ကျွန်တော့ငယ်ဘဝအကြောင်း (၁)
ကျွန်တော့ငယ်ဘဝအကြောင်း (၁)
စတီးမစ်မှသူငယ်ချင်းများအတွက်ဒီတခါ တချို့လူငယ်များမမှိလိုက်သောကျွန်တော်တို့ငယ်စဉ်ကခေတ်အကြောင်းလေးဗဟုသုတအဖြစ်ရေးတင်ပါအုံးမည်
ကျွန်တော်ငယ်စဉ်ဘဝတုန်းကသားဦး အကြီးဆုံးသားလည်းဖြစ်သူ့ခေတ်သူ့အခါက ရွာမှာစီးပွားရေးအတော်အသင့်ပြေလည်သောမိသားစုဘဝမှမွေးဖွားလာသဖြင့်မိသားစုရဲ့အလိုလိုက်ခြင်းကိုခံခဲ့ရသူဖြစ်ပါသည်၊တော်ရုံတန်ရုံကိစ္စများတွင် ကျွန်တော်ဆိုးနွဲလျှင်မဖြစ်ဖြစ်အောင်လုပ်ပေးတပ်ကြပါသည်၊
ကျွန်တော်ငယ်စဉ်ကကျွန်တော်တို့ရွာတွေမှာစာသင်ကျောင်းရှားပါးလေသည်၊မြို့နားကမ်းနားနီးသူများသာကျောင်းတက်ရ၏၊ရွာဦးဘုန်းကြီူကျောင်းမှာသင်ပုန်းကြီးတပ်အောင်သင်ရပါသည်၊အတန်းပညာမရှိရေးတပ်ဖတ်တပ်ရုံသာရှိ၏။သူ့ခေတ်သူ့အခါကစာရေးတပ်ဖတ်တပ်ဖြစ်လျှင်ကို ယ္ခုဘွဲ့ရတယောက်ကဲ့သို့မျက်နာပန်းလှ၏။စာရေးတပ်ဖတ်တပ်သူများသည် ရွာထဲတွင် အသုံးလုံးပုံစံမျိုးထမင်းစားပွဲဝိုင်းကြီးကိုထောင်ပြီးညတိုင်းညတိုင်း စာတပ်ချင်သူများကိုစာသင်ပေးကြ၏၊သင်ပေးသောဆရာ၏အမည်ကိုအစွဲ ပြု၍ ရွာလယ်ကဘယ်သူ့ကျောင်း ရွာမြောက်ပိုင်းကဘယ်သူ့ကျောင်းဆိုပြီးအမည်တပ်ခေါ်ကြ၏။ဥပမာရွာလယ်က ဆရာမဒေါ်သိန်းညွန့်သင်သည့်ကျောင်းမှထွက်လျှင် ဒေါ်သိန်းညွန့်ကျောင်းထွက်ဟုခေါ်ဆိုကြပြီး ရွာမြောက်ပိုင်းကဦးမောင်အုန်းသင်သည့်ကျောင်းမှထွက်လျှင် ဦးမောင်အုန်းကျောင်းထွက်ဟုခေါ်ဆိုကြသည်၊ကျွန်တော့ရဲ့မိဘများသည်ဤကျောင်းတွေမှာသင်တာကိုမှီလိုက်လေ၏။
ကျွန်တော် ခုနနှစ်ရှစ်နှစ်သားလောက်မှာရွာ၌တွဲဘက်မူလတန်းကျောင်းလေးတကျောင်းအစိုးရမှဖွင့်ပေး၏။ကျောင်းဟုခေါ်သော်လည်းနွားတင်ကုပ်သာသာလေးပင်ဖြစ်၏။ဘယ်လိုဘဲ ဖြစ်နေဖြစ်နေ ကျွန်တော့အဖို့တော့ကံကောင်းသည်ဟုပြောရမှာပင်ဖြစ်၏။အဘယ်ကြောင့်ဆိုသော် အထက်မှာဖော်ပြသော ဒေါသိန်းညွန့်ကျောင်းတွေ၊ဦးမောင်အုန်းကျောင်းတွေမှာမတက်ရဘဲ အစိုးရကဖွင့်ပေးသောအတန်းပညာကျောင်းမှာတက်ရသောကြောင့်ဖြစ်သည်၊ ခုခေတ်အနေအထားနှင့်ပြောရလျှင်ခုနနှစ်မှကျောင်းတက်ရသည်ကိုအရွယ်ကြီးပြီးတက်ရမှာရှက်ကြပေလိမ့်မည်၊အများအားဖြင့်ကျောင်းစတက်သောသူများသည်အဲ့ဒီခေတ်ကအသက်တဆယ်ကျော်တွေတောင်ပါသဖြင့်အမေကကျနော်ကိုငယ်သေးသည်ဟုတောင်အဖေ့ကိုအတိုက်အခံလုပ်လေ၏။
