ရောက်ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့ အပိုင်း(၃)
ရောက်ခဲ့ဖူးပါသည်အထက်ချင်းတွင်းဆီသို့
အပိုင်း(၃)
မော်လိုက်မြို့ကိုသင်္ဘောကပ်တော့မယ့်အချိန်မှာလူတယောက်က ညဒီမှာအိပ်မယ်တဲ့အထက်ပိုင်းမှာ
ရေးကြောင်းကြပ်တယ်လို့ပြောသံကြားတယ်လို့ပြောပါတယ်၊ဟုပ်တော့လည်းဟုပ်လောက်ပါသည်ကျွန်တော်တို့သွားတဲ့အချိန်ရေကြောင်းတိမ်သောအချိန်ဖြစ်နေချေသည်၊ အမြဲတမ်းသွားစလာစရှိဟန်တူသောလူကြီးတယောက်က ဘာမှမဟုပ်ဖူးသူတို့ပါးစပ်ထဲတွင်ပြောချင်တာဖြစ်နေတာတဲ့၊သင်္ဘောပေါ်ပါလာသောထမင်းဆိုင်လ္ဘက်ရည်ဆိုင်တွေနဲ့လက်ဝါးခြင်းရိုက်ပြီး တရက်ပိုရောင်းအောင်လုပ်တာတဲ့ အဲ့ဒီဆိုင်တွေက တခေါက်ဘယ်လောက်ဆိုပြီး သင်္ဘောကလူတွေကိုပိုက်ဆံပေးရတာတဲ့ ၊ကျွန်တော်လဲ အော် ဆိုပြီး စကားဖြတ်လိုက်ပါသည်၊ဒီအပိုင်းတွေ ကျွန်တော်တို့ခလေးတွေနားမလည်ပါ၊သင်္ဘောဒီမှာအိပ်ရင် ဒီမြို့ထဲခနဝင်ပြီးလည်ကြည့်လို့ရတာပဲသိနေပါသည်၊
ဒီလိုနဲ့သင်္ဘောကပ်တော့ ခေါင်းရွက်ဗျက်ထိုးဈေးသည်တွေ ပွက်လောရိုက်အောင်တက်လာပါသည်၊
သင်္ဘောတခုလုံးလည်းဆူညံပွက်နေပါသည်၊တက်လာသောလူတွေထဲမှာ တချို့ကအော်ညံပြီးဈေးရောင်းရန်တက်လာသလို တချို့က ဈေးသွားတဲ့ဟန်နဲ့ ဈေးခြင်းတောင်းလေးကိုင်တက်လာသည်ကိုတွေရှိရလေသည်၊ သူတိုတွေကတော့သင်္ဘောပေါ်တွင်ပါလာသောဈေးဆိုင်တွေမှာဈေးဝယ်ပြီးဆင်းသွားကြသည်ကိုတွေ့ရှိရသဖြင့်အော် ဒေသခံဆိုင်တွေထက်ဈေးချိုလို့သင်္ဘောအလာကိုစောင့်ပြီးဈေးဝယ် ကြဟန်တူပါသည်၊ကျွန်တော်တို့လဲ သင်္ဘောဒီမှာအိပ်မလားသေခြာဂနအောင် သင်္ဘောပေါ်မှ ဝန်ထမ်းများအားမေးကြည့်တော့ ဟုပ်တယ်ဒီမှာအိပ်မှာလို့ပြောတော့ ကျွန်တော်တို့ကမ်းပေါ်တက်လည်ကြည့်ချင်လို့ပါဆိုတော့ လည်ပါရပါတယ်တဲ့၊ကျွန်တော်တို့သုံးရောက်လည်းကမ်းပေါ်ကိုတက်လာခဲ့ ပါတော့တယ်၊
မော်လိုက်မြို့ထဲသိုလည်ကြည့်တော့ လမ်းတွေကကျယ်ဝန်းပြီး သပ်သပ်ရပ်ရပ်ရှိလှပေသည်၊လမ်းဘေးပတ်ဝန်းကျင်ကအစိုးရအဆောက်အဦးတွေကိုကြည့်လိုက်လျှင်ခြံဝန်းတွေကကြယ်ဝန်းပြီး အဆောက်အဦးတွေက ရှေးခေတ်အဆောက်အဦးတွေလိုအုပ်ခဲအရောင်အတိုင်းအနောက်တိုင်းဆန်နေသည်၊လမ်းတွေကကျယ်ဝန်းသပ်ရပ်နေပေမဲ့ လူသွားလူလာနည်းပြီး တိပ်ဆိပ်နေသလိုရှိနေ၏။ဈေးအနီးအနားတဝိုက်တွင်မနက်ပိုင်းအချိန်တွင်သာနဲနဲလူစဉ်ကားသည်ကိုသိရှိရလေသည်၊
