ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၄)

in #myanmar5 years ago

ကျွန်​​တော့ငယ်​ဘဝအ​ကြောင်း (၄)

ဒီလိုနဲ့ပြည်​မြို့ကိုညဉ့်​နက်​နက်​ပိုင်း​မှာ​ရောက်​ပါတယ်​၊အဲ့ဒီ​ခေတ်​က ကာဝင်း​တွေဘာ​တွေမရှိဘူးဗျာ့၊ မြို့ထဲကကားလမ်း​ဘေးမှာရပ်​တာ၊ကျွန်​​တော်​လဲ့သိပ်​မမှတ်​မိဘူးညကြီးဆို​တော့ဘုန်းကြီး​ကျောင်းတ​ကျောင်းမှာညအိပ်​ကြရပါတယ်​၊မနက်​မိုးမလင်းခင်​​မြန်​​အောင်​ကိုသွားဘို့မော်​​တော်​ဆိ​ပ်​ကိုဆင်းကြပါတယ်​၊ မိုးလင်းပြီး ပြည်​မြို့က​နေ​မော်​​တော်​နှင့်​စထွက်​လာ​တော့မြစ်​​ဘေးရှူခင်း​တွေဒီကြည့်​ဟိုကြည့်​နှင့်​အခုမှဘဲ မ​နေကနဲ့စာရင်​အသက်​ရှူ​ချောင်​ချင်​သလို စိတ်​လဲနဲနဲ​ပေါ့ပါးသွားပါတယ်​၊

received_208308809727163.jpeg

https://goo.gl/images/Bn9B22

မကြာခင်​အ​ကောက်​​တောင်​ဆိုတာကိုမြင်​ရ​တော့ အထူးအဆန်း​တွေ့လိုက်​ရသလို ကျွန်​​တော်​တို့က​လေးတသိုက်​ "ဟာ ဘုရား​လေး​တွေ ဘုရား​လေး​တွေ "ဆိုပြီး အံသြတကြီး ပြိုင်​တူ​အော်​မိကြပါတယ်​၊ ဒီ​တော့အနီးအနားက​လူကြီးတချို့က အညာသား​လေး​တွေ အခုမှ​ရောက်​ဖူးတာထင်​တယ်​လို့​ပြော​တော့ ဘုန်းကြီးက ဟုပ်​တယ်​ဒကာကြီးရွာကက​လေး​တွေ​ကျောင်းမှာ​ကျောင်းသားမရှိလို့​ခေါ်လာတာ အခုမှဒီ​ဒေသ​ရောက်​ဖူးတာ ဒကာကြီး​ရေ့ လို့​ပြောလိုက်​​တော့ လူကြီးတ​ယောက်​က ​အော်​ဒါ​ကြောင့်​ကိုးဆိုပြီးအ​ကောက်​​တောင်​ဘုရား​လေး​တွေအ​ကြောင်းရှင်းပြပါတယ်​၊ ဒီအ​ကောက်​​တောင်​လို့​ခေါ်တာကသမိုင်းကနှစ်​ခုသူကြားဖူး​ကြောင်းဘယ်​အရာကမှန်​မလဲသူမသိ​ကြောင်းအစချီပြီး အ​ကောက်​​တောင်​သမိုင်းကို​ပြောပြပါတယ်​၊

