ကျောက်​စိမ်း​မှော်

in #myanmar5 years ago

ကျောက်​စိမ်း​မှော်


ဒီလိုနဲ့ဖိုးသမားသူငယ်​ချင်းပြန်​သွားပြီဆို​တော့ကျွန်​​တော်​တိုရင်​ထဲ စိတ်​မ​ကောင်းခြင်းများစွာနဲ့အ​ကောင်းဆုံးဖြစ်​​အောင်​လုပ်​လိုက်​ရသည်​ဟု​ဖြေသိတ်​လိုက်​ရပါသည်​။ ဒီလိုနှင့်​ကျွန်​​တော်​တို့လဲ ​မေ့​မေ့​ပြောက်​​ပြောက်​​ပျော်​ရွှင်​စွာနှင့်​ကျင်းကိုဆက်​တူးကြပါသည်​။ အိမ်​ပြန်​လျှင်​​ကျောက်​စိမ်းကြီးကြီမားမားရ ပိုက်​ဆံများများရ စသည့်​​မျှော်​လင့်​ချက်​က​လေးနှင့်​​ပျော်​ရွှင်​စွာဆက်​လက်​တူး​နေကြပါသည်​။

Gem-4a.jpg

ထို​ခေတ်​ထိုအခါက အထက်​မှာ​ပြောခဲ့ပြီးသလို အမဲ​ရောင်​နယ်​​မြေဖြစ်​သဖြင့်​သူပုန်​များလည်းအ​ရောင်​အ​သွေးစုံလင်​လှ​ပေသည်​။ တချိုကလည်း​လေး​ကောင်​ဂျင်​ဝိုင်း​ထောင်​လို့ တချို့ကလည်း​ကျောက်​တူးလို့ စသည်​ဖြင့်​ ယူနီ​ဖောင်းကို​တော့ တခါတရံဝတ်​​လေသည်​။ သူတို့အခွန်​ထမ်းဆပ်​​ကြေး​ပေးလုပ်​ကြတာဆို​တော့​အေး​ဆေး​ပေ ၊ အားလုံးကိုသူငယ်​ချင်းလိုပင်​ဆက်​ဆံ​နေထိုင်​ကြ​လေသည်​၊ အကယ်​၍ မြန်​မာ့တပ်​မ​တော်​စစ်​​ကြောင်းဝင်​လာလျင်​​တော့ အားလုံး ကြက်​​ပြောက်​ငှက်​​ပြောက်​ ​ပြောက်​ကုန်​ကြ​လေသည်​၊

16_1.jpg

တခါကျွန်​​တော်​တို့ကြုံးဘူးကြ​လေသည်​။လူတ​ယောက်​​မောကြီးပန်​ကြီး​ပြေးလာပြီး ဟိုဖက်​​တောင်​​ကြော​ပေါ်မှာ တပ်​မ​တော်​စစ်​​ကြောင်း​တွေ့ခဲ့တယ်​ဆိုပြီး ​မှော်​ထဲပတ်​​အော်​​ပြီးသတိ​ပေး​လေသည်​၊ ကျွန်​​တော်​လည်းဘာလည်းမသိဆိုပြီးကြည့်​​နေမိ​လေသည်​။ တ​မှော်​လုံးရှိလူ​တွေကလည်းဝရုန်းသုန်းကား​ပြေးကြ​လေသည်​၊ ကျွန်​​တော်​တို့ကျင်​ကအတူတူးဖက်​ ​မှြော်​ကာ​နေခဲ့တဲ့လူ​တွေကလည်း မိမိပစ္စည်းမိမိယူပြီး​ကြောက်​လန့်​တကြားတဲဆီသို့​ပြေးကြ​လေသည်​ ကျွန်​​တော်​တို့မှာလည်း ဘုမသိ ဘမသိ​ပြေးကြရ​တော့၏၊ ထန်​သီး ထန်းလက်​​ခြောက်​​ပေါ်​ကြွေလို့ မိုးပြီုပြီအထင်​နှင့်​​ပြေး လာတဲ့ ယုန်​​နောက်​ကို ကျွန်​​တော်​တို့လည်းဘုမသိဘာမသိနဲ့ ​ပြေး​လိုက်​နေရသလိုဖြစ်​​နေ၏၊ အားလုံး၏မျက်​နာသည်​လည်းစိုးရိန်​စိတ်​​တွေနဲ့ တ​ယောက်​​မေးတာတ​ယောက်​မ​ဖြေအားသလိုဖြစ်​​နေ၏၊ ​​မှော်​တွင်းအ​တွေ့အကြုံကို​နောက်​အပတ်​ဆက်​လက်​​ရေးပါအုံးမည်​၊ စာလာဖတ်​သူ အားလုံးကို​ကျေးဇူးအထူးတင်​ပါသည်​။

Post writer=@yuzana(shineshine)
MSC=146

Sort:  

တပ်မတော်စစ်ကြောင်းက အဲ့လောက်တောင်တဲ့လားနော်

ဟုပ်​တယ်​ မဆလ ​နှောင်းပိုင်း​ခေတ်​က ​ကျောက်​စိမ်​​မှော်​ထဲ မည်​သူမှတူးခွင့်​မရှိ ​တွေ့ရင်​ပြစ်​သပ်​လို့ရတဲ့​ခေတ်​ ​ကျောက်​စိန်​အရိုင်းတုန်းနိုင်​ငံသား​တွေကိုကိုင်​ခွင့်​မပြုဘူး စစ်​​ကြောင်းကို ပိုက်​ဆံ​ပေးညှိတူးရတာ
သူပုန်​လို့သူတို့ယူဆရင်​ပြစ်​တယ်​ ​နောက်​ဆုံးသူပုန်​မဟုန်​လဲ ​ပေါ်တာဆွဲတဲ့​ခေတ်​​လေ ​ရှေ့တန်းမှာလူသားဒိုင်းလဲလုပ်​ကြတယ်​ အခု​တော့မရှိ​တော့ပါဘူး ​ရှေး​တုန်းက ၈၈ မတိုင်​ခင်​အစိုးရတုန်းက ​ရှေ့တန်းစစ်​​မြေပြင်​ပါ ။

အတော်ကြောက်စရာကောင်းခဲ့ချိန်ပေါ့
ခုတော့ အစိမ်းတွေလဲကုန်ရောပေါ့

ကျီးလန့်စာစားပါလား

Congratulations! This post has been upvoted from the communal account, @minnowsupport, by gmyanmar from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

You got a 33.33% upvote from @sleeplesswhale courtesy of @yuzana!

ရေးခွင့်သာတုန်းရေးထား

ရေးတယ်​ အာစိဘုပ်​တခါမှမလာဘူး

Coin Marketplace

STEEM 0.30
TRX 0.11
JST 0.033
BTC 64104.40
ETH 3148.52
USDT 1.00
SBD 4.25