အီလက်​ထ​ရောနစ်​ကမ္ဘာ

in #myanmar6 years ago

မီးမြှင့်​စက်​က နှစ်​မျိးရှိတယ်​ဗျ ရိုးရိုးလက်​လှည့်​နဲ့
အော်​တိုမီးအားမြှင့်​စက်​ဆိုပြီးရှိပါတယ်​ ၊​အော်​တိုမီးအားမြှင့်​စက်​ကမီးအားအတက်​အကျကို လက်​လှည့်​စရာမလိုဘဲ ​အော်​တိုမီးအားကိုအတင်​အချလုပ်​​ပေးတာပါ အဲ့ဒီမီးအားမြှင့်​စက်​ကြ အီလက်​ထ​ရောနှစ်​စက်​ပြားများနဲ့တည်​​ဆောက်​ရတာပါ၊ သူကပိုအဆင့်​မြင့်ပါတယ်​၊အဲ့ဒီနည်းကို အီလက်​ထ​ရောနစ်​ပစ္စည်းများရဲ့တခုချင်းအလုပ်​လုပ်​ပုံသိမှရတာပါ၊ အီလက်​ထ​ရောနစ်​ပစ္စည်းများရဲ့တခုချင်းအလုပ်​လုပ်​ပုံသ​ဘောတရားရှင်းပြပြီးတဲ့အခါကျမှ တည်​​ဆောက်​နည်းရှင်းပြပါမယ်​ ၊အခု​လော​လောဆယ်​​တော့လက်​လှည့်​မီးအားမြှင့်​စက်​ တည်​​ဆောက်​ပုံကွိုင်​ပတ်​နည်းကို​ပြောပြပါမယ်​၊ ​အောက်​ပါပုံကိုကြည့်​ပါ ရိုးရိုးလက်​လှည့်​မီးအားမြှင့်​စက်​အတွင်းပိုင်းမြင်​ရတဲ့မြင်​ကွင်းပါ။

Screenshot_20180705_081458.png

လက်​လှည့်​မီးအားမြှင့်​စက်​ကွိုင်​​လောင်​လာခဲ့လို့ပြန်​ပတ်​မယ်​ဆိုရင်​ မိန်းထုပ်​က အစထုပ်​ထားတဲ့ကွိုင်​ကြီုး
ဆက်​သွယ်​တာ​တွေကိုအ​သေအခြာမှတ်​ထားပါ၊ တပ်​နိုင်​သမျှမှတ်​မိနိုင်​​အောင်​ကြည့်​ပါ၊၊
ကြည့်​ပြီးရင်​ မိန်းထုမှထွက်​တဲ့အစတစချင်းကို ​ဈေးနှူန်းကတ်​တဲ့တိပ်​နဲ့တပင်​ကိုနှစ်​ခုကပ်​ပါ အဲဒီကတ်​ထားတဲ တိပ်​နှစ်​ခုကို အင်္ဂလိပ်​လိုဖြစ်​ဖြစ်​ မြန်​မာလိုဖြစ်​ဖြစ်​ သ​င်္ကေတ တိပ်​တခုကို 1လို့သတ်​မှတ်​ရင်​ တခြားတိပ်​တခုကိုလဲ 1လို့မှတ်​ပါ ၊အဲ့ဒီတိပ်​နှစ်​ခုကိုမကွာ​အောင်​အ​သေအခြာကပ်​ပါ၊ကပ်​ပြီးရင်​ တိပ်​နှစ်​ခုအကြားမှကပ်​​ကျေးနဲ့ဖြတ်​လိုက်​ပါ ၊​နောက်​ပြန်​ဆက်​လျှင်​ 1နံပတ်​အခြင်းခြင်းဆက်​ရန်​ဖြစ်​သည်​၊
တပင်​ပြီးလျှင်​ ​နောက်​တပင်​ကိုလဲအဲ့ဒီနည်းအတိုင်းတိပ်​နှစ်​ခုကပ်​ပြီး တိပ်​နှစ်​ခုလုံးကို2လို့မှတ်​ပါ တိပ်​နှစ်​ခုအကြားကပ်​​ကြေးနဲ့ဖြတ်​ပါ၊ မိန်​ထုပ်​နဲ့ဆက်​သွယ်​ထား​သေားကျန်​သည်​ကြိုးအားလုံးကိုလဲ တပင်​ကိုတိပ်​နှစ်​ခုပတ်​ပြီး 123456 စသည်​ဖြင့်​နံပတ်​စဉ်​အတိုင်းမှတ်​ပြီး အားလုံးဆက်​သွယ်​ထားသည့်​ကြိုးများကိုဖြတ်​လိုက်​ပါ၊ တိပ်​များကိုကွာမသွားရန်​အ​သေအခြာကပ်​ပါ၊အဆက်​အသွယ်​များဖြတ်​ပြီးလျှင်​ မိန်​ထုပ်​ကြီးဘဲကျန်​​တောသည်​ဖြစ်​သဖြင့်​ မီးမြှင့်​စက်​ပုံးထဲမှ အပြင်​သို့ထုပ်​လိုက်​ပါ၊

