လေဖြတ်​ခြင်းအ​ကြောင်း (၃)

in #myanmar5 years ago (edited)

လေဖြတ်​ခြင်းအ​ကြောင်း (၃)

အရင်​အပတ်​က ​သွေးပြန်​​ကြောအဆီပိတ်​ရင်​ဖြစ်​တပ်​တဲ့အ​ကြောင်း​လေး​ရေးပြီး​တော့ဒီတပတ်​မှာ ​သွေးလွှတ်​​ကြောအဆီပိတ်​ရင်​ဖြစ်​တပ်​တဲ့သ​ဘောကို​ရေးပါမယ်​၊ ​သွေးလွှတ်​​ကြောမှာအဆီပိတ်​ရင်​ နှစ်​လုံးဆီမှပို့လွှတ်​လိုက်​​သော​သွေးများသည်​အုံး​နောက်​ဆီသို့ ​သွေးအ​ရောက်​နဲသွားလိမ်​မည်​၊အုံး​နောက်​တွင်​လိုအပ်​သ​လောက်​​သွေးမ​ရောက်​လျှင်​ ​ခေါင်းမူး​ခေါင်းကိုက်​​ဝေဒနာကိုခံစားရပါလိမ့်​မည်​။တချို့လူများသည်​ ​ခေါင်းမူး​ခေါင်းကိုက်​ဖြစ်​လျှင်​ တခါ​သွေးတိုးဖူး၍​ကြောက်​​ကြောက်​လန့်​လန့်​နဲ့​သွေးကျ​ဆေးများ​သောက်​ကြ​လေသည်​၊အမှန်​မှာ​သွေးကျပြီး​အုံး​နောက်​​သွေးအ​ရောက်​နညိးလျှင်​လည်းမူးတတ်​တာကိုတချို့မသိကြ​ပေ၊ထို​ကြောင့်​ ​ခေါင်းမူး​ခေါင်းကိုက်​ဖြစ်​လျှင်​​သွေး​ပေါင်​ကိုချိန်​ပြီးတိုးလို့မူးသလား ကျလို့မူးသလားဆိုတာ​သေခြာ​အောင်​စစ်​​ဆေးပြီးမှ​ဆေး​သောက်​သင့်​​ပေသည်​၊

1-lightbox-ischemic stroke-cartid artery-definition.png

https://goo.gl/images/J7aVxY

ထိုကဲသို့မပြုလုပ်​ဘဲအထင်​နှင့်​​ဆေးများကို​သောက်​​နေပါကခုပ်​ရာတခြားရှရာတခြားဖြစ်​ပြီး ပို၍​ရောဂါအ​ခြေအ​နေဆိုးလာနိုင်​ပါသည်​၊
လေဖြတ်​ခြင်း ​လေဖြန်းခြင်းသည်​ ​သွေး​ကြောအတွင်းအဆီပိတ်​အနည်းအများ​ပေါ်မူတည်​လိမ့်​မည်​ထင်​ပါသည်​၊အုံး​နောက်​တွင်​ဘယ်​တကန့်​ညာတကန့်​နှင့်​အကန့်​နှစ်​ခုရှိလိမ့်​မည်​ထင်​ပါသည်​၊​သွေး​ကြောသည်​လည်းဘယ်​တ​ချောင်​ညာတ​ချောင်းဖြင့်​အုံး​နောက်​ဆီသို့​သွေးများပို့လွှတ်​လိမ့်​မည်​ထင်​ပါသည်​၊ပို့လွှတ်​​သော​သွေးများသည်​သက်ဆိုင်​ရာခန္တာကိုယ်​ရဲ့အခြမ်းကိုဖြန့်​ကျက်​ပါလိမ့်​မည်​၊အကယ်​၍တခြမ်းခြမ်းမှ​သွေး​ကြောအဆီပိတ်​လျှင်​​​ခေါင်းတခြမ်းကိုက်​ခြင်းမျိုး​တွေဖြစ်​ပါလိမ့်​မည်​၊ လုံးဝပိတ်​သွားပါကကိုယ်​တခြမ်း​လေဖြန်းသွားပြီးပါရွဲ့သွားခြင်း လက်​တဖက်​ ​ခြေ​ထောက်​တဖက်​ခန္တာကိုယ့်​တချမ်းလှူပ်​မရဖြစ်​သွားတပ်​သလို လမ်း​လျှောက်​လျှင်​​ခြေ​ထောက်​တ​ချောင်းဒရွတ်​တိုက်​​နေ​ပေလိမ့်​မည်​၊

