TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၈)

in #myanmar6 years ago

TV စက်​ပြင်​မှတ်​တမ်း အပိုင်း(၈)

စက်​ပြားကိုအထက်​မှာတင်​ပြခဲ့သည့်​အတိုင်းစနစ်​တကျပြင်​လာခဲ့လျှင်​ဘယ်​လိုဖြစ်​​နေဖြစ်​​နေ မှန်​ပြင်​မှာ​တော့ အလင်း​ပေါ်လမှာအ​သေအခြာပါ ၊မှန်​ပြင်​မှာအလင်း​​ရောင်​ပေါ်တိုင်းပြီးပြီဟုမဆိုနိုင်​​သေးပါ၊ မှန်​ပြင်​​ပေါ်မှာပြစ်​ချက်​များစွာရှိပါ​သေးသည်​၊ ပထမဆုံးမှန်​ပြင်​​ပေါ်မှာအရုပ်​များ​တော့​ပေါ်ပါရဲ့ဒါ​ပေမဲ့ အနီ​ရောင်​ အစိမ်း​ရောင်​ အပြာ​ရောင်​ ကာလာ​တွေ ဒီတကွက်​ဟိုတကွက်​ ကွက်​​နေတာ​တွေ ​တွေ့ဘူးကြမှာပါ၊ ဒါမျိုးကတီဗွီကိုအကြာကြီးမဖွင့်​ဘဲ ပြစ်​ထားတဲ့အခါ​တွေ၊ ​ဖွင့်​​နေ​သော်​လည်း တီဗွီနားမှာ ​ဆောင်း​ဘောက်​စပီကာတွေ မီးမြှင့်​စက်​​တွေ ကပ်​လျှက်​တည်​ရှိ​နေရင်​လဲဖြစ်​တပ်​ပါတယ်​၊ အဲ့တာကိုသံလိုက်​စက်​ကွင်းဝင်​​အောင်းတယ်​လို့​ခေါ်ပါတယ်​၊ဒီလိုဘာ​ကြောင့်​ဖြစ်​ရသလဲဆိုတာရှင်းပြဘို့ကတီဗွီမီး​လုံးအ​ကြောင်းနဲ့ အထဲမှာတည်​​ဆောက်​ထားပုံအ​ကြောင်းအရင်​ရှင်းပြမှရပါလိမ့်​မမည်​၊

vintage-television-technology.jpg

https://goo.gl/images/9xJ4yj

တီဗွီမိးလုံးတည်​​ဆောက်ထား​ပုံမှာကျွန်​​တော်​တို့မီးအားစားသက်​သာ​သောLed မီးလုံး​သေး​သေး​လေး​တွေ တည်​​ဆောက်​ထားပုံကိုအ​ခြေခံပါသည်​ led မီးသီးနှင့်​ tvမီးလုံးဘာကွာသလဲဆိုရင်​ led မီးလုံး​သေး​သေး​လေး​တွေမှာ ကက်​သုပ်​ငုပ်​နဲ့ အဲနုပ်​ငုပ်​နှစ်​ခုဘဲပါ ပါသည်​ ကက်​သုပ်​ငုပ်​ဆီ မီးဝင်​လာလျှင်​အလိုလို အီလက်​ထရွန်​တိမ်​တိုက်​က​လေးထွက်​လာသည့်​သတ္ထုတမျိုးဖြင့်​တည်​​ဆောက်​ထားပြီး အဲနပ်​ဖက်​သို့အီလက်​ထရွန်​တိမ်​တိုက်​​လေးကခုန်​ကူးပါသည်​ ထို​ကြောင့်​ led မီးသီး​လေး​တွေမှာတန်​စတင်​နန်းမျှင်​မပါ​ပေ ငုပ်​တခုနှင်​တခုမထိဘဲ ဗို့​ကျွေးလိုက်​တဲ့အခါမှ ငုပ်​နှစ်​ခုအကြားမှအလင်း​ရောင်​ထွက်​လာခြင်းဖြစ်​သည်​ ထို​ကြောင့်​တန်​စတင်​နန်းမျှင်​ပါ​သောမီးသီး​တွေ​လောက်​မီးအားမစား​ပေ အင်​ပီယာ ဗို့​နဲနဲ​လေးနဲအလုပ်​လုပ်​ပါသည်​ ထို​ကြောင့်​ledမီး​သီး​လေးများကိုတွင်​ကြယ်​စွာအသုံပြု​နေခြင်းဖြစ်​ပါသည်။၊

led-rgb-lights.jpg

https://goo.gl/images/ZDx7BA

၊tv မီးလုံးတွင်​ မီးဇာငုပ်​နှစ်​ခုပါလာပါသည်​ မီဇာငုပ်​နှစ်​ခုအ​ပေါ်မှာ ကက်​သုပ်​ငုက်​က​လေး​တွေအုပ်​မိုးထားပါသည်
အမှန်​က​တော့မီးဇာကမီးဖိုနှင်​တူပြီးကက်​သုပ်​ငုပ်​​တွေက မီးဖိုဖို​ပေါ်တင်​​ပေးထား​သောထမင်းအိုးနှင်​တူပါသည်​၊မီးဇာရဲ့အပူ​ကြောင့်​ကက်​သုပ်​ငုပ်​​ကလေး​တွေကပူလာပြီးအီလက်​ထရွန်​တိမ်​တိုက်​လို့​ခေါ်တဲ့အလင်း​ရောင်​ထွက်​လာခြင်းဖြစ်​ပါသည်​၊ကက်​သုပ်​ငုပ်​မှာ led မီးသီး​လေး​တွေလိုတခုမဟုပ်​ဘဲ အနီ​ရောင်​(R)၊ အစိမ်း​ရောင်​(G)၊အပြာ​ရောင်​(B)စသည့်​အ​ရောင်​များထုပ်​​ပေး​သောR.G.Bကက်​သုပ်​ငုပ်​သုံးခုပါ ပါသည်​၊ တီဗွီ မျက်​နာပြင်​ကိုအရုပ်​များ​ပေါ်​အောင်​ထို R.G.B ငုပ်​သုံးခုကိုရုပ်​ဆင်​ကနယ်​လှိုင်းများပရိုဆင်​ဆာICမှထုပ်​​ပေးခြင်းဖြင့်​ရုပ်​ပုံ​ပေါ်​စေပါသည်

