တ​နေ့တာအ​ကြောင်း​လေး

in #myanmar5 years ago

တ​နေ့တာအ​ကြောင်း​လေး

တ​နေ့က ကျွန်​​တော်​မနက်​အိပ်​ယာထပြီး မျက်​နှာသစ်​သွားတိုက်​ ဆန်း​ဒေး​ကော်​ဖီတခွက်​နဲ့ ပဲပလာတာတပွဲကိုယ့်​ဘာသာကိုယူစားလိုက်​သည်​၊စားပြီး​တော့ဘာကစလုပ်​ရမလဲစဉ်းစားလိုက်​တဲ့အခါ ညီ​တော်​​မောင်​က အိမ်​ကဟာ​တွေက​တော့ထားဝယ်​က ကထိန်​ပွဲသွားကုန်​ကြပြီတဲ့ ဟုပ်​ပါသည်​ ဟိုတ​နေ့က ညီရဲ့မိန်းမက အကို ထားဝယ်​သွားမလို့လိုက်​အုံးမလားတဲ့ အင်း ကျွန်​​တော်​က ​ခြေ​ထောက်​​ဗွေပါတဲ့သူဆို​တော့ လိုက်​​တော့လိုက်​ခြင်​မိတာ​ပေါ့ဒါ​ပေမဲ့​ခြေ​ထောက်​ကို မနည်းချုပ်​ထားရတာ ဘာဖြစ်​လို့လဲ​ဆို​တော့ ပြာသိုလ်​လပြည့်​​နေကြရင်​ အညာကိုပြန်​ရအုံးမှာ ဒီလိုခရီး​တွေခနခနစိတ်​​နေရင်​​တော့အလုပ်​လုပ်​စားချိန်​​တောင်​ရှိမှာမဟုပ်​​တော့ဘူးဟုဆင်​ခြင်​​နေရ​လေသည်​၊

a6793f62eaa0772976e279dac4678a92a253df4d.webp

ညီရဲ့မိန်းမ မရှိဘူးဆို​တော့ ​နေလည်​စာဘယ်​လိုလုပ်​မလည်းစဉ်းစားမိလိုက်​​လေသည်​၊ညီကို​ပြော​နေရင်​လည်း အလုပ်​ရှူပ်​ပါတယ်​အကိုရာ ဆိုင်​ဝယ်​စားလိုက်​ကြတာ​ပေါ့လို့​ပြောမှာ ကျွန်​​တော်​ကလည်း အသားဟင်းငါးဟင်းဆီပြန်​​တွေကမစားခြင်​​တော့ဘူးဆို​တော့ မထူးဘူးဆိုပြီး​ဈေးထဲသွားအသီးအရွက်​က​လေး ဘာ​လေးသွားဝယ်​လိုက်​ပါသည်​၊ ​ဈေးဝယ်​ပြန်​လာ​တော့ ဟင်းချက်​ရမှာက​စော​သေးသည်​ ထမင်းကချက်​စရာမလို ထမင်း​ကြော်​ ထမင်းသုပ်​​ရောင်းသဖြင့်​ ထမင်းက အမြဲတမ်းရှိ​လေသည်​၊ ဒီလိုနဲ့ ပန်​ကာကွိုင်​​လေးထိုင်​ပတ်​​နေလိုက်​မိသည်​၊​တော်​​တော်​ကြာဝယ်​တဲ့သူရှိခဲရင်​အရံသင့်​​ရောင်းရန်​ပတ်​ထားခြင်းဖြစ်​​လေသည်​၊ ကွိုင်​​ခွေပြီး ​အော်​ ဒီ​နေ့လိုင်းမဖွင့့်​မိ​သေးဘူးဆို​ပြီး​တော့ လိုင်း​လေးဖွင့်​ကြည့်​မိလိုက်​ပါသည်​၊ဒီ​နေ့ပရိုတင်​ရမှာပါ့လားဆိုပြီး ပရိုတင်​စရာ ပိုစ်​ကိုနုပ်​ပိတ်​ထဲမှာရှာကြည့်​မိလိုက်​ပါသည်​၊ နုပ်​ပိတ်​ထဲမှာကတခုမှ​ရေးထားပြီးသားကမရှိ​ပေ ၊အ​သေအခြာရှာကြည့်​မိမှ လွန်​ခဲ့တဲ့ နှစ်​လ​လောက်​က​ရေးထား​သောတန်​ခူးလအ​ကြောင်း​လေး​ရေးထားတာ​တွေ့ရှိရ​လေသည်

