ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၃)

in #myanmar6 years ago

ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၃)

ကျွန်​​တော်​တို့ရဲခရီးစဉ်​ကိုကြည့်​ခြင်းအားဖြင့်​အဲ့ဒီ​ခေတ်​က ဘယ်​​လောက်​လမ်းပန်းဆက်​သွယ်​​ရေးခက်​ခဲသလဲဆိုတာသိလာပါလိမ့်​မည်​၊ဧရာဝတီမြစ်​ကူးတံတားသည်​တနိုင်​ငံလုံးမှစစ်​ကိုင်းတံတား​ခေါ် အင်းဝတံတားတခုသာလျှင်​ရှိသဖြင့်​ ဧရာဝတီမြစ်​ရဲ့အ​ရှေ့ဘက်​ချမ်းအ​နောက်​ဖက်​ချမ်းကားလမ်းများမ​ပေါက်​​နိုင်​​ခြေ၊ ရွာမှထွက်​လာပြီး ပခုက္ကူမှာညအိပ်​ပါသည်၊​ပခုက္ကူမှဧရာဝတီတိုင်းသို့သွား​သောကားမရှိပါ၊ ဧရာဝတီတိုင်းသို့သွာလိုလျှင်​​ညောင်​ဦးသို့ကားသွား၍စီးရပါသည်​၊ဤအချိန်​ကပခုက္ကူ​ညောင်​ဦးကားလမ်းမ​ပေါက်​​ပါ၊ မြစ်​​ကြောင်းအတိုင်းစက်​​လှေ​မော်​​တော်​လမ်းကသာသွားရ၏၊မနက်​ပိုင်းပခုက္ကူမှတရွာဝင်​တရွာထွက်​စက်​​လှေစီးလာရာ​ညောင်းဦးသို့​နေလည်​၁၂နာရီမှ​ရောက်​​လေ၏၊ ​ညောင်​ဦးမှပြည်​မြို့သို့သွား​သောကားများသည်​မနက်​​စော​စောသာသွားကြသဖြင့်​​ညောင်​ဦးမှာညအိပ်​ရပြန်​ပါသည်​၊

buse.jpg

https://goo.gl/images/crScP4

နောက်​ရက်​မနက်​ ​ညောင်​ဦးမှ​စော​စောထပြီး ပြည်​မြို့သို့သွားရာ ပြည်​မြို့ကိုညနက်​နက်​မှဝင်​ပါသည၊်​ ထို​ခေတ်​က ကားများသည်​ယခု​ခေတ်​နှင့်​စာလျှင်​လှူပ်​လှူပ်​နှင့်​သွား​နေသလိုပင်​ဖြစ်​၏ ၊လမ်းများမှာလဲ တချို့က​မြေလမ်း တချို့ကကတ္တရာလမ်းဖြစ်​၏၊ လမ်​တွင်​လဲ ထို​ခေတ်​က ဓားပြ​တွေဘာ​တွေ​ပေါသည်​ဟုကြားမိ၏၊၊ မှတ်​မှတ်​ရရလမ်းမှာအဖြစ်​အပြက်​က​လေးတခု​တွေ့မိ၍ရီလဲရီချင်​ လူ​တွေရဲ့သ​ဘောကိုလဲအ​တော်​သိသွား​လေသည်​၊ ဘယ်​အနားလဲ​တော့မမှတ်​မိ​တော့ပါ ည​မှောင်​​မှောင်​​လ​လေးကသာသာကျွန်​​တော်​တို့စီးတဲ့ကားလမ်းမှာပြက်​​လေ၏။တချို့ကလဲ ပြည်​ကိုအမြန်​​ရောက်​ချင်
ဗိုက်​ကလဲဆာဆို​တော့ တခါတခါ​ပေါ်လာတဲ့ကားကိုတားကြ​လေသည်​၊ကားက ရှားလည်းရှား လာတဲ့ကားကလဲညဆိုသိပ်​မရပ်​ချင်​​တော့ဘယ်​​လောက်​တားတားမရပ်​ဘဲ တအား​မောင်​​လေသည်​၊