TV-Kit.jpg

https://goo.gl/images/ybr6LH

ထိုR.G.B မှထွက်​လာ​သော အီလက်​ထရွန်​တိမ်​တိုက်​(သို့)အလင်း​ရောင်​​လေးကို ခပ်​လှမ်းလှမ်းမှရှိ​သောအဲ့နုပ်​ငုပ်​ဆီခုန်​ကူးပါသည်​၊ထိုခုန်​ကူး​သောအလင်း​ရောင်​ကို တီဗွီ ဖန်​သားမျက်​နာပြင်​သို့​ရောက်​​အောင်​ ​လေစုပ်​ခွက်​ကိုဗို့အား​သောင်းဂဏန်း​ကျွေး၍ဆွဲယူ​စေပါသည်​၊ ​လေစုပ်​ခွက်​မှထွက်​​သောဗို့အား​သောင်းဂဏန်းမှာ အင်​ပီယာအ​နေနဲ့ကအ​တော်​ပင်​​သေးငယ်​ပါသည်​၊မှန်​ပြင်​မျက်​နာပြက်​သို့ဆွဲယူ​သောအလင်းတန်းမှာဖိုးကပ်​ရုပ်​ပုံပြတ်​သားမူဖြစ်​ရန်​ချိန်​​ပေးရ​သောG1ဟု​ခေါ်သည့်​အ​ပေါက်​ကျဉ်းကျဉ်း​လေးထဲမှဖြတ်​သန်းလာရပါသည်​၊တီးဗွီမီလုံးရဲ့လည်​တိုင်​မှာစွပ်​ထား​သောရုပ်​ကွိင်​ကိုဖြုတ်​၍​မောင်းလျှင်​ tvဖန်​သားပြင်​အလယ်​ဗဟို၌စူးရှ​သောစ​ပေါ့​သေး​သေး​လေးသာ​ပေါ်ပါလိမ့်​မည်​ ။
ဆက်​ရန်​....

Post writer=@yuzana(shineshine)
MSC=146

Sort:  

ဗဟုသုတ အများကြီးရပါတယ်။စိတ်ဝင်စားလှပါတယ်အစ်ကို ။နောက်အပိုင်း ဆက်အားပေးဖို့ စောင့်နေမယ်ဗျာ။

ကျေးဇူးပါဆရာ

ဗဟုသုတ အများကြီး ရစေပါတယ် ဦးယုရေ

Posted using Partiko Android

ကျေးဇူးပါဗျာ

ဘယ်​လိုဖြစ်​ဖြစ်​ပိုစ့်​ဖတ်​ပြီးကိုယ်​မသိတာသိလိုက်​ရတယ်​...ဗဟုသုတတိုးပါတယ်​...ဆက်​အား​ပေးပါ့မယ်​....

Posted using Partiko Android

ကျေးဇူးပါ

လျှပ်‌စစ်‌ကို‌လေ့လာရတာ မလွယ်‌ပါ့လား ဦးယု။

မမြင်​ရတဲ့တ​စ္ဆေ ဖမ်းပြီးခိုင်းစားတဲ့ပညာ

အသေအချာ သိဖို့ စာတွေပြန်စုမှရတော့မယ်

ကြယ်​ ပြန့်​လွမ်းတယ်​ ဆရာ ဗဟုသုတ​လောက်​ဘဲ
ရေးနိုင်​ဆာ

မှန်ပြင်က စင်းကြောင်းတွေ ပေါ်နေတယ်ဗျာ

Posted using Partiko Android

ရုပ်​ပုံ​ပေါ်ပြီး​နောက်​ခံမှာ ဗလာစာအုပ်​လိုအစင်းက​လေး​တွေ ရိပ်​ရိပ်​​ပေါ်​နေတာဆိုရင်​ ဖလိုင်းဖက်​မှာရှိတဲ့ လှည့်​စရာငုပ်​ နှစ်​ခုအနက်​မှ ​အောက်​ကငုပ်​ကိုလှည်​ပြီး​လျှော​ပေးလိုက်​ပါ စကရင်းဗို့များ​နေရင်​ဖြစ်​တပ်​ပါတယ်

မှတ်စုစာအုပ်နဲ့လိုက်မှတ်ထားလိုက်မှပါလေ ဗဟုသုတတွေကများတော့လည်း ဘာမှမမှတ်မိတော့ဘူးဗျို့

ဗဟုသုတ​တွေက ရင်​နဲ့ ကိုမဆံ့​တော့ဘူးလား

လက်တွဲမဖြုတ်ခဲ့နဲ့ ယုရေ၊ ရေးထား....

ဆရာ​ရေ 10sbd​လောက်​ရမဲ့ဟာမလုပ်​ဘဲကို
မပြက်​​အောင်​​ရေး​နေတာဆရာ​ရေ့

အဲ့ဂလိုကိုး စိတ်ဝင်စားစရာ အရုပ်များထွက်ပေါ်လာခြင်း ။

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Coin Marketplace

STEEM 0.29
TRX 0.12
JST 0.033
BTC 63464.16
ETH 3111.33
USDT 1.00
SBD 3.98