2910896dcbcdb406c5235025120aba50.jpeg

အဲ့တာနဲ့ စာ​လေးနဲနဲပါးပါးဖြည့်​ပြီး ပိုစ်​ကိုတင်​လိုက်​ပါသည်​၊ တန်​ခူးလအ​ကြောင်းမှာ ပွဲ​တော်​အ​ကြောင်း ရာသီပန်းအ​ကြောင်း ပြည့်​စုံ​အောင်​​ရေးရသဖြင့်​ တပိုင်းနှင့်​မပြီးနိုင်​​ပေ၊ ​နောက်​ရာသီပန်းအ​ကြောင်း​လေး​ရေးတင်​လိုက်​​တော့ မကြည်​က နင့်​က ငါ​ရေး​နေတာ လု​ရေး​နေတယ်​ဟု ရန်​​ထောင်​​လေသည်​၊ အဟိ ထင်​​တော့ထင်​သား သူကလည်း ၁၂ လရာသီအ​ကြောင်း​ရေး​နေတာ ကဆုန်​လအ​ကြောင်း​ရောက်​​နေ​ပေပြီ အဲ့တာ​ကြောင့်​ ငါလည်းရှိတာ​လေး​ကောက်​​ရေးမိတာပါဟာ ငါ​ပြောင်း​ရေးမှာပါဟု ​ပြန်​​ချော့လိုက်​ရ​လေ​တော့သည်​၊

Post writer=@yuzana(shineshine)
MSC=146

Sort:  

ပဲပလာတာအ​သေကြိုက်​တယ်​​နော့...​ကော်​ဖီနဲ့မိုက်​မိုက်​😁

Posted using Partiko Android

မနက်​စာက​တော့ သိပ်​​ကောင်းတဲ့အစားအစာ​ပေါ့

အစဉ်အလာပျက်လို့ မရဘူး မရှိရှိတာ ရေးတင်မှဘာ အကြံတူနေပြီ

Posted using Partiko Android

တပ်​နိုင်​ဘူး အလုပ်​လုပ်​ရင်းတန်းလန်းဆို​တော့ကြုံတာ​ကောက်​တင်​ရတာပ့

ဘာရေးရေး အားပေးနေပါတယ် ။ဒီရက်ပိုင်း မအားလို့ ပျက်ကွက်ခဲ့တာတွေအတွက် sorry ပါနော်ဦးယု။

ကျေးဇူးတင်​ပါတယ်​ ဆရာ​ဟော်​ အခုလို အား​ပေးတဲ့အတွက်

ဟာ့ဟာ့ နာ့အတင်းတုပ်သေးတယ်ပေါ့လေ😁😁ရေးပါအေ စတာဘာ အညာပြန်ရင် နာ့ဆိလာခက်အူး😁

Posted using Partiko Android

တုပ်​ရပါဘူးဗျာ့ ....​တောသူအလှ စာဖွဲ့ပြတာပါ.....

ခုကော စားပြီးပြီလား ဗျ။
😊

အဟပ်​ ...စား​သေးဘူးဗျာ့ မဆာလို့

ကြံဖန်ရေးတတ်နေပြီပဲ

Posted using Partiko Android

ဒါနဲ့ တစ်နေ့တာ အကြောင်းလေး ဖြစ်သွားတယ်ဆိုပါတော့ ဦးယုရေ

Posted using Partiko Android

ချတာချ ဦးယုရေ။
ကျွန်တော်လည်း အလုပ်များနေလို့ မလာဖြစ်သေးတာ။

Coin Marketplace

STEEM 0.37
TRX 0.12
JST 0.040
BTC 70162.45
ETH 3540.43
USDT 1.00
SBD 4.79