Screenshot_20180705_081524.png

ထို​နောက်​ကိုးပြားများကိုတပြားခြင်းအ​သေအခြာရိုက်​ထုပ်​ပါ၊
ကိုးပြားများထုပ်​ပြီးလျှင်​ ​ဖော်​မာနှင့်​ တိပ်​ပတ်​ထား​သောကွိုင်​ကြိုးများသာကျန်​ပါလိမ်​မည်​၊ ကွိုင်​ကြိုးကို​ဖြေ​သောအခါ ပထမ အစဆုံးလုပ်​ရခြင်းဖြစ်​သဖြင့်တိပ်​ဖြင့်​မှတ်​ထား​သော ဂဏန်းများကအ​ရေးကြီးပါသည်​၊ ကျွမ်းကျင်​သွားလျှင်​​တော့မလို​တော့ပါ ၊ကျွန်​​တော်​က​တော့မှတ်​စရာမလို​တော့​ပေ ဘယ်​အပင်​ကဘယ်​သွားတယ်​ဆိုတာသိထားပြီး​သော​ကြောင့်​ဖြစ်​သည်​၊ ကဲ ဒါဖြင့်​​လောင်​ပြီးသားကွိုင်​ကို​ဖြေကြရ​အောင်​ မ​ဖြေခင်​ ​ဘောပင်​နှင့်​စာအုပ်​ကိုအနားမှာချထားပါ နံပတ်​တခုနဲ့တခုအကြားကွိုင်​အပတ်​အ​ရေအတွက်​မှတ်​ရန်​ဖြစ်​ပါသည်​၊ဒါကလက်​လှည့်​မီးအားမြှင့်​စက်​ရဲ့ဒိုင်​ယာဂရမ်​ဖြသ်​ပါသည်

Screenshot_20180705_081511.png

ပထမဆုံးကွိုင်​ဖြည်​တဲ့အစမှာမှတ်​ထား​သောဂဏန်းကို့ကြည့်​ပါ ဥပမာ 1ဟု​တွေ့လျှင်​ စာအုပ်​မှာ 1ဟုမှတ်​ပြီးဝိုင်းထားလိုက်​ပါ ထို​နောက်​ကွိုင်​ကိုတပတ်​ခြင်း​ဖြေး​ဖြေးခြင်း​ဖြေပါ၊​တိပ်​ကပ်​ထား​သော
နောက်​အမှတ်​တခုသို့မ​ရောက်​မခြင်းဖြည်​ပါ ။ဖြေရင်းနဲ့အပတ်​အ​ရေအတွက်​ကိုလဲစိတ်​နဲ​ရေထာပါ၊ တိပ်​ကပ်​ထား​သောအမှတ်​ကို​ရောက်​လျှင်​ ကွိုင်​​ဖြေတာကိုခနရပ်​၍ အပတ်​အ​ရေအတွက်​ကို စာအုပ်​ထဲတွင်​မှတ်​ထား​သော1ဂဏန်းရဲ့​ဘေးမှာမှတ်​ပါ။နောက်​​တွေသည့်​အမှတ်​ရဲ့ဂဏန်​ကိုဆက်​​ရေးပါ။ သ​ဘောက​တော့​နောက်​​တွေ့တဲ့အမှတ်​က2ဖြစ်​မယ်​ဆိုရင်​ 1နဲ့2အကြားမှာ ကွိုင်​အပတ်​အ​ရေအတွက်​ဘယ်​​လောက်​ဆိုတာသိရန်​ဖြစ်​သည်​။ ​နောက်​ဆက်​​ဖြေပြီးရင်​ အမှတ်​တခု​ရောက်​ရင်​ရပ်​ပါ အပတ်​အ​ရေအတွက်​ချ​ရေးပါ ​နောက်​​တွေ့တဲ့အမှတ်​က3ဆိုရင်​ 2နဲ့3အကြားမှာ ဘယ်​နှစ်​ပတ်​ဆိုတာသိရန်​ဖြစ်​ပါသည်​။မှတ်​ပုံမှတ်​နည်းမှာ ​အောက်​ပါအတိုင်းဖြစ်​ပါသည်​။

