ကျောက်​စိမ်း​မှော်

in #myanmar5 years ago

ကျောက်​စိမ်း​မှော်


အဲ့လိုအ​လောတ​ကော​ပြေးလာရင်းနဲ့ ကျွ​တော်​တို့တဲဆီကို​ရောက်​ပါတယ်​ တဲဆီ​ရောက်​​တော့ ကျွန်​​တော့မှာ ပက်​လက်​လှန်​အ​မော​ဖြေလိုက်​ပါတယ်​ ။ကျွန်​​တော်​ကသာ တဲ​ရောက်​လို့​အေး​အေး​ဆေး​ဆေးအ​မော​ဖြေ​နေတာ ကျန်​တဲသူ​တွေက ဆန်​တပြည်​​လောက်​ ဆွန်​ထန်​​ခြောက်​ ငါးဘူးနှစ်​ဗူး​လောက်​ထည့်​ပြီး တဲနဲ့တ​ခေါ်စာ​​ဝေးတဲ လျှိထဲဆင်းသွားကြပါသည်​၊

RIUaz.jpg

https://goo.gl/images/raKyTz

နာဂနှစ်​​ယောက်​သာတဲမှာအ​စောင့်​ရှိပါသည်​၊ အကိုကမသွားဘူးလားတဲ့ မသွား​တော့ပါဘူးကွာ ဒီတည်း​တော့မလာ​လောက်​ပါဘူးလို့​ပြောလိုက်​​တော့ မနှစ်​ကလာတယ်​ဗျာ့ ​ပေါ်တာ​ခေါ်​သေးတယ်​တဲ့  ကျွန်​​တော့မှာ ဟိုက်​ ဆိုပြီးမျက်​လုံးပြူးသွားပါသည်​၊ မင်းတို့က​တော့မ​ပြေးဘူးလားလို့​မေး​တော့ ကျွန်​​တော်​တိုက မ​ပြေးဘူးတဲ့ ​ပေါ်တာ​ခေါ်ရင်​လိုက်​မှာတဲ့ ​ဟောဗျာ့ မကြုံစဖူးမျက်​လုံးပြူသွားရပါသည်​။နောက်​ဆက်​​ပြီးတော့ ​ပေါ်တာလိုက်​တာ ​ကောင်းတယ်​တဲ့ ကုလားပဲဟင်းစားရတယ်​တဲ့ ​ဟောဗျာ့ ဟုပ်​ပါသည်​ သူတို့​ရဲ့ နာဂ ​ဒေသသည်​ ဆီ ကုလားပဲ ​မြေပဲဆံ ဆား ဟင်းချိုမှူံ အလွန်​တန်​ဘိုးကြီးပြီးရှားပါး ပါသည်​ ၊​မြေပြန့်​မှ ကုန်း​တတန်​​ရေတတန်​နဲ့ တင်​ပို့မှ​ရောက်​ပါသည်​ ၊မင်္ဂလာ​ဆောင်​ သာ​ရေးနာ​ရေးပွဲလမ်း​တွေပိုက်​ဆံရှိသူများမှ ကုလားပဲ နှပ်​​ကြွေးရင်​ အသားဟင်းထက်​ပိုကြိုက်​တယ်​လို့ဆိုပါတယ်​၊ ဒါ​ကြောင့်​ သူတိုနဲ့ရှင်​ပြီး​ကျွန်​​တော့မှာ​နေလို့မရ ​ကြောပိုးအိပ်​ထဲ ကြက်​ဥ နဲ့ ငါးဗူး​လေးထည့်​ တဲကိုမြင်​ရတဲ့တ​နေရာမှာသွား​နေမယ်​လို့ဆုံးဖြတ်​လိုက်​ပါသည်​၊

Hornbill_Festival_Pix_by_Vikramjit_Kakati-1.jpg

https://goo.gl/images/qAjxTz

ထိုအချိန်​ တရုပ်​​လောပန်းရဲ့အသိ တ​ယောက်​​ရောက်​လာပါသည်​၊ မင့်​ခန္တီးမပြန်​ဘူးလားတဲ့ မပြန်​ဘူးလို့​ပြောလိုက်​​တော့ ဒါဖြင့်​ကွာ ငါ့ဒီ​ကျောက်​က​လေးသိမ်းထား​ပေးစမ်းပါတဲ့ ငါတို့ပြန်​ရင်​ လမ်းမှာစစ်​​ကြောင်းနဲ့​တွေမှာစိုးလို့တဲ့ ဟုပ်​ပါသည်​ သူတို့မှာပါတဲ့ပစ္စည်းသည်​သူတို့အတွက်​အန္တရယ်​ရှိပါသည်​၊ kia သူပုန်​ထဲတွင်​ ကချင်​တရုပ်​စပ်​​တွေလည်းရှိသဖြင့်​ တပ်​မ​တော်​မှသူပုန်​ထင်​မှာစိုးရိမ်​ကြပါသည်​ ၊​အေးပါ ကျွန်​​တော်​သိမ်းထားလိုက်​မည်​ဟု​ပြောပြီးယူထားလိုက်​ပါသည်​ ၊ကျွန်​​တော်​လည်း နာဂနှစ်​​ရောက်​ကို ငါ့အတွက်​​ရောထမင်းထည့်​ချက်​အုံး​နော်​ တည်းနဲ့တဲကိုမြင်​ရတဲ့လက်​တကမ်းမှာရှိမှာလို့​ပြောပြီး ​တောထဲထွက်​လာခဲ့ပါသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

ရင်တုန် စိတ်မောခဲ့ရပါသော ကျောက်စိမ်းမြေပေါ့

အရင်​​ခေတ်​က အဲ့လိုအာစိ
အခုက​တော့ အဲ့လိုမဟုပ်​​တော့

ပေါ်တာ ခေါ်တာကို လိုက်လိုသူက ရှိသေးဗျာ။
အေးပေါ့ သူ့အတွေးနဲ့သူ ပေါ့ ...

ဟုပ်​တယ်​ဗျာ့ သူ့​ဒေသနဲ့သူက​တော့ ဟုပ်​​နေတာ

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.28
TRX 0.12
JST 0.034
BTC 63152.69
ETH 3233.54
USDT 1.00
SBD 4.45