
နှစ်​​ယောက်​သား ပြိုင်​တူ ​နောက်​သို့ လှည့်​ကြည့်​လိုက်​မိကြ​တော့ ​မေ့လဲ​လျောင်းတည်​ရှိရာ အုတ်​ဂူ​လေး အ​ပေါ်မှာ ​မေ့ရဲ့ သား​ရေဖုံး ဒိုင်​ယာရီစာအုပ်​​လေးက ​လေ​တွေ​ကြောင့်​ လှန်​ထွက်​သွားကြပြီး စာရွက်​​လေးတစ်​ရွက်​က မိးုဖွဲ​တွေကြားက ​ကောင်းကင်​ ပျံလွှင့်​လာခဲ့​လေသည်​...။

ကျွန်​​တော်​ သိပါသည်​ ..
မေရဲ့ မပြီးပြတ်​​သေးသည့်​ ဒိုင်​ယာရီ​ကို ထာဝရ အဆုံးသတ်​​ပေးခဲ့​သော ကျွန်​​တော်​ ကိုယ်​တိုင်​ ဒိုင်​ယာရီ စာအုပ်​ကြား ညှပ်​ထားခဲ့​သော စာ​လေး.....
အထူးသဖြင့်​ ​မေ့ လက်​ထဲက ​တွေ့ခဲ့တဲ့ စာရွက်​​လေး....
မေ့အသက်​ကို ​ခြွေယူသွားခဲ့​သော စာရွက်​​လေး..
မေ့​မျှော်​လင့်​ချက်​​တွေကို ရိုက်​ချိုးခဲ့ပြီး ​မေ့ကို heart attack ဖြစ်​​စေခဲ့​သော စာရွက်​​လေး..
ဆူးသက်​ ကျွန်​​တော့်​ကို ​ပေးခဲ့​သော စာရွက်​​လေး ​လေ....
မေ့ခမျာ သူ့ကိုယ်​သူ နှလုံး​ရောဂါရဲ့ ​နောက်​ဆုံးအဆင့်​မှာ ရှိ​နေခဲ့တာကို သိမှ သိခဲ့ပါ​လေစ.....

ပြီးပါပြီ...
Writter @yekungsatthone
Msc 213

Sort:  

အလွမ်းလေးကောင်းပါ့ဗျာ

ဟုတ်​ကဲ့ ​ကျေးဇူးပါဗျာ

အလွမ်း ဇတ်လမ်းကောင်းလေး ခံစားဖို့ကောင်းပါတယ်😊😊

ဟုတ်​ဗျ.

စ လယ် ဆုံးကို ဝေဖန်အကြံပြုရလျင် အရေးသားကောင်းမွန်ပါ၏

ကျေးဇူးတင်​ပါတယ်​ဗျာ...ကျွန်​​တော်​ ကြိုးစားထားပါတယ်

ဇာတ်​သိမ်း​ကောင်းပါတယ်​...တစ်​ခုခုကျန်​ခဲ့သလိုမျိုး...အ​ရေးအသားလည်း​ကောင်းပါတယ်​...

ကျေးဇူးပါဗျ

ဝထ္တုတော့မရေးတတ်သေးဘူးဗျ
ရေးနိုင်တာကို ချီကြူးပါတယ်

ကျေးဇူးပါဗျ..

သနားပါတယ်😔

ဟုတ်​ပါ့ မကြိ

အော် သံယောဇဉ်တွေကြီးမားခဲ့ကြတဲ့ အလွမ်းဇာတ်လမ်းတစ်ပုဒ်ပါလားဗျာ

ဟုတ်​တယ်​ဗျ

အစ်‌ကို တစ်‌ခု‌ပြောမယ်‌။ ညီ ဝတ္ထု‌ရေးတာ G3မှာ အ‌တော်‌ဆုံး ၊အ‌ကောင်းဆုံးပါ။ ‌ရေးထားတဲ့ စာသားဟန်‌‌တွေက အဆင့်‌အတန်း မြင့်‌တယ်‌။ဇာတ်‌အိမ်‌ခိုင်‌တယ်‌၊ဒီလက်‌စက ‌ရေးတက်‌စ လက်‌စမဟုတ်‌ဘူး။

အား....များသွားပြီ အစ်​ကို​ရေ....ဘာပဲဖစ်​ဖြစ်​ ကြိုးစားဆဲပါဗျ..ချီးကျူးတာ ​ကျေးဇူးပါဗျာ

အဲ့လို ဝထ္ထု မျိုး​လေး​တွေလဲ ​ရေးသူပါမှဒို့အဖွဲ့ကရသစုံတာ ညီရ

ဟုတ်​ဗျ..ဆက်​ကြိုးစားပါ့မယ်

ကောင်းပါ တယ် အလွမ်းဇာတ်အိမ်လေး
နောက်ထပ် ဇာတ်လမ်းများ ထပ်ရေးပေးပါရန်တောင်းဆိုပါရစေ

Coin Marketplace

STEEM 0.28
TRX 0.11
JST 0.034
BTC 66258.39
ETH 3170.93
USDT 1.00
SBD 4.07