တန်​ခူးလမှာပွင့်​သည့်​ရာသီပန်း

in #myanmar5 years ago

တန်​ခူးလမှာပွင့်​သည့်​ရာသီပန်း

တန်​ခူးလရဲ့ပွဲ​တော်​သင်္ကြန်ွဲနဲ့ခွဲမရတဲ့ရာသီပန်းက​တော့ ပိ​တောက်​ပန်းဖြစ်​ပါသည်​၊သင်္ကြန်​ပွဲဟုဆိုလိုက်​တာနှင့်​ ပိ​တောက်​ပန်းကို​ပြေးပြီးမြင်​​ရောင်​မိပါသည်​၊သင်္ကြန်​ပွဲကိုစပ်​ဆို​သောသင်္ကြန်​သီချင်းအများစုတွင်​ပိ​တောက်​ပန်းကိုပါစပ်​ဆိုတတ်​ကြပါသည်​၊

Screenshot_20180310_081829.png

https://goo.gl/images/W5SX32

ပိ​တောက်​ပန်းကိုမြန်​မာလူးမျိုးအားလုံးကမြတ်​နိုးကြပါသည်​၊ပိ​တောက်​ပန်းသည်​ပန်းတကာ့ပန်းတွင်​ အများနှင့်​မတူ​သောဂုဏ်​ဒြပ်​​တွေကရှိ​နေ​သော​ကြောင့်​ဖြစ်​​လေသည်​၊ပိ​တောက်​ပန်း၏အ​ရောင်​သည်​၊မြန်​မာလူမျိုးများနှစ်​သက်​မြတ်​နိုး​သော ​ရွှေဝါ​ရောင်​အဆင်းရှိ​နေခြင်းပင်​ဖြစ်​​လေသည်​၊ပီ​တောက်​ပန်းသည်​ ပန်းခိုင်​ခြည်းသက်​သက်​ထက်​သူ့၏အရွက်​ အစိမ်း​ရောင်​​လေးနှင့်​မှပိုပြီးလှပ​လေသည်​၊ တချို့​သော့ပိ​တောက်​ပင်​များပွင့်​​နေသည်​မှာတပင်​လုံး​ရွှေရည်​များ​လောင်းထားသလိုဝါထိန်​​နေပြီး အိတွဲ​နေသည်​မှာအလွန်​တရာကြည့်​​ကောင်းပါသည်​၊ ​နောက်​ထူးခြားမူတခုမှာ ပိ​တောက်​ပန်းသည်​တနှစ်​မှာတကြိမ်​သာလျှင်​ပွင့်​တပ်​ကြပြီး၊ထိုတကြိမ်​သည်​လည်း တရက်​သာပွင့်​ကြပါသည်​၊မနက်​ပိုင်းပွင့်​ပြီးည​နေပိုင်း ညှိုးနွမ်းသွားပါသည်​၊ထိုအပင်​မှပန်းကို ​နောက်​နှစ်​တန်​ခူးလမှသာလျှင်​ပြန်​ပွင့်​၍ပြန်​မြင်​ရပါလိမ့်​မည်​၊ ထို​ကြောင့်​တနှစ်​မှတရက်​ထဲတခြားပန်းနဲ့မတူ ခက်​ခဲတဲ့ပန်းဖြစ်​လို့ ပို၍တန်​ဘိုးထားကြပါသည်​၊

Screenshot_20180310_081905.png

https://goo.gl/images/f9oR1T

အရင်​​ခေတ်​အခါတုန်းက ပိ​တောက်​ပန်းတွေသည်​သစ္စာရှိကြတယ်​လို့ဆိုပါတယ်​၊သင်္ကြန်​ရက်​​ရောက်​မှပွင့်​တပ်​ကြပြီး သင်္ကြန်​ရက်​မဟုပ်​လျှင်​မပွင့်​ကြဘူးလို့​ပြောကြပါတယ်​၊အမှန်​က​တော့ ​ရှေးတုန်းကရာသီဥတုမှန်​သဖြင့်​သူရက်​နဲ့သူ ပွင့်​ချိန်​တန်​လို့ပွင့်​ခြင်းဖြစ်​​ပေလိမ့်​မည်​၊ယခုအချိန်​တွင်​ရာသီဥတုလဲမမှန်​​တော့သဖြင့့်သင်္ကြန်​ရက်​နဲ့ပိ​တောက်​ပန်းပွင့်​ရက်​​တွေလဲမတူညီကြ​တော့​ပေ ၊ ​နောက်​တန်​ခူးလရဲ့ရာသီပန်းက​တော့ ကံ့​ကော်​ပန်းဖြစ်​ပါတယ်​၊ကံ့​ကော်​ပန်းက​တော့ပိတောက်​ပန်းကဲ့သို့ အဝါ​ရောင်​မဟုပ်​ဘဲအဖြူ​ရောင်​ဖြစ်​ပါသည်​၊သူက​တော့တရက်​နှင့်​ညှိုးနွမ်းသွား​သောပန်းလဲမဟုပ်​​ပေ၊ထားတတ်​လျှင်​နှစ်​ရက်​သုံးရက်​ခန့်​ အထိအထားခံပါသည်​။ ကံ့​ကော်​ပန်းကိုမြန်​မာမိန်းက​လေးများကြိုက်​နှစ်​သက်​ခြင်းမှာ ရနံ့မှာတမူထူးခြားစွာ​မွှေး​သော​ကြောင့်​ဖြစ်​ပါသည်​၊ကံ့​ကော်​ပန်း၏ရနံ့သည်​ပွင့်​ဖတ်​များ​ခြောက်​သွားသည့်​တိုင်​​အောင်​​မွှေးကြိုင်​​နေသဖြင့်​ မြန်​မာမိန်းက​လေးများသနပ်​ခါးနှင့်​​ရောပြီး​သွေးလိမ်းကြ​လေသည်​၊

1388124799-123-o.jpg

https://goo.gl/images/WF12Cv

ကံ​ကော်​ပန်း၏ပန်းဝတ်​ဆံသည်​လည်းမြန်​မာတိုင်းရင်း​ဆေးတွင်​အသုံးချသည်​ဟု သိရှိရပါသည်​။
စာဖတ်​သူအားလုံးကို​ကျေးဇူးတင်​ပါသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

သင်္ကြန်ရဲ့ သင်္ကေတအမှတ်အသားပါ

Posted using Partiko Android

ပိ​တောက်​နဲ့သင်္ကြန်​ခွဲမရ ပါဘူးဗျာ

နင်ကဟာ ငါရေးနေတာ လုရေးတေ😒

Posted using Partiko Android

ဟုပ်​ပါဘူးဟာ စိတ်​ထဲ​ပေါ်ရာပါ ​ပြောင်း​ရေးရမှာပါ့

ဆောင်းတွင်းကြီးရှိသေး တန်ခူးမျှော်နေကျပြီ

Posted using Partiko Android

ကြုံသလိုပါ့ ဗဟုသုတ ​ရှောက်​​ရေး​နေတာ

ကျွန်တော်တို့ ရွာမှာ ကံကော်တောကြီးရှိတယ် နှစ်ရှည်လများ ကြီးထွားနေတာ ပန်းပွင့်ချိန်ဆို မွှေးကြိုင်နေရောပဲ့

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.35
TRX 0.12
JST 0.040
BTC 70733.96
ETH 3563.16
USDT 1.00
SBD 4.76