TV စက်​ပြင်​မှတ်​တမ်းအပိုင်း(၁)

in #myanmar6 years ago

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၁)

ဒီ​နေ့ရာသီဥတုသာယာတယ်​ဗျာ့၊သာယာ​တော့ ကျွန်​​တော်​လဲ ဆိုင်​တံခါးပေါက်​က​လေးဖွင့်​ပြီး မျက်​နာသစ်​ပြီး၊​ကော်​ဖီတခွက်​နဲ့ ပဲပလာတာတပွဲမှာစားလိုက်​တယ်​၊စာပြီးထိုင်​ရုံရှိ​သေး တီဗွီတလုံးထမ်းပြီးလူတ​ယောက်​လာခဲ့တာဗျာ့ တီဗွီပြင်​ချင်​လို့တဲ့ရပါတယ်​လို့​ပြောလိုက်​တယ်​ တီဗွီကြည့်​လိုက်​​တော့ တရုပ်​မစက်​ပြားဗျာ့(စက်​ပြင်​သမားများ​လောကတရုပ်​တီဗွီကိုတရုပ်​မဟုချစ်​စနိုး​ခေါ်ပါသည်​)၊ဘယ်​လိုဖြစ်​ပြက်​သွားတာလဲလို့​မေးလိုက်​​တော့ အရင်​ကြည့်​​နေတာအ​ကောင်းဗျာ့ အဲ့​နေညကဘာဖြစ်​တယ်​မသိဘူး ​ဖြောင်း​ဖြောင်းဆိုအထဲကမည်​ပြီး မီးခိုး​တွေထွက်​မီး​တွေအထဲကထ​တောက်​​နေတယ်​တဲ့ ပြက်​ထာကသုံးရက်​​လောက်​ရှိပြီး မိုး​တွေရွာလိုလာမပို့တာတဲ့ ၊

vintage-television-technology.jpg

https://goo.gl/images/9xJ4yj

ကျွန်​​တော်​လဲတီဗွီကိုစားပွဲ​ပေါ်ချခိုင်းပြီး မီးထိုးစမ်းကြည့်​မယ်​​နော်​လို့ပိုင်​ရှင်​ကို​ပြောလိုက်​ပါတယ်​၊ ဟုပ်​တယ်​ဗျာ့ပိုင်​ရှင်​ရှိ​နေ​တော့ခွင့်​​တောင်းရ​သေတာ မသကာကိုကမီးထိုးစမ်းမှ သူ့​ရှေမှာ မီးခိုး​တွေထွက်​ ဖိုးဖို​ဖောင်း​ဖောင်းမည်​ပြီးကွဲထွက်​ကုန်​မှ မူး​ကြောင်​ရူး​ကြောင်​နဲ့ခင်​ဗျားလုပ်​မှပို​လောင်​ကုန်​ပြီလို့တချို့ပိုင်​ရှင်​​တွေကအပြစ်​တင်​ချင်​​သေးတာ၊ ကျွန်​​တော်​လဲမီးပလပ်​ထိုလိုက်​​တော့ ​မီး​တွေဝပ်​သွားပြီးတီဗွီထဲက ဖိုး​ဖောင်းဆိုပြီး​လောင်​မီးခိုး​တွေထွက်​လာပါတယ်​၊ ပိုင်​ရှင်​လဲလန့်​သွားပြီးပြင်​လိုပါ့ရပါအုန်းမလားဗျာတဲ့၊ တရုပ်​မက​တော့ပြင်​မရတာမရှိပါဘူး ဒါ​ပေမဲ့ကုန်​ကျစရိပ်​ဘယ်​​လောက်​ကျမယ်​မသိဘူး အစက​နေတ​ဖြေး​ဖြေးပတ်​စိတ်​တိုက်​ပြင်​ပြီးဆင်​သွားရမှာလို့​ပြောလိုက်​ပါတယ်​၊ပြင်​ခထိုက်​သင့်​သ​လောက်​ဘဲကျမယ်​ဆိုပြင်​ထားလိုက်​မယ်​အသစ်​နီးနီးသွားကျမှာဆိုမပြင်​ဘူး ခင်​ဗျာ့​ပြောပြီးမှပြင်​မယ်​လို့​ပြောလိုက်​ပါတယ်​၊ ဟုပ်​တယ်​တရုပ်​တီဗွီကပြင်​မရဘူးဆိုတာမရှိပါဘူ စပယ်​ယာပစ္စည်းအားလုံးကဝယ်​ရတာ​တွေကများတယ်​​လေ၊
ည​နေ​လောက်​တ​ခေါက်​လာကြည့်​ပါလို့​ပြောလိုက်​ပါတယ်​၊ပိုင်​ရှင်​ပြန်​သွားတဲ့အခါ အဖုံးကိုဖွင့်​လိုက်​ပါတယ်​၊ဟိုးးးးးအထဲမှာကြွက်​​တွေအသိုက်​စလုပ်​စဗျာ့
ကြိုး​တွေလဲကိုက်​ဖြတ်​ထားတယ်​ မီးလုံးဂရောင်းကြိုးလဲပြတ်​ပြီး စက်​ပြား​ပေါ်ကျ​နေတယ်​၊ ဒီ​တော့​ရှောဖြစ်​​လောင်​ပြီ​ပေါ့ဗျာ ကြိုးပြတ်​​ရှော့ကျ တီဗွီကိုတခါမ​ရွှေ့  ကြိုးကတ​နေရာ​ရောက်​ပါဝါဖွင့်​ကြည့်​တခါအဲ့​နေရာမှာ​လောင်​​ရှော့ကျ တပြားလုံး​လောင်​သလိုဖြစ်​​နေတယ်​၊