သို့သော်အဖေ့ဆန္ဒအတိုင်းကျောင်းတက်ရ၏။
အဲ့ဒီခေစ်ကကျောင်းတက်သောသူများသည်အားလုံးရောင်ပေစူးဆံပင်ပုံစံတမျိုတည်းညှပ်ကြလေ၏။
ဘယ်လိုဘဲ ဖြစ်နေဖြစ်နေကျွန်တော်ခုနနှစ်သားမှာကျောင်းတက်ရပြီးဒုတိယတန်းအောင်ပြီးသောအခါဘဝတဆစ်ချိုးပြောင်းဘို့အရာကဖန်တီးလာလေသည်၊ ကျွန်တော့ရဲ့အဖွားပစ္စဉ်းခံထားပြီး ကျွန်တော်အဖေနဲ့တဝမ်းကွဲတော်စပ်သောဦးဇဉ်းတပါးက မြန်အောင်မြိုနယ်ထန်းသုံးပင်ရွာမှာကျောင်းထိုင်ဆရာတော်ဖြစ်သဖြင့်ရွာကိုအလည်လာခိုက်နှင့်ကြုံလေ၏။
ဆက်ရန်......
Post writer=@yuzana(shineshine)
MSC=146
ငယ်စဉ်ကလေးဘ၀လေးတွေကို လွမ်းစရာလေးတွေပါပဲ ဆက်လက်စောင့်မျှော်နေပါမယ်
ပြန်မရနိုင်တဲ့ ငယ်ဘဝကို လွမ်းယုံဘဲလွမ်းနိုင်ပါတယ်ဗျာ
အစ်ကိုရဲ့ ငယ်ဘဝလေးကလည်း အခုခေတ်လူငယ်တွေအတွက်ရော အားလုံးအတွက် ဗဟုသုတဖြစ်စေပါတယ်အစ်ကို။ဆက်အားပေးပါမယ်။
ကျွန်တော်တို့ငယ်ပုံရိပ်ကလေးတွေ ခုခေတ်ကလေးတွေ သိပ်မမြင်ဖူးကြတော့ဘူး
ထန်းတောကြီးက သာယာပါဘိဗျာ
Posted using Partiko Android
အညာရဲ့ သင်္ကေတကတော့ ထန်းတောပါဘဲ ဗျာ
စိတ်ဝင်စားပါတယ်ဦးယု။ဆက်လက်ဖော် ပြပေးပါဦး။
ကျေးဇူးပါဗျာ
ဆက်ရန်ဖတ်ဖို့မျှော်နေမယ်...ငယ်ဘ၀အကြောင်းအရာဖတ်လို့ကောင်းပါတယ်...
Posted using Partiko Android
အားပေးတဲ့အတွက်ကျေးဇူးပါ
ဒီလိုဘဲ ငယ်ဘဝတွေအမှတ်ရပါတယ်။
Posted using Partiko Android
Posted using Partiko Android
ငယ်ဘဝကိုတော့ လူတိုင်းလူတိုင်း မေ့လို့ရနိုင်မယ်မထင်ပါဘူးဗျာ
ငယ်ဘဝကို တခါတလေ ပြန်သတိရမိစေတယ်ဗျာ
လူ့ဘဝမှာ ငယ်ဘဝလောက် ပျော်စရာကောင်းတာ မရှိပါဘူး
စိတ်ဝင်စားစရာပါ ကျွှန်တော်တို့ငယ်ငယ်နဲ့ လုံးဝမတူဘူး ။ ကျောင်းက အစ ။
အရင်တုန်းက မြန်မာစာတပ်သူနည်းတယ်
ငယ်ဘဝအကြောင်းလေးပါလား ဦးယုရေ
Posted using Partiko Android
ဘာရယ် မဟုပ်သတိယလို့ရေးမိတာ
ဦးယု ငယ်ငယ်ကဆိုတော့ ကလေးလေးပေါ့😜