download (5).jpeg

https://goo.gl/images/C9U23q

ကျွန်​​တော်​တို့ကားမှာလမ်းကြုံလိုက်​လာ​သော​ရေခဲ​ချောင်း​ရောင်းတဲ့က​လေးတ​ယောက်​လဲပါ​လေရာသူကလဲအိမ်​ကို အမြန်​​ရောက်​ချင်​​နေ၏။ကားဆရာ​တွေကလဲ ကားကိုသဲသဲမဲမဲပြင်​​နေတာ ပြင်​လို့ကမပြီးနိုင်​၊​ရေခဲ​ချောင်းပုံး​လေးလွယ်​လို့တခြားလူကြီးများနဲ့အတူလာသမျှကားတား​နေ၏။နောက်​​တော့လူ ကြီးတ​ယောက်​က ဒီတခါ ကားလာရင်​ မင့်​​ရေခဲ​ချောင်းပုံးချတားကွာ​သေခြာ​ပေါက်​ရပ်​တယ်​လို့စလိုက်​ရာ တခြားလူကြီး​တွေကပါ ​အေးဟုပ်​တယ်​ကွ အဲ့ဒါဆိုမရပ်​မရှိဘူး အဲ့တာ​တော့သူတို့ရပ်​ကိုရပ်​မှာဆိုပြီးလူကြီး​တွေက ဝိုင်း​မြှောက်​ကြ​လေသည်​၊အားလုံကဝိုင်း​ပြောတဲ့အခါ က​လေးကလဲမထူးဘူးဆိုပြီးအ​ဝေးကကားမီး​ရောင်​မြင်​​တော့ သူ​ရေခဲ​ချောင်းပုံးလမ်းမ​ပေါ်သွားချပါ​လေ​သည်​၊ကားကမရပ်​တဲ့အပြင်​​ရေခဲ​ချောင်းပုံးကြီးပါ ဂွမ်းဆိုတိုက်​ပြီး​မောင်းသွား​လေရာ​မြှောက်​​ပေးတဲ့လူကြီး​တွေကပြုံးစိစိနဲ့​နောက်​လှည့်​ကုန်​ကြပြီးတ​ယောက်​မှအသံမထွက်​​တော့ ​ရေခဲ​ချောင်း​ရောင်းတဲ့က​လေးမှာ​တော့သူ့ပုံးပိန်​သွားလို့ငိုမဲ့မဲ့​လေးဖြစ်​​နေရှာတာ​ပေါ့၊လူကြီးတ​ယောက်​က​တော့ ​မောင်းသွားတဲ့ကားကိုဆဲ ပြီး ပြီးသွား​လေသည်​၊ တကယ်​ဆိုဝိုင်း​မြှောက်​​ပေးတဲ့သူ​တွေမှာတာဝန်​ရှိပါသည်​၊ ခုလိုဖြစ်​သွား​တော့ဘယ်​သူမှတာဝန်​မယူကြ၊ ကျွန်​​တော်​က က​လေးဆို​တော့အဲ့ဒီအဖြစ်​အပြက်​ကို ယ​နေ့အထိမှတ်​မိ​နေပါသည်​၊လူ​တွေအ​ကြောင်းကိုစပြီးသင်ခန်းစာရလိုက်တာပါဘဲဗျာ
ဆက်​ရန်​ .....

Post writer=@yuzana(shineshine)
MSC=146

Sort:  

က​လေးဆို​တော့နားမလည်​...လူကြီး​တွေဝိုင်း​မြှောက်​​တော့တကယ်​ထင်​တာ​နေမယ်​...ဆက်​အား​ပေးပါ့မယ်​...

Posted using Partiko Android

ဒါ​ပေါ့ဗျာက​လေးဆို​တော့ ဘာသိမှာလဲ

စာနာမှု မထားတတ်သော လူကြီးများလို့ ပြောချင်ပါတယ်အကိုရေ

Posted using Partiko Android

မှန်​ပါ့ဗျာ ကိုယ်​က​မြှောက်​ပြီး ကိုယ်​ကတာဝန်ူယူရမှာ​လေ

တစ်ချို့လူကြီးတွေ တွေ့ဖူးသေးတယ် ကလေးကို ဘီယာတိုက်တာ ချကွာ ယောက်ျားဘဲ ဘာညာနဲ့ ကလေးရဲ့နုနယ်တဲ့ စိတ်ဓာတ်ကို ပျော်သလို ပျက်သလိုနဲ့ ဖျက်ဆီးပစ်တာ

Posted using Partiko Android

ဟုပ်​တယ်​ လူကြီး ဖြစ်​ပြီး အချိန်​မစီးတာ

ကလေးအတော်များများက လူကြီးတွေပြောတာက အမှန်လို့ယူဆတတ်ကြပြီး လိုက်လုပ်ကြတယ် ဟိုတုံးကပါ ခုခေတ်ကလူငယ်တွေကတော့ အဲဒီလိုပြောသမျှလိုက်မလုပ်တော့ပါဘူး

ခု​ခေတ်​က​လေး​တွေက လူကြီး​တွေ​တောင်​ ပြန်​​ရောင်းစား​လောက်​တယ်​ လယ်​ သလားမ​မေးနဲ့

ကလေးဘဝ ကလေးအမှတ်တရနဲ့ ဪ လူတွေလုတွေ

Posted using Partiko Android

တချို့ကိစ္စ​လေး​တွေက စွဲမြဲပြီးမှတ်​မိတယ်

ဓား မြ‌ကြောက်‌လို့ ထင်‌တယ်‌‌နော်‌။

အဲ့ ဒီ​ခေတ်​တုန်းက ခုလိုမညိမ်​လို့​နေမယ်

ညောင်ဦးကနေပြည်မြို့ကိုဘာသွားလုပ်တာလည်းမသိဘူးအဝေးကြီးပဲ

Posted using Partiko Android

ကျွန်​​တော်ုဒုတိယတန်းအရွယ်​ ငယ်​ငယ်​တုန်းကပါ ဆရာ
ဆရာ အရင်​ပိုစ်​​တွေမဖတ်​မိလိုက်​လို့​နေမယ်​၊

လမ်းကြုံလိုက်လာသည့် ရေခဲချောင်းရောင်းသည့် ကလေးတစ်ယောက်လည်း (လည်း)ါလေရာ။ လို့ဖြစ်ရမှာ ယုရေ။

ဆရာ​ရေ အတပ်​နိုင်​ဆုံးသုံးခါက်​​လောက်​စစ်​ကြည့်​တယ်
ကျန်​သွားတယ်​ဆရာ

Coin Marketplace

STEEM 0.31
TRX 0.12
JST 0.034
BTC 64742.01
ETH 3172.49
USDT 1.00
SBD 4.10