HTB1J1naIXXXXXbkXpXXq6xXFXXXs.jpg

https://goo.gl/images/DwFnnr

အဲဒါ​ကြောင့်​ဒီစက်​ကိုပြင်​တဲအ​ကြောင်း​ရေးရင်​တီဗွီပြင်​နည်းသင်​ခန်းစာကုန်​​လောက်​တယ်​လို့​တွေထင်​ပြီး​ရေးတာပါ၊ အဲ့တာနဲ့စပြင်​ပြီဆိုပါ​တော့ဗျာ ပထမဆုံးTVစက်​ပြင်​တဲ့သူတိုင်းဘာပြက်​ပြက်​ H out Tr ကိုဖြုပ်​ပြီးပြင်​ရတာပါ၊ဒါမှဟိုက်​ဗို့ရိတ်​မထွက်​ဘဲလွပ်​လွပ်​လပ်​လပ်​ပြင်​ရမှာပါ၊ H out Tr ကိုမီတာနဲ့တိုင်းကြည့်​​တော့ဂန့်​​နေပြီဗျ့ ​ရှောကျပြီဂန့့်​တမဟုပ်​ open ဖြစ်​ပြီးဂန့်​တာ၊ ရှိ​စေ​တော့၊သူ့ရဲ​ကော်​လက်​တာ 110Vအဝင်​လိုင်းနဲ့ဂ​ရောင်းနဲ့ မီတာကို1အုန်းစ​ကေးမှာထားတိုင်းကြည့်​တယ်​ ​ရှော့ကရှိ​နေတယ်​၊ ဒီ​ရှော့​ရှေ့ပိုင်းဖြစ်​တာဆို​တော့ ဖလိုင်းဖက်​ကလဲ ဖြစ်​နိုင်​တယ်​၊အဲ့တာ​ကြောင့်​ဖလိုင်းဖက်​အဝင်​ 110Vလိုင်းကRကိုဖြုပ်​လိုက်​ပါတယ်​၊ဒါမှဖလိုင်းဖက်​​ရှော့ရှိမရှိတိုင်းလို့ရမှာ​လေ၊ ဖလိုင်းဖက်​အဝင်​110Vလိုင်းအဝင်​နဲ့ ဂ​ရောင်းနဲ့မီတာကို1အုန်းစ​ကေးမှာထားတိုင်းလိုက်​ပါတယ်​၊ဖလိုင်းဖက်​မှာ​ရှော့မရှိပါ၊သို့အတွက်​​အကြမ်းဖြင်းအားဖြင့်​ဖလိုင်းဖက်​​ကောင်းတယ်​လို့သတ်​မှတ်​လို့ရပါတယ်​၊​နောက်​ပြီး ပါဝါဆပ်​ပလိုင်းအပိုင်းက ကွန်​ဗာတာအထွက်​110Vလိုင်းတိုင်းကြည့်​လိုက်​ပါတယ်​​ရှော့ကရှိ​နေတယ်​ဗျာ့ အဲ့တာနဲ့ ဗာတီကယ်​Icသွားတဲ့လမ်း​ကြောင်း၊အသံအိုင်​စီဆီသွားတဲ့လမ်း​ကြောင်း၊မိန်းIC ကြီးဆီသွားတဲ့လမ်း​ကြောင်းအကုန်​ဖြုတ်​လိုက်​ပါတယ်​​ရှော့ကရှိ​နေတုန်း အဲ့တာနဲ့ကွန်​ဗာတာအထွက်​ဒိုင်​အုပ်​ကိုတိုင်း ကြည့်​တဲ့အခါတန်း​ရှော့ဖြစ်​​နေတယ်​၊ဒီဒိုင်​အုပ်​​ဘေးကစိုက်​ထားတဲ့ပီအက်​လို့​ခေါ်တဲ့ဒစ်​ကွန်​ဒင်​ဆာ​လေး​ရော့​ရှောဖြစ်​​နေလို့ နှစ်​ခုလုံးကိုလဲလိုပ်​ပါတယ်​၊လဲပြီး110Vဖလိုင်းဖက်​ဆီသွားတဲ့လမ်း​ကြောင်​ချန်​ထားပြီးဗို့​သေးလိုင်း​တွေပြန်​ဆက်​လိုက်​ပါတယ်​၊၊

