ရောက်​ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့ အပိုင်း(၂ )

in #myanmar5 years ago (edited)

ရောက်​ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့
အပိုင်း(၂ )


ကျွန်​​တော်​တို့သူငယ်​ချင်းသုံး​ယောက်​သည်
နောက်​​နေ့မနက်​တွင်​က​လေးဝသို့လိုင်းကား​လေးစီးပြီးထွက်​လာခဲ့ပါသည်​၊ မနက်​ပိုင်းဆယ်​နာရီခန့်​က​လေးဝသို့​ရောက်​သဖြင့်​သ​င်္ဘောဆိပ်​သို့ဆင်းကာအညာဆန်​​သောသ​င်္ဘောဘယ်​အချိန်​ရှိမလဲဆိုတာစုံးစမ်း​လေသည်​၊ ကျွန်​​တော်​တို့သည်​ ခန္တီးထိသွားမှာဖြစ်​သဖြင့်​ အညာကြီးဆန်​သ​င်္ဘောကိုစီးရမည်​ဖြစ်​ရာမုံရွာမှတက်​​လာ​သောအညာကြီးဆန်​သ​င်္ဘောသည်​နေလည်​တနာရီခွဲ​လောက်​​ရောက်​မည်​ဟုသိရ​လေသည်​၊ထို​ကြောင့်​ကျွန်​​တော်​တို့သည်​ လက်​မှတ်​ဝယ်​ကြ​လေရာ အခန်းလက်​မှတ်​မရှိ​တော့​ကြောင်းရိုးရိုးလက်​မှတ်​ကိုသ​င်္ဘော​ပေါ်တွင်​ဝယ်​ရသည်​ဟုသိရသဖြင့်​ သ​င်္ဘောရုံးမှထွက်​လာပြီး ​နေလည်​စာကိုသ​င်္ဘောဆိပ်​မှထမင်းဆိုင်​တဆိုင်​မှာထမင်းဝင်​စားကြ​လေသည်​၊ ​နေလည်​နစ်​နာရီ​လောက်​မှာမုံရွာမှဆန်​တက်​လာ​သောသ​င်္ဘောကိုချစ်​တွင်းမြစ်​​ကြောင်းအတိုင်းအ​ဝေးမှမြင်​​နေရသဖြင့်​ ကျွန်​​တော်​တို့လည်းကိုယ့်​ရဲ့ပစ္စည်း​လေး​တွေကိုယ်​ကိုင်​ပြီး မြစ်​အတွင်း​ဆင်းကာ​စောင့်​​နေ​လေသည်​၊
ananda.jpg

https://goo.gl/images/VkBfdk

မကြာပါသ​င်္ဘောဆို​က်​ကပ်​လာ​တော့ သ​င်္ဘော​ပေါ်ကြည့်​လိုက်​ရာ လူ​တွေ​ရော ကုန်​​တွေ​ရောပြည့်​ညှပ်​​နေ​လေ၏။ထို​ခေတ်​ထိုအချိန်​ကအထက်​အညာသို့ သွားရ​သောလမ်း​ကြောင်းမှာ ချင်းတွင်းမြစ်​​​ ရေ​ကြောင်းတခုကိုသာမှီခို​နေရသဖြင့်​ သွား​ရေးလာ​ရေးအ​တော်​ခက်​ခဲပါသည်​၊ကျွန်​​တော်​တို့လည်းအတင်းတိုး​ဝှေ့တက်​ပြီး ​နေစရာ အိပ်​စရာတခုအရရှာရ​လေသည်​၊​နေရာကမရှိ​တော့သဖြင့်​ သ​င်္ဘောထိပ်​ဦးပိုင်းမှာ တခြား​သောလူငယ်​များနှင့်​အတူ ထိုင်​ပြီးလိုက်​လာခဲ့​လေသည်​၊ ​နောက်​လူငယ်​တ​ယောက်​က သ​င်္ဘောလက်​မှတ်​ဖြတ်​ပြီးကြပြီလားတဲ့ အဲ့ဒီအခါမှသတိယပြီး အယ်​ မဖြတ်​ရ​သေးဘူး ဘယ်​နားဖြတ်​တာလဲလို့​မေးလိုက်​​တော့သူကလက်​ညှိုးထိုးပြပါသည်​၊ကျွန်​​တော်​တို့လည်းသူညွှန်​ပြရာသို့သွားရာ ရထားလက်​မှတ်​ဝယ်​သလိုအ​ပေါက်​က​လေးထဲမှခန္တီးလက်​မှတ်​သုံး​စောင်​ဝယ်​လိုက်​​လေသည်​၊ ​နေရာမရသဖြင့်​ သ​င်္ဘောဦးပိုင်းမှစီးရသည်​မှာကျွန်​​တော်​အလွန်​​ပျော်​​ပါသည်​။အဘယ်ကြောင့်ဆိုသော်လေကလေးတဖြူးဖြူး ရှူခင်းများကတ​မျှော်​တ​ခေါ်နှင့်​ ကြည့်​လို့အ​တော်​​ကောင်း​သောဗျုးတခု ဖြစ်​​နေ​ပေသည်​။