Screenshot_20180705_081537.png

လက်​​တွေ့မျက်​စိ​အောက်​မှာလုပ်​ပြရတာမဟုပ်​ဘဲ စာဖြင့်​သ​ဘော​ပေါက်​​အောင်​​ရေးရသည့်​အတွက်​ စာ​ရှည်​သွားမည်​ဖြစ်​သဖြင့်​​နောက်​အပတ်​ဆက်​ပြီး​ရေးပါအုံးမည်​။ အားလုံးကို​ကျေးဇူးတင်​ပါသည်​။

Post writer=@yuzana(shineshine)
by my photo
MSC=146

Sort:  

You got a 18.34% upvote from @mitsuko courtesy of @yuzana!

တန်‌ဘိုးရှိ‌သော အတက်‌ပညာ‌တွေချ ပြသင်‌ကြား‌ပေးလို့ ‌ကျေးဇူးပါ ကိုယုဇန။

ဖတ်​​ပေးလို့​ကျေးဇူးပါ

စိတ်ဝင်စားစရာအရမ်းကောင်းပါတယ်
ကိုယ်တိုင်ပတ်ဖူးတယ်
မပတ်တာကြာလို့မေ့သွားတယ်ပြန်အစဖေါ်ပေးလို့ကျေးဇူးပါ

အစီအစဉ်​​တော့ ကျချင်​မှ ကျလိမ့်​မယ်​ကို​ယ်​ လုပ်​သလိုဘဲ
ရေးတင်​​တော့တာဗျာ

လူကိုယ်တိုင်လာသင်ဗျစေ ကိုယုဇန ရေ 😊😊

လာခဲ့ဗျာ

တစ်ချက်ချင်းဆီ အသေးစိတ် တိတိကျကျ ရှင်းပြပေးထားတာ အရမ်းကောင်းပါတယ်။စေတနာ အပြည့်နဲ့ သိစေချင်လို့ စနစ်တကျ ရေးပြထားတာလည်း တွေ့ရပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။လေးစားလျက်

တတ်​နိုင်​သ​လောက်​ကြိုးစား​ရေကြည့်​တာဘဲဗျာ

ပုံ​လေး​တွေနှင့်​​ပြောပြလို့​ကောင်းပါတယ်​...ဗဟုသုတရပါတယ်​...

ပုံကရှာမရ​တော့ ကိုယ့်​ဘာသာဆွဲလိုက်​​တော့တာဗျာ မလှမပါ့

မီးအားမြှင့်​စက်​နှစ်မျိုးအကြောင်း သိရလို့ ရော ကွိုင်ပတ်တဲ့အကြောင်းပါ
ပြောပြပေးလို့ 
ဗဟုသုတရပြီး အကျိုးရှိလှပါတယ်ခင်ဗျ

ဗဟုသုတရရင်​ကိုဝမ်းသာပပြီဗျာ

ဗဟုသုတရစေပါသည်

ကျေးဇူးပါ

အစ်ကိုက ပုံလေးတွေ ဆွဲပြပေးထားတော့ မျက်စိထဲ မြင်လွယ်ပါတယ်။ ညီမလည်း နက်ဝက်ကြိုး ခေါင်းကိုက်နည်းလေး ပို့စ်တစ်ခုအနေနဲ့တင်ဖို့စိတ်ကူးရသွားတယ် ။

ကိုယ်တပ်​​တဲ့ပညာ​ရေးတာ အလွယ်​ဆုံးဘဲ ကျန်​တာကစဉ်းစားရတာ တပတ်​ဆို တပတ်​မလွယ်​ဘူး

ဟုတ်ပါ့

အကျိုးရှ​စေတဲ့ပိုစ့်တစ်​ခုပါ

ဖတ်​​ပေးလို့​ကျေးဇူးပါ

Coin Marketplace

STEEM 0.32
TRX 0.12
JST 0.034
BTC 64664.11
ETH 3166.18
USDT 1.00
SBD 4.11