images (27).jpeg

https://goo.gl/images/BtSMCp

စဖြစ်စဆိုလျှင်​​သွေး​ကြောအဆီပိတ်​မူနည်းပါက​ဆေးဝါအမြန်​ကုသမူပြုလုပ်​လျှင်​ ပိတ်​​နေ​သော​နေရာမှ​သွေးကျဲ​ဈေးများထိုး​ပေးခြင်းဖြင့်​ အဆီများအ​ရေ​ပျော်​ပြီးပြန်​​ကောင်းလာတပ်​သလို အကယ်​၍အချိန်​မှီမကုသနိုင်​ပါက အဆီသည်​ မ​ပျော်​နိုင်​​အောင်​ခဲသွားပါက ကုသ၍မရ​တော့​ပေ၊ ခန္တာကိုယ်​တခြမ်းသည်​လည်းတ​ဖြေး​ဖြေးသိမ်​လှီသွားပါလိမ့်​မည်​၊ အများအားဖြင့်​​လေဖြတ်​​သောသူများသည်​ ဦး​ခေါင်းအခွံထဲမှ​သွေး​ကြောဖြစ်​သဖြင့်​ပိတ်​​နေ​သောအဆီကို​ခြေဖြက်​ဖို့ ​ခေတ်​မှီ​ဆေးဝါးများနှင့်​သာရပြီးအပြင်​မှဘာမှလုပ်​မရနိုင်​ပါ၊ထို​ကြောင့်​အလွန်​​ကြောက်​စရာ​ကောင်း​သော ​လေဖြတ်​ခြင်း​ရောဂါကို ကုသခြင်းထက်​ ကြိုတင်​ကာကွယ်​ခြင်းကပို​ကောင်း​ပေလိမ့်​မည်​၊
download (3).jpeg

https://goo.gl/images/e2VP3b

နောက်​ပတ်​များတွင်​ ​လေဖြတ်​ခြင်း​ရောဂါမဖြစ်​​စေရန်​၊ ဘယ်​လို​နေထိုင်​ ဘယ်​လိုစား​သောက်​ရမည်​ဆိုတဲ့အ​ကြောင်းကို ကျွန်​​တော်​သိသ​လောက်​ မှတ်​မိသ​လောက်​​ရေးပြပါအုံးမည်​၊ စာဖတ်​​ပေးသူအားလုံးကို ​ကျေးဇူးအထူးတင်​ပါတယ်​ခင်​ဗျာ။
ဆက်​ရန်​....

Post writer=@yuzana(shineshine)
MSC=146

Sort:  

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq

ဟုတ်​ပါတယ်​...မဖြစ်​ခင်​ကြိုတင်​ကာကွယ်​သင့်​ပါတယ်​...

Posted using Partiko Android

ဖြစ်​ပြီးမှဆို ကုဘို့ ခက်​တယ်

Good တေ 😍😍

Posted using Partiko Android

Good ပါ​တေ

လေဖြတ်ရတဲ့ အကြောင်းရင်းတော့ သိရပြီ ဘယ်လိုကာကွယ်ရမလဲဆိုတာ အဆက်ကလေးမျှော်နေပါ့မယ်

Posted using Partiko Android

ဟုပ်​ကဲ့ဆက်​​ရေးမှာပါဗျာ ​စောင့်​​မျှော်​​ပေးပါ

‌ကျေးဇူးပါ ဦးယု၊အဖိုးတန်‌ အသိ‌တွေပါ။

ကျေးဇူးပါ ကိုမ​ဟော်

ပညာရပါတယ်​ ဆရာ

Posted using Partiko Android

ဖတ်​​ပေးလို့​ကျေးဇူးပါ

သိသင့်သိထိုက်တာလေးတွေကို သိရလို့ကျေးဇူးပါ

ဖတ်​​ပေးတဲ့အတွက်​​ကျေးဇူးပါ

လေဖြတ်ရမှာတော့ အတော်ကြောက်တယ် ရောဂါသေးသေးလေးတွေနဲ့တင် အတော် ခံစားရတာ အသက်ကြီးလာမှာတောင် ကြောက်နေတာ ။

ခုမှပဲခေါင်းကိုက်တိုင်း သွေးတိုးတာမဟုတ်မှန်းသိတော့တယ်။
သတိထားစရာသိရလို့ ကျေးဇူးပါ။

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64999.89
ETH 3101.81
USDT 1.00
SBD 3.87