pyay-tour5-300x218.jpg

https://goo.gl/images/9BxU9R

ပထမသမိုင်းကဒီအ​ကောက်​​တောင်​ကိုအရင်​တုန်းကရတနာပုဉ္စ​တောင်​လို့​ခေါ်​ကြောင်း မြတ်​စွာဘုရားကျီးမင်းဖြစ်​စဉ်​အခါက​တောင်​​ပေါ်က သစ်​သီးဝလံများသစ်​ဥသစ်​ဖုများချိုမြိန်​လှ​သော​ကြောင့်​ကျီ​​တောင်​ထိပ်​မှပြန်​သန်းလာပြီးအစာ​ကောက်​ယူ​သော​ကြောင့်​အ​ကောက်​​တောင်​ဟု​ခေါ်လာတဲ့အ​ကြောင်း​ပြောပြပါတယ်​၊ တချို့သမိုင်းပညာရှင်​​​တွေရဲ့ စာတမ်းတွေ့ရှိချက်​က​တော့ မင်းတုန်းမင်းတရားကြီးလက်​ထက်​မှာမြို့​တော်​ဝန်​ "ဦး​ကောက်​ရ"ဆို​သောမြို့​တော်​ဝန်​ကို ရတနာပုဉ္စ​တောင်​​ခြေမှာအ​ကောက်​ခွန်​စခန်းဖွင့်​ပြီး အထက်​​အောက်​အစုန်​အဆန်​​လှေများကိုအခွန်​အ​ကောက်​ခံ၍ ​နေပြည်​​တော်​သို့ဘဏ္ဌာ​ငွေများဆက်သရတဲ့တာဝန်​​ပေးအပ်​ခြင်းခံခဲ့ရ​တယ်​လို့ဆိုပါတယ်​၊ ဒါ​ကြောင့်​ဒီရတနာပုဉ္စ​​တောင်​ကိုလည်း အ​ကောက်​ခွန်​စခန်းရှိသဖြင့်​ တ​ဖြေး​ဖြေးအ​ကောက်​​တောင်​လို့​ခေါ်တွင်​လာရတယ်​လို့ဆိုပါတယ်​၊ ဒီအ​ကောက်​​တောင်​ရဲ့ဘုရား​လေး​တွေကအခွန်​​ဆောင်​တဲ့​လှေသမား​တွေက အခွန်​​ဆောင်​တဲ့အခါ ညအိပ်​ည​နေရက်​ကြာကြာ​နေရသဖြင့်​ သူတို့လဲ ​စောင့်​ရင်းနဲ့​ဘုရားပုံ​တော်​​တွေ ဗုဒ္ဓဝင်​​တွေကို
ကျောက်​သားနားရံ​တွေမှာပြီး​သလောက်​ထွင်းထုကြတယ်​လို့ဆိုပါတယ်

students.jpg

မပြီး​သေးလက်​စမသပ်​​သေးတဲ့ပုံ​တော်​​တွေကို​တော့ ​နောက်​တ​ခေါက်​ဒီ​နေရာ​ရောက်​ရင်​ဆက်​ထုကြပြီး ဒီလိုနဲ့​လှေသမားတိုင်းကထုဆစ်​​နေကြလို့ဘုရားဆင်းတု​​တော်​တွေအများကြီးဖြစ်​​နေတာပါလို့စိတ်​​ရှည်​လက်​ရှည်​ရှင်းပြပါတယ်​၊အ​ကောက်​​တောင်​သည်​ ဧရာဝတီမြစ်အနောက်ဖက်ကမ်းထုံးဘိုမြို့နယ်​မှာတည်​ရှိပါတယ်​၊
ရှေ့ဆက်​ရန်​ .....

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဘယ်လိုသွားရတယ်ဆိုတာ လမ်းညွှန်ထည့်ပေးရမှာ ဒါမှအဆင်ပြေမယ်ဗျို့

နောက်​အပိုင်းကြပါမှာ အာစိ

ဪ...အကောက်တောင်ရာဇဝင်က ဒီလိုကိုး..
မနှစ်ကသွားဖို့ဟာ လူမညီလို့မရောက်လိုက်ရဘူး

ပြည်​ဘက်​က​နေသွားရင်​နီးတယ်

အသိ‌တွေတိုး‌စေပါတယ်‌ဦးယု‌ရေ။

ကျေးဇူးပါ ဗျာ

ဧရာဝတီရဲ့ လှပတဲ့ ရှုမျှော်ခင်း မြင်ကွင်းလေးတစ်ခုပေါ့

ဟုပ်​ပါ့ဗျာ

နာမည်သာကြားဖူးနေတာ အခုမှ ဖူးမြင်ရတာ သပယ်လိုက်တာ ဦးယုရေ

Posted using Partiko Android

အထက်​မြန်​မာပြည်​ ​အောက်​မြန်​မာပြည်​အစပ်​လို့​ပြောရမှာ​ပေါ့

သွက်ထာကွာ၊ လျှပ်စစ်ပစ္စည်းပြင်တဲ့သူမို့လားမသိပါဘူး

လမ်းကြုံလို့ ခုန်​ချလိုက်​တာပါဆရာ

ငယ်ဘဝကို ပြန်တမ်းတဦးမှပဲ😁😁

Posted using Partiko Android

ချချ အဲ့တာမှ များများ​ရေးရမှာ

အကောက်တောင် တစ်ခါတော့ရောက်ဖူးတယ်
ဘုရားဖူးရတာ သပ္ပယ်လှတယ်

ခုက တအားစည်​သွားပြီ စတီးလက်​ရမ်း​တွေနဲ့
ဘုရားဖူး​တွေလဲ မပြတ်​ဘူး

ရောင်ဖူးချင်ပါသေးသည် ။

ကို​တော့ ​ရောက်​ဖြစ်​တယ်

သွားချင်​မိတယ်​ မ​ရောက်​ဖူးဘူးဗျာ

အခုက လမ်းပန်းဆက်​သွယ်​​ရေး​ကောင်း​နေပပြီ

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79