တော်​သလင်းလ

in #myanmar5 years ago

တော်​သလင်းလ

တော်​သလင်းလသည်​ မြန်​မာတို့ရဲ့ ၁၂လ ရာသီထဲတွင်​ (၆)လ​မြောက်​လဖြစ်​သည်​။ ​တော်​သလင်းလသည်​ ရာသီအားဖြင့်​ကန်​ရာသီဖြစ်​ပြီး မိုးဥတုတွင်​ပါဝင်​သည်​၊​တော်​သီလင်းလတွင်​ နဂါး၏ဦး​ခေါင်းသည်​အ​ရှေ့အရပ်​သို့လှည့်​​နေ၏ ။ထို​ကြောင့်​ အ​ရှေ့အရပ်​သို့ခရီး​ဝေးသွားသူများ ဆင်​ခြင်​၍သွားကြ​လေသည်​။

images (13).jpeg

https://goo.gl/images/PvWbPm

တော်​သလင်းလအ​ခေါ်အ​ဝေါ်ဖြစ်​​ပေါ်လာပုံက အမျိုးမျိုးရှိတယ်​ဗျာ့ ဘယ်​ဟာအမှန်​လည်းက ဘယ်​သူမှမသိကြပါဘူး ကျွန်​​တော်​သိသ​လောက်​ ဖတ်​ဖူးသ​လောက်​​ပြောရရင်​ ​တော်​ ဆိုသည်​မှာမြင့်​မြတ်​တယ်​ အထွဋ်​အထိပ်​​ရောက်​တယ်​ အထက်​​ကောင်းကင်​​ရောက်​သည်​​ပေါ့ဗျာ စသည့်​အဓိပ္ပါယ်​ကိုယူပြီး သလင်း ဆိုသည်​မှာ သာလင်း မှလာပြီး သာယာထွန်းလင်းသည်​ဟုအဓိပ္ပါယ်​​ကောက်​ကြတယ်​လို့သိရပါတယ်​။တချို့ကြအဲ့လိုမဟုပ်​ပြန်​ဘူး အင်းဝ​ခေတ်​ကစာ​ပေ​တွေမှာ​တော့ ​တော်​သလင်းလကို သစ်​ဆင်းလဟု ​ရေးသားကြတာကို​တွေရပြန်​သတဲ့ဗျာ့ ။ ဒီသစ်​ဆင်းလ ဟု​ခေါ်ရပြန်​တာက​တော့ တချို့​သော ပညာရှိ​တွေက ​တော်​သလင်းလမှာ မိုးသက်​​လေပြင်း​တွေညိမ်​ရာသီဥတုသာယာ၍ရေပြင်​သည်​ သင်ြ​ဖူးဖြာ သကဲ့သို့ ညိမ်​​ညိမ်​​လေးစီးဆင်း​နေ​လေသည်​။ထို့​ကြောင့်​မြစ်​အညာဖက်​မှသစ်​ခုပ်​သမားများသည်​ သစ်​​ဖောင်​ဝါး​ဖောင်​များကို ​အောက်​ပြည်​သို့စုန်​ဆင်း​ကြ​လေသည်​ ၊ထို​ကြောင့်​ ​တော်​သလင်းလကို သစ်​ဆင်းလဟု​ခေါ်ကြတာပါတဲ့ ။

FB_IMG_1547001604686.jpg

https://goo.gl/images/RW2W8R

တချို့ကြပြန်​​တော့လည်းအဲ့လိုမဟုပ်​ပြန်​ပါဘူး တိုင်​​လေးတိုင်​စိုက်​ပြီးထိုတိုင်​​ပေါ်မှ ပိုက်​ခင်းထား​သော​ရေပြင်​​ပေါ်ကို ခုန်​ဆင်းပြီး ​ပျော်​ပွဲရွှင်​ပွဲ ကျင်းပကြ​ပါသတဲ့ ၊ ထို​ကြောင့်​ "ပန်းလုသဘင်​ သစ်​ဆင်းရင်​ ဟု​ခေါ်ဆိုပြီး သစ်​ဆင်းလဟု​ခေါ်ကြတာပါတဲ့ ။ ​တော်​သလင်းလရဲ့နာမည်​အ​ကြောင်းက​တော့ တခြားလည်းအများကြီးရှိပါ​သေးတယ်​။ ​ရေးပြ​နေရရင်​အများကြီးဖြစ်​သွားပါလိမ့်​မည်​။ ထို​ကြောင့်​​နောက်​အပတ်​မှ ဆက်​လက်​​ရေးသားပါအုန်းမည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

လှေပြိုင်ပွဲ

Posted using Partiko Android

လာမယ်​အာစိ

Congratulations @yuzana! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

You published more than 400 posts. Your next target is to reach 450 posts.

Click here to view your Board
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Do not miss the last post from @steemitboard:

SteemWhales has officially moved to SteemitBoard Ranking
SteemitBoard - Witness Update

Support SteemitBoard's project! Vote for its witness and get one more award!

တော်သလင်းလ၏ အနက်အဓိပ္ပါယ်နဲ့ဖြစ်ပေါ်လာပုံ အယူအဆတွေကို ရေးသားထားတာ ဗဟုသုတရပါတယ်အစ်ကို။သစ်ဆင်းလလို့ ပြောဆိုမှတ်ယူကြတယ်ဆိုတဲ့အချက်ကို အခုမှသိတာပါအစ်ကို။မှတ်သားထားပါ့မယ်ခင်ဗျာ။တန်ဖိုးရှိသော post လေးဖြစ်ပါတယ်အစ်ကို။ဆက်အားပေးပါ့မယ်ခင်ဗျာ။

ဖတ်​​ပေးတဲ့အတွက်​​ကျေးဇူးပါ

တော်သလင်းလအကြောင်းတစေ့တစ်စောင်းပေါ့😁
ဒါနဲ့ တော်သလင်းလမှာမွေးတဲ့သူတွေကရောဘာတွေဖြစ်နိုင်လည်းဦးယုရေ ဗေဒင်တွက်ပေးပါ😁😁

Posted using Partiko Android

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.035
BTC 65916.61
ETH 3431.41
USDT 1.00
SBD 4.66