လမ်းမကြီးရဲ့လမ်းဆုံတခုတွင်နာရီစဉ်အကြီးကြီးတခုရှိလေသည်၊အဝေးကမျှော်ကြည့်လျှက်လွပ်လပ်ရေးကျောက်တိုင်ကြီးကဲသို့ ခန့်ခန့်ညားညားရှိလေသည်၊သိုသော်လူကတော့ကျိုးတိုကျဲတဲတယောက်စနှစ်ယောက်စလောက်သာသွားသွားလာလာရှိလေသည်၊ အင်္ဂလိပ်ခေတ်ကအတော်စည်ကားသောမြို့တမြို့ဖြစ်ခဲ့ဟန်ရှိပါသည်၊
ကျွန်တော်တို့လည်းလည်စရာသိပ်မရှိလှသဖြင့်သင်္ဘောဆီသို့ပြန်လာခါ သင်္ဘောပေါ်မှထမင်းဆိုင်တွင်ထမင်းစားပြီး မိမိစီးလာသောနေရာမှာအိပ်ဖို့ရာပြင်ဆင်ကြလေသည်၊ သင်္ဘောဦးပိုင်းတွင်ပါလာသောဆန်အိပ်အချို့ကိုအသေအခြာစီပြီးအိပ်ကြရလေသည်၊
ဆက်ရန်.....
Post writer=@yuzana(shineshine)
MSC=146
Thanks for using eSteem!
Your post has been voted as a part of eSteem encouragement program. Keep up the good work! Install Android, iOS Mobile app or Windows, Mac, Linux Surfer app, if you haven't already!
Learn more: https://esteem.app
Join our discord: https://discord.gg/8eHupPq
Thank you so much
ဆက်ရန်ဖတ်ဖို့မျော်နေပါ့မယ်...ကိုယ်မရောက်ဖူးပေမဲ့ခုလိုသိရတော့အသိတိုးပါတယ်....
Posted using Partiko Android
ဖတ်ပေးလို့ ကျေးဇူးပါ
အကိုလည်း နေရာစုံတယ်နော်
Posted using Partiko Android
ငယ်ငယ်တုန်းကတော့ အဲ့ဒီအပိုင်းတွေတော်တော်သွာခဲ့တာ
ခရီးသွားဆောင်းပါးလေးတွေရေးတင်သင့်တယ် ဘဘယုရေ
ဟုပ်တယ် အရင်ရောက်ခဲ့တာလေးတွေ လွမ်းရင်းနဲ့ တချို့ဟာလေးတွေမမေ့အောင် ချရေးနေရတာအာစိရေ့
ထိုခေတ်အခါက ခရီးသွားရတာ မလွယ်ဘူးနော်။
မလွယ်ဘူးကိုမဟော် ခုခေတ်လို
လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး
အဲဒီဘက်တွေ ရောက်ဖူးချင်လိုက်တာ
အဲ့ဖက်တွေက ရိုးသားကြတယ် တိုင်းရင်းသားတွေက
စောင့်အုံးမယ် ကိုယုရေ
Posted using Partiko Android
အပိုင်းလိုက်တွေ ရေးမှအဆင်ပြေ မှာမို့ အေးအေးဆေးဆေးရေ
ရတော့တာပါ့ အာစိ
ခရီးသွားမှတ်တမ်းလေးထားတာ ကောင်းပါတယ် ခရီးတစ်ခုကို မေ့မသွားတော့ဘူးပေါ့
Posted using Partiko Android
Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.