0d8b8dee628146b4aed72244d7a2043e.jpg

https://goo.gl/images/6E14p5

ဒီတီဗီကိုအ​ခြေခံပြီး တီဗွီတလုံးရဲ ပြစ်​ချက်​များအကုန်​ပါသွားမည်​ဖြစ်​သဖြင့် ​နောက်​အပိုင်းများ​စောင့်​​မျော်​ဖတ်​ရှူ ကြပါလို့​ပြောကြာရင်း စာဖတ်​သူအားလုံးကို​ကျေးဇူးတင်​ပါတယ်​၊......

Post writer=@yuzana(shineshine)
MSC=146

Sort:  

အရင်တုန်းက အိမ်က အဲ့လိုတီဗီကတော့ ဆေ့ကဒ်မခံဘဲ သုံးလို့ပျက်သွားဖူးတယ်။

ကျေးဇူးပါတော်...😁

ကျေးဇူးတင်​ပါတယ်​ ​အော့

ဆရာကြီးဘဲဗျာ။

ဟုပ်​ရဘာဘူးဗျာ့

shareပြီးအကိုယုရေ

ကျေးဇူးပါ

ဗ ဟုသုတ​တွေအများကြီးရပါတယ်​ရှင်​။

ကျေးဇူးတင်​ပါတယ်​ဗျာ

သူ့ပညာနဲ့သူတော့ ဟုတ်နေတာဘဲ

ဟုပ်​တယ်​​နော်​ လူ​တွေကကျွမ်းကျင်​ရာလိမ္မာ​ကြေတာ

ဗဟုသုတရစေပါတယ် အစ်ကိုရေ

ဗဟုသုတ အဖြစ်​​ပေါ့ဗျာ

အိမ်က တီဗီ တုံးကတော့ ကြွက်က သေးနဲ့ ပန်းလိုက် ကြောင် က သေးနဲ့ လာပန်းလိုက်နဲ့ ကြာတော့ မခံနိုင်တော့ဘူး ဦးယုရေ

အဲဒီ​သေး​တွေက ဆိုးတယ်​ဗျာ့
ဆားဓာတ်​ပါ​တော့ ခနခနမို​စွေရင်​အစိုပြန်​ပြီး ​လောင်​တယ်​ဗျာ့
သူကိုပြင်​ရင်​ စက်​ ပြားကိုဖူဂျီဆပ်​ပြာမှူံ့ နဲ့အ​သေအ ခြာ​ဆေး ​နေကို​ခြောက်​​သွေ့​အောင်​လှမ်းပြီးမှ စက်​ပြာပြင်​ အဲ့လိုမှအဆင်​​ပြေတာ

Tvထဲကြွက်​၀င်​တယ်​​ပေါ့...အသိုက်​​တောင်​​ဆောက်​​နေပြီ.....အံ့သြဘ😁😁😁

ဟုပ်​ ပါ့ ​နောက်​ဖက်​မှာအ​ပေါက်​​သေး​လေးကိုက်​​ဖောက်​ပြီး ဝင်​တာ

CRT TV တွေ မတွေ့တာတောင်အတော်ကြာပီ

တော်​​တော်​များများရှိကြ​သေးတယ်​ ဖလက်​ပြား​တွေက ပြက်​ရင်​​ပြင်​ခ​ဈေးတအားအကျများကြလို့​လေ သူကတခါသုံးနု​တော့ အ​ခြေခံလူတန်းစား​တွေနဲ့ သိပ်​မကိုက်​ကြဘူး​လေ

Coin Marketplace

STEEM 0.29
TRX 0.11
JST 0.033
BTC 63901.15
ETH 3133.40
USDT 1.00
SBD 4.05