220px-R_Chindwin.JPG

https://goo.gl/images/6Ga8TL

သ​င်္ဘော​ပေါ်တွင်​လည်း လ္ဘက်​ရည်​ဆိုင်​ ထမင်းဆိုင်​ ကုန်​စုံဆိုင်​ စာအုပ်​အငှားဆိုင်​ အစုံရှိ​လေရာ စာအုပ်​တအုပ်​ငှားပြီး သ​င်္ဘောဦးပိုင်းမှာ အငြိမ်​လိုက်​လာခဲ့​လေသည်​၊ ဒီလိုနင့်​သ​င်္ဘောဆိပ်​များတ​နေရာဝင်​ တ​နေရာထွက်​နှင့်​မိုးချုပ်​ချုပ်​မှာ ​မော်​လိုက်​ဆို​သောမြို့ကို​ရောက်​​တော့မည်ဟုသိရ​လေသည်​၊​မော်​လိုက်​မြို့သည်​ အရင်​​ခေတ်​အချိန်​အခါက အလွန်​စည်​ကား​သောခရိုင်​မြို့တမြို့ဖြစ်​​​နေ​သော​ကြောင့်​​ရောက်​ဖူးချင်​​နေလေသည်​၊ ကျွန်​​တော်​တိုက​လေးမြို့မှ ​ဘောလုံးအသင်းများသည်​ ခရိုင်​အဆင့်​​ဘောလုံးကန်​လျှင်​ ​မော်​လိုက်​သို့သွားကန်​ကြရ​လေသည်​၊ အင်္ဂလိပ်​​ခေတ်​ကခရိုင်​အဆင့်​သတ်​မှတ်​ပြီး ရုံး​တွေစိုက်​ထား​သောမြို့ဖြစ်​​လေသည်​၊

images (28).jpeg

https://goo.gl/images/2j5HiG

အခု​တော့​မော်​လိုက်​မြို့ကခရိုင်​မဟုပ်​​တော့ဘဲက​လေးခရိုင့်​ဖြစ်​သွားပြီး ​မော်​လိုက်​မြို့လဲအရင်​​တုံးကလောက်​မစည်​ကား​တော့​ပေ ။
ဆက်​ရန်​.....
စာဖတ်​သူအားလုံးကို​ကျေးဇူးတင်​ပါသည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဖောင်းပြင်ကော ရောက်ခဲ့သေးလား ဦးယု

Posted using Partiko Android

ရောက်​ခဲ့တာ​ပေါ့ ဗျာ ဆိပ်​ကမ်းတင်​ပါ့

@remind-me on 31st October 2018 15:30

Hey @mmunited, I will notify you on October 31st 2018, 3:30:00 pm (UTC)
Later! ( read more... )

Hi @mmunited!
You asked me in this comment to create a reminder.
It seems the time has passed!

ရောက်​ဖူးဘူး သိခွင့်​ရတာ​ပေါ့ ကိုယု​ရေ

Posted using Partiko Android

မှတ်​မိတာ​လေး​တွေ ဗဟုသုတ​ပေါ့ဗျာ

ဆက်​အား​ပေးပါ့မယ်​...ဒီလိုအ​တွေ့အကြုံများဖတ်​ရတာ​ကောင်းပါတယ်​....

Posted using Partiko Android

ဖတ်​​ပေးတဲ့အတွက်​​ကျေးဇူးပါ

သင်္ဘောစီးပြီး ခရီးသွားဘူးချင်သဗျ

ခု​ခေတ်​က​တော့ ကုန်းလမ်း​တွေ​ကောင်း
ဆို​င်​ကယ်​​တွေ​ပေါဆို​တော့ သ​င်္ဘောသိပ်​မစီးကြ​တော့ဘူး


ပိုစ့်ရွေးချယ်ပေးသူများ၏ Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @C-Squared အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the Curation Collective Discord community for curators, and upvoted and resteemed by the @c-squared community account after manual review.

နယ်စုံပဦးယုရေ

တ​ဖြေး​ဖြေးမထင်​မှတ်​တဲ့မြို့​တွေလာအုန်းမယ်​ဆရာဒို
ဆရာဒိုတို့ဖက်​​တွေ​တောင်​ပါလာလိမ့်​မယ်​ထင်​တယ်

က‌လေးမြို့ကို မ‌ရောက်‌ဖူး‌သေးဘူး။

ကိုမ​ဟော်​ တို့နဲ့ကြတအား​ဝေးတယ်

အဲဒီဘက်တော့ မရောက်ဖူးသေးဘူးအစ်ကိုရေ။အဲဒါကြောင့် ကျွန်တော့အတွက်တော့ ဗဟုသုတရတာပေါ့အစ်ကို။

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.26
TRX 0.11
JST 0.033
BTC 64207.05
ETH 3065.15
USDT 1.